Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 30, 2015

ဒီနေ့မြန်မာဆိုသည်မှာ


ဒီနေ့မြန်မာဆိုသည်မှာ
ဦးလှဝင်း(လေသူရဲတစ်ဦး) Nov 30 Voice Weekly
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးလည်း ပြီးသွားပါပြီ။
ယနေ့အထိတော့ မြန်မာ့နိုင်ငံရေးရပ်ကွက်မှ ရှုံးသူရော၊ နိုင်သူရော ပါတီ(၂)ဖက်လုံးမှ အဓိကခေါင်းဆောင်တွေ ပြောဆိုနေကြတဲ့ စကားတွေ အားလုံးက မင်္ဂလာစကားတွေကြီးပါပဲ။
ပုတ်ခက်တဲ့ စကား... ရန်လိုတဲ့ စကားတွေ လုံးဝ မပါသလောက်ပါပဲ။
ဒီလို စကားမျိုးတွေ နှုတ်မှ ထွက်နေကြတာ အလွန် ၀မ်းမြောက်ဖို့ ကောင်းလှပါတယ်။
နိုင်တဲ့ ပါတီရဲ့ ခေါင်းဆောင်ကလည်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် မိမိ ဆုံတွေ့ချင်ပါတယ်ဆိုတဲ့ မေတ္တာရပ်ခံစာကို တစ်ဦးချင်းစီ တရားဝင်ပို့ခဲ့ ပါတယ်။ ဘာတွေဆွေးနွေးမယ်လို့ သူမရဲ့စာမှာ မဖော်ပြထားပေမယ့် မကြာခင် သူမ ဦးဆောင်လျှောက်ရတော့မယ့် မြန်မာနိုင်ငံရေး ခရီးကြမ်းကို အဆင်ပြေ အချောမွေ့ဆုံးဖြစ်အောင် ညှိုနှိုင်းချင်တဲ့ သဘောမျိုးဆောင်နေတာကတော့ လူတိုင်း တွေးဆလို့ရနိုင်ပါတယ်။
အဲ…သမ္မတကြီးကလည်း (၁၅.၁၁.၂၀၁၅)နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ နိုင်ငံရေးပါတီတွေနှင့် တွေ့ဆုံပွဲမှာ “အထွေထွေရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမယ့် အစိုးရသစ်ထံ အာဏာလွှဲပြောင်းရေးကို စိုးရိမ်မှု မရှိစေဘဲ ချောမွေ့အောင် ဆောင်ရွက်ပေးဖို့ မိမိ ကတိပြုပါတယ်လို့ ပြောလိုက်တဲ့ စကားကလည်း အလွန်မင်္ဂလာရှိတဲ့ စကားပါ။”
တစ်နိုင်ငံလုံးကို စိတ်ချမ်းသာမှု ဖြစ်စေခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရေးကို ယေဘုယျ သဘောကြည့်လိုက်ရင်တော့ မြူတိမ်တွေ ကင်းစင်နေတဲ့ ကောင်းကင်ပြာကြီးကို ကြည့်မြင်ရသလိုပါပဲ။
ငြိမ်းချမ်းနေပါတယ်။
ဒီလို နိုင်ငံရဲ့ ကောင်းကင်ပြင်ကျယ်ကြီးမှာ သာယာနေတဲ့အချိန်မျိုးမှာ စာရေးဆရာတစ်ဦးအနေနှင့် နိုင်ငံရေးအကြောင်း စာရေးရတာသိပ်ခက်တယ် ခင်ဗျား။
ကိုယ် တစ်ခုခုကို မပိုင်ဘဲ …. တိတိကျကျ မသိဘဲ ဘာမှ မရေးသင့်ပါဘူး။ ဘာမှ မသုံးသပ်သင့်ပါဘူး။
ကဲ… ဒါကြောင့် ကျွန်တော့် ရင်ထဲမှာ ထုတ်ပြောပြချင်နေတာကြာပြီဖြစ်တဲ့ ဒီနေ့ မြန်မာဆိုတာကို ဘယ်သူ့ကို ခေါ်ကြမှာလဲဆိုတဲ့ ပြဿနာကို တင်ပြ ဆွေးနွေးချင်ပါ တယ်။
ဒီပြဿနာကအလွန်အရေးကြီးတယ်ခင်ဗျား…။
ဒေါ်အောင်ဆန်းစုကြည် ပထမဦးစားပေး လုပ်ချင်ပါတယ်ဆိုတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ လုပ်ရပ်ကလည်း ဒီအဖြေမှာ မူတည်ပြီးပဲ စဉ်းစားရပါမယ်။
နောက်…. အပစ်အခတ် ရပ်စဲရေး.… ပြည်တွင်း ငြိမ်းချမ်းရေးဆိုတဲ့ ကြိုးပမ်းမှု အကုန်လုံးကလည်း ဒီမေးခွန်းရဲ့ အဖြေအပေါ် မူတည်ပြီးပဲ စဉ်းစားကြရပါမယ်။
မှန်ပါတယ်။
မြန်မာဆိုတာ ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းကို ရုတ်တရက် လွယ်လွယ် ပြောကြမယ်ဆိုရင်… “မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားမဟုတ်တဲ့ လူတွေ ….နိုင်ငံခြားသား မဟုတ်တဲ့ လူတွေဟာ မြန်မာတွေပေါ့ဗျ” လို့ ဖြေမိကြပါလိမ့်မယ်။
မမှန်ဘူး ခင်ဗျား…..။
တိုင်းရင်းသားလို့ ကျွန်တော် အမည်မခံထားပါဘူး။ နိုင်ငံခြားသားလည်း မဟုတ်ပါဘူး။
ကျွန်တော့်ရဲ့ အမျိုးသားမှတ်ပုံတင်ထဲမှာလည်း မြန်မာလို့ ရေးထားပါတယ်။
ဒါပေမယ့် ကျွန်တော် မြန်မာ မဟုတ်ဘူးခင်ဗျား။
ဒါဖြစ်ရင် ကျွန်တော်က ဘာလူမျိုးလဲ။
မြန်မာ……။
ဒီနေ့ခေတ် မြန်မာလို့ခေါ်ကြတဲ့ မြန်မာ…..။
စာရှုသူ …..။
ကျွန်တော်ရဲ့ အဖြေက သင့်အမြင်ကို ရှုတ်ထွေးကုန်ပြီလို့ ထင်ပါတယ်။
မရှုတ်ထွေးပါဘူး။
ဆက်သာ ဖတ်ရှုတော်မူပါ။
သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ ဆွေးနွေးချက် စာတမ်းတွေမှာလည်း အတိအကျ ဖော်ပြထားပါတယ်။
မြန်မာဆိုတာ သမိုင်းအရ တောင်ကုန်းမြင့်ပိုင်း….အဲ…..ရှမ်းပြည်နယ် မြောက်ပိုင်းပေါ့ ခင်ဗျား။ အဲဒီ ကုန်းမြင့်ပိုင်းကနေပြီး ကျောက်ဆည်မြို့နယ် ပတ်ဝန်းကျင်ဒေသဖက်ကို ရွှေ့ပြောင်းလာတဲ့ လူမျိုး…. လူစု….။ အဲ…..သူတို့ပြောတဲ့ စကားကတော့ မြန်မာ စကားပေါ့ဗျာ။
ကျောက်ဆည်ဒေသဖက်က မြေပြန့် ကုန်းမြင့်ပိုင်းနှင့်စာရင် စိုက်ပျိုးလုပ်ကိုင်စားရဖို့ ပိုလွယ်ကူတယ်။ တဖြေးဖြေး အခြေချသူတွေ များလာတယ်။ နောက်ဆုံး မြန်မာဖြစ်သွားတယ်ပေါ့ဗျာ။
ဒါက အယူအဆတစ်ခု…..။
လွန်ခဲ့တဲ့ (၁)လလောက်က ကျွန်တော်ပုဂံမြို့ကို ရောက်သွားတယ်။ (၃)ညအိပ်ပြီး အနားယူခဲ့တယ်။ ပုဂံမြို့မှာ အနားယူနေတုန်း ကျွန်တော်စဉ်းစားတယ်။
“ရှေးခေတ် ပုဂံမြို့သားတွေဟာ ဘာလူမျိုးလဲ”
ဒီ အဖြေကိုသိချင်လို့ အာနန္ဒာဘုရားဝင်ပေါက်နားက စာအုပ်ဆိုင်ကို သွားပြီး၊ ပုဂံသမိုင်းနှင့် ပတ်သက်ပြီးရေးထားတဲ့ စာအုပ်တွေ အများကြီး ၀ယ်ခဲ့ပါတယ်။ ဒေါက်တာသက်လွင်ရဲ့ “သမိုင်းကပြောသောပုဂံ၊ ပုဂံကပြောသော သမိုင်း” စာအုပ်လည်း ပါတာပေါ့ဗျာ။
အဲဒီ သမိုင်းစာအုပ်တွေ ဖတ်ပြီး ရှေးခေတ် ပုဂံမြို့သားတွေဟာ ဘာလူမျိုးတွေဖြစ်ဖို့ များသလဲဆိုရင် ပျူအနွယ်တွေ ဖြစ်ဖို့များတယ်။ ပျူအနွယ်တွေ အဆင့်ဆင့် အသွင်ပြောင်းပြီး သမိုင်းပျောက်ပြီး ပုဂံမြို့သားတွေ ဖြစ်လာဖို့ များပါတယ်တဲ့။
ပုဂံဆိုတာကလည်း သမိုင်းအရ မြန်မာတွေရဲ့ ယဉ်ကျေးမှုမြို့တော်...။ ဒီမြို့မှာ နေသူတွေက ပျူအနွယ်တွေ...။ ပျူအနွယ်ဝင်တွေ။
ကျောက်ဆည်နယ်ဘက်က မြန်မာတွေ မဟုတ်ပြန်ဘူး။
အဲ….ဒါဖြစ်ရင် ပျူအနွယ်ဝင်တွေ နေထိုင်ခဲ့တဲ့ ပုဂံမြို့ကို ဘာကြောင့် မြန်မာတွေရဲ့ ယဉ်ကျေးမှု မြို့တော်ကြီးလို့ ခေါ်နေကြတာလဲ။
မြန်မာ့သမိုင်းကို ဘာကြောင့် ဒီမြို့က စခဲ့ကြတာလဲ။
ကျွန်တော်က ရှေးဟောင်းပစ္စည်းကို အလွန်မြတ်နိုးသူ။ ပျူပုတီးစေ့တွေကိုလည်း အလွန်ချစ်သူ….။ ဒီ ပျူပုတီးစေ့တွေအကြောင်းကို “ရတနာ၏ လျို့ဝှက်ချက်များ” လို့ ခေါင်းစဉ်တပ်ပြီး စာအုပ်တစ်အုပ်တောင် ရေးဖူးပါတယ်။
ပျူပုတီးစေ့က ကျောက်ဆည်တို့… ပျော်ဘွယ်တို့ဘက်မှာလည်း တူးဖော်ရင် တွေ့ပါတယ်။
မင်းဘူးမြို့မှာလည်း တွေ့ပါတယ်။
ဟော…. ကျွန်တော်တို့ မွန်ပြည်နယ် မုတ္တမမြို့ အနီးတ၀ိုက်မှာလည်း အများကြီး တွေ့နိုင်ပါတယ် ခင်ဗျာ။ ပုတီးစေ့သာ မဟုတ်ဘူး။ ရွှေထည်တွေကိုပါ တူးဖော်လို့ ရခဲ့ဖူးပါတယ်။
ကျွန်တော် ဆွဲချင်တဲ့ ကောက်ချက်က ပျူဆိုတာ တစ်ချိန်က မြန်မာနိုင်ငံအနှံမှာ နေထိုင်ခဲ့ကြဘူးတယ်လို့ ဆိုရင် မှန်သလား၊ မှားသလား။
မှန်ဖို့ များတယ်လို့ ကျွန်တော် ထင်ပါတယ်။
ကဲ…. ဒီနေ့ ပျူလူမျိုးစုဆိုတာလည်း ပျောက်ကွယ်သွားခဲ့ပြီ။
ကျောက်ဆည်နယ်ဘက်က မြန်မာဆိုတာလည်း မှန်းဆချက်ပါ။
အကယ်၍ ပုဂံမြို့မှာ ကျွန်တော် ရှိနေစဉ်က ဖတ်ခဲ့တဲ့ သမိုင်းစာအုပ်တွေရဲ့ အဆိုအရ ရှေးခေတ် ပုဂံသားတွေက ပျူအနွယ် ပျူအဆက်သာ ဖြစ်ခဲ့ရင် မြန်မာစစ်စစ်ဆိုတာ ဘယ်သူကို ခေါ်ကြမှာလဲ။
ပျူသမိုင်းက နှစ်ပေါင်းတစ်ထောင်ခန့် ရှိပါပြီ…။
ဒီ နှစ်ပေါင်းတစ်ထောင်က ဆင်းခဲ့တဲ့ ပျူအနွယ်တွေဟာ တခြား မျိုးနွယ်စု အမျိုးမျိုးနှင့် အိမ်ထောင်ပြုကြပြီး သွေးမရောကုန်ကြဘူးလား။
ဒါဖြစ်ရင် မြန်မာစစ်စစ်ဆိုတာ ဘယ်အနွယ်ရဲ့ သွေးနှင့် ရောစပ်ထားတဲ့ ပျူအနွယ်ဝင်ကို မြန်မာလို့ ခေါ်ကြမှာလဲ။
အလွန် ခေါင်းစားစရာ ဖြစ်လာပါတော့မယ်။
ဒီနေ့ ဥပဒေအရ သတ်မှတ်ထားတဲ့ မြန်မာဆိုတာကတော့ အမျိုးသား မှတ်ပုံတင် လက်မှတ်မှာ မြန်မာအမိ၊ မြန်မာအဖ က မွေးဖွားခဲ့တဲ့ နိုင်ငံသား…။
စာရှုသူ…။
သင့်ကိုယ်သင် မြန်မာလို့ အမည်ခံရဲပါသလား။
ရဲခဲ့ရင် သင့်ဖခင်နှင့် သင့်မိခင်ဟာ မြန်မာသွေး…အဲ …ရှေးအသွင်ပြောင်း ပျူသွေးစစ်စစ်ပါလို့ သင် ခိုင်မာတဲ့ သက်သေပြနိုင်ရပါမယ်။
သင် ပြနိုင်ပါသလား။
ကျွန်တော် ဘာလဲ။
မှတ်ပုံတင်အရ မြန်မာ ဖြစ်ပါတယ် ခင်ဗျား။
ကျွန်တော့် မိခင်က မွန်စစ်စစ်ပါ။ ဘာကြောင့်လဲ။ မွန်တွေ စုနေကြတဲ့ ရွာမှာ မွေးပြီး မွန်စကားပြောတဲ့ မွန်မကြီးဖြစ်နေတဲ့ အတွက်ပါ။
ကျွန်တော့် ဖခင်က ဘာလဲ။
မြန်မာလို့တော့ အမည်ခံထားပါတယ်။ ဒါပေမယ့် မြန်မာ မစစ်တာတော့ သေချာတယ်ခင်ဗျာ။ ဘာကြောင့်လဲ။ သူ့နှာတံက ချွန်နေတယ်။ ဆံပင်က ကောက်ချင် တယ်။ အသားဖြူတယ်။ အရပ်မြင့်တယ်။ မျက်ခုံး မျက်လုံး လှတယ်။ သူ့ရဲ့ ဖခင် မိခင် တစ်ဦးဦးမှာ နိုင်ငံခြားသွေး စပ်နေမှာ သေချာတယ်။
မှန်ပါတယ်။
အလွန် ဖြစ်ဖို့များပါတယ်။
ကျွန်တော့် ဖခင်က မော်လမြိုင်မြို့သား…။ မော်လမြိုင်မြို့ဆိုတာက သင်္ဘောဆိပ်မြို့။ ကျွန်တော့ ဖခင်ဘက်မှ အနွယ်တစ်ဦးဦးဟာ ဒေသခံနှင့် နိုင်ငံခြားသား သင်္ဘောသားတစ်ဦး သွေးရောပြီး ဆင်းသက်လာသူ မဖြစ်နိုင်ဘူးလား။
ဖြစ်နိုင်ဖို့ အလွန်များပါတယ်။
သူ ကွယ်လွန်သွားခဲ့တာလည်း၊ ၁၉၅၆ ခုနှစ်ကဆိုတော့ ဒီနေ့ နှစ်ပေါင်း ၆၀ လောက် ရှိနေပါပြီ။
ကဲ… သူ့အနွယ်ကို ဘယ်လို ပြန်စစ်ကြမှာလဲ။
မှန်ပါတယ်။
မြန်မာသွေး တစ်ဆယ် ရာခိုင်နှုန်းလောက်သာပါပြီး ဒီနေ့ အမျိုးသား မှတ်ပုံတင်မှာ မြန်မာလို့ ဖော်ပြထားတဲ့ ကျွန်တော့်ကိုရော ဘယ်သူက မြန်မာ မဟုတ်ဘူးလို့ ပြောမှာလဲ။
ကျွန်တော် ရဲရဲကြီး ကောက်ချက်ဆွဲချင်ပါတယ်။ ဒီနေ့ မြန်မာလို့ အမည်ခံထားတဲ့ (၉၉) ရာခိုင်နှုန်း မြန်မာတွေဟာ အမှန်အတိုင်း ၀န်ခံကြမယ်။ သွေးကို စနစ်တကျ စစ်ကြမယ်ဆိုရင် ကျွန်တော့်အဆင့် မြန်မာတွေဖြစ်ကြဖို့ များပါတယ်။
ကဲ...ဒီတော့ ကျန်နေတဲ့ ၁(တစ်)ရာခိုင်နှုန်းသာရှိသော မြန်မာစစ်စစ်တွေ နေထိုင်တဲ့ ဒီနေ့ မြန်မာနိုင်ငံကြီးကို ဘယ်လိုနိုင်ငံလို့ ခေါ်သင့်ပါသလဲ။
နာမည်ကိုတော့ မြန်မာနိုင်ငံလို့ပဲ ခေါ်ကြရပါတယ်။
ဘာကြောင့်လဲ။
တစ်ချိန်က မြန်မာစစ်စစ်တွေ နေထိုင်ခဲ့ကြတာ ဒီမြေ ဒီနိုင်ငံမှာ မဟုတ်လား။ သူတို့ကို ဂုဏ်ပြုပြီး သူတို့ ပေးခဲ့ကြတဲ့ အမည်ကိုပဲ ဆက်ခေါ်ကြရမှာပေါ့။
နောက်… ကမ္ဘာကြီးက သိနေတာလည်း ဒီနာမည်နှင့်ပဲ မဟုတ်လား။
အဲ…ဒါပေမဲ့…။
မြန်မာဆိုတဲ့ အမျိုးသားစိတ်...။
မျိုးချစ်စိတ်ဆိုတာတွေကြတော့ ကျွန်တော်တို့ရဲ့ အရိုးစွဲနေခဲ့ကြတဲ့ ငါတို့မှ ငါတို့ဆိုတဲ့ အမြင်ကို ပြောင်းသင့်ကြပြီလို့ ထင်ပါတယ်။
ဘာကြောင့်လဲ။
ပြည်တွင်းစစ်ရဲ့ အခြေခံအကြောင်းတစ်ခုဖြစ်တဲ့ လူမျိုးကြီး ၀ါဒ ကျင့်သုံးတာ။ မြန်မာမှ မြန်မာဆိုပြီး စိုးမိုးအနိုင်ကျင့်နေတာကို မကြိုက်ဘူးဆိုတဲ့ ပြဿနာကို ရှင်းသွားစေချင်လို့ပါ။
တင်ပြခဲ့ပြီး ဖြစ်တဲ့အတိုင်း ဒီနေ့ မြန်မာဆိုတာ ကျွန်တော့်လို လူမျိုးတွေကို ခေါ်တာပါ။ ကျွန်တော့်မှာ မွန်သွေးရောနေသလို တိုင်းရင်းသားသွေးတစ်ခု သို့မဟုတ် နှစ်ခုရောနေသူတွေ အလွန်များလှပါတယ်။ ဥပမာ… ကျွန်တော့် သားသမီးတွေပေါ့ ခင်ဗျား။
နောက်… မွန်ဆိုရင် သမိုင်းအရ ပုဂံမြို့ မတည်ခင် ခေတ်ထဲက ကိုယ့် ယဉ်ကျေးမှု၊ ကိုယ့် စာပေနှင့် နေခဲ့တဲ့ လူမျိုး။ သမိုင်းကို စနစ်တကျ ယနေ့ထက် ပိုလေ့လာပြီးတဲ့ ခေတ်မှာ သူတို့ကိုမှ မြန်မာလို့ ခေါ်ချင် ခေါ်နေရမှာ…။
ကျွန်တော် တင်ပြချင်တာက မြန်မာကို လူမျိုးကြီဝါဒကျင့်သုံးနေတယ်။ မုန်းတယ်ဆိုရင် မှားတယ်။ ဒီနေ့ စစ်အာဏာရှင် စနစ်ဆိုးရဲ့ ဒဏ်ကိုခံနေကြရတာ တခြား တိုင်းရင်းသားတွေ ခံနေကြရသလို မြန်မာလို့ အခေါ်ခံနေရတဲ့ လူ တွေလည်း ခံနေကြရတာပဲ။
ကျွန်တော်တို့ အားလုံး ဘ၀တူပါ။
တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား။
မြန်မာလူမျိုးကြီး ၀ါဒဆိုတဲ့ အစွဲကြောင့် မုန်းတီးစိတ်… တော်လှန်ချင်စိတ်တွေ ရှိရင်တော့ မေ့လိုက်ပါ။ ဒါ မှားနေပါတယ်။
မြန်မာဆိုတာ ကျွန်တော့်လိုလူမျိုး ၉၉ (ကိုးဆယ့်ကိုး) ရာခိုင်နှုန်း စုပေါင်း ပါဝင်နေတဲ့အတွက် (ဖယ်ဒရယ်) ပြည်ထောင်စုကြီးဆိုတာဟာလည်း ဖြစ်ကို ဖြစ်လာမှာပဲ။ အဲဒီလို ဖြစ်သွားလို့လည်း ပြည်မနေတဲ့ လူတွေက ဘာမှ စီးပွားရေးနှင့် နိုင်ငံရေးအရ နစ်နာမသွားဘူး။ အုပ်စိုးသူ ညံ့လို့တော့ ဒုံရင်းပဲ။
ခင်ဗျားတို့လည်း ကောင်းစားသွားကြမယ်လို့ ပြောလို့မရဘူးနော်။ ခင်ဗျားတို့ လုပ်ရည်ကိုင်ရည် အပေါ်မှာပဲ လုံးဝတည်နေတယ်။ တော်တဲ့ လူတက်ရင် စံ။ ညံ့တဲ့ လူတက်ရင် ခံပဲ။
ဒီနေ့ ခေတ်ဆိုး စနစ်ဆိုးရဲ့ ဒဏ်ကို ခင်ဗျားတို့ ခံနေရသလို ကျွန်တော်တို့ လည်း ခံနေရတာပဲ။ ကျွန်တော်တို့ မညီညွတ်လေ… အတွေးအမြင်တွေ ကျဉ်းမြောင်းလေ… ညံ့လေ…. ဒီနေ့ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခ အမျိုးမျိုးမှ တိုင်းရော ပြည်နယ်ရော ဘယ်တော့မှ လွတ်ကြမှာမဟုတ်ဘူးဆိုတာပါပဲ

ဦးလှဝင်း (လေသူရဲတစ်ဦး)
၂၀.၁၁.၂၀၁၅

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။