ဟာသကုမ္ပဏီ
“ မင်းကဘာလို. အရက်ကိုအလွန်အကျွှံ သောက်ရတာလဲ...”
“ သူရမေရိယကံ ကျူးလွန်ပြီး...အခြားကံ လေးပါးလုံအောင်လို့ပါ...”
“ ဘာကွ!...သူရာမေရိယကံ ကျူးလွန်ပြီးရင်....အခြားကံ လေးပါးပါ ချိုးဖောက် တာမဟုတ်ဘူးလား...”
“ ဘယ့်နဲ... ချိုးဖောက်ရမှာလဲ..ဗျာ.. အေ့...
တကယ်သောက်ကြည်.ပါလား...အရက်မူးလွန်လို့ သူများကိုလိမ်ဖို့ မပြောနဲ့ကိုယ့်လျှာအလုံးကြီးကို
...ုပြန်မကိုက်မိအောင်လို့မနဲ ထိန်းထားရတယ်....အေ့...”

“ အေ့!...”
“ မအေ့နဲ. တချို့ဆို အမူးလွန်ပြီး အမှန်တိုင်း ပြောမိလို့ ကျွှဲခိုးပေါ်တာရှိသေး..အေ့။”
“ အဲ့!”
“ မ အဲ့ နဲ့ ဦး ရှိသေးတယ်..သူတစ်ပါးပိုက်ဆံခိုးဖို. မပြောနဲ့
ကိုယ့်အိပ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို့
ပျောက်ရတာအကြိမ်ကြိမ်...အေ့ ။”
“ ဟင်! ”
“ မဟင်နဲ့ဦး..ကျန်သေးတယ်...သူတစ်ပါးအသက်သက်ဖို့မပြောနဲ့
ကိုယ်ဘာသာကို မရပ်နိုင်လို့ ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည့် တော့...အေ့..။ ”
“ သြော်!”
“ မသြော်နဲ့ မပြီးသေးဘူး... သူများသားမယားကိုပြစ်မှားဖို့ ဆိုဝေးရော...
နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်ခြံထဲမှာ အိပ်နေတာ ကိုယ့်ဖင်ထဲကို
မြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။”
“ အေးကွာ...မင်းပြောတော့လည်း ဟုတ်သလိုဘဲ......ငါလည်း ကံလေးပါး လုံအောင် အရက်သောက်ရမလိုဖြစ်နေပြီ...
အရက်ဆိုင် သွားဦးမှ.....။”

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။