ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်
************************** ************************** **
ကျွန်တော်ငယ်စဉ်က တောမြို့လေးတစ်ခုမှာ နေတုန်းက ကြုံခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုပါ။
ကျွန်တော့် မိဘတွေက အစိုးရ၀န်ထမ်းတွေဆိုတော့ နယ်တကာလှည့်ပြီး မကြာခဏပြောင်း ရွေ့ တာဝန် ထမ်းဆောင်ရပါတယ်။ တစ်ခါတော့ ကျွန်တော်တို့ အလွန်ခေါင်တဲ့ တောမြို့လေးတစ်မြို့ကို ပြောင်းရပါတယ်။ ခေါင်သမှ တစ်မြို့လုံးမှ အိမ်ခြေက ရာဂဏန်း။ ကားဆိုလို့ တောသူဌေးတစ်ယောက် ပိုင်တဲ့ဂျစ်ကား တစ်စီးရယ်၊ ဟီးနိုးကားကြီး နှစ်စီးရယ် မီးသတ်ကား တစ်စီးရယ်ပဲ ရှိတာဗျာ။ မြို့ကြီးသွား ချင်ရင် အဲဒီ ဟီးနိုးကား တွေ ထွက်တဲ့ရက် ကိုပဲ စောင့် စီးရတာ။ ကတ္တရာလမ်းကတစ်လမ်းပဲရှိတယ်။
ကျွန်တော်က မူလတန်း။ ကျွန်တော်တို့ မူလတန်းကျောင်းလေးက သေးသေးလေး။ ထိုင်ခုံတောင်မရှိဘူး။ ခြေတံရှည်ကျောင်းပေါ်က ကြမ်းပြင်ပေါ်မှာထိုင်ရတာ။ အထက်တန်းကျောင်းတော့ရှိတယ်။
ဒါပေမယ့် အိမ်နဲ့နီးတဲ့ မူလတန်းကျောင်းလေးမှာပဲ နေဖြစ်သွားတာ။ တစ်ခါတော့
အဲဒီ မြို့နယ်မှာ တစ်ခါတော့ ပန်းချီပြိုင်ပွဲလုပ်တယ်။ မူလတန်း အဆင့်
လဲပါတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းလေးက ဆရာမတွေက သူတို့ အတန်းက
ကျောင်းသား တိုင်းကို ပန်းချီတစ်ပုံ စီဆွဲယူလာဖို့ ပြောတယ်။ အဲဒီ အထဲက
ပုံဆွဲကောင်း တဲ့ သူကိုမှ ပြိုင်ပွဲကို ပို့မယ်ပေါ့လေ။ အဲလို စီစဉ်ထားကြတယ်
ထင်ပါရဲ့။ ခေါင်းစဉ်က ကျွန်တော့် ရည်မှန်းချက် ဒါမှမဟုတ် အဲဒါနဲ့
ခပ်ဆင်ဆင်ပဲ။အဓိပ္ပာယ်ကတော့ အဲဒါပဲ။ ကျွန်တော်တို့ တွေလည်း ကိုယ်စိတ်ထဲရှိတာ
ဆွဲကြတာ ပေါ့။ ခဲတံနဲ့ ပဲဆွဲတာပါ။ ကြုံတုံး ကြွားရဦးမယ်။ ကျွန်တော်က
ပန်းချီနဲ့ ပတ်သက်လို့ သုညပဲဗျ။ ကျွန်တော် ဆွဲတာက လေယာဉ်မှုးပုံနဲ့
လေယာဉ်ပုံ။ ကြီးလာရင်လေယာဉ်မှုးကြီး လုပ်မယ်ပေါ့လေ။ ရုတ်တရက်ကြည့် ရင်
လေယာဉ်က ငှက်ပျောတုံးကြီးနဲ့ တူနေသလိုပဲ။ လူပုံကလည်း အချိုးအစား
တစ်စက်မှမကျ။ ဒါက လေယာဉ်ပျံ ဒါကလူ စသဖြင့် စာတန်းထိုးထားမှ
သိနိုင်မယ့်ပုံမျိုး။ (ဒါက အခုမှ တွေးမိတာပါ။ အဲဒီတုန်းကတော့
ကိုယ့်ကိုကိုယ် အဟုတ်ပေါ့) .
ကျောင်းကိုယူသွားပြီး ပြတဲ့နေ့ကျတော့ အသီးအသီး ပုံလေးတွေဆွဲယူလာကြတယ်။ စိတ်ကူးတွေကတော့ တစ်ယောက်တစ်မျိုးပေါ့လေ။ ကြားဖြတ်ပြောလိုက်ဦးမယ်ဗျ။ တောက တစ်ချို့ကလေးတွေ တော်တော်သနားဖို့ကောင်းတယ်ဗျာ။ အမြင်မပွင့်တာပေါ့။ ကျွန်တော့်သူငယ်ချင်းတစ်ယော က်ဆိုရင် သူကြီးလာရင် ဘာဖြစ်ချင်သလဲဆိုတော့ ဟီးနိုး ကားဒရိုင်ဘာတဲ့ဗျာ။ သူ့ဦးလေးက ဟီးနိုးကားကြီးမောင်းတာကိုး ။
ဒါကို တော်တော် အားကျတယ်ထင်ပါ့ဗျ။ အလကားစိတ်ကူးတာပဲဗျာ။ ပိုမြင့်တဲ့ဟာတွေ
စိတ်ကူးသင့်တာပေါ့။ တစ်ချို့က လက်သမားတို့၊ မီးသတ်သမား စသဖြင့်
တစ်ယောက်တစ်မျိုးပေါ့ဗျာ။ ခပ်မြင့်မြင့် ရည်မှန်းတဲ့သူ တွေလည်းပါပါတယ်။
ဒါပေမယ့် အများစုကတော့ ကျွန်တော်ပြောခဲ့သလို သူတို့ ပတ်ဝန်းကျင်မှာ
တွေ့ရတဲ့ဟာလောက်ကိုပဲ ရည်မှန်းတာဗျာ။ ထားပါတော့ဗျာ။ တစ်ယောက်က တော့
ပုံဆွဲမဆိုး ဘူးဗျ။ သူကသင်္ဘောကပ္ပတိန်ပုံ။ သင်္ဘောတစ်စင်းပုံနဲ့ ပင်လယ်ပြင်ကြီး
လည်းပါတယ်။ သူ့အထွာနဲ့သူတော့ တော်တော် လှတယ်ပေါ့ဗျာ။ ကျွန်တော်တို့
နေတဲ့မြို့လေးက တော်တော်ချောင်ကျပြီး ပင်လယ်နဲ့ ဝေးပေမယ့် သူဘယ်လိုလုပ်ပြီး
သင်္ဘောကပ္ပတိန် ဖြစ်ချင်သလဲတော့မသိဘူး။ သူ့အိပ်မက်လည်း မဆိုးပါဘူး။
တခြားသူတွေနဲ့စာရင် အမြင်ပိုကျယ်တယ်လို့ ပြောရမှာပဲ။ ပုံဆွဲတာလည်း
ပါရမီပါပုံရတယ်ဗျ။ တော်တော်လေး အချိုးကျကျကြည့်လို့ကောင်းတ ယ်။ .
အဲဒါပေမယ့် ဆရာမတွေက ရွေးတော့ ကျွန်တော့်ကို ရွေးတယ်ဗျာ။ ကျွန်တော်က သူ့ပုံကို ကြည့်ပြီး ပြိုင်ပွဲမှာ ဆွဲတဲ့။ ဟင် ကျွန်တော့်စိတ်ထဲမှာ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုပြီးတော့ ခဏတော့ တွေးမိသေးတယ်။ နောက်တော့ လဲ ကလေး ဆိုတော့ မေ့မေ့ ပျောက်ပျောက်ပါပဲ။ ပြိုင်ပွဲဝင်တော့ ကျွန်တော်ဆွဲတဲ့ ပုံက ဆုရဖို့နေနေသာသာ အညံ့ဆုံး စာရင်းထဲ မပါတာ ကံကောင်းဗျာ။ ပုံဆွဲပညာမှာ သုညပဲရှိတဲ့သူကို ဆွဲခိုင်းတော့ ဒီလိုပဲနေ မှာပေါ့ဗျာ။ .
နောက် ကြီးမှ ပြန်စဉ်းစားကြည့်တော့ ဆရာမတွေက ကျွန်တော့်ကို ဘာလို့ရွေးတာလဲဆိုတော့ ဟိုပုံ တစ်ကယ် ဆွဲတတ်တဲ့ ကောင်လေး က အနားကရွာက၊ ကျွန်တော်ကျတော့ မြို့ပေါ်က အရာရှိရဲ့ သား။ ပိုက်ဆံလည်း အများစုထက်တော့ တတ်နိုင် မပေါ့ဗျာ။ ရောင်စုံခဲတံတွေ ဘာတွေကျတော့ အဲဒီ ကောင်လေးရဲ့ မိဘတွေက မ၀ယ်ပေး နိုင်ဘူးလေ။ ကျောင်းက ရံပုံငွေလည်း မရှိဘူး ထင်တယ်။ ဆရာမတွေလည်း မစိုက်နိုင်ဘူးပေါ့။ အရာရှိသားဆိုတော့ မျက်နှာရချင် တာလည်း ပါချင် ပါမှာပေါ့။ ပြိုင်တာက လည်းတစ်ခြားနေရာမှာ သွားပြိုင်ရတာ ဆိုတော့ သွားရတဲ့ စရိတ်တို့ ထမင်းစရိတ်လို့ လိုက်ပို့မယ်သူတို့ လိုဦးမှာ ကိုး။ ကျောင်းကလည်း ရံပုံငွေသိပ်မရှိဘူးလေ။ မရှိမဖြစ်လိုနေတဲ့ ခေါင်မိုး ယိုနေတာတို့ ကြမ်းဆွေးနေတာတို့ တောင် မပြင်နိုင်သေးတာ။
အဲဒီတော့ သူတို့ ကအဲလိုတွေးပြီးရွေးလိုက်တော့ 
ဘာဖြစ်သွားသလဲ။ တစ်ကယ်တော်တဲ့ ကောင်ကလေး မြုတ်သွားတယ်။ ကျွန်တော့်လို
ငမြောက် ငခြောက်က သွားဖြေတော့ ၀က်ဝက်ကွဲရော။ (၀က်ဝက်ကွဲ ရှုံးတာကို
ပြောတာပါ) ။ ဒါမျိုးတွေက ကျွန်တော်တို့နိုင်ငံမှာ နေရာတော်တော်များများမှာ
ဖြစ်ခဲ့မှာပဲဗျ။ ဒါကြောင်းအားကစားတို့ ဘာတို့ဆိုလည်း နောက်ကျန်နေခဲ့တာလို့
တွေးမိပါတယ်။ ဘယ်နေရာမဆို တကယ်တော်တဲ့သူရနေရာမရပဲ တခြားတစ်ယောက်က
နေရာရသွားတာမျိုးတွေ။ ။
အဲဒီအချိန်တုံးက ကျွန်တော်က “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”လို့ တွေးမိသလို အဲဒီကျောင်းသားလေးကလဲ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” လို့ တွေးမိမှာ အမှန်ပါပဲ။ သူ့စိတ်ထဲမှာ စိတ်ဒဏ်ရာလည်း ရသွားနိုင်တယ်။ သူ့အိမ်မက်ကလေးက စိတ်ကူးယဉ်ခွင့်တောင် မရပါလားလို့လည်း တွေးမိသွားနိုင်တယ်။ အဲဒီတော့ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ဆရာ ဆရာမတွေကိုလား။စနစ်ကိုပဲလား ။
အခုတော့လဲ အဲဒီ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”ဆိုတဲ့ အခြေအနေတွေကို အကြိမ်ပေါင်း များစွာတွေ့ရတော့ ရိုးသလို တောင် ဖြစ်နေပါ ပြီဗျာ။
မှတ်ချက်။ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုသည်မှာ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ် များ ထဲမှ စကားလုံး ဖြစ်ပါသည်။
အောက်တိုဘာ၊၂၀၀၉။
မိုးတိမ်ညို
**************************
ကျွန်တော်ငယ်စဉ်က တောမြို့လေးတစ်ခုမှာ နေတုန်းက ကြုံခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုပါ။
ကျွန်တော့် မိဘတွေက အစိုးရ၀န်ထမ်းတွေဆိုတော့ နယ်တကာလှည့်ပြီး မကြာခဏပြောင်း ရွေ့ တာဝန် ထမ်းဆောင်ရပါတယ်။ တစ်ခါတော့ ကျွန်တော်တို့ အလွန်ခေါင်တဲ့ တောမြို့လေးတစ်မြို့ကို ပြောင်းရပါတယ်။ ခေါင်သမှ တစ်မြို့လုံးမှ အိမ်ခြေက ရာဂဏန်း။ ကားဆိုလို့ တောသူဌေးတစ်ယောက် ပိုင်တဲ့ဂျစ်ကား တစ်စီးရယ်၊ ဟီးနိုးကားကြီး နှစ်စီးရယ် မီးသတ်ကား တစ်စီးရယ်ပဲ ရှိတာဗျာ။ မြို့ကြီးသွား ချင်ရင် အဲဒီ ဟီးနိုးကား တွေ ထွက်တဲ့ရက် ကိုပဲ စောင့် စီးရတာ။ ကတ္တရာလမ်းကတစ်လမ်းပဲရှိတယ်။
ကျွန်တော်က မူလတန်း။ ကျွန်တော်တို့ မူလတန်းကျောင်းလေးက သေးသေးလေး။ ထိုင်ခုံတောင်မရှိဘူး။ ခြေတံရှည်ကျောင်းပေါ်က ကြမ်းပြင်ပေါ်မှာထိုင်ရတာ။ အထက်တန်းကျောင်းတော့ရှိတယ်။
ကျောင်းကိုယူသွားပြီး ပြတဲ့နေ့ကျတော့ အသီးအသီး ပုံလေးတွေဆွဲယူလာကြတယ်။ စိတ်ကူးတွေကတော့ တစ်ယောက်တစ်မျိုးပေါ့လေ။ ကြားဖြတ်ပြောလိုက်ဦးမယ်ဗျ။
အဲဒါပေမယ့် ဆရာမတွေက ရွေးတော့ ကျွန်တော့်ကို ရွေးတယ်ဗျာ။ ကျွန်တော်က သူ့ပုံကို ကြည့်ပြီး ပြိုင်ပွဲမှာ ဆွဲတဲ့။ ဟင် ကျွန်တော့်စိတ်ထဲမှာ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုပြီးတော့ ခဏတော့ တွေးမိသေးတယ်။ နောက်တော့ လဲ ကလေး ဆိုတော့ မေ့မေ့ ပျောက်ပျောက်ပါပဲ။ ပြိုင်ပွဲဝင်တော့ ကျွန်တော်ဆွဲတဲ့ ပုံက ဆုရဖို့နေနေသာသာ အညံ့ဆုံး စာရင်းထဲ မပါတာ ကံကောင်းဗျာ။ ပုံဆွဲပညာမှာ သုညပဲရှိတဲ့သူကို ဆွဲခိုင်းတော့ ဒီလိုပဲနေ မှာပေါ့ဗျာ။ .
နောက် ကြီးမှ ပြန်စဉ်းစားကြည့်တော့ ဆရာမတွေက ကျွန်တော့်ကို ဘာလို့ရွေးတာလဲဆိုတော့ ဟိုပုံ တစ်ကယ် ဆွဲတတ်တဲ့ ကောင်လေး က အနားကရွာက၊ ကျွန်တော်ကျတော့ မြို့ပေါ်က အရာရှိရဲ့ သား။ ပိုက်ဆံလည်း အများစုထက်တော့ တတ်နိုင် မပေါ့ဗျာ။ ရောင်စုံခဲတံတွေ ဘာတွေကျတော့ အဲဒီ ကောင်လေးရဲ့ မိဘတွေက မ၀ယ်ပေး နိုင်ဘူးလေ။ ကျောင်းက ရံပုံငွေလည်း မရှိဘူး ထင်တယ်။ ဆရာမတွေလည်း မစိုက်နိုင်ဘူးပေါ့။ အရာရှိသားဆိုတော့ မျက်နှာရချင် တာလည်း ပါချင် ပါမှာပေါ့။ ပြိုင်တာက လည်းတစ်ခြားနေရာမှာ သွားပြိုင်ရတာ ဆိုတော့ သွားရတဲ့ စရိတ်တို့ ထမင်းစရိတ်လို့ လိုက်ပို့မယ်သူတို့ လိုဦးမှာ ကိုး။ ကျောင်းကလည်း ရံပုံငွေသိပ်မရှိဘူးလေ။ မရှိမဖြစ်လိုနေတဲ့ ခေါင်မိုး ယိုနေတာတို့ ကြမ်းဆွေးနေတာတို့ တောင် မပြင်နိုင်သေးတာ။
အဲဒီတော့ သူတို့ ကအဲလိုတွေးပြီးရွေးလိုက်တော
အဲဒီအချိန်တုံးက ကျွန်တော်က “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”လို့ တွေးမိသလို အဲဒီကျောင်းသားလေးကလဲ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” လို့ တွေးမိမှာ အမှန်ပါပဲ။ သူ့စိတ်ထဲမှာ စိတ်ဒဏ်ရာလည်း ရသွားနိုင်တယ်။ သူ့အိမ်မက်ကလေးက စိတ်ကူးယဉ်ခွင့်တောင် မရပါလားလို့လည်း တွေးမိသွားနိုင်တယ်။ အဲဒီတော့ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ဆရာ ဆရာမတွေကိုလား။စနစ်ကိုပဲလား
အခုတော့လဲ အဲဒီ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”ဆိုတဲ့ အခြေအနေတွေကို အကြိမ်ပေါင်း များစွာတွေ့ရတော့ ရိုးသလို တောင် ဖြစ်နေပါ ပြီဗျာ။
မှတ်ချက်။ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုသည်မှာ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ် များ ထဲမှ စကားလုံး ဖြစ်ပါသည်။
အောက်တိုဘာ၊၂၀၀၉။
မိုးတိမ်ညို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။