"အာဏာရှင်တို့ရဲ့အစွမ်းအစများ"
====================
ဟိုတနေ့က ပို့တခုဖတ်လိုက်ရတယ်။ သူပြောသွားတာကတော့ စစ်တပ်ကို မနာလိုမဖြစ်ကြနဲ့။ သူတို့လို အရည်ချင်းရှိအောင် ကြိုးစားကြပါ။ သူတို့လို အရည်ချင်းရှိလာရင် တပ်မတော်ဟာ သူ့ဟာသူ နောက်ရောက်သွားလိမ့်မယ်ဆိုပဲ ....
စစ်တပ်ဆိုတာထက် စစ်အာဏာရှင်တွေကို သူဆိုလိုတာပါ။ သဘောကတော့ ခု နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေနိုင်တာဟာ သူတို့ရဲ့အရည်ချင်းကြောင့်ပါဝင်နေနိုင်တာ၊ တခြားပြည်သူတွေက အရည်းချင်းမရှိသေးလို့ မပါလာနိုင်သေးတာလို့ ဆိုလိုဟန်ပါ .....
သူပြောတဲ့သဘောမှာ မှားတာရှိသလို မှန်တာလဲ ရှိပါတယ်။ နှစ်ငါးဆယ်လောက်သူတို့အုပ်ချုပ်သွားတဲ့အချိန်မှာ နိုင်ငံဟာ ဘာဖြစ်သွားလဲဆိုတာ အားလုံးအမြင်မို့ သူတို့အရည်ချင်းကို အထူးဆန်းစစ်နေစရာမလိုပါဘူး။ အဲ့လောက်အရည်းချင်းက လေးငါးနှစ်ကလေးတောင် လုပ်နိုင်တဲ့အနေထားပါ။ ပြောရရင် ဠဒလောက်တော့ ငှက်တိုင်းလှပါတယ် ....
ဒါပေမယ့် လေးစားစရာအရည်းချင်းတခုကတော့  အာဏာကို လိုသလိုရအောင် ဆုပ်ကိုင်ထားနိုင်တာပါ။ မကောင်းတာ ကောင်းတာ အသထားဗျ။ အာဏာကိုမြဲနေအောင် ကိုင်ထားနိုင်တဲ့အရည်ချင်းက တော့ မနဲဘူးရယ် ...
အာဏာမြဲရေးအတွက် အရေးပါတဲ့ တပ်မတော်ကို လိုသလိုအသုံးချနိုင်ခဲ့တယ်။
တပ်မတော်က တချို့ဆိုရင် ပြည်သူကသူတို့ကို ကျွေးထားတယ်လို့တောင်
မမြင်နိုင်တော့ဘဲ သူတို့ရဲ့ကျေးဇူးရှင်ဟာ အထက်လူကြီးတွေလို့တောင်
ခံယူထားသူတွေ အများကြီးရယ် ......
အပေါ်ဖားအောက်ဖိစနစ်နဲ့ဖိထား တော့ ကိုယ့်ကို လက်သီးနဲ့သေအောင်ထိုးနေတာကိုတောင် ဘာမှ ပြန်မလုပ်ရဲပဲ သေတဲ့အထိ ညိမ်ခံနေရတာမျိုးတွေရှိလာတယ်။ ခုချိန်ထိလဲ တချို့အရာရှိတွေဟာ ပြည်သူက သူတို့ကိုဝေဖန်လာရင် ဆက်ဆက်ထိမခံနိုင်ဖြစ်ကြတာလဲ ပြည်သူကိုထမင်းရှင်လို့မမြင်နိုင်ပဲ အထက်လူကြီးတွေကသာ သူတို့ကျေးဇူးရှင်လို့ ခံယူထားခြင်းရဲ့ ရလာဒ်ပဲဗျ ....
အာဏာရှင်တွေဟာ တပ်မတော်ကိုသူတို့အောက်ကမို့  လိုသလိုအသုံးချပုံဖော်နိုင် တာ မထူးဆန်းပေမယ့် မဘသလိုသူတို့ရဲ့အနှိပ်စက်ခံ တွေဖြစ်ခဲ့ဘူးကြတဲ့ဆရာတော်ြ ကီးတွေကိုတောင် ရအောင်ဆွဲသွားနိုင်တဲ့အရည်ချင်းကတော့ အတော်လေးစားရမယ်ဗျ ....
မဘသဥက္ကဌဆရာတော်ဖြစ်တဲ့ အင်းစိန်ရွာမဆရာတော်ဟာ တချိန်က ဘာမဟုတ်တဲ့ကိစ္စလေးတခုအတွက်နဲ့ ထောင်ချနှိပ်စက်ခံခဲ့ရဘူးတယ်။ ဒါပေမယ့် ထောင်ကလွတ်လာတော့ အာဏာရှင်အသိုင်းဝိုင်းဟာ ဆရာတော်ကြီးဆီအဝင်ထွက် မပြတ်ခဲ့ကြဘူး။ လိုအပ်တာလဲ ပြောပြစရာမလိုလောက်အောင်ကို ထောက်ပံ့လှူဒါန်းခဲ့ကြတယ်။ ဆရာတော်ကြီးတခုခုလုပ်တိုင်း အရင်က ဦးတင်ဦး၊ နောက်တော့ ဦးခင်ညွန့်တို့လို အကောင်ကြီးကြီးတွေ မပြတ်တက်ရောက်ခဲ့ကြတယ်။
တကယ်တော့ ခုသူတို့မဘသတွေသုံးနေတဲ့ "အမျိုးဘာသာသာသနာရှောက်စောင့်ရေး"
ဆိုတဲ့စကားလုံးဟာ အရင်ဦးခင်ညွန့်တို့ သတင်းစာကနေ မကြမကြာပြောခဲ့ဘူးတဲ့
လက်သုံးစကားတခုပါ။ သတင်းစာကနေ ဒေါ်စုကို ပုဂ္ဂိုလ်ရေးအရဝေဖန်တိုက်ခို က်တဲ့ ဆောင်ပါးတွေမှာ ပြန်ကြည့်ရင်တွေ့နိုင်ပါတယ် ။ ခုမှ သူတို့မဘသတွေထွင်သုံးတဲ့စကားလုံးအသစ်အဆန်းမဟုတ်ပါဘူး။ အဲ့တခုကြည့်ယုံနဲ့တင် အာဏာရှင်တွေရဲ့ စနစ်ဟာ သူတို့အထဲ ဘယ်လောက်ဝင်ရောက်နေသလဲဆိုတာ သိနိုင်ပါတယ်။ ဆရာတော်ကြီးဟာ ကျောင်းမှာ သာမန်ကျောင်းပြသနာတက်တာကိုေ တာင် စစ်တပ်အားကိုးနဲ့ ဖြေးရှင်းဘူးတဲ့ သာဓကတွေလဲ ရှိပါတယ် .....
နောက်သူရေးဘူးတဲ့ မြန်မာ့သမိုင်းက မွတ်စလင်တွေရဲ့နေရာရယူမှု ဆောင်းပါးတပုဒ်မှာလဲပဲ ဗိုလ်ချုပ်ခေတ်မှ ဒေါ်စုခေတ်အထိ မူစလင်တွေ အစိုးရအသိုင်းဝိုင်းမှာ နေရာရယူတတ်တာတွေကို ပြသွားပါတယ်။ ဒါပေမယ့် ဦးသန်းရွေခေတ်နဲ့ ဦးသိန်းစိန်ခေတ်မှ မူစလင်တွေ နေရာရယူခဲ့ကြတာကိုတော့ ဖော်ပြမသွားဘူးရယ်ဗျ။ တကယ်သာဆို ဦးသန်းစိန်ခေတ်မှာ လွတ်တော်ထဲရောက်လာတဲ့ ဘင်္ဂါလီအမတ်သုံးဦးအကြောင်းလဲ ဖော်ပြသင့်တာပါ။ သူ့ဆောင်းပါးမှာတော့ အဲ့ဒီအကြောင်းတွေကို လုံးဝကို ဖော်ပြမသွားဘူးရယ်။
ဆောင်းပါကို အောက်က လင့်မှာ ဖတ်နိုင်ပါတယ်။
https://www.facebook.com/ mabathabahoofficia/posts/ 977424522453574
ဒါလောက်ဆိုရင် သူတို့နှိပ်စက်ခဲ့ဘူးတဲ့ဆရာ တော်ကြီးတွေကိုတောင် သူတို့ဘယ်လောက်စည်းရုံးထားနိုင်သလဲဆိုတာ သိမြင်နိုင်ပါလိမ့်မယ် ....
ဒါတောင် အင်းစိန်ရွာမဆရာတော်ဆိုတာ သီလ သိက္ခာကြီးမားပါတယ်ဆိုတဲ့ ဆရာတော်ကြီးပဲ ရှိပါသေးတယ်။ မန္တလေးက တိပ်ပိတ်ဆရာတော်ကြီးဆိုရင် သူတို့ရဲ့ အာဏာရှင်တွေကို ဖာရင်းဖာရင်းနဲ့ သိက္ခာမဲ့လွန်းလာလို့ ခုဆိုလမ်းဘေးကလေးကချေအဆင့်ေ တာင် ရောက်နေပါပြီ။ တခြားမြနန်ဆရာတော်တို့ဆိုရင်လဲ ထိုနည်းအတူပါပဲ ....
ဒါလောက်ဆိုရင် တချို့သံဃာတွေကို သူတို့အရယူပြီးစည်းရုံးထားနိုင်တဲ့ အရည်ချင်းကို တွေ့မြင်ရပါလိမ့်မယ် ...
ကျုပ်တို့ ပြည်သူတွေထဲမှာကော မရှိဘူးလား။ အများသားဗျ။ ကြံ့ခိုင်ရေးကို လူမှုအသင်းအနေနဲ့ စထောင်ပြီး တဖက်လှည့်နဲ့ ပြည်သူကို စည်းရုံးခဲ့တယ်။ ခုချိန်ထိတောင် တချို့ပြည်သူတွေဟာ ပါတီနဲ့ လူမှုရေးအသင်းနဲ့တောင် ကွဲအောင်မကြည့်နိုင်တော့ပဲ ကြံ့ခိုင်ရေးမှ ကြံ့ခိုင်ရေးဖြစ်ကုန်ကြတယ်။ ကြံ့ခိုင်ရေးဆိုတာကလဲ သူတို့အတွက် မျက်လှည့်စခန်းတခုမျှသာပဲလေ ဗျာ။ ခုသူတို့ကြံ့ခိုင်ရေးလုပ်သမျှဟာလဲ တပ်မတော်ကို ထောက်ခံပြီးပြောတာလိုလိုနဲ့ အာဏာရှင်တွေအတွက်ပဲ ရည်ရွယ်နေတာ အသိသာကြီးပါ ...
အဲ့ဒါကြောင့် သူတို့အာဏာရှင်တွေရဲ့အရည်ချ င်းကို ခွဲခြားကြည့်လိုက်ရင် ညံ့တာရှိသလို အထင်ကြီးလေးစားစရာလဲ အများကြီးမို့ လျှော့တွက်လို့တော့မရဘူးဗျ။ ကောင်းတာမကောင်းတာ အသာထားပါ။ လိုချင်သလို ရလာအောင် ပုံဖော်နိုင်တာကိုတော့ ချီးကျူးမိတယ် ...
Stray bird
====================
ဟိုတနေ့က ပို့တခုဖတ်လိုက်ရတယ်။ သူပြောသွားတာကတော့ စစ်တပ်ကို မနာလိုမဖြစ်ကြနဲ့။ သူတို့လို အရည်ချင်းရှိအောင် ကြိုးစားကြပါ။ သူတို့လို အရည်ချင်းရှိလာရင် တပ်မတော်ဟာ သူ့ဟာသူ နောက်ရောက်သွားလိမ့်မယ်ဆိုပ
စစ်တပ်ဆိုတာထက် စစ်အာဏာရှင်တွေကို သူဆိုလိုတာပါ။ သဘောကတော့ ခု နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေနိုင်တာဟာ သူတို့ရဲ့အရည်ချင်းကြောင့်ပ
သူပြောတဲ့သဘောမှာ မှားတာရှိသလို မှန်တာလဲ ရှိပါတယ်။ နှစ်ငါးဆယ်လောက်သူတို့အုပ်ခ
ဒါပေမယ့် လေးစားစရာအရည်းချင်းတခုကတော
အာဏာမြဲရေးအတွက် အရေးပါတဲ့ တပ်မတော်ကို လိုသလိုအသုံးချနိုင်ခဲ့တယ်။
အပေါ်ဖားအောက်ဖိစနစ်နဲ့ဖိထား
အာဏာရှင်တွေဟာ တပ်မတော်ကိုသူတို့အောက်ကမို
မဘသဥက္ကဌဆရာတော်ဖြစ်တဲ့ အင်းစိန်ရွာမဆရာတော်ဟာ တချိန်က ဘာမဟုတ်တဲ့ကိစ္စလေးတခုအတွက်န
တကယ်တော့ ခုသူတို့မဘသတွေသုံးနေတဲ့ "အမျိုးဘာသာသာသနာရှောက်စောင
နောက်သူရေးဘူးတဲ့ မြန်မာ့သမိုင်းက မွတ်စလင်တွေရဲ့နေရာရယူမှု ဆောင်းပါးတပုဒ်မှာလဲပဲ ဗိုလ်ချုပ်ခေတ်မှ ဒေါ်စုခေတ်အထိ မူစလင်တွေ အစိုးရအသိုင်းဝိုင်းမှာ နေရာရယူတတ်တာတွေကို ပြသွားပါတယ်။ ဒါပေမယ့် ဦးသန်းရွေခေတ်နဲ့ ဦးသိန်းစိန်ခေတ်မှ မူစလင်တွေ နေရာရယူခဲ့ကြတာကိုတော့ ဖော်ပြမသွားဘူးရယ်ဗျ။ တကယ်သာဆို ဦးသန်းစိန်ခေတ်မှာ လွတ်တော်ထဲရောက်လာတဲ့ ဘင်္ဂါလီအမတ်သုံးဦးအကြောင်းလ
ဆောင်းပါကို အောက်က လင့်မှာ ဖတ်နိုင်ပါတယ်။
https://www.facebook.com/
ဒါလောက်ဆိုရင် သူတို့နှိပ်စက်ခဲ့ဘူးတဲ့ဆရာ
ဒါတောင် အင်းစိန်ရွာမဆရာတော်ဆိုတာ သီလ သိက္ခာကြီးမားပါတယ်ဆိုတဲ့ ဆရာတော်ကြီးပဲ ရှိပါသေးတယ်။ မန္တလေးက တိပ်ပိတ်ဆရာတော်ကြီးဆိုရင် သူတို့ရဲ့ အာဏာရှင်တွေကို ဖာရင်းဖာရင်းနဲ့ သိက္ခာမဲ့လွန်းလာလို့ ခုဆိုလမ်းဘေးကလေးကချေအဆင့်ေ
ဒါလောက်ဆိုရင် တချို့သံဃာတွေကို သူတို့အရယူပြီးစည်းရုံးထားန
ကျုပ်တို့ ပြည်သူတွေထဲမှာကော မရှိဘူးလား။ အများသားဗျ။ ကြံ့ခိုင်ရေးကို လူမှုအသင်းအနေနဲ့ စထောင်ပြီး တဖက်လှည့်နဲ့ ပြည်သူကို စည်းရုံးခဲ့တယ်။ ခုချိန်ထိတောင် တချို့ပြည်သူတွေဟာ ပါတီနဲ့ လူမှုရေးအသင်းနဲ့တောင် ကွဲအောင်မကြည့်နိုင်တော့ပဲ ကြံ့ခိုင်ရေးမှ ကြံ့ခိုင်ရေးဖြစ်ကုန်ကြတယ်။
အဲ့ဒါကြောင့် သူတို့အာဏာရှင်တွေရဲ့အရည်ချ
Stray bird
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။