အင်တာဗျူးအခန်းထဲမှာ အမေးဆုံးနဲ့ဖြေရခက်ဆုံးမေးခွန်းတွေထဲကတစ်ခုဖြစ်တဲ့မေးခွန်းကတော့ သင့်ရဲ့အား
နည်းချက်ကဘာလဲ? ဆိုတဲ့မေးခွန်းပါပဲ။ဘာလို့လဲဆိုတော့အားနည်းချက်တစ်ခုခုပြောလိုက်ရင်လဲ အင်တာဗျူး
တဲ့သူအထင်သေးသွားမှာလဲကြောက်၊ အားနည်းချက်မရှိဖူးပြောရအောင်လည်းအားနည်းချက်မရှိတဲ့သူဆိုတာ
လောကကြီးမှာရှိမှမရှိတာ။ ဒီတော့ဘယ်လိုလုပ်ကြမလဲ။စိတ်မပူပါနဲ့ ဖြေပုံဖြေနည်းတွေရှိပါတယ်။
သင့်ရဲ့အားနည်းချက်တွေကို ပြောရာမှာ လက်တလော သင့်မှာရှိတဲ့ကြီးကြီးမားမား အားနည်းချက် တွေကို
မပြောသင့်ပါဘူး။
သင့်ရဲ့အရင်အလုပ်မှာ တိုးတက်ခဲ့တဲ့ အကြောင်းအရာတွေကိုပြောလို့ ရပါတယ်။ဥပမာ
သင်အရင်ကအလုပ်ကိုနောက်ကျမှလာလေ့ရှိတယ် ဒါပေမဲ့ သင့်ရဲ့အရင်အလုပ်ကအကြီးအကဲက သင့်ကို
အလုပ်ကိုစောစော လာသင့်ကြောင်း၊စောစောလာခြင်းကသင့်အတွက်ဘာတွေ အကျိုးရှိစေကြောင်းပြောခဲ့လို့
အဲဒိလိုပြောပြီးနောက်ပိုင်းသင်အလုပ်နောက်မကျတော့ဘူးလို့ ပြောလို့ ရပါတယ်။ အဲလိုပြောခြင်းဖြင့်သင်ဟာ
အရင်က အလုပ်ကိုနောက်ကျပြီးလာတတ်တဲ့အားနည်းချက်ရှိခဲ့တယ်။ဒါပေမဲ့အခုပြင်ပြီးပြီလို့ဆိုလိုရာရောက်
ပါတယ်။ပြီးတော့ သင့်ကိုတိုးတက်ဖို့အတွက်အမြဲကြိုးစားနေတဲ့သူလို့ သင့်ကိုအင်တာဗျူးမေးသူကမြင်နိုင်ပါ
တယ်။
သင့်ကိုအင်တာဗျူးမေးသူက “သင့်ရဲ့အားနည်းချက်က ဘာလဲလို့မေးပေမဲ့”သင့်ရဲ့အဖြေမှာ အားနည်းချက်ဆို
တဲ့စာလုံးပြန်ပါစရာမလိုပါဘူး။ အားနည်းချက်ကိုအားသာချက်ဖြစ်အောင်ပြောင်းလဲ ယူလို့ရပါတယ်။ဥပမာ
“ကျွန်တော်က တစ်ခါတလေကိန်းဂဏန်းအချက်အလက်တွေကို သေချာအောင် ခနခန ပြန်စစ်လေ့ရှိပါတယ်။”
လို့အားနည်းချက်ပြောသလိုလိုနဲ့ အားသာချက်ပြောလို့ရပါတယ်။“ကျွန်တော့်အားနည်းချက်ကလေ”ဆိုတဲ့
အပြောနဲ့ဘယ်တော့မှ မစပါနဲ့။ဥပမာတစ်ခုကိုဖော်ပြပေးလိုက်ပါတယ်။
e.g.
“I used to come in late to work frequently but after my manager explained to me
why it was important for me to come in on time, I was never late again.”
မိုးရှင်း (I.M.T)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။