ပြောင်းလဲချင်ရင်..အနိမ့်ဆုံးမှ အမြင့်ဆုံးရောက်အောင်လုပ်ပါ။
--------------------------------------------------------------
ပြောချင်တာက လူ့ဘ၀အခြေအနေ လူတွေ အကြောင်းပါ။ လူတိုင်းက ခေတ်စနစ်ကိုပြောင်းချင်ကြတယ်...မိမိလည်းပြောင်းလဲရမယ်ဆိုတာသိသင့်ပါတယ်။လူ့ဘ၀မှာနေလာရချိန်မှာ လူ့ဘ၀ရဲ့ ထူးခြားချက်လေးတွေကို တွေ့လာခဲ့ရတယ်။ ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့ရတယ်။
လူ့ဘ၀တွေက ထူးခြားတယ်။ အလွန်မြင့်မားတဲ့ ဘ၀တွေပိုင်ဆိုင်သူ ရှိသလို အလွန်နိမ့်ပါးတဲ့ ဘ၀တွေနဲ့ နေထိုင်သူလည်းရှိတယ်။
အဆင်ပြေနေသူတွေရှိသလို၊ အဆင်မပြေသူတွေလည်းရှိတယ်။
တစ်ချို့ကလည်း အတိတ်ကံကို ယိုးမယ်ဖွဲ့ကြတယ်။
တစ်ချို့ကလည်း သက်ဆိုင်ရာ အစိုးရတွေကို ယိုးမယ်ဖွဲ့ကြတဂယ်။ တစ်ချို့ကလည်း မိဘကိုတောင်ယိုးမယ်ဖွဲ့သေးတယ်။
ဘာပဲဖြစ်ဖြစ် လူတွေဟာ အနိမ့်ဆုံးကနေအမြင့်ဆုံးကို ရောက်နိုင်တယ်။
ထိုနည်းတူ အမြင့်ဆုံးကနေ အနိမ့်ဆုံးကိုလည်း ပြန်ရောက်နိုင်တယ်။
အနိမ့်ဆုံးဆိုတာက ငွေကြေးမပြည့်စုံတာ၊ နေစရာမရှိတာ၊ စားစရာမရှိတာ၊ ၀တ်စရာမရှိတာ၊ အပေါင်းအသင်းမရှိတာ၊ ချစ်ခင်သူမရှိတာ တွေချည်းမဟုတ်ဘူး။ အနိမ့်ဆုံးဆိုတဲ့နေရာမှာ နားလည်သဘောပေါက်မှုနဲ့ ဘ၀ရည်မှန်းချက်ပန်းတိုင်ပျောက်ကွယ်သွားခြင်းသာဖြစ်တယ်။
အနိမ့်ဆုံးရောက်နေတဲ့ လူတွေဟာ သူတို့ဘာအတွက်ရှင်သန်နေမှန်းမသိတော့ဘူး။ ဒီနေ့စားရပြီးရော၊ ပျော်ရပြီးရော၊ ဒီနေ့အိပ်ရရင်ပြီးရောဆိုတဲ့ အတွေးလောက်ပဲရှိတော့တယ်။ ရေရှည်အတွက် ဘာမှ စဉ်းစားခြင်းမရှိတော့ဘူး။ ဘာကိုမှ တန်ဖိုးထားခြင်းလည်းမရှိတော့ဘူး။ ယုတ်စွအဆုံး မိမိကိုယ်ခန္ဒာကို တောင်လွယ်လွယ်နဲ့ရောင်းစားပစ်ချင်တဲ့လူတွေဖြစ်တယ်။
ပန်းတိုင်ကပျောက်နေတော့ ဘာအလုပ်မှလည်း လက်ကျောတင်းအောင်မလုပ်လိုဘူး။ ဘယ်ဘာသာရပ်ကိုမှလည်း ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် မသင်ယူတော့ဘူး။ ဒီလိုလူမျိုးတွေဟာ အခုသူဌေးသားတွေဖြစ်နေပေမဲ့ မကြာခင်မှာ သူတောင်းစားဘ၀ ကျရောက်တော့မယ်သူမျိုးတွေရှိတယ်။ တစ်ချို့ကလည်း ဆင်းရဲတဲ့ ဘ၀က ရုန်းမထွက်နိုင်တဲ့အပြင် ကိုယ့်ရဲ့ သားသမီး၊ မျိုးဆက်တွေကိုပါ ဆင်းရဲတွင်းထဲ ဆွဲခေါ်သွားကြတာပါပဲ။
ဒီတော့ လူဖြစ်လာရင် လူ့ဘ၀ ပန်းတိုင်က ဘာဖြစ်ရမလဲ....?။ အဝေးကြီးတွေကို သွားတွေးမနေပါနဲ့။
လူဖြစ်လာရင် ၀၀်ငွေရတဲ့ အလုပ်တစ်ခုကို လုပ်ကိုလုပ်ရမယ်။ ၀င်ငွေရလာရင်ဘာလုပ်မလဲ...၊။ စုဆောင်းရမှာပေါ့။
မစုဆောင်းဘဲရသမျှသာသုံးနေရင်.... ဒီဘ၀က နေတိုးတက်မှာမဟုတ်ဘူး..လုပ်ငန်းရှင်မဖြစ်နိုင်ဘူး... သဌေးမဖြစ်နိုင်ဘူး...
အလုပ်လို့ ရတဲ့ ငွေ က စားလောက်ယုံပေမယ့် စားမဲ့ အထဲက အနည်းဆုံး သုံးပုံတစ်ပုံတော့ စုကိုစုရမယ်..။
စုဆောင်းပြီးရင်တိုးပွားအောင်လုပ်ရမှာပေါ့။ မိမိနဲ့ မိမိ မိသားစု ကျန်းမာအောင် ကျင့်ကြံရမှာပေါ့။
အစာရေစာ ပေါများအောင်လုပ်ကြရမှာပေါ့။ အရေအတွက်တိုးပွားလာအောင်လုပ်ကြရမှာပေါ့။ သမာသမတ်ကျအောင်နေထိုင်ကြရမှာပေါ့။ မျှမျှတတ နေထိုင်နိုင်အောင်ကြိုးစားကြရမှာပေါ့။
ဒါက ပန်းတိုင်ပဲ။ မဟုတ်က မဟတ်က ပန်းတိုင်တွေလျှောက်ထားနေရင် ဆင်းရဲတွင်းထဲပဲကျမှာပဲ။ စိတ်အခြေခံမြင့်မြင့်မထားရင်.... အနိမ့်ဆုံးကျမှာပါဘဲ..။
ဒီတော့ ဒီ အနိမ့်ဆုံးကနေ အမြင့်ဆုံးကို ရောက်နိုင်သလားဆိုတော့ ရောက်နိုင်တာပေါ့။
ဒါက လူတိုင်းမှာရှိတဲ့ အခွင့်အရေးပဲ။ လူတိုင်းပြောင်းလဲနိုင်တာပဲ။ ဘယ်လိုပြောင်းလဲကြမလဲ...?။ ဆိုတော့ ပထမ ပန်းတိုင်ကို ပြင်းပြင်းပြပြ ထားဖို့ပဲ။ နောက် အချိန်တွေ မဖြုန်းတီးဖို့ပဲ။
အချိန်အားရင် ဘာလုပ်မလဲ....?။ အချိန်အားရင် စာဖတ်သင့်တာပေါ့။
အင်္ဂလိပ်ဘာသာစကားနဲ့ ရေးတဲ့စာများများဖတ်သင့်တာပေါ့။
နောက်ခရီးသွားပေါ့။ ဒီလူ့ဘ၀မှာ ရှာဖွေလို့ရလာတဲ့ ကိုယ့် ဥစ္စာတွေကို ဖြုef;တီးပစ်လို့မရဘူး။ ဟိုယောင်ယောင် သည်ယောင်ယောင်နဲ့ အချိန်အကုန်မခံသင့်ဘူး။
လူတွေဟာ စနစ်နဲ့ ခေတ် ထဲမှာ အဆင်ပြေမှု အမျိးမျိုးရှိနေနိုင်တာပဲ။ သို့သော် အမှန်တရားကို နားလည်ရင် တာရှည်ခံတယ်။
အနိမ့်ဆုံးရောက်မှာ ကြောက်လို့ ခိုးဝှက်စားသောက်ပြီး၊ အဆဲခံအဆိုခံ ဘ၀မျိုးရောက်လို့မရဘူး။
အဆင်ပြေလို့ ငြိမ်နေလို့လည်း မရဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြရမှာပဲ။
ကိုယ်တတ်တဲ့ လုပ်ငန်းကို ကျွမ်းကျင်သည် ထက် ကျွမ်းကျင်အောင်လုပ်လာကြရမှာပဲ။
မိတ်ဆွေများများ ဖွဲ့ကြရမှာပဲ။
ကိုယ်သိသမျှ ကို နောက်လူတွေကို ပြန်သင်ကြားပေးကြရမှာပါပဲ။
ကိုယ့်ကြောင့် ကိုယ့်မျိုးဆက်များ အနိမ့်ဆုံးသို့ မရောက်သွားပါစေနဲ့.
ဒါကြောင့် ပြောင်းလဲသင့်ပြီဆိုတဲ့ နေရာမှာ..မိမိလည်းပါတယ်... မိမိကောပြောင်းလဲပြီလား...အရာရာအတူတကွပြောင်းလဲမှသာ..ပြောင်းလဲခြင်းမည်ပါတယ်...။။။
ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အတွေးအမြင်ကို
ပြောင်းလဲစေနိုင်ပါတယ်။ ပန်ဝန်းကျင်က လူရဲ့တွေးတောခြင်းကို
ကန့်သတ်နိုင်သလို လူကလည်း ကိုယ့်ရဲ့တွေးတောခြင်းကို
ကိုယ်တိုင်ကန့်သတ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားပါနဲ့။
ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ခဲ့ရင် ကိုယ့်ကိုယ်တိုင် ပြောင်းလဲခြင်းက စတင်နိုင်ပါတယ်။
အမှန်အကန်ပြောင်းချင်ရင် မိမိလည်းပြောင်းပါ။
ပြောင်းလဲမှုကိုလိုလားသူ
ရွှေအိမ်စည်
--------------------------
ပြောချင်တာက လူ့ဘ၀အခြေအနေ လူတွေ အကြောင်းပါ။ လူတိုင်းက ခေတ်စနစ်ကိုပြောင်းချင်ကြတယ
လူ့ဘ၀တွေက ထူးခြားတယ်။ အလွန်မြင့်မားတဲ့ ဘ၀တွေပိုင်ဆိုင်သူ ရှိသလို အလွန်နိမ့်ပါးတဲ့ ဘ၀တွေနဲ့ နေထိုင်သူလည်းရှိတယ်။
အဆင်ပြေနေသူတွေရှိသလို၊ အဆင်မပြေသူတွေလည်းရှိတယ်။
တစ်ချို့ကလည်း အတိတ်ကံကို ယိုးမယ်ဖွဲ့ကြတယ်။
တစ်ချို့ကလည်း သက်ဆိုင်ရာ အစိုးရတွေကို ယိုးမယ်ဖွဲ့ကြတဂယ်။ တစ်ချို့ကလည်း မိဘကိုတောင်ယိုးမယ်ဖွဲ့သေးတ
ဘာပဲဖြစ်ဖြစ် လူတွေဟာ အနိမ့်ဆုံးကနေအမြင့်ဆုံးကို
ထိုနည်းတူ အမြင့်ဆုံးကနေ အနိမ့်ဆုံးကိုလည်း ပြန်ရောက်နိုင်တယ်။
အနိမ့်ဆုံးဆိုတာက ငွေကြေးမပြည့်စုံတာ၊ နေစရာမရှိတာ၊ စားစရာမရှိတာ၊ ၀တ်စရာမရှိတာ၊ အပေါင်းအသင်းမရှိတာ၊ ချစ်ခင်သူမရှိတာ တွေချည်းမဟုတ်ဘူး။ အနိမ့်ဆုံးဆိုတဲ့နေရာမှာ နားလည်သဘောပေါက်မှုနဲ့ ဘ၀ရည်မှန်းချက်ပန်းတိုင်ပျေ
အနိမ့်ဆုံးရောက်နေတဲ့ လူတွေဟာ သူတို့ဘာအတွက်ရှင်သန်နေမှန်
ပန်းတိုင်ကပျောက်နေတော့ ဘာအလုပ်မှလည်း လက်ကျောတင်းအောင်မလုပ်လိုဘူ
ဒီတော့ လူဖြစ်လာရင် လူ့ဘ၀ ပန်းတိုင်က ဘာဖြစ်ရမလဲ....?။ အဝေးကြီးတွေကို သွားတွေးမနေပါနဲ့။
လူဖြစ်လာရင် ၀၀်ငွေရတဲ့ အလုပ်တစ်ခုကို လုပ်ကိုလုပ်ရမယ်။ ၀င်ငွေရလာရင်ဘာလုပ်မလဲ...၊။
မစုဆောင်းဘဲရသမျှသာသုံးနေရင
အလုပ်လို့ ရတဲ့ ငွေ က စားလောက်ယုံပေမယ့် စားမဲ့ အထဲက အနည်းဆုံး သုံးပုံတစ်ပုံတော့ စုကိုစုရမယ်..။
စုဆောင်းပြီးရင်တိုးပွားအော
အစာရေစာ ပေါများအောင်လုပ်ကြရမှာပေါ့
ဒါက ပန်းတိုင်ပဲ။ မဟုတ်က မဟတ်က ပန်းတိုင်တွေလျှောက်ထားနေရင
ဒီတော့ ဒီ အနိမ့်ဆုံးကနေ အမြင့်ဆုံးကို ရောက်နိုင်သလားဆိုတော့ ရောက်နိုင်တာပေါ့။
ဒါက လူတိုင်းမှာရှိတဲ့ အခွင့်အရေးပဲ။ လူတိုင်းပြောင်းလဲနိုင်တာပဲ
အချိန်အားရင် ဘာလုပ်မလဲ....?။ အချိန်အားရင် စာဖတ်သင့်တာပေါ့။
အင်္ဂလိပ်ဘာသာစကားနဲ့ ရေးတဲ့စာများများဖတ်သင့်တာေ
နောက်ခရီးသွားပေါ့။ ဒီလူ့ဘ၀မှာ ရှာဖွေလို့ရလာတဲ့ ကိုယ့် ဥစ္စာတွေကို ဖြုef;တီးပစ်လို့မရဘူး။ ဟိုယောင်ယောင် သည်ယောင်ယောင်နဲ့ အချိန်အကုန်မခံသင့်ဘူး။
လူတွေဟာ စနစ်နဲ့ ခေတ် ထဲမှာ အဆင်ပြေမှု အမျိးမျိုးရှိနေနိုင်တာပဲ။ သို့သော် အမှန်တရားကို နားလည်ရင် တာရှည်ခံတယ်။
အနိမ့်ဆုံးရောက်မှာ ကြောက်လို့ ခိုးဝှက်စားသောက်ပြီး၊ အဆဲခံအဆိုခံ ဘ၀မျိုးရောက်လို့မရဘူး။
အဆင်ပြေလို့ ငြိမ်နေလို့လည်း မရဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြရမှာပဲ။
ကိုယ်တတ်တဲ့ လုပ်ငန်းကို ကျွမ်းကျင်သည် ထက် ကျွမ်းကျင်အောင်လုပ်လာကြရမှ
မိတ်ဆွေများများ ဖွဲ့ကြရမှာပဲ။
ကိုယ်သိသမျှ ကို နောက်လူတွေကို ပြန်သင်ကြားပေးကြရမှာပါပဲ။
ကိုယ့်ကြောင့် ကိုယ့်မျိုးဆက်များ အနိမ့်ဆုံးသို့ မရောက်သွားပါစေနဲ့.
ဒါကြောင့် ပြောင်းလဲသင့်ပြီဆိုတဲ့ နေရာမှာ..မိမိလည်းပါတယ်...
ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အတွေးအမြင်ကို
ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ခဲ့ရင် ကိုယ့်ကိုယ်တိုင် ပြောင်းလဲခြင်းက စတင်နိုင်ပါတယ်။
အမှန်အကန်ပြောင်းချင်ရင် မိမိလည်းပြောင်းပါ။
ပြောင်းလဲမှုကိုလိုလားသူ
ရွှေအိမ်စည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။