Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 25, 2015

ရွှေ ( Gold )အထည် အကြောင်းသိကောင်းစရာ

ရွှေ ( Gold )အထည် အကြောင်းသိကောင်းစရာ
--------

ရွှေဆိုတာ မြန်မာလူမျိုးတို့ အကြိုက်နှစ်သက်ဆုံး သတ္တုတစ်မျိုးဖြစ်ပါတယ်။
ရွှေကို ကျန်းမာရေးရှုထောင့်မှကြည့်လျှင် လူသားတို့၏ ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေသည်ဟု သုသေတန ပညာရှင်များက အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။

ရွှေဆွဲကြိုးကို လည်တိုင်တွင် ၀တ်ဆင်ထားပါက "နှလုံး၊ အဆုတ်" တို့၏ လုပ်ဆောင်မှုကို ပိုမိုသန်စွမ်းစေပြီး ၄င်းတို့နှင့်ပတ်သက်သည့်ရောဂါများ မဖြစ်အောင် ကာကွယ်ပေးသည့်အပြင် "လည်ပင်း ကျီးပေါင်းတက်ခြင်း" ကိုလည်း ကာကွယ်ပေးသည်။

ရွှေလက်ကောက်ကို လက်ဝဲလက်ကောက်ဝတ်တွင် ၀တ်ဆင်ပေးခြင်း၊ ရွှေလက်စွပ်ကို လက်ဝဲလက်သူကြွယ်တွင် ၀တ်ဆင်ပေးခြင်းဖြင့်လည်း "နှလုံးရောဂါ" ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သည်။
ရွှေနားကပ်ကို နားတွင်ဝတ်ဆင်ထားပါက စဉ်းစားတွေးခေါ်မှုများ၍ ခေါင်းမူးခြင်းကို ကာကွယ်ပေးနိုင်သလို "ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ ရောဂါများကိုလည်း ကာကွယ်ပေးပါသည်။
"ရွှေ" ကိုဝတ်ဆင်ရာတွင် "အသားအရေ ယားယံခြင်း၊ ရွှေအရောင် မှိန်သွားခြင်း၊ ကြာရှည်ဝတ်ဆင်ပါက ရွှေအလေးချိန် အနည်းငယ် လျော့သွားခြင်း" တို့သည် လူ၏ခန္ဓာကိုယ်ရှိ ရောဂါဝေဒနာတို့အတွက် "ရွှေ"က ကုသပေးခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေး ဖော်ရာတွင် "ရွှေ" ကို ထည့်သွင်းအသုံးပြုသလို အလှအပကို ပြင်ဆင်ရာများဖြစ်သော "မျက်နှာကို ရွှေသွင်းပေးခြင်း"၊ " ဆံပင်သန်ရန်အတွက် ရွှေသွင်းပေးခြင်း" တို့ကို တွေ့ရှိရခြင်း ဖြစ်သည်။
ရွှေဆိုသည်မှာ- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
-၁၅ဲ ရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်
-၁၄ဲ ရည် (ဆယ့်လေးပဲရည်)
-ရွေးသုံးဆယ်စပ်
-မိုးကြိုး

တစ်ကျပ်သား =၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ဲ(ရှစ်ပဲ) = ရွေး ၆၀
တစ်မတ်သား = ၄ဲ = ရွေး ၃၀
တစ်မူးသား = ၂ဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး

(ငါးမူးသားကျတော့ ရွေး ၆၀ ဖြစ်ပြီး တစ်မူးသားကျတော့ ၁၅ ရွေးဖြစ်နေခြင်းမှာ ကျနော်လဲမသိ
ရှေးအရင်လူများလက်ထက် ကတည်းက အဲ့ဒီအတိုင်း သုံးနှုန်းခဲ့ကြတာဖြစ်သည်)

(မြန်မာ့ အသုံးအနှုန်းများ၏ တိကျပုံ မှာတစ်ခါတစ်ရံ ထိုသို့ဖြစ်တတ်သည်)
မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေဈေး အသုံးအနှုန်းကို အခေါက်ရွှေနှင့်သာ အရောင်းအ၀ယ်လုပ်သူများ
အသုံးပြုပြောကြားကြသည်။

အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။
၁၅ဲ ရည်
၁၅ဲ ရည်ဆိုသည်မှာအခေါက်ရွှေ ၁၅ဲ
သားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး
တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။

ဒင်္ဂါးရည်
ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၁၈ ရွေးကို ကြေးနီ+ဘော် ၁၂ရွေးအချိုးကျ ရောစပ်ထားတာဖြစ်သည်။
၁၄ဲရည်
၁၄ဲရည်(ဆယ့်လေးပဲရည်) ဆိုသည်မှာလဲ ထိုနည်း၎င်း အခေါက်ရွှေ ၁၄ဲ (ဆယ့်လေးပဲ)သားကိုကြေးနီနှင့် ဘော်အချိုးကျ ၂ဲသား(နှစ်ပဲသား)
ရောစပ်ထားခြင်းပဲဖြစ်ပါသည်။

ရွေးသုံးဆယ်စပ်
ရွေးသုံးဆယ်စပ် ဆိုတာကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ဲ သားကို ကြေးနီနှင့်ဘော် အချိုးကျ ၁ မတ်သားရောစပ်၍ တစ်ကျပ်သား ဖြစ်အောင်ပြုလုပ်ထားတာဖြစ်သည်။
မိုးကြိုး
မိုးကြိုး- ဆိုသည်မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ဲ) ကို ကြေးနီ နှင့်ဘော် အချိုးကျသုံးမတ်သား(၁၂ဲ)သားရောစပ် ၍တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။
(မလွန်လွန်းဖူးလားဗျာ)
အခေါက်ရွှေတစ်ကျပ်သား ဈေးဘယ်လောက်ရှိတယ်ဆိုတာ သိရင် ကျန်တဲ့အရွှေအမျိုးအစားတွေရဲ့ဈေးဟာလဲ ဘယ်လောက်ရှိတယ်ဆိုတာ
ဒီလို ဒီလို ဖော်မြူလာလေးတွေ ရှိတယ် . . . . .
အခေါက်ရွှေဈေး x ၁၁၂.၅ / ၁၂၀ = ၁၅ဲရည်ဈေး
အခေါက်ရွှေဈေး x ၁၀၈ / ၁၂၀ = ဒင်္ဂါးရည်ဈေး
အခေါက်ရွှေဈေး x ၁၀၅ / ၁၂၀ = ၁၄ဲ ရည်ဈေး
အခေါက်ရွှေဈေး x ၉၀ / ၁၂၀ = ရွေးသုံးဆယ်စပ်ဈေး
အခေါက်ရွှေဈေး x ၃၀ / ၁၂၀ = မိုးကြိုးဈေး

အခေါက်ရွှေ ဟာပျော့တယ် ကြေးနီနှင့်ဘော် ပါဝင်နှုန်းများလာလေ ရွှေဟာအရည်ညံလေမာလာလေဖြစ်ပါတယ်။
အခေါက်ရွှေကို မီးနဲ့ နီရဲးလာအောင် အပူပေး ရေထဲသို့ ချလျှင်သော်၎င်း
ဒီအတိုင်းပဲ အအေးခံလျှင်သော်၎င် အ၀ါရောင်အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။

ရွှေထည်များဝယ်ယူ ၀တ်ဆင်ပြီးပါက ပြန်လည်ရောင်းချသောအခါ
ဘောက်ချာပျောက်လျှင်သော်၎င်း မိမိဝယ်ယူသည့်ဆိုင်မဟုတ်ပဲ
တစ်ခြားဆိုင်သို့ရောင်လျှင်သော်၎င်း ဈေးအနှိမ်ခံရပါတယ်။

အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ရွှေထည်တစ်ခု လုပ်တော့မယ်ဆိုရင်
ဂဟေဆော်ရတယ်။ အဲ့ဒီဂဟောဆော်ဖို့ကအထည်လုပ်မည့်ရွှေ အမျိုးအစား
၂ ဆကို ကြေးနီနှင့်ဘော် ဆတူဝန်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁
ဆနဲ့ရောရတယ်။ ရွှေထည်တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိဝင်ပါတယ်။

တစ်ခါတစ်ရံ တစ်ပဲဝန်းကျင်သာ အတင်ချိန်ရှိတဲ့ နားကပ် လက်စွပ် တစ်ခုခုပြုလုပ်ပါကလဲ စပ်ခဲ ၁ရွေး ၂ ရွေးအထိဝင်ပါတယ်။
နားကပ်တစ်ရံဆိုပါစို့ ရွှေချိန်က ၁ဲ သားပဲရှိတယ် စပ်ခဲက ၂
ရွေးလောက်ဝင်နေတယ်။ ရွှေက ၅ ရွေးခွဲပဲကျန်တော့တယ်။ ဆိုင်ကကိုယ်ဝယ်ခဲ့တော့ ၁ဲဖိုးပေးခဲ့ရတယ်။
တစ်ကယ်တမ်း ရွှေပါတာက ၁ဲ မပြည့်ဘူး။
အလျှော့တွက်လက်ခက ၃ရွေးလောက်ပေးရတယ်။

ကိုယ်ဝယ်မယ်ဆိုရင် အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅
ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီအထည်မှာ ပါတဲ့ရွှေက ၅ ရွေးခွဲးလောက်ပါတယ်။
ဒါကိုမိမိဝယ်ယူတဲ့ဆိုင်မှာ ပြန်ရောင်းမယ်ဆိုရင် ပြဿနာမရှိဘူး ရွှေချိန် ၁ဲ ကိုလဲ ၁ဲ ဖိုးပြန်ပေးတယ်။

အလျှော့တွက်လက်ခ ၃ ရွေးယူထားတာကိုလဲ အထည်မပျက်စီးသေးဘူးဆိုရင်တစ်ဝက်ဖိုးပြန်ပေးတယ်။
အဲ့ဒါကြောင့် မိမိဝယ်ယူတဲ့ဆိုင်ကို ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက်
တစ်ဝက်လောက်ပဲရှုံးတယ်။ အခြားဆိုင်မှာ သွားရောင်းမယ်ဆိုပါက သူတို့လုပ်ထားတဲ့အထည်မဟုတ်တဲ့အတွက် လက်ရှိအထည်မှာပါတဲ့
ရွှေတန်ဖိုးကိုပဲ တွက်ဝယ်မှာဖြစ်ပါတယ်။

ရွှေပါဝင်တာက ၅ ရွေးခွဲလောက်ပဲရှိမယ်ဆိုရင် သူတို့အတွက် အမြတ်က
တစ်ခြမ်းလောက်ချန်လိုက်မယ်(တစ်ရွေး၏တစ်ဝက်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုးပဲပြန်ရတော့မယ်။

ဝယ်တုန်းက ဆယ်ရွေးနဲ့ တစ်ခြမ်းရှိတယ် ငါးရွေးခွဲးလောက် ရှုံးသွားမယ်။
ရွှေဆိုင်တစ်ဆိုင်အနေဖြင့် မိမိရောင်းလိုက်သော အထည်မိမိဆီပြန်မလာလေ ကြိုတ်လေပဲ။
တစ်ချို့ရွှေဆိုင်တွေက ကျတော့လဲ ရွှေအရည်မပြည့်မှိဘူး ၁၅ဲ ရည်ဆိုရင် ၁၄ဲ
ရည်လောက်ပဲရှိတယ်။ တစ်ကျပ်သားကို တစ်ပဲ ပိုစပ်ထားတဲ့အတွက် တစ်ပဲ ကို လေးသောင်းငါးသောင်း ၀န်းကျင်မှာရှိတယ်။
တစ်ရက်ကို နှစ်ကျပ်သားရောင်းရရင် တစ်သိန်းလောက်က
အလျှော့တွက် လက်ခ မပါသေးဘူး ပိုစပ်ထားတဲ့အတွက်နဲ့တင်မြတ်နေပြီ။ ပြန်လာရောင်းတော့ပြန်ပေးလိုက်တယ်။

ဘာဖြစ်လဲ ကိုယ်လုပ်ထားတဲ့ဟာ ကိုယ်ပြန်ပေးရတာ။ ကြားထဲမှာ
ငွေသုံးရတာပေါ့။ ပြန်မလာတော့ဘူးဆိုရင် အမြတ်ကျန်နေလိုက်တာပေါ့။
တစ်ကယ်တော့ ဒါဟာဝယ်ယူတဲ့လူဆီကနေ ပိုစပ်ထားတဲ့ အတွက်ကခိုးလိုက်တာပဲ။ ရွှေအကြောင်းဆိုရင်နားမလည်တဲ့လူကများတော့ တစ်ချို့ရွှေဆိုင်တွေက ညစ်ပတ်တယ် ရွှေထည်က၀ယ်ထားတာကြာနေပြီ ။

ဝယ်တုန်းကဈေး နဲ့ ပြန်ရောင်းတဲ့ အချိန်ဈေးဟာလဲတော်တော်ကွာနေတယ်။ ဥပမာ ၀ယ်တုန်းက တစ်သိန်း ပေးထားရတယ်ဆိုရင် အခုတစ်သိန်းခွဲလောက် ရ ရမှာ။ ဒါပေမယ့် တစ်သိန်း သုံးသောင်းလောက်ပဲ ပေးတယ်။
ရောင်းတဲ့လူကလဲ နားမလည်တော့ သုံးသောင်းလောက်မြတ်တာနဲ့ ကျေနပ်နေတယ် အဲ့ဒါမျိုးတွေလုပ်ကြတယ်။
ရွှေဆိုင်ကြီးတွေမှာ ရောင်းလိုက်ရတဲ့အထည် တစ်ဝက်လောက်က
ဆိုင်ကိုပြန်လာတယ်။ တစ်ဝက်လောက်က ဆိုင်ကိုယ်ပြန်မလောတော့ဘူးလို့
ခန့်မှန်းခြေသိရပါတယ်။ ရွှေထည်များဝယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။

တစ်ကယ်လို့ပိုက်ဆံပျောက်ပျက်သွားမှာစိုးလို့ ရွှေဝယ်ထားချင်တယ်ဆိုရင် အခဲလိုက်ဝယ်ထားတာအဆင်အပြေဆုံးပါ။
တစ်ကျပ်သားကို ရောင်းဈေးနဲ့ ၀ယ်ဈေး ၁၅၀၀ ပဲခွါတယ်။ ဒါကလဲ ခေါက်ရွှေ
သီးသန့်ရောင်းတဲ့ ဆိုင်တွေ ဈေးမှန်တဲ့ ဆိုင်တွေမှပါ။ တစ်ချို့ရွှေဆိုင်များစို ၀ယ်တဲ့အခါမှာလက်ရှိပေါက်ဈေးထက် တစ်သောင်းလောက်
ပိုရောင်းတယ် ပြန်ဝယ်တဲ့အချိန်ကျတော့တစ်သောင်းလောက် လျော့ပေးပြန်ရော ၀ယ်တော့တစ်သောင်းနာ ရောင်းတော့
တစ်သောင်းနာဖြစ်ကြရတယ်။

ရတနာချစ်သူအပေါင်းကို ဗဟုသုတဖြစ်စေလိုတဲ့ စေတနာနဲ့ ကျွန်တော်
မှတ်ထားမိသော စာစုများမှ အကျဉ်းချူပ်တင်ဆက်ပေးခြင်းဖြစ်တာကြောင့် အမှားများ မပြည့်စုံသည်များ တွေ့ရှိရပါက ပြန်လည် ဖြည့်စွက်ပေးကြပါ
ခင်ဗျာ . . . . .

မှီငြမ်း > ရတနာပုံသတင်းစာ နှင့် Golden Winmaw

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။