Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 8, 2013

အမျိုးသမီးတို့ဘ၀ အတုယူကြ

 
Royal Hero Media
အမျိုးသမီးတို့ဘ၀ အတုယူကြ
=================

သမိုင်းအစဉ်အလာ ကောင်းခဲ့သည့် မြန်မာ အမျိုးသမီးများသည် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ထိန်းသိမ်း မြှင့်တင်ရာတွင် စံနမူနာ ယူဖွယ်ဖြစ်သည့် အမျိုးကို ချစ်ခင်စောင့် ရှောက်ခြင်းသည် အမျိုးသမီးတို့၏ သိက္ခာ၊ အမျိုးသမီးတို့၏ အင်အား၊ အမျိုးသမီးတို့၏ တန်ဖိုးနှင့် ဆက်စပ် ယှက်နွှယ်မှု ရှိသည်။ ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည် ဟူသည့် စကားနှင့်အညီ အမျိုးသမီးတို့၏ မိခင်မေတ္တာ စိတ်ကို အံ့သြဖွယ် ဂုဏ်ပြုရင်း အဖြစ်မှန် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။

အချိန်ကား ၂၀၀၉ ခုနှစ် ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့ (၉)ရပ်ကွက်ရှိ မြေးမလေး ချစ်သဲ အကြောင်းကို ပြောပြချင်သည်။ ချစ်သဲ အသက်က (၁၆)နှစ် မပြည့်သေး။ ဆယ်တန်းကျောင်းသူ ဖြစ်သည်။ တစ်နေ့ မျက်ရည် စက်လက်ဖြင့် ကျွန်မ၏ တူမဖြစ်သူ ချစ်သဲ၏ အမေ ကျွန်မအိမ်သို့ ရောက်လာသည်။ ကျွန်မက ဘာများဖြစ်လာ ပါလိမ့်လို့ စိုးရိမ် စိတ်နဲ့ တူမ ဖြစ်သူကို ““ဟဲ့ မိဦးမျက်နှာလည်း မကောင်း ဘာဖြစ်လာတာလဲ”” ဟု မေးရာ တူမ ဖြစ်သူက ငိုသံပါကြီးနှင့် ““ကျွန်မ သမီးလေး ချစ်သဲ ကျောင်းကနေ ပြန်ရောက်မလာလို့ လိုက်ရှာတာပါ၊ သတင်းကြားတာကတော့ ကောင်လေး တစ်ယောက်နဲ့ လိုက်သွားတယ် လို့ကြားမိတယ်။ ခုချိန်ထိ ပြန်မလာသေးဘူး၊ အဲဒါ ဒေါ်ဒေါ့်ဆီကို ရောက်လာရင် ကျွန်မကို လှမ်းအကြောင်း ကြားပေးပါ နော်”” ပြောပြောဆိုဆို သမီးဇောနဲ့ ထွက်သွားသည့် မိဦးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။ အချစ်နှင့် တွေ့လျှင် မိဘ၏ရင်ကို ခြေစုံကန် ထွက်သွားသူ သား၊ သမီးတွေ လက်ညှိုးထိုး ရေတွက်လို့တောင် မရနိုင်ပါဘူး။

တစ်ချိန်တုန်းက မိဦးလည်း သူ့အမေကို ဒီလိုပဲ ထားခဲ့သူ ဆိုတော့ ကလေးတွေ ကိုလည်း အပြစ်ပြောလို့ မဖြစ်ပြန်ဘူး။ ခက်တာက ကလေးတွေက အသက် မပြည့်သေးဘူး။ နှစ်ဦးလုံး အလုပ်အကိုင် မရှိ၊ ကျောင်းနေတဲ့ အချိန်ဆိုတော့ ယောက္ခမ အိမ်မှာနေရင်း၊ ယောက္ခမ ကျွေးတာကို စားရင်း၊ ယောက္ခမ အလုပ် အကိုင်ကို ကူလုပ်ရင်း သူတို့ရဲ့ဘ၀ကို စခဲ့ကြသည်။ မိဦးတို့က စားရုံသောက်ရုံ တစ်နေ့လုပ် တစ်နေ့စားတွေ၊ သူ့သမီး အမျိုးသားရဲ့ အမေကလည်း အသင့် အတင့် ဆန်ဆိုင်လေး ဖွင့်နေတော့ နေရေး၊ စားရေး အဆင်မပြေဘူး ဆိုပါတော့။ ဒီလိုနဲ့ ကလေးတွေလည်း ပညာဆက် မသင်နိုင်၊ အမျိုးသား ဖြစ်သူကရတဲ့ ကျပန်းအလုပ်ကို လုပ်ရင်း ဘ၀ကို ရုန်းကန်ခဲ့ကြသည်။ ဒီလိုနဲ့ တစ်နေ့မှာ မြေးမလေး ကံကောင်းစွာဖြင့် အလုပ်တစ်ခု ရခဲ့သည်။ ခံ့ခံ့ညားညား အမျိုးသမီး တစ်ယောက်က မြေးမလေးနဲ့ တွေ့၍ အလုပ်လုပ် မလား မေးသည်။ မြေးမလေးက ဆယ်တန်းဆိုတော့ အင်္ဂလိပ်စာလည်း ကျွမ်းကျင်၊ အိမ်မှာ စီးပွားရေးကလည်း အဆင်မပြေ ဆိုတော့ ““ရေငတ်နေတဲ့သူ၊ ရေတွင်းထဲကျ”” ဆိုသလိုပါပဲ မြေးမလေးက ၀မ်းသာအားရ လုပ်မယ် ပြောလိုက်သည်။ ခံ့ခံ့ညားညား အမျိုးသမီးကြီးက လိုအပ်တာ အားလုံးကို ပြုလုပ်ပေးသည်။ အလုပ်ကတော့ ဆေးကုမ္ပဏီ ဆေးဆိုင်မှာ လုပ်ရမယ်လို့ ပြောပါသည်။ လစာက တစ်လကို နှစ်သိန်းကျော် ပေးမည်ပြောသည်။

ဒီလိုနဲ့ မြေးမလေးလည်း လိုအပ်သည့် ဆေးဝါးပစ္စည်း များကိုထည့် ဘ၀၏ စားဝတ်နေရေး အတွက် ချစ်တဲ့ ယောက်ျားနှင့် မိဘများကို ခွဲခွာကာ ခံ့ခံ့ ညားညား အန်တီခေါ်ရာသို့ လိုက်ပါ သွားခဲ့လေသည်။ ဒီနောက်ပိုင်း မြေးမလေးနှင့် မတွေ့ဖြစ်ခဲ့ပါ။ ရက် ၂၀ လောက်နေတော့ မြေးမလေး အိမ် ရောက်လာ၍ ကျွန်မ အံ့သြမိသည်။ ““ဟယ် မြေးလေး တရုတ်ပြည် အလုပ် သွားလုပ်တယ်ဆို အလုပ်ကိစ္စနဲ့ လာတာလား”” ကျွန်မအံ့သြစွာ မေးမိသည်။ ““သမီးရဲ့ အကြောင်းတွေ ပြောချင်လို့ ဖွားဖွားဆီကို တမင်လာခဲ့တာ။ သမီးကို ခုလိုကျန်းကျန်း မာမာ တွေ့ရတာကိုက ဖွားဖွားအတွက် ကံကောင်းတယ်မှတ်”” ““ဟေ့ ဟုတ်လား ဘယ်လိုဖြစ်ခဲ့ လို့လဲ”” ““ဘာတွေ ဖြစ်ခဲ့လို့လဲ၊ ဖွားကို ပြောပြပါဦး”” ပြောရမှာတော့ အရှည်ကြီးပဲ နောက်ဆုံး သမီးကို သမီးဗိုက် ထဲက သားလေးလား၊ သမီးလေးလား မသိရသေးတဲ့ ကလေးက ကယ်လိုက် တာပဲ ဖွားဖွားရေ”” မြေးမလေး ပြောတော့ ကျွန်မ အံ့သြမိသည်။ ဗိုက်ထဲက ကလေးက ကယ်လိုက် သည်တဲ့။ အဖြစ်က ဒီလိုသမီးတို့ကို ခေါ်သွားတဲ့ အန်တီနောက်ကို သမီးတို့ လိုက်သွားတယ်။ ရန်ကုန်ဘူတာကြီး ကနေ ရထားစီးပြီး မန္တလေးက တစ်ဆင့် လိုင်းကား စီးရပါသည်။

““ကဲ အားလုံးပဲ ဂိတ်ဆုံးပြီ”” ကားသမား၏ အသံကိုကြားမှ ချစ်သဲ လန့်နိုးပြီး မျက်လုံး ဖွင့်ကြည့် မိသည်။ ““ကဲ သမီး ချစ်သဲ ရောက်ပြီကွယ့်၊ သွားရအောင်””အန်တီ လက်ဆွဲ ခေါ်သည့် နောက်ကို လိုက်လာမိသည်။ မြန်မာပြည်နှင့် တရုတ်ပြည် နယ်စပ်လို့ ကျွန်မ သိလိုက်ရသည်။ ခိုးဝင်ပေါက် ဆိုလား၊ တရားမ၀င် ၀င်တဲ့ အပေါက် ဆိုလား၊ အဲဒီကနေ ချစ်သဲကို ခေါ်သွားသည်။ အန်တီကြီး အလုပ်ပေးမယ့် နေရာကို ရောက်ခဲ့ပြီ။

တွေ့တွေ့ချင်း ဆောက်နဲ့ ထွင်း ဆိုသလို အန်တီကြီး၏ အခန်းရှေ့က ဆိုင်းဘုတ်ကို ဖတ်ကြည့် မိရင်း ငါတော့ အလိမ်ခံရပြီနဲ့ တူတယ်။ ဒုက္ခပဲလို့ တွေးရင်း ခြေဖျားလက်ဖျားတွေ အေးလာပြီး အန်တီကြီးကို လှမ်းကြည့်မိသည်။ အန်တီကြီး ကတော့ ပြုံးပြုံးနဲ့ပေါ့။ ““ဆေးဆိုင်မှာ ဆေးရောင်း ရမယ်ဆိုပြီး ခေါ်လာတဲ့ အန်တီကြီးရဲ့ ဆေးဆိုင်ဆိုတဲ့ နေရာမှာ အမှန်တကယ် တော့ ““အနှိပ်ခန်း”” ဆိုပြီး ဆိုင်းဘုတ်တင် ထားတာ တွေ့လိုက်ရသည့် အတွက် ချစ်သဲ ရင်မှာ ဗလောင် ဆူခဲ့သည်။ ““အန်တီ သမီးကို ပြောတော့ ဆေးဆိုင်မှာ ဆေးရောင်း ဖို့ဆို အခု ဟာက ဘယ်လို ဖြစ်တာလဲ””

“အော် ချစ်သဲရယ် စမ်းလုပ်ကြည့် ပါဦးကွယ်၊ စီးပွားရေး အဆင်မပြေတဲ့ အတွက် ဒီမှာ လုပ်လို့ အဆင်ပြေသွားရင် အိမ်ကိုငွေပို့လို့ ရတာပေါ့ကွယ်”” ““ချစ်သဲ မလုပ်နိုင်ဘူး အန်တီ။ ချစ်သဲမှာ ယောက်ျားနဲ့၊ ချစ်သဲ ယောက်ျားကို သစ္စာ မဖောက်နိုင်လို့ ယဉ်ကျေး သိမ်မွေ့စွာ မွေးဖွားလာတဲ့ မိဘတွေရဲ့ ဂုဏ်သိက္ခာတွေကို အညှိုးနွမ်းခံပြီး ဒီအလုပ်ကို မလုပ်ပါရစေနဲ့ အန်တီ”” ““ချစ်သဲ မလုပ်ရင် ခုကုန်လာတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးမလဲ စဉ်းစား ပါဦး၊”” ““ရန်ကုန် ပြန်ရောက်ရင် ပြန်ရှာပေးပါ့မယ်၊ ချစ်သဲ မကြိုက်နှစ် သက်တဲ့ အတွက် ဒီအလုပ် ကိုတော့ မလုပ်ပါရစေနဲ့”” ““ခဏလေးတော့ ဆက်လုပ် ကြည့်ပါကွယ်၊ လောလောဆယ် ပြန်ပို့ဖို့က မလွယ်လို့ပါ””သည်လိုနဲ့ ချစ်သဲလည်း မနေချင်ပေမဲ့ အန်တီကြီးရဲ့ တောင်းပန်မှုကြောင့် လောလော ဆယ် အခြေအနေ ကြည့်ပြီး မီးစင်ကြည့်က ရပေတော့မည်။

ဗဟုသုတ ရစရာတွေတော့ အများကြီး တွေ့ခဲ့ရသည်။ ပထမဦးဆုံး အန်တီကြီးတို့ဆီ စရောက်တဲ့ မိန်းကလေးတွေကို သင်တန်းပေးသည်။ နည်း အမျိုးမျိုး၊ ပုံစံအမျိုးမျိုးပေါ့။ ဧည့်သည်လာရင် ဧည့်သည်တွေကို ဘယ်လိုပြုစု လုပ်ကိုင်ပေးရမယ် ဆိုတဲ့ အကြောင်း တွေပေါ့၊ ချစ်သဲတို့ မိန်းကလေးတွေ အကြောင်းကို တွေးရင်း စိတ်မကောင်း ဖြစ်မိတယ်။ ကိုယ့် မိန်းကလေး အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်းတောင် ခုလိုမျိုးဖြစ်အောင် ပြုလုပ် ရက်ကြတဲ့ လူပွဲစားလို့ပဲ ခေါ်မလား၊ လူမှောင်ခိုလို့ ခေါ်မလား လုပ်ရက် လေခြင်းလို့ အပြစ်မြင် မိသလို တစ်ဖက်ကလည်း စားသောက် နေထိုင်ရေး အဆင်မပြေလို့ လုပ်ကိုင်စားသောက် နေရပါလားလို့ တွေးရင်း စိတ်မကောင်း ဖြစ်မိသည်။ 'မိန်းကလေးတို့ အိနြေ္ဒ ရွှေပေးလို့မရ'' '' ခြေတစ်လှမ်း ကုဋေ တစ်သန်း '' ''ခြောက်ပြစ်ကင်း သဲလဲစင်'' ''တော်ဝင်စံထား၊ မြန်မာ့အမျိုး သမီးများ'' ဆိုတဲ့ ချစ်စရာ ကောင်းတဲ့ ချစ်သဲတို့လို မိန်းကလေးတွေ ရှားပါး သလောက် ဖြစ်နေပြီလားလို့ စိုးရိမ်မိသည်။

ချစ်သဲကတော့ အန်တီကြီးကို အမြဲဘုကလန့် လုပ်သည်။ ဖောက်သည် ဧည့်သည်ဆိုတဲ့ လူတွေကိုလည်း အလိမ္မာနည်းနဲ့ မချေမငံ ဆက်ဆံပြသည်။ ဒီနည်းနဲ့ ချစ်သဲ ကိုယ့်ကိုယ်ကိုယ် အန္တရာယ် မရှိအာင် နေထိုင်သည်။ ဗဟုသုတ ရစရာ ပြောရဦးမယ်၊ အဲဒီ ဖောက်သည်ဆိုတဲ့ လူတွေက ဟိုင်းဝေး မောင်းတဲ့ ကားသမား အများစု ဖြစ်ကြသည်။ လူမျိုးစုံ ပါပဲ။ တစ် Section ကို ပိုင်ရှင်က ဘယ်လောက်ရသည် မသိ။ အဲဒီမှာ ခိုင်းစားခံရတဲ့ မိန်းကလေးတွေအတွက် တစ် Section ကို ငွေ ၆ဝဝ ပဲပေးသည်။ ပြီးလျှင် ၆ဝဝ ထဲမှ ထမင်းဖိုး ထပ်ဖြတ်သည်။ Section များများရတဲ့ သူကတော့ အဆင်ပြေပြီး Section မရတဲ့ သူက အဆင်မပြေ နိုင်ပါဘူး။ ဒါကြောင့် အလုပ်ရှင် အန်တီကြီးက ဖောက်သည် များများ ရှာခိုင်းသည်။ များများရလေ သူတို့သူဌေး ဖြစ်လေပါပဲ။ ခိုင်းအစားခံ မိန်းကလေးတွေရဲ့ ဘဝ ကတော့ ဧည့်သည်များဆီက မုန့်ဖိုး ပေးခဲ့တာကိုရမှ အဆင်ပြေ နိုင်သည်။ ခုလိုမိန်းကလေး ထဲမှာ ဘဝအစုံ ရှိလေသည်။ ဝါသနာပါ၍ လုပ်စားသူ၊ မထူးတော့ဘူး ဆိုပြီး ရေစုန်မှာ မျှောလိုက်သူ၊ ပြန်လို့မရတဲ့ အခက်အခဲကြောင့် ပြန်ခွင့်မရတဲ့သူ စသည့် အကြောင်း ကြောင်းတွေနဲ့ လုပ်ကိုင်စားသောက် နေထိုင်ရသည်ဟု သိရသည်။ ဘာပဲဖြစ်ဖြစ် ချစ်သဲ ကတော့ ချစ်သဲဘဝကို တန်ဖိုးထားသည်။ ထမင်းငတ် သေချင်သေပါစေ၊ သည်လို အလုပ်များတော့ တစ်သက်လုံး မလုပ်နိုင်ဘူး။ ဒါကြောင့် ချစ်သဲကတော့ မလုပ်နိုင်ဘူးလို့ဘဲ ငြင်းခဲ့သည်။ သည်လိုနဲ့ ဆယ်ရက်လောက် ကြာလာတဲ့အခါ ချစ်သဲရင်ထဲ မကောင်းဘူး။ အစား ပျက်လာသည်။ ပျို့အန်ချင်လာသည်။ ကိုယ့်ဘာသာကိုယ် စိတ်ထဲ မရှင်းတာနဲ့ ဆီးစစ် ကြည့်သည်။ ဘာမှ မတွေ့ရ။ အန်တီကြီးကို ပြောပြတော့ အန်တီကြီးက သူကိုယ်တိုင် ဆေးစစ် ပေးသည်။ ကံကောင်းချင်တော့ ချစ်သဲမှာ ကိုယ်ဝန် ရှိသည်ဟု အတိအကျ သိခဲ့ရသည်။ ချစ်သဲ အရမ်းဝမ်းသာ မိတယ်။

ကြိတ်ပြီး ဝမ်းသာမိ နေတုန်း အန်တီကြီးဆီက စကားသံ ထွက်လာသည်။ ''ချစ်သဲ ကိုယ်ဝန်ရှိနေပြီ ဖျက်ချမှ ဖြစ်မယ်'' ''အိုအန်တီရယ် ပြောရက် လိုက်တာ၊ မဖျက်ချ နိုင်ပါဘူး။ ချစ်သဲကလေးကို ချစ်သဲ မွေးမှာနော်'' ''ရန်ကုန်သာ ပြန်ပို့ ပေးပါနော်'' ''အေး နင်ပြန်ရင် လွယ်လွယ်နဲ့ ပြန်လို့ရတာ မဟုတ်ဘူး၊ ခိုးဝင်ပေါက်က နေပြန်ရမှာ'' ''ရတယ် အန်တီ ကျွန်မ မှတ်ပုံတင်နဲ့ ကျောင်းသား ကတ်သာ ပြန်ပေးပါ။'' ''နယ်စပ် ခိုးဝင်ပေါက်ကနေ ပြန်ရမှာနော်၊ အန္တရာယ် အရမ်းများတယ်။'' အန်တီကြီးက ချစ်သဲကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက် နေသည်။ နောက်ဆုံး ချစ်သဲကို မျက်နှာလွှဲ ခဲပစ်ပြန်လွှတ် လိုက်သည်။ ရထားခ၊ ကားခမှ လွဲ၍ ငွေပို တစ်ပြားမှ ထည့်မပေး လိုက်ပါဘူး။ ချစ်သဲမှာ အိမ်ကို ပြန်ချင်တဲ့ စိတ်နဲ့ ကြောက်ရကောင်းမှန်း မသိ၊ သူတို့ပြောတဲ့ နယ်စပ် ခိုးဝင်ပေါက် ကနေ ထွက်လာပြီး ကားစီး၍ မန္တလေး ဘူတာမှာ ရထားစီးပြီး ရန်ကုန်ကို ပြန်ရောက် ခဲ့လေသည်။ အိမ်ရောက်တော့ ချစ်သဲ အမေ့ရင်ခွင်ထဲ ပြေးဝင်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြကာ အားပါးတရ ငိုချလိုက်မိသည်။ ခလုတ်မထိ ဆူးမငြိဘဲ မိခင်ကောင်း တစ်ယောက် ပီသတဲ့ စိတ်နဲ့အားမာန် အပြည့်နဲ့ အန္တရာယ်တွေ ကြားကနေ ကြိုးစားပြီး ပြန်လာခဲ့တဲ့ မြေးမလေး ချစ်သဲရဲ့ မိခင်စိတ်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ တန်ဖိုးထားတဲ့ စိတ်တွေကို ဂုဏ်ယူမိတယ်။ မြန်မာမလေးတွေ မြန်မာ မလေးတွေလို လှစေချင်သည်ဆိုတဲ့ အတိုင်း ပြင်းထန်တဲ့ အမျိုးသမီးတွေရဲ့ အေးမြတဲ့ မိခင်မေတ္တာ အစွမ်းကို ဖော်ပြနိုင်ခဲ့တာ ချီးကျူး အံ့သြဖွယ်၊ မှတ်တမ်းတင်ဖွယ် ကောင်းလှပေသည်။ ''ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည်'' ဆိုသည့် အတိုင်း မိခင်တိုင်းရဲ့ သတ္တိကို ဖော်ကျူးပြသ ခဲ့သည်မှာ ဂုဏ်ယူ ဖွယ်ဖြစ်သည်။

အရွယ်ရောက်နေတဲ့ မြန်မာ အမျိုးသမီးလေးတွေ အကြောင်းအမျိုးမျိုး၊ ဘဝ အမျိုးမျိုး၊ မိဘ ညီအစ်ကို မောင်နှမတွေနဲ့ ခွဲခွာပြီး ဝေးလံတဲ့ အရပ်တွေမှာ အလုပ်လုပ်မယ် ဆိုပြီး ထွက်သွားကြတဲ့ မြန်မာ အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေတယ် ဆိုတာ သိရတော့ စိတ်မကောင်း များစွာ ဖြစ်မိသည်။ အကြောင်း အမျိုးမျိုးကြောင့် ဘဝကို ရေစုန်မျှော နေရသော မိန်းကလေး များလည်း ရှိကြောင်းကို သိရတော့ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်။ ကျွန်မတို့ အနေနဲ့ ဘာများ လုပ်ပေးနိုင်မလဲ၊ ဘာပဲဖြစ်ဖြစ် ခုဆိုရင် ကျွန်မတို့ မြန်မာ နိုင်ငံမှာ အမျိုးသမီးများ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အနေနဲ့ ၁၉၉၂ ခုနှစ်ခန့်က စပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး လုပ်ငန်း များကို စတင် ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီနဲ့ ၂ဝဝ၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်''တို့ဟာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရနဲ့ စဉ်ဆက်မပြတ် အတူပူးပေါင်း ပါဝင် ဆောင်ရွက်နေသည်။ လူကုန်ကူးသူ တွေရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ အမျိုးသမီးများထံ လူကုန်ကူးမှုရဲ့ သဘော သဘာဝ၊ နောက်ဆက်တွဲ ဆိုးကျိုး များနဲ့ ပတ်သက်တဲ့ သတင်း အချက် အလက်များ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

မြေးမလေးရဲ့ မိခင်စိတ်ကိုလည်း ချီးကျူးမိသည်။ ကိုယ်ဝန်ရှိပြီ ဆိုတာ သိလိုက်တာနဲ့ မမြင်ရသေးတဲ့ ကလေးအတွက် အားတွေအပြည့် ရှိလာပြီး ကြောက်စိတ်တွေ ပျောက်ပြီး သူ့ကို ခေါ်လာတဲ့ အန်တီရှေ့မှာ သောင်းကျန်းပြ၊ မကြောက်မရွံ့ အတိုက်အခံလုပ်ပြီး ရန်ကုန်ကို တစ်ယောက်တည်း ရောက်အောင် ပြန်လာနိုင်ခဲ့သည်။ မြေးမလေးရဲ့ သိက္ခာ၊ အင်အား၊ မဟုတ် မခံတဲ့ စိတ်နဲ့ မမြင်ရသေးတဲ့ ရင်သွေးအပေါ်မှာ ဖြစ်ပေါ်သည့် မွန်မြတ်တဲ့ မိခင် စိတ်တွေ၊ တန်ဖိုးတွေကို ဂုဏ်ယူမိသည်။ မြန်မာ အမျိုးသမီးတို့၏ တိုင်းချစ်ပြည် ချစ်စိတ်ဓာတ်၊ အမျိုးစောင့်တရားနှင့် ကြံ့ခိုင်သည့် အစဉ်အလာ၊ စွမ်းပကားနှင့် ဂုဏ်ရည်များကို တင့်တယ် ဝင့်ထည်စေခဲ့သည်။ မြန်မာ အမျိုး သမီးတို့ စွမ်းရည်သည် သာသနာမှာ အထင်အရှား တော်လေးဝဝင် ပမာ တင်စား ခံခဲ့ရခြင်း၏ ဂုဏ်ကို မြေးမလေး ချစ်သဲက ယုံကြည်မှု အပြည့်နဲ့ စွမ်းဆောင်နိုင်ခဲ့ ပေသည်။ ချစ်သဲလိုပဲ မြန်မာ အမျိုးသမီး ပေါင်းများစွာလည်း နွေးထွေးတဲ့ မိသားစု ရင်ခွင်သို့ ယုံကြည်မှု အပြည့်နဲ့ မြေးလေးလို အသိ စိတ်တွေရပြီး မိသားစု ရင်ခွင်သို့ အမြန်ဆုံး ပြန်လာနိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။ ။

လှလေးစိန်(ရွှေလုံမြေ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။