အမျိုးသမီးတစ်ဦး ဥက္ကဌရုံးခန်းထဲ ဝင်လာသည်။
” ဥက္ကဌကြီး ကျွန်မနေစရာ အခက်အခဲရှိနေလို့ တိုက်ခန်းတစ်ခန်းလောက်စီစဉ်ပေးပါ ”
ဥက္ကဌက ခပ်မာမာကြည့်ရင်း …
“ခိုင်လုံတဲ့အကြောင်းပြချက်ရှိမှ တိုက်ခန်းပေးလို့ရမယ် ပြော ဘာကြောင့် ငါကမင်းကိုတိုက်ခန်းစီစဉ်ပေးရမှာလဲ …”
အမျိုးသမီးကြီးက အသံကြယ်ကြီးနှင့်ပင် …
” မမှတ်မိဘူးလား ဥက္ကဌကြီးနဲ့ကျွန်မဟာ အခန်းတစ်ခန်းထဲမှာ ခဏခဏ အတူအိပ်ခဲ့ကြဖူးတယ်လေ”
“အဟမ်း အဟမ်း”
ဥက္ကဌကခြောင်းဟန့်တားရင်း..
“ကဲခုလိုခိုင်လုံတဲ့အကြောင်း အရာပြောပြလို့ တိုက်ခန်းပေးပါတယ် …”
တိုက်ခန်းသော့ကိုထုတ်ပေး လိုက်သည်။
“ကျေးဇူးတင်ပါတယ်ဥက္ကဌကြီး ကျွန်မကိုသွားခွင့်ပြုပါဦး…”
ဥက္ကဌက ဘေးဘီအကဲခတ်ရင်း လေသံနှင့်မေးသည်။
” ခင်ဗျားနဲ့ကျုပ် တစ်ခန်းထဲ အတူအိပ်ဖူးတယ်ဆိုတာ ဘယ်အခန်းမှာလဲ…”
အမျိုးသမီးကြီးက မထူးဆန်းသလိုပုံစံနှင့်ပြော သည်။
” လွှတ်တော်ထဲမှာပဲလေ ဥက္ကဌကြီး ဥက္ကဌကြီးက သဘာပတိခုံပေါ်မှာ ကျွန်မက တတိယတန်း သုံးခုံမြောက်မှာ”
” ဂျာာာာာာာာ !!! ”
ပြောပြီး အမျိုးသမီးကြီး အေးဆေးစွာ ထွက်သွားသည်။
ဥက္ကဌကြီးသာ မျက်နှာကြီး ဖရိုဖရဲဖြစ်လို့် ……။
Credit : ကိုဆန်း
Search Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။