Aung Ko U
ဆံစ မှ ခြေဖျားအထိ ဝေါဟာရများ (Arm)
ဆံစမှ ခြေဖျားအထိ ဝေါဟာရအသုံးအနှုန်းများတွင် ယခုတစ်ပတ်အတွက် လက်မောင်း (Arm) နှင့် ပတ်သက်သော ဝေါဟာရ အသုံးအနှုန်းများကို ဆက်လက် မျှဝေလိုက်ပါသည်။
လက်မောင်း (Arm) ကို နာမ်(noun) အဖြစ်သုံးသော ဝေါဟာရပုံစံများ
Arm (n) - လက်မောင်း၊ လက်၊ လက်တစ်ကမ်း
- She hold the baby in her arms. (သူမက ကလေးကို လက်မောင်းနဲ့ ပွေ့ချီထားတယ်။)
- They lay in each other’s arms. (သူတို့ တစ်ဦးနှင့် တစ်ဦး ပွေ့ပိုက်လျှက် မှေးစက်နေကြသည်။)
- She was carrying a book under her arm. (စာအုပ်ကို သူမ ချိုင်းကြားတွင် ညှပ်ထားသည်။)

Arm (n) - အင်္ကျီလက်မောင်း
- There’s a tear in the arm of my jacket. (ကျွန်တော့် ဂျက်ကက် အင်္ကျီ်လက်မှာ ပြဲနေတယ်။)
Arm (n) - မောင်းတံ၊ လက်တံ၊ လက်တန်း
- The arm of chair (ကုလားထိုင် လက်တန်း)
- His right elbow was leaning on the arm of the chair. (သူရဲ့ညာဘက် တံတောင်ကို ကုလားထိုင်လက်တန်းမှာ တင်ထားတယ်။)
Arm (n) - အဖွဲ့အစည်း ရုံးခွဲ
- The European arm of engineering group (ဥရောပ အင်ဂျင်နီယာအဖွဲ့ ရုံးခွဲ)
- The investment banking arm (ရင်းနှီးမြှပ်နှံမှု ဘဏ်လုပ်ငန်းဆိုင်ရာ ရုံးခွဲ)
Arm (n) - လက်ရုံးတပ်ဖွဲ့
- The troops supported by the air arm. (စပ်တပ်ကို လေတပ် လက်ရုံးတပ်ဖွဲ့က အထောက်အကူပြု ထားသည်။)
Arms (n) pl - လက်နက်
- Does the police force carry arms? (ရဲတပ်ဖွဲ့က လက်နက်ကိုင်သလား ?)
*************************************************************
လက်မောင်း (Arm) ကို ကြိယာ(verb) အဖြစ်သုံးသော ဝေါဟာရပုံစံများ
Arm (v) - လက်နက်တပ်ဆင်သည်၊ စစ်တိုက်ရန် ပြင်ဆင်သည်။
- The enemy is arming. (ရန်သူက စစ်တိုက်ရန် ပြင်ဆင်နေသည်။)
- The mob armed themselves with sticks and stones. (လူအုပ်ကြီးက တုတ်များ၊ ကျောက်တုံးများ ကို ကိုင်ဆောင်ထား ကြသည်။)

လက်မောင်း (Arm) ကို အီဒီယမ် အဖြစ်သုံးသော ဝေါဟာရပုံစံများ
The (long) arm of sb/sth [IDM] – အဝေးသို့ လှမ်းမီသော သြဇာအာဏာ
- He fled to Russia trying to escape the long arm of law. (ဥပဒေ စက်ကွင်းက လွတ်မြောက်ဖို့ ရုရှားကို သူ အသက်လုပြီး ထွက်ပြေးသွားတယ်။)
with one’s arm akimbo [IDM] – ခါးထောက်လျှက်
- Aunt Nila stood in the doorway with her arms akimbo. (အန်တီ နီလာက တံခါးပေါက်မှာ ခါးထောက်ပြီး ရပ်နေတယ်။)
Cost an arm and leg [IDM] – (ငွေ) နင့်နေအောင်ပေးရသည်။
- The repair cost an arm and leg. (ပြင်ဆင်စရိတ်က နင့်နေအောင်ပေးရတယ်။)
Keep sb at arm’s length [IDM] – ခပ်တန်းတန်းနေသည်၊ အရောတဝင်မလုပ်
- She keeps her new neighbors at arm’s length. (သူက အိမ်နီးနာချင်း အသစ်တွေနဲ့ ခပ်တန်းတန်းနေတယ်/ အရောတဝင် မလုပ်ဘူး။)

လက် (Hand) နှင့် ဆက်စပ်နေသော အခြား အသုံးအနှုန်းများ
Armband (n) - လက်ပတ်
Armchair (n) - လက်တင်ပါသော ကုလားထိုင်
Armhole (n) - အင်္ကျီလက်ပေါက်
Armpit (n) - ချိုင်းကြား
Armful (n) - တစ်ပွေ့(ပမာဏ)
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း ဝေါဟာရ ကြွယ်ဝကာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ”
အောင်ကိုဦး (UMK)
Be the Best

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။