[ KoThura's Note - ဘီလူးကြီးပုံပြင် ]
လူတိုင်း အာလာဒင် နဲ့ မှော်ဝင်မီးခွက်စမ်း ပုံပြင်ကို သိကြမှာပါ။
ဒီ မှော်ဝင်မီးခွက်ကိုစောင့်တဲ့  ဘီလူးကြီးက သူ့အစွမ်းနဲ့ အရာရာကို ဖန်ဆင်းနိုင်တယ်လေ။ လိုချင်တာတွေလည်း တောင်းလို့ရတယ်၊ လိုတရတယ်ပေါ့ဗျာ။
ကျွန်တော် ငယ်ငယ်ကလည်း ဒီလို မီးခွက်မျိုးရချင်မိတယ်။ ငယ်ငယ်ကတော့ မီးခွက်တွေ တွေ့ရင် လိုက်ပွတ်မိတာပဲ။ ဘီလူးကြီးထွက်လာရင် ဆုတောင်းမယ်ပေါ့။ လိုချင်တာတွေ အကုန်ရတယ်ဆိုတာကိုး။
အခုထိတော့ မတွေ့မိသေးပါဘူး။
ပုံပြင်ဟာ ပုံပြင်လို့ပဲ မှတ်ထားပါတယ်။ ဒါပေမယ့် .. ဒီပုံပြင်လေးဟာ ကျွန်တော်တို့ မွေးကတည်းက ကြုံတွေ့ခဲ့ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့  ဘီလူးကြီးရဲ့ အကြောင်းကို အရိပ်အမြွက်ပြောနေတယ်ဆိုတာ သတိမထားမိခဲ့ပါဘူး။
မှတ်မိမလား မသိဘူး.. ကျွန်တော်တို့ ဟိုးငယ်စဉ် အမေ့ဝမ်းထဲ စရောက်စဉ်တုန်းကပေါ့။ ..
ကျွန်တော်တို့ ဝမ်းထဲမှာ လျှောက်သွားရင်းနဲ့ လမ်းမှာ ရှေးဟောင်းနာရီတလုံးကောက်ရတ ယ်။ ပွတ်ကြည့်လိုက်တော့ နာရီစောင့်ဘီလူးကြီး ထွက်လာတယ်။
သူက ပြောတယ်။ သူ့ကိုလွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့.. ဒီအတွက် လိုရာဆု တောင်းပါတဲ့.. လိုတဲ့အတိုင်းပြည့်အောင်လုပ်နိုင်ပါတယ်တဲ့...
ချက်ချင်းတော့ မရဘူး... ဒါပေမယ့် သူပေးမယ် အရာကို ကောင်းကောင်း
အသုံးချရင်တော့ လိုချင်တာတွေ ရလာမယ်တဲ့.. ဒါနဲ့ ကျွန်တော်တို့လည်း
ကောင်းပြီး ပေးပါလို့ ပြောလိုက်တယ်..
ဒါနဲ့ သူက ကျွန်တော်တို့လက်ထဲကို ထူးဆန်းတဲ့အရာတခု ထည့်ပေးလိုက်ပါတယ်။ ဒီတလက်လက် နဲ့ ဖြိုးဖြိုးဖျက်ဖျက်တောက်ပနေ တဲ့ အရာလေးက လွန်းလွန့်လာပြီး ကျွန်တော်တို့ ခဏကိုယ်ကို ထိုးဖောက်ပြီး ဝင်ရောက်သွားပါတယ်။
ပြီးတော့ ဘီလူးကြီးက ဆက်ပြောပါတယ်။ ငါမင်းကို ပေးလိုက်တာဟာ အင်မတန်မှ တန်ခိုးကြီးတဲ့ အရာပဲ.. သူ့ကို ကောင်းကောင်းအသုံးချပါ။ မင်းလိုချင်တာတွေရလာလိမ့်မယ်။ ငါကတော့ လိုတရ တန်ခိုးလို့ခေါ်တယ်။
အေး.. မင်းအပြင်ကမ္ဘာကိုရောက်ရင်တော့ လူတွေက ဒါကို "အချိန်" လို့ခေါ်ကြလိမ့်မယ်.
တခုတော့ မှတ်ထားပါ.. ငါ ဒီတန်ခိုး (အချိန်) တွေ ဘယ်တော့ ကုန်မယ်ဆိုတာတော့ မင်းကို ပေးမသိနိုင်ဘူး.. ဒီတော့...ရှိတုန်းမှာ ကောင်းကောင်းအသုံးချပါလေ တဲ့...
ကဲ.. ဟိုးတုန်းက အဖြစ်အပျက်လေး ပြန်သတိရသွားပြီဆိုရင် ... အခု ဘာဆက် လုပ်ကြမလဲ??
#KoThuraNote
#5Jul2017
လူတိုင်း အာလာဒင် နဲ့ မှော်ဝင်မီးခွက်စမ်း ပုံပြင်ကို သိကြမှာပါ။
ဒီ မှော်ဝင်မီးခွက်ကိုစောင့်တဲ
ကျွန်တော် ငယ်ငယ်ကလည်း ဒီလို မီးခွက်မျိုးရချင်မိတယ်။ ငယ်ငယ်ကတော့ မီးခွက်တွေ တွေ့ရင် လိုက်ပွတ်မိတာပဲ။ ဘီလူးကြီးထွက်လာရင် ဆုတောင်းမယ်ပေါ့။ လိုချင်တာတွေ အကုန်ရတယ်ဆိုတာကိုး။
အခုထိတော့ မတွေ့မိသေးပါဘူး။
ပုံပြင်ဟာ ပုံပြင်လို့ပဲ မှတ်ထားပါတယ်။ ဒါပေမယ့် .. ဒီပုံပြင်လေးဟာ ကျွန်တော်တို့ မွေးကတည်းက ကြုံတွေ့ခဲ့ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ
မှတ်မိမလား မသိဘူး.. ကျွန်တော်တို့ ဟိုးငယ်စဉ် အမေ့ဝမ်းထဲ စရောက်စဉ်တုန်းကပေါ့။ ..
ကျွန်တော်တို့ ဝမ်းထဲမှာ လျှောက်သွားရင်းနဲ့ လမ်းမှာ ရှေးဟောင်းနာရီတလုံးကောက်ရတ
သူက ပြောတယ်။ သူ့ကိုလွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့.. ဒီအတွက် လိုရာဆု တောင်းပါတဲ့.. လိုတဲ့အတိုင်းပြည့်အောင်လုပ
ဒါနဲ့ သူက ကျွန်တော်တို့လက်ထဲကို ထူးဆန်းတဲ့အရာတခု ထည့်ပေးလိုက်ပါတယ်။ ဒီတလက်လက် နဲ့ ဖြိုးဖြိုးဖျက်ဖျက်တောက်ပနေ
ပြီးတော့ ဘီလူးကြီးက ဆက်ပြောပါတယ်။ ငါမင်းကို ပေးလိုက်တာဟာ အင်မတန်မှ တန်ခိုးကြီးတဲ့ အရာပဲ.. သူ့ကို ကောင်းကောင်းအသုံးချပါ။ မင်းလိုချင်တာတွေရလာလိမ့်မယ
အေး.. မင်းအပြင်ကမ္ဘာကိုရောက်ရင်တေ
တခုတော့ မှတ်ထားပါ.. ငါ ဒီတန်ခိုး (အချိန်) တွေ ဘယ်တော့ ကုန်မယ်ဆိုတာတော့ မင်းကို ပေးမသိနိုင်ဘူး.. ဒီတော့...ရှိတုန်းမှာ ကောင်းကောင်းအသုံးချပါလေ တဲ့...
ကဲ.. ဟိုးတုန်းက အဖြစ်အပျက်လေး ပြန်သတိရသွားပြီဆိုရင် ... အခု ဘာဆက် လုပ်ကြမလဲ??
#KoThuraNote
#5Jul2017
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။