Burma-Newselite
နာလန်မထူနိုင်သေးသော မြန်မာ၏ ကျန်းမာရေး
( ဆဲဗင်ဒေးသတင်းစာပါ ဘာသာပြန်ဆောင်းပါး)
လွန်ခဲ့သော အနှစ်ငါးဆယ်အတွင်း မြန်မာနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှုတွင် အိမ်နီနားချင်းနိုင်ငံများကို လိုက်မမှီသေးပါဟုဆိုပါက လျှော့လျှော့ပေါ့ပေါ့ ပြောကြားရာရောက်ပေမည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများကို တံခါးဖွင့်ပေးလိုက်သည့်အချိနိ ၂၀၁၃ခုနှစ်တွင် အနှစ်ငါးဆယ်ကြာ လစ်လျုရှုထားမှုကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်အခြေအနေက အတော်ဆိုးဝါးနေပါပြီ။ ကမ္ဘာကျန်းမာရေးအဖွဲ့ ( WHO) က မြန်မာကို ကျန်းမာရေးစနစ် ဆောင်ရွက်မှုအားလုံးတွင် နိုင်ငံ ၁၉၀ အနက် နောက်ဆုံးအဆင့်တွင် ထားရှိခဲ့ သည်။
နိုင်ငံ၏ ဂျီဒီပီဟုခေါ်သောတမျိုးသားလုံး အသားတင် ထွက်ကုန်တန် ဘိုး၏၂ရာခိုင်နှုန်း လောက်ကိုသာ မြန်မာက ကျန်းမာရေးအတွက်သုံးစွဲနေ၏ ဆင်းရဲသည်ဆိုသောလာအို နိုင်ငံကမှု ၄.၅ရာခိုင်နှုန်းရှိပြီးကမ္ဘောဒီးယားက ၅.၆ ရာခိုင်နှုန်းသုံးစွဲပါသည်။
ထိုကဲ့ သို ကျန်းမာရေးစောင့်ရှောက်မှုတွင် အစိုးရက ငွေမသုံးစွဲသည့်အတွက် မြန်မာနိုင်ငံသည် ကူးစက်ရောဂါများလို အခြေခံပြသာနာများကိုဖြေရှင်းရာတွင်ပင် အခက်အခဲရင်ဆိုင်နေရဆဲဖြစ်ပါသည်။ ငှက်ဖျားရောဂါက တခြားရောဂါများဖြစ်ပွားစေသည့် အဓိကအကြောင်းရင်း ဖြစ်သည့်အပြင် သေဆုံးမှုအများဆုံးရောဂါဖြစ်သည်။ သေဆုံးမှု အတော်များများမှာ ဌက်ဖျားဆေးယဉ်ပါးမှုကြောင့်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် နီးစပ်သောနယ်စပ်ဘက်တွင်အဖြစ်များသည်။ တီဘီခေါ် အဆုတ်နာရောဂါကလည်း တကမ္ဘာလုံးဖြစ်ပွားနှုန်းထက် သုံးဆခန့်ရှိပြီး အဓိကအကြောင်းရင်းမှာ ဆေးယဉ်ပါးပြီး ဆေးမတိုးခြင်းဖြစ်ပါသည်။
အစိုးရက ၂၀၁၃ခုနှစ်ဘဏ္ဏရေးအသုံးစရိတ်တွင် စစ်တပ်အတွက် အသုံးစရိတ်ကို သိသိသာသာလျှော့ချပြီး ကျန်းမာရေးစနစ်တွင် ပိုသုံးစွဲရန်လျှာထားခဲ့ သည်။ မြန်မာနိုင်ငံအစိုးရပိုင်းတွင် ထိုကဲ့ သို့ စစ်တပ်အသုံးစရိတ်အစား ကျန်းမာရေးအသုံးစရိတ်ကို ပိုသုံးစွဲခြင်းကို မကျေနပ်သူများလည်းရှိသည်။
၂၀၁၁ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဦးကျော်မြင့်က အစိုးရ၏ စရိတ်မျှပေး ကျန်းမာရေးစနစ်ကို ပြန်လည်ပြုပြင်မည့်အဆိုကို ပယ်ချခဲ့ ပြီး ဆင်းရဲသားများအတွက်ကျန်းမာရေးဝန်ဆောင်မှူဝေးရန် ငွေကြေးသုံးစွဲရန် မလိုအပ်ဟု လူသိရှင်ကြားပြောခဲ့ သည်
၂၀၁၃ ဘဏ္ဏာရေးအသုံးစရိတ်ခွဲဝေမှုအရသုံးသပ်ကြည့်လျှင် မြန်မာအစိုးရနိုင်ငံရေး ခေါင်းဆောင်ပိုင်းအနေဖြင့် တိုင်းပြည်၏ ကျန်းမာရေးစနစ်မှ သိသိသာသာငွေပိုသုံးစွဲရန် လိုအပ်နေသည်ကို နားလည်သဘောပေါက်လာကြောင်း သိသာသည်။
သို့ သော် လည်းမြန်မာအစိုးရ၏ အကျင့်ပျက်ခြစားမှူများနှင့် စီမံခန့်ခွဲမှုညံ့ ဖျင်းမှုတို့ အကြောင်းကို ကောင်းကောင်းသိထားသူများအတွက် ထိုကဲ့ သို့ တိုးမြှင့်လိုက်သောကျန်းမာရေးအသုံးစရိတ်က ပြည်သူပြည်သားများကို ဘယ်လောက် အကျိုးရှိနိုင်မည်လဲဆိုသည်ကို စိုးရိမ်တွက်ဆစရာဖြစ်လာပါသည်။
လာဘ်ပေးလာဘယ်ယူမှုများအပြင် မြန်မာနိုင်ငံမှာက ပြည်သူ့ ကျန်းမာရေးဆောင်ရွက်မှုနှင့်ပတ်သတ်ပြီး အုပ်ချုပ်စီမံခန့်ခွဲမှုကလည်း အားနည်းလှ၏ ။ အစိုးချပေးသော အသုံးစရိတ်အသစ်ကို မည်ကဲ့ သို့ သုံးစွဲမည်နည်။ မည်သူတွေက သုံးစွဲရန်ဆုံးဖြတ်ချက်ချမှတ်မည်နည်းဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါ။
ကျန်းမာရေးကဏ္ဏတွင် ပြသာနာများက များလွန်းသည့်အတွက် ရရှိလာသောအသုံးစရိတ်ကို မျှမျှတတဖြစ်အောင်ဘယ်နေရာတွင်ဦးစားပေးစသုံးစွဲရမည်ကို မည်သူကမှမပြောနိုင်ကြသေးပါ။
မြန်မာတွင်နှစ်စဉ် ၁၂၀၀ ဦးရေ ၁၅၀၀ ခန့်ထိ ဘွဲ့ ရနေသည့်ဆရာဝန်ဦးရေ အရေအတွက်ကိုလည်း ထပ်တိုးရန်လိုအပ်နေပါသည်။ သို့ သော်လည်း ဆေးကျောင်းသားများအတွက် ဆေးဘက်ဆိုင်ရာသင်ကြားရေးအသုံးအဆောင်များက ကန့်သတ်ချက်ရှိသည့်အပြင် ကျောင်းသားသစ်များအတွက်သင်ကြားပို့ ချခြင်းနေမှုများကလည်း အရည်အသွေးနိမ့်ကျလွန်းလှသည်။ လုပ်ငန်းခွင်ရှိဆရာဝန်များမှာလည်း လစာငွေအလွန်နည်းပါးခြင်းက ဖြေရှင်း၍ရနိုင်သော်လည်း အသုံးအဆောင် အရင်းအမြစ်များရှိနေရန်ကလည်း လိုအပ်နေသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ရောဂါကြီးများကိုကုသမှုနှင့်ပတ်သတ်သည့်အခြေအနေက အတော်ဆိုးရွားနေ၏ တတိုင်းပြည်လုံးတွင်မှာ ကင်ဆာရောဂါအထူးကု ဆရာဝန် ၆၁ဦးသာရှိပြီး ရန်ကုန်တမြို့ လုံးတွင်ဓာက်ရောင်ခြည်နှင့်ကုသစက် သုံးလုံးသာရှိ၏ နှလုံးရောဂါကုသမှုများမှာလည်း ရှိရုံသာသာဖြစ်သည်။ ထိုလိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်ရန် အစိုးရ ချပေးသော အသုံးစရိတ်ကိုဘယ်နေရာမှာ ဦးစားပေးသုံးရမည်လဲဆိုသည်ကား အဓိက အချက်ဖြစ်လာသည်။
ထိုပြသာနာများကို ထည့်မတွက်ပါကအစိုးရက ကျန်းမာရေးအသုံးစရိတ်မြှင့်လိုက်ခြင်းသည် မြန်မာကျန်းမာရေးစနစ်တိုးတက်မှုအတွက်အရေးကြီးသည့် ခြေလှမ်းတရပ်ဖြစ်သလို ကျန်းမာရေးအသုံးအဆောင်။ ဆေးဝါးနှင့်အသုံးအဆောင်ဆိုင်ရာ နိုင်ငံတကာကုမ္ပဏီများအတွက်လည်း အခွင့်အလမ်းတွေ ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။ WHO ၏ စံချိန်စံညွနိးများအရ လာမည့်နှစ်နှစ်အတွင်း ပြည်သူ့ ဆေးရုံများတွင် အစိုးရကလက်ရှိသုံးစွဲနေသောဆေးဝါးစရိတ် လူနာတယောက်ကို အမေရိကန်ဒေါ်လာ၂၀ဆင့်ခန့်( မြန်မာငွေ ၂၀၀ခန့်)အစား နှစ်ဒေါ်လာ( နှစ်ထောင်ခန့်) ထိတိုးချဲ့ သုံးစွဲရမည်ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ၀င်ငွေရရှိမှု အခြေအနေမှာလည်း တိုးတက်လာပြီး ဆရာဝန်ခွင့်ပြုချက်မရဘဲ ၀ယ်ယူသုံးစွဲနိုင်သော ကျန်းမာရေးဆေးဝါးများဖြစ်သည့် အားဆေးများ။ ကလေးဆေးဝါးများနှင့် အိမ်သုံးဆေး။ နှို့ မှုန့်အားဆေးဈေးကွက် စသည်တို့ ကိုလည်း တိုးချဲ့ သင့်သည်။ ၂၀၁၁ နှင့်၂၀၁၂ အတွင်းတွင် မြန်မာ၏ ဆေးဝါးဈေးကွက်သည် ၁၉ရာခိုင်နှုန်းနီးပါးကို တိုးတက်လာခဲ့ သည်။
လောလောဆယ်တွင် အစိုးရက နိုင်ငံ၏ စုစုပေါင်းကျန်းမာရေးအသုံးစရိတ်၏ ၁၂ရာခိုင်နှုန်းကိုသာ တာဝန်ယူနိုင်သေးသည်။ အစိုးရက စရိတ်ပိုသုံးစွဲလာလျှင်တောင် ကျန်းမာရေးဝန်ဆောင်မှု၏ အရေးကြီးဆုံးဈေးကွက်က သီးခြား သုံးစွဲသူများဆီက ဖြစ်ပါသည်။ ယနေ့ တွင်မြန်မာနိုင်ငံ၌ မိသားစုဝင်တယောက်ယောက် ကျန်းမာရေးကုသမှုလိုအပ်ပါက အများစုက ပုဂ္ဂလိကဆေးခန်း သို့ မဟုတ် အခမဲ့ ဆေးကုသပေးရာဘုန်းကြီးကျောင်းများသို့ သွားကြသည်။ ဆေးလိုအပ်ပါက ကိုယ့်အိတ်ထဲကသာ အားလုံးစိုက်ထုတ်ရမည်ဆိုသည်ကို လူတိုင်းသိကြသည်။ ခွဲစိတ်ကုသမှုများမှာပင် ဆရာဝန်က ဆေးစာရေးပေးပြီး ခွဲစိတ်ရာတွင် လိုအပ်သည်အားလုံးကို လူနာရှင်မိသားစုက အပြင်ဆေးဆိုင်မှာ ၀ယ်ယူရလေသည်။
ထို့ ကြောင့်မြန်မာတွင် ကျန်းမာရေးစနစ်ကို သုံးစွဲသူများက သူတို့ ကျန်းမာရေးနှင့်ပတ်သတ်လျှင် ကိုယ်တိုင်တာဝန်ယူဆုံးဖြတ်ရမည်ကို အတွေ့ အကြုံရှိကြပြီးသားဖြစ်သည်။ပြီးခဲ့သည့်မတ်လက ရန်ကုန်နှင့် ပဲခုးမြို့ ကြီးနှစ်မြို့ တွင် သုတေသနစစ်တမ်းကောက်ယူစဉ်အတွင်း လူ ၄၇ရာခိုင်နှုန်းခန့်က ကျန်းမာရေး တိုးတက်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးကို မြှင့်တင်ရန်အလိုအပ်ဆုံး ဟုဖြေကြားကြသည်။ ၂၉ရာခိုင်နှုန်းက ကုန်ကျစရိတ်ဟု ဖြေကြသည်။ အနောက်နိုင်ငံဆေးဝါးများ မြန်မာတွင်ရောင်းချနိုင်သည်ကိုထောက်လျှင် အရည်အသွေးနှင့်ကုန်ကျစရိတ်ကို တွက်ချက်စဉ်းစားသူများဆီကနေ အကျိုးအမြတ်ရနေသည်ကို တွေ့ ရမည်။
မြန်မာကို စိတ်ဝင်စားသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီးပွားရေးသမားများနှင့် ရင်းနှီးမြုပ်နှံသူများက အတွက် ဖြေကြားရမည့်မေးခွန်းတခုမှာ သူတို့ ၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှု များအတွက် မြန်မာက အဆင်သင့်ရှိနေပြီလားဆိုသည့်အချက်ဖြစ်သည်။ ကျန်းမာရေး ၀န်ဆောင်မှုအတော်များများကို ကိုယ့်ဖာသာပေးနေရသော အချိန်တွင် အစိုးရက ကျန်းမာရေးအသုံးစရိတ်ကို မြှင့်တင်မည်ဆိုသည်ကား တကယ့်ကို မလိုက်ဖက်သော အချက်တခုပင်ဖြစ်ပါသည်။
တကယ်လုပ်ရမည်ကား စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ပြီး ပြည်သူများ၏ ၀င်ငွေတိုးတက်လာအောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ထိုအခါမှ တဦးချင်းဝင်ငွေတိုးလာပြီး
ပိုသုံးနိုင်စွဲနိုင်လာကြမည်။ ထိုကဲ့ သို့ မြန်မာလူလတ်တန်းစားများ စိတ်ကူးယဉ်နေသောအရာများ လက်တွေ့ ဖြစ်လာမှသာလျှင် ကျန်းမာရေးနှင့်တခြား အခြေခံအချက်များကလည်း အနောက်ကနေ အလိုအလျှောက်လိုက်ပါတိုးတက်မည်မဟုတ်ပါလား။ ။
(Forbes မဂ္ဂဇင်းပါ ဘင်ဂျမင်ရှော့ဘတ်၏ Health Care in Myanmar ဆောင်းပါးကို ထားထားမြင့်က
ဘာသာပြန်ဆိုပါသည်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။