Zaw Lin added 3 new photos — with Moe Htwe.
ပြည်သူ့ရန်သူဖြစ်ပြီ
................................
ဇီးသီးဗန်း မှောက်နေသရွေ့
စစ်တပ်က ချမ်းသာနေဦးမှာပဲ
နေပြည်တော် စီမံကိန်းလုပ်တယ်
စစ်အစိုးရ ထုံးစံအတိုင်း
ဘယ်သူ့မှာ ဂရုစိုက်စရာ မလိုဘူး
ဒီပရောဂျက် အတွက် အသုံးစရိတ်
ဘယ်လောက်ကုန်မယ် မလိုဘူး
ဘယ်က ငွေနဲ့ ဆောက်မယ်
အသိပေးစရာ မလိုဘူး
ဆောက်ချင်သလို ဆောက်မယ်
ကုန်ချင်သလောက်ကုန်
ခိုးချင်သလောက် ခိုးကြပဲ
ဆောက်လုပ်ရေး အရာရှိတွေ အဆင့်
ချမ်းသာတာ မပြောနဲ့
ဘက်ဟိုး မြေညှိ
စက်မောင်း အဆင့်တောင်
နေပြည်တော် စီမံကိန်းမှာ
တစ်နေ့ ဆီနှစ်ပေပါလောက်
ဘတ်ကီးရိုက်နိုင်တယ်
တစ်ပေပါ နှစ်သိန်း
တစ်နေ့လေးသိန်းလောက် ဝင်တယ်
တပ်ကစက်မောင်းသမားတွေ
ကိုယ်တိုင်မမောင်းတော့ဘူး
အရပ်သား စက်မောင်းသမား
တစ်လ နှစ်သိန်းလောက်ပေးငှားလိုက်
အရိက်ကောင်းကောင်းမှာ
ဘီယာသောက် ထိုင်ကြည့်နေယုံပဲ
တစ်လ သိန်းတစ်ရာလောက်
ခိုးနေလိုက်ယုံပဲ
ဒါစက်မောင်းသမား အဆင့်
အပြောင်းအရွေ့ကိုင်တဲ့
နေရာကလူတွေက
စက်မောင်းသမား စက်မောင်းချင်လား
လာထား သိန်းဘယ်လောက်
စက်တစ်စီးပေးလိုက် နေရာပေးလိုက်
ပွဲပြတ်ပြီ
စက်ပြင်သမားလား
မြန်မာ့ တပ်မတော်မှာ
ယန္တယားပြင်တာ နှစ်တပ်ပဲရှိတယ်
ယန္တယား (၁)(၂)
ရန်ကုန် ၊ မန်လေး
စက်ပြက်စရိတ် သိန်းတစ်သောင်း ချပေးရင်
တပ်ရင်းမှုးက လာထား
20% ကျန်တဲ့ငွေနဲ့ ကြိုက်သလိုပြင်
အဆင့်ဆင့် ခေါင်းပုံဖြတ်
ဝိုင်းတွယ်လိုက်တယ်
အပြင်က စက်ဟောင်းတွေက
စက်ပစ္စည်းရှာ
တစ်သိန်းတန် ဆယ်သိန်းတင် လုပ်လိုက်တာပဲ
နေပြည်တော်ကြောင့်
တပ်မတော်သား အတော်များများ
အခြားအဆင့်ကစ
သိနိသန်းချီ ချမ်းသာကုန်တယ်
ဒီစနစ်ကြီး ကြိုက်တာ
ထူးဆန်းသလားဗျာ
BE.GE တပ်က အရာရှိချမ်းသာတာ
မထူးဆန်းတော့ပါဘူး
KoMyint Lwin ရေးသည်။
===
"အားလုံးသိကြတဲ့အတိုင်း
ကျွန်တော်တို့အစ္စရေးနိုင်ငံဟာ
အာရပ်နိုင်ငံတွေကြားထဲမှာရှိတဲ့ နိုင်ငံငယ်တစ်ခုပါ။
နိုင်ငံစတည်ကတည်းက
စစ်ပွဲတွေ ကြိမ်ဖန်များစွာ ဆင်နွှဲရပါတယ်။
လက်နက်ကိုင်ရတိုင်း၊ စစ်တိုက်ရတိုင်းသာ
စစ်သားတွေ လွှတ်တော်ထဲ ၀င်ထိုင်ရမယ်ဆိုရင်
အစ္စရေးလွှတ်တော်ထဲမှာ စစ်သား ၉၀ ရာခိုင်နှုန်းလောက် ထိုင်ရပါလိမ့်မယ်။
ဒါပေမဲ့ ကျွန်တော်တို့လွှတ်တော်ထဲမှာ စစ်သားတစ်ယောက်မှ မရှိပါဘူး။
ကျွန်တော်တို့ဥပဒေကလည်း ကျွန်တော်တို့ကို လွှတ်တော်ထဲ ၀င်ထိုင်ခွင့်မပြုပါဘူး။
ကျွန်တော်တို့စစ်တပ်ကလည်း လွှတ်တော်ထဲဝင်ထိုင်ပြီး
အိပ်ငိုက်ရတဲ့အလုပ်ကို စိတ်မ၀င်စားဘူး။
စစ်တိုက်စရာရှိ တိုက်မယ်၊ စစ်မတိုက်ရရင် စစ်တန်းလျားမှာ နားမယ်။
စစ်တပ်ရဲ့ အဓိကအလုပ်က နိုင်ငံကို ကာကွယ်ဖို့ပါ။
နိုင်ငံရေးကို နိုင်ငံရေးသမားတွေ လုပ်ပါလိမ့်မယ်။
တကယ်တော့ စစ်တပ်က ရေနဲ့တူပါတယ်။
လူတွေ ရေမသောက်ရရင် အသက်မရှင်နိုင်ဘူး။
ရေအသက် တစ်မနက်လို့ ဆိုရိုးစကားတောင် ရှိပါတယ်။
ဒါကြောင့် ရေက လူ့ရဲ့ကျေးဇူးရှင်ဆို မမှားပါဘူး။
ဒါပေမဲ့ ရေက သူနေရမယ့် မြစ်ထဲ၊ ချောင်းထဲမှာ မနေဘဲ
မြို့ထဲ၊ ရွာထဲဝင်ပြီး လွှမ်းမိုးပြီဆိုရင်တော့ ရန်သူဖြစ်သွားပါပြီ။
ဒါကြောင့် လူတွေရဲ့ကျေးဇူးရှင်ဖြစ်ချင်ရင်
စစ်တပ်က နိုင်ငံရေးမှာ ၀င်မစွက်ဘဲ စစ်တန်းလျားမှာ နေပါလို့
ကျွန်တော်တို့အစ္စရေးစစ်တပ်ကို ဥပမာပေးပြီး တိုက်တွန်းချင်ပါတယ်``
``ဒီမိုကရေစီနိုင်ငံတိုင်းမှာ ရွေးချယ်တင်မြှောက်မခံရတဲ့ ကိုယ်စားလှယ်တွေ၊
စစ်သားတွေကို လွှတ်တော်ထဲ ၀င်ထိုင်ခွင့် မပေးပါဘူး။
လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူက သမ္မတဖြစ်ခွင့်မရှိဘူး။
နောက် သမ္မတ သို့မဟုတ် ၀န်ကြီးချုပ်က
ဝန်ကြီးဌာနအားလုံးရဲ့ အကြီးအကဲပါ။
ဝန်ကြီးဌာနဆိုတော့ ကာကွယ်ရေးဝန်ကြီးလည်း
သမ္မတအမိန့်ပေးတာ လုပ်ရပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဆိုတာ
ဝန်ကြီးဌာနတစ်ခုရဲ့ ညွှန်ကြားရေးမှူးချုပ်အဆင့်ပဲ ရှိပါတယ်။
သူ့ကို လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေ အများကြီး ပေးမထားဘူး။
စစ်တပ်ရဲ့အလုပ်က ကာကွယ်ရေးပါ။
တိုင်းပြည် အုပ်ချုပ် မင်းလုပ်ဖို့ မဟုတ်ပါဘူး။
တစ်နည်းပြောရရင် နိုင်ငံရေးမှာ ၀င်စွက်ဖက်ဖို့ မဟုတ်ပါဘူး``
__ နတ်မှူး Natt Mhu ရေးတဲ့ ``ဒုတိယမုန်တိုင်း`` မှ
(၂၀၁၅ နိုဝင်ဘာ ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း)
===
တပ်မ တော် GE တပ် ရင်း တစ်ခုမှာ တစ်လကို
မြန်မာ ကျပ်ငွေ သိန်း နှစ် သောင်း သုံးစွဲခွင့် ရပါ တယ်။
အဲဒီထဲက 3% ကို တပ်မှုး ကို ပေးရပါ တယ်။
သိန်း 600 တစ်လ ဝင် ငွေ ရှိ ပါတယ်။
အောက်က ဗိုလ် ကြီး အဆင့် ဆိုရင် 1% ရပါ တယ်တဲ့။
ကျန်တဲ့ငွေက တော့ ဝန် ထောက် လို့ 
သူ တို့  ခေါ်ကြ တဲ့ အင် ဂျင် နီယာ တပ် ကြပ် ကြီးတွေ
အရာခံဗိုလ် တွေ သုံးစွဲ ရင်း အိတ်ထဲထည့် ရင်းပါ။
မြန်မာ့ တပ် မ တော် မှာ အချမ်းသာဆုံး သော
တပ် ကြပ် ကြီးများ စာရင်း မှာ ရှိ ပါ တယ်။
နေ ရဲ မာန် တို့  ဦး ခင် ရွှေ တို့  လိုပါ။
ဒါ တောင် မှ အဆင် မ ပြေ ပါ ဘူးတဲ့။
တပ်မှုး တွေက သူတို့ လည်း
အထက် ကိုပြန်ပေး ရတာ များ လို့ ပါ ဆိုပြီး တော့
အဲဒီ လမ်းဗိုလ် တွေရဲ့ သုံး ရ တဲ့ ပမာဏ တွေထဲက
နောက် ထပ် 8% ဆီ ထပ် တောင်း လို့ 
ငြိကြ စွန်း ကြ လည်း ရှိနေ ပါတယ်။
မြန်မာ့ တပ် မ တော်က အရာရှိ ကြီး များ ရဲ့ တိုက် တွေကို
GE တပ်က ပဲ အပြီးအစီး ဆောက် ပေး ရ တဲ့ ထုံးစံလည်း ရှိ ပါတယ်။
ပြော ချင် တာက စစ်တပ် ရဲ့ ဘတ်ဂျက် မှာ
အဲဒီလို လူတစ်ဦးချင်းဆီရဲ့ ပိုင် ဆိုင် မှု စာရင်း တွေဆီကို ရွေ့ လျားသွားတဲ့
ပမာဏက တစ်တိုင်း ပြည်လုံး အ နေ အထားနဲ့ဆိုရင် သိပ် ကြီး နေ တာပါ။
အဲဒီတာ့ တပ် မ တော် ဘတ်ဂျက် တိုးတာ တော့ ဟုတ်ပါပြီ။
တိုင်းပြည်ကလည်း ဆင်းရဲ။ တပ်မှာလည်း မ ပြောင် မ ရောင် နဲ့။
က လေးတွေ ပညာသင် ဖို့  လူ တွေ အသက်ကယ်ဖို့  တွေကို
လျှော့ သုံး ပြီး ပေးလိုက် ရတဲ့ပိုက်ဆံတွေက
လူတစ်စု ကြီးပွားဖို့ ပဲ ဝိုင်းပြီး ထောက် ပံ့ပေးနေ ကြရသလိုပါ။
ဒီအ ကြောင်း မှန် မမှန် ဆိုတာ တပ်ထဲက အရာရှိတိုင်း သိကြ ပါတယ်။
မြန်မာ့တပ် မ တော်ထဲမှာလည်း အကြီးအကျယ် ခြ စား နေ တာပါ။
ဒါ ပေ မယ့် အဲဒီ ခြံကြီး တွေက တပ် ချုပ် အပါ အဝင်
အဆင့်တိုင်း ရဲ့ လူ ကြီးတိုင်းရဲ့ အိမ် ထဲမှာမို့  ဘယ်သူမှ မဖြိုဖျက် ရဲကြ တာပါ။
(ပြည်ချစ်သူ)
===
GE တပ် ဒုတပ်ရင်းမှုးတစ်ယောက်က ...
ရန်ကုန်မြို့ရဲ့ မြေဈေးအကောင်းဆုံးမြို့နယ်မှာ ...
သိန်းသုံးသောင်းတန် ခြံနဲ့အိမ်ပိုင်တယ်ဆိုတာ ဘာဟုတ်သေးလဲ ...
ဦးဦးနေရဲမာန်ကြီးဆို ငွေကို လေလိုသုံးတာ ...
သူ့ရဲ့ တေးသီချင်းMTV တွေကြည့်ရင် သိနိုင်တယ် ...
ကမ္ဘာအေးလမ်းမကြီးပေါ်မှာ မိန်းမကို စိန်တိုက်ကြီးဖွင့်ပေးထားတဲ့ ...
ဗိုလ်မှုးချုပ်တျောက်ဆိုလည်း GE တပ်ကဘဲမလား ...
အသိ GEတပ်က ဗိုလ်မှုးဟောင်းတျောက်ဆို ...
နာမည်ကြီး လုံးချင်းအိမ်ရာထဲမှာ ခြံနှစ်ခြံ သုံးထပ်တိုက်ကြီး နှစ်လုံးပိုင်လေရဲ့ ...
ဘိတ်မှာ လေယာဉ်ကွင်းသစ်ဆောက်တုန်းက...
တာဝန်ကျတဲ့ အရာခံဗိုလ်တျောက်ကတော့ ...
Double cab အစီး ၅၀ ပိုင်သတဲ့ ...
ပုလဲမြို့သစ် အမှတ်၃ လမ်းမကြီးပေါ်က ခြံကျယ်ကြီးထဲမှာ ...
တည်းခိုခန်းဖွင့်မဲ့ တရုတ်သူဌေးတျောက်ကို
ပြန်ရောင်းလိုက်တဲ့ လေးထပ်တိုက်ကြီးဆိုလည်း ...
GE တပ်က အရာခံဗိုလ်တျောက်ပိုင်တာဆိုဘဲ ...
အမလေး ... လေး ...
ပြည်သူ့ဘဏ္ဏာ ကိုယ့်ဟာမှတ်ပါလို့ ...
အပြိုင်အဆိုင် ခိုးကြတာများ ပြောပါတယ် ...
ဒီတော့ကာ ...
GE တပ်က အရာရှိ အရာခံတွေရဲ့
ချမ်းသာကြွယ်ဝမှုနောက်ကွယ်က ...
ပြည်သူပိုင်ဘဏ္ဏာငွေ အလွဲသုံးစားလုပ်မှု ...
စာရင်းလိမ် ခိုးယူမှုတွေကို ...
တိတိကျကျ ဖော်ထုတ် အရေးယူသင့်ပါပြီလို့ပဲ ပြောပါရစေတော့ ...
( ပြောသာပြောရတယ် ...
တစ်ယောက်အမြီး တစ်ယောက်နင်းထားကြသူတွေဆိုတော့ ...
ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်မှာမို့ ...
ဘယ်သူမှ အစ မထုတ်ရဲလောက်ပါဘူး ... )
(လှိုင်ထိပ်ထား)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။