TechSpace Journal
ရှေးကျကျ ဒီဇိုင်းဖြင့် ခေတ်မှီမှီ LG LCD တီဗီ
၁၉၇၀ ကျော်တုန်းက ခေတ်စားခဲ့တဲ့ တီဗီဒီဇိုင်းအတိုင်း ပြန်လည် ဖန်တီး ထားတဲ့ ခေတ်မှီ တီဗီ တစ်လုံး ဖြစ်ပါတယ်။ တောင်ကိုရီးယား LG က ထုတ် လုပ်တာပါ။
အရွယ်အစား အားဖြင့် ၃၂ လက်မရှိပြီး LCD တီဗီတစ်လုံး ဖြစ်ပါတယ်။ အသံ အတိုးအချဲ့  နဲ့ ရုပ်သံလိုင်းရှာဖွေတို့အတွက် ၃၆၀ ဒီဂရီလှည့်နိုင်တဲ့ ဘုလုံး ကို မြင်တွေ့ ရမှာပါ။ ထူးခြားချက်ကတော့ တီဗီကို သစ်သား ကိုယ်ထည်နဲ့ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အောက်မှာ ထောက်တံ ပါရှိပါတယ်။
Full HD resolution ပေးစွမ်းနိုင်ပြီး pixel အားဖြင့် 1920x1080 ရှိ ပါတယ်။ USB ပေါက် ပါမယ်။ စမတ်ဖုန်းနဲ့ Tablet တို့ တိုက်ရိုက်ထိုးသုံးနိုင်ဖို့ MHL ဗီဒီယို ပေါက် ပါပါမယ်။ တောင်ရီးယားမှာ ဝန် ၈...သိန်း၎သောင်းနဲ့ ရောင်းချ ပါတယ်။ ဗြိတိန်မှာတော့ ပေါင် ၄၈၀ ပေါက်ဈေးရှိပြီး ကမ္ဘာအနှံ့ ဖြန့် ချိ ရောင်းချမယ့် ၃၂ လက်မ အရွယ် LCD တီဗီ တစ်လုံး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint

Aung Kham (TSJ team)
http://blog.techspace.com.mm/2013/08/lg-lcd.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။