Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 2, 2015

ရှေးခေတ်ဘုရင်တို့ရဲ့ ရာဇပလ္လင်အကြောင်းသိကောင်းစရာ

ရှေးခေတ်ဘုရင်တို့ရဲ့ ရာဇပလ္လင်အကြောင်းသိကောင်းစရာ ‪#‎Knowledge‬
================================
‘ပလ္လင်’ ဟူသော မြန်မာဝေါဟာရသည် ‘ပလ္လင်္က’ ဟူသော ပါဠိစကားမှဆင်းသက်လာပြီး မြင့်မြတ်သောပုဂ္ဂိုလ်တို့ ထိုင်ရန် ပြုလုပ်ထားသော ခုံမြင့်ဟူ၍ မြန်မာ အဘိဓာန် ကျမ်း၌ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ကျမ်းဂန်လာ ပလ္လင်တို့သည်ကား -
၁။ မြတ်စွာဘုရားရှင်တို့ စံတော်မူသော ပလ္လင်ကို ῾ အပရာဇိတပလ္လင် ᾽၊
၂။ ဗြဟ္မာမင်းတို့ စံတော်မူသော ပလ္လင်ကို ῾ ကမလာသနပလ္လင် ᾽၊


၃။ နတ်တို့ စံတော်မူသော ပလ္လင်ကို ῾ဒိဗ္ဗာသနပလ္လင် ᾽၊
၎။ လူမင်းတို့ စံတော်မူသော ပလ္လင်ကို ῾ ရာဇပလ္လင် ᾽
၅။ တရားဟော ဓမ္မကထိက ပုဂ္ဂိုလ်တို့ စံတော်မူသော ပလ္လင်ကို ῾ ဓမ္မသနပလ္လင် ᾽၊
၆။ တရားသူကြီးတို့ ထိုင်သော ῾ အဋ္ဋကရဏပလ္လင် ᾽ တို့ဖြစ်ကြ သည်။
ရာဇမင်းတို့ စံတော်မူသော ရာဇပလ္လင်ကို အရွယ်အစား သုံးမျိုးခွဲခြားထားပြန်သည်။
၁။ ၁၆ တောင်ရှိသော မဟာပလ္လင်
၂။ ၈ တောင်ရှိသော မဇ္ဈိမပလ္လင်
၃။ ၄ တောင်ရှိသော စူဠပလ္လင် တို့ဖြစ်သည်။

မြန်မာမင်းများ ထုံးတမ်းစဉ်လာအရ ပလ္လင် ၈ မျိုးတို နေရာဒေသ အခါအခွင့် ခွဲခြား၍ သုံးစွဲခဲ့သည်။ ထိုပလ္လင်တို့မှာ
(၁) သီဟာသန ပလ္လင်-ခြင်္သေ့ရုပ်ခံ၍ ယမနေသားဖြင့် ထုလုပ်ပြီးနန်းဦးပြဿဒ်ဆောင်နှင့် လွှတ်တော်၌ ထားရှိ
(၂) ဘမယာသန ပလ္လင်-ပိတုန်းရုပ်ခံ၍ ကရဝေးသားဖြင့် ထုလုပ်ပြီးမှန်နန်းဆောင် (စက်တော်ခေါ်သည့်နေရာ) ၌ ထားရှိ
(၃) ပဒုမာသန ပလ္လင်-ပဒုမ္မာကြာပွင့်ခံ၍ သရက်သားဖြင့် ထုလုပ်ပြီး အနောက်ဇေတ၀န်ဆောင် (မင်းတို့ကန်တော့ခံရန် နေရာ)၌ ထားရှိ
(၄) ဟံသာသန ပလ္လင်-ဟသာင်္ရုပ်ခံ၍ သင်္ကန်းသားဖြင့် ထုလုပ်ပြီး အရှေ့ဇေတ၀န်ဆောင် (မင်းတို့ဝတ်ပြုရန်နေရာ)၌ ထားရှိ
(၅) ဂဇာသန ပလ္လင်-ဆင်ရုပ်ခံ၍ စကားသားဖြင့် ထုလုပ်ပြီး ဗြဲတိုက်ဆောင် (မင်းတို့လက်ဆောင်ခံယူရာနေရာ)၌ ထားရှိ
(၆) သခါင်္သန ပလ္လင်-ခရုသင်းရုပ်ခံ၍ တောင်ပိန္နဲသားဖြင့် ထုလုပ်ပြီး လေသာဆောင် (တရားစီရင်ရာနေရာ)၌ ထားရှိ
(၇) မိဂါသန ပလ္လင်-သမင်ရုပ်ခံ၍ ရေသဖန်းသားဖြင့် ထုလုပ်ပြီး တောင်စမုတ်ဆောင် (မင်းတို့အလှူတော်ရေစက်ချရာ
နေရာ)၌ ထားရှိ
(၈) မယုရာသန ပလ္လင်-ဥဒေါင်းရုပ်ခံ၍ ပေါက်သားဖြင့် ထုလုပ်ပြီး မြောက်စမုတ်ဆောင် (ကန်တော့ပန်းသိမ်းရာနေရာ)၌ ထားရှိ

စသည်တို့ဖြစ်ပါသည်။ ပလ္လင်တွင်ပါရှိသောအစိတ်အပိုင်း
များမှာ-

(၁) ခြင်္သေ့
(၂) ဆင်ပျံ
(၃) လောကနတ်
(၄) ဒေါင်းမြီးယပ်
(၅) ဆင်နား
(၆) တံခါးတိုင်
(၇) သိကြား
(၈) ကိန္နရာ
(၉) သမ္မာဒေဝ
(၁၀) ခြူး
(၁၁) ကြာ
(၁၂) ဦးဆောက်ပန်း

ဟူ၍ (၁၂) နေရာပါရှိသည်။
လွှတ်တော်ရှိ သီဟာသနပလ္လင်သည် ဘုရင်နှင့် ၀န်ကြီးလေးပါး အပါအ၀င် မှူးမတ်တို့သည် တိုင်းရေးပြည် မှုအစုစုသော အရေးအရာများကို သာ ဆွေးနွေးဆုံးဖြတ်ရာ ပလ္လင်ဖြစ်လေသည်။ ထို့ပြင် နိုင်ငံ ခြား သံတမန်ကြီးများအား တွေ့ဆုံဖူးမြော် ကန်တော့ခံရာ၌ လည်းကောင်း၊ ကျွန်တော်မျိုးတို့ကို သစ္စာရေတိုက် ရာ၌ လည်းကောင်း၊ ပဒေသရာဇ်မင်းများ၏ ကန်တော့လက်ဆောင် ခံယူရာ၌ လည်းကောင်း အသုံးပြုသည့် ပလ္လင်ဖြစ်သည်။ လွှတ်တော်သို့ ဘုရင်မင်းမြတ် မကြွချီနိုင်သောအခါ အဆင့်မြင့် မင်းသားကြီး တစ်ပါးပါးက ဘုရင့်ကိုယ်စား သတ်မှတ်ထားသော သီးသန့်နေရာတွင် နေလျက် ၀န်ကြီးများနှင့် ဆွေးနွေးခြင်းြ့ပုရလေသည်။ ပလ္လင်တော်ပေါ်သို့ကား မတက်ရချေ။
ရန်ကုန်တိုင်း ၊ ဒဂုံမြို့နယ် ၊ ပြည်လမ်းပေါ်ရှိ အမှတ် ၆၆/ ၇၄ ၌ တည်ဆောက်ထားသော အမျိုးသားပြတိုက်တွင် ဆင်ယင်ပြသထားသည့် ရွှေပလ္လင်သည် ရွှေခြင်္သေ့ရုပ်ခံသော ῾သီဟာသနရွှေပလ္လင်᾽ ဖြစ်သည်။ မြန်မာ့ရွှေနန်းနှင့်တကွ နိုင်ငံအဝန်းကို နယ်ချဲ့တို့ သိမ်းပိုက်ပြီးနောက် ၁၈၉၂ ခုနှစ်တွင် ῾ သီဟာသနရွှေပလ္လင် ᾽ကို အိန္ဒိယနိုင်ငံသို့ သယ်ဆောင်ကာ ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့ရှိ အိန္ဒိယပြတိုက်တွင် ခင်းကျင်းပြသခဲ့သည်။
မြန်မာတို့ လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာ့အကျိုးကိုလိုလားသော ῾အဂ္ဂမဟာသီရိသုဓမ္မ လော့ဒ်လူဝီ မောင့်ဘက်တန်က မြန်မာပြည်သူများအတွက် သီဟာသန ရွှေပုလ္လင် ကိုမြန်မာပြည်သို့ ပြန်လည်ပေးပို့ခဲ့သည်။ သီဟာသနပလ္လင်သည် မြန်မာ့လွတ်လပ်ရေး အထိမ်းအမှတ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအခါ သီဟာသနပလ္လင်ကို ဦးစွာ အလုံလမ်းရှိ နိုင်ငံတော် သမ္မတအိမ်တော်တွင် နေရာချထားခဲ့သည်။
၁၉၅၅ ခု စက်တင်ဘာလတွင် ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီဟော အဆောက်အအုံသို့ အမျိုးသား ပြတိုက် ပြောင်းရွှေ့ဖွင့်လှစ်သောအခါ သီဟာသနပလ္လင်ကြီးကို သမ္မတအိမ်တော်မှ အမျိုးသားပြတိုက်သို့ ပြောင်းရွှေ့ဆင်ယင်ပြသခဲ့သည်။ တစ်ဖန် အမျိုးသားပြတိုက်ကို ပန်းဆိုးတန်းလမ်းရှိ ယခင် ဂရင်းလေးဘဏ် ဟောင်း အဆောက်အအုံ (ယခု မြန်မာနိုင်ငံ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဘဏ် )သို့ ပြောင်းရွှေ့သောအခါ သီဟာသနပလ္လင်ကို ၁၉၆၈ ခုနှစ်တွင် ပန်းဆိုးတန်းလမ်းရှိ အမျိုးသားပြတိုက်သို့ သယ်ယူဆင်ယင်ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ် ဖေဖော်ဝါရီလမှ စ၍ ဖွင့်လှစ်ပြသခဲ့ရာ ၁၉၉၄ ခုနှစ် နှစ်ကုန်ပိုင်းအထိဖြစ်သည်။
ထို့နောက် အမျိုးသားပြတိုက်ကို ရန်ကုန်တိုင်း ၊ ဒဂုံမြို့နယ် ၊ ပြည်လမ်းမပေါ်ရှိ အမှတ် ၆၆/ ၇၄ ၌ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၀ ပြည့်နှစ်တွင် အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၁၉၉၆ စက်တင်ဘာလ ၁ဝရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ယင်းအသစ်တည်ဆောက်ထားသော အမျိုးသားပြ တိုက် အဆောက်အအုံကြီး၌ ပြခန်းပေါင်း ၁၃ခန်းကို ပြသထားရာ သီဟာသန ရွှေပုလ္လင်ကြီးကို ပြခန်းအမှတ် ၁ သီဟာသနပလ္လင်ပြခန်း၌ ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသထားသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။
Source:
မြန်မာ့ပလ္လင်-သန်းဝင်းလှိုင် နှင့်
အခြားအင်တာနက်စာမျက်နှာများ

‪#‎သုတဇုန်‬ www.thutazone.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။