“ အနီရောင် မိုးကာအင်္ကျီလေး ” ( ဝတ္တုတို )
အိမ်အပြင်မှာတိုက်နေတဲ့ လေသံကိုနား ထောင်ရတာ မိုးရွာတော့မယ်ထင်ပါရဲ့ခြံထဲကအုန်း လက်တွေ ကွမ်းသီးပင်တွေအချင်းချင်းပွတ်တိုက်သံ
တွေက ညအချိန်ဆိုတော့ ပိုကျယ်နေသလားမသိ ။ ဒီလေမျိုးဆို ခြံ
အစပ်ချောင်းကမ်းနားက ဓနိပင်တွေ လည်း ယိမ်းခါနေမှာပဲ ။ ကိုယ်ကဒီခြံထဲမှာမွေး
၊ ဒီခြံထဲ မှာလူလားမြောက် ခဲ့သူမို့ ဒီအသံတွေကိုယဉ်ပါးနေပေ မယ့် အစိမ်းသက်သက်ဆိုရင်တော့ ဒီအသံတွေက ကြောချမ်းစရာကြီးပေါ့။
ရင်ခွင်ထဲမှာအိပ်နေတဲ့ သမီးလေးကိုစောင်လေး ပြင်ပတ်ပေးပြီးခပ်တင်းတင်းေ လးဖက်လိုက်တော့
သမီးက တွန့်သွားတယ် မအေဘက်ကိုရောက်လာ တဲ့မျက်နှာလေးကို ငုံ့နမ်းလိုက်ရင်း
ညနေဈေးက ပြန်ရောက်ရောက် ချင်းမေးလာတဲ့ သမီးမေးခွန်းကို ပြန်ကြားမိတယ် “
ဖေဖေ ကဘယ်တော့ပြန်လာမှာ လည်းဟင် ” တဲ့ ။ ကျွန်မ ဆိုင်ထွက်တဲ့အခါ သမီး ကို
ကူထိမ်းပေးတဲ့ ကျွန်မအဒေါ်အန်တီလုံးက စိတ်မချမ်း သာစွာ မျက်နှာလွှဲသွားတယ်။
“လာမှာပေါ့သမီးလေး ရဲ့”
“ ဘယ်တော့လဲ ဟင်”
မေးခွန်းတွေ ဆက်တိုက်လာတော့မှာ ကျွန်မသိနေတယ် ။ လက်ထဲကဆွဲခြင်းကို အန်တီလုံးလက်ထဲထည့်လိုက် ပြီး သမီးဘေးထိုင်ချလိုက်တယ် ။
“ အမေ့ သမီးလေးက ဖေဖေ့ကို အရမ်းလွမ်းနေပြီးလား ဖေဖေ ၀ယ်လာမယ့်မုန့်တွေကိုစားချင်နေပြီလား မီးလေး ရဲ့ ”သမီး ပါးလေးကို ကျွန်မ နမ်းလိုက်တယ် အမော ပြေလိုက်တာ သနပ်ခါးနံ့လေးက သင်းနေတာပဲ ။
“အမလေးတော် ပါးလေးကမွှေး လိုက်တာ ဒီပါးကွက် ကြီးက မွှေးလိုက်တာအေ” သမီးပါးနှစ်ဖက်ကို ဘယ်ပြန် ညာပြန်နမ်းရင်း သူ့အာရုံတွေကိုပြောင်း စေလိုက်တယ် ။ ဒါပေမယ့်ပြောင်းမသွားဘူး ။
“ မေမေ…. ဖေဖေ ပြန်လာမှာက ဘယ်တော့လဲ မီးမီး က ကျောင်းတက်ရတော့မှာလေ ဖေဖေရှိမှ ကျောင်းအပ် လို့ရမှာပေါ့ ” ဟယ်ဒီတခါမေးပုံက အဆန်းတော့် အရင်ဆို သူ့ဖအေ အကြောင်းသူမေး တိုင်း လာမှာပေါ့ သမီးရဲ့ လို့ကျွန်မဖြေလိုက်ရင်ပြီးသွားပြီ ။ ကျွန်မဈေး အပြန် ၀ယ်လာနေကျ မုန့် ဒါမှမဟုတ် ကစားစရာ တစ်ခုခုပေးလိုက် ရင် သူ့မေးခွန်းကိုသူမေ့သွားရော ။ ဒါပေမယ့်ဒီတစ်ခါမပြီး ။ ဟုတ်သားပဲ ကျွန်မသမီးလေး တောင် နောက်လဆို ၃နှစ် ပြည့်ပါပကော ။ သမီးကို မူကြိုကျောင်းထားရတော့မှာပါ လား ။ ဒါဆို မောင် နဲ့ ကျွန်မ ခွဲနေရတာလည်း ၃နှစ် ကျော် ၄နှစ်နီးပါးပေါ့ ။
“ အော်…ဟုတ်သားပဲ အမေ့သမီးလေးက ကျောင်းတောင်တက်ရတော့မှာ မေမေ မေ့နေလိုက်တာ သမီးရယ် အန်တီလုံးရေ စောစောက ဆွဲခြင်းထဲမှာ မိုးကာအင်္ကျီလေးပါသွားတယ်ပေး ပါဦး
။ ဟောဒီမှာ သမီးကလေး ကျောင်းတက်ရင် ၀တ်ဖို့ မိုးကာအင်္ကျီလှလှလေး မေမေ
ဝယ်လာတယ် ” အန်တီလုံးပေးတဲ့ မိုးကာအင်္ကျီလေးကို သမီး
ကိုယ်ပေါ်စွပ်ချလိုက်ပြီး ကိုယ်လုံးပေါ်မှန်ရှေ့ခေါ်လြာ ပလိုက်တော့ သမီးကသဘောတွေကျနေလိုက်တာ။
“ မေမေ့…အဲ့ဒါ ဘာအရောင်ခေါ်လဲ သမီးမှာရှိတဲ့ ဒေါက်ဖိနပ်လေး နဲ့အရောင်တူတူ ပဲနော်” ကဲ ဖအေကြီးရေ ရှင့်သမီး ရဲ့မှတ်ဥာဏ် ကောင်းချက်က ရှင့်အတိုင်းပါပဲလား ကြားစေချင်လိုက်တာ မောင်ရယ် ။
“ အနီရောင် လို့ခေါ်တယ် သမီးရဲ့”
“ ဖေဖေ က ဘယ်တော့ပြန်လာမှာလဲ မေမေ ” ဟယ်…ကျွန်မအတွေးကို သမီးများရိပ်မိသွားသလားမသိ ဒီမေး ခွန်းက ထပ်လာပြန်ပြီ ။
“ မိုးတွေ အများကြီးရွာတဲ့နေ့ရောက်ရင် ဖေဖေပြန်လာမှာပေါ့ သမီးလေးရယ် ”
“ ဖေဖေ့ ကိုသွားကြိုတဲ့နေ့ ကျရင်ဒီ အနီရောင်မိုးကာအင်္ကျီလေးဝတ်သွားရမှာပေါ့နော် မေမေ”
ကျွန်မ မျက်ရည်မကျမိအောင် အလွယ်ခေါင်းငြိမ့်ပြလိုက်ပြီး သမီးနားကထွက်လာခဲ့လိုက်တယ်။
ကျွန်မမျက်ရည် ကိုသမီးလေး မမြင်စေရ ။ ကျွန်မ တို့ ခံစားနေရတဲ့သောကတွေ
သမီးလေးဆီမကူးစက်စေရ ။ ကိုကျော်စွာဆိုတဲ့ အိမ်ထောင်ဦးစီးကိုထောင်ထဲထ ည့်ထားပေမယ့်သူ့မယားနဲ့သူ့သ မီးလေးဟာဘ၀ပျက်မသွားပါလားဆိုတဲ့သတင်း စကားမျိုးကိုပဲသူတို့ဆီ ရောက်စေချင်တာပါ ။ သူတို့လေ ငါနဲ့မတူရင် ငါ့ရန်သူလို့ သတ်မှတ်ကြသူတို့ ။
ပြီးတော့ သူယုံကြည်ရာ၊ကျွန်မလည်းယြုံ ကည်ရာ အို…တစ်နိုင်ငံလုံးယုံကြည်ရာအလုပ်ကို လုပ်နေတဲ့ကျွန်မ ယောက်ျား ။ စနစ်ဆိုးကြောင့်ကျွန်မတို့ခွဲနေရပေမယ့်
နိုင်ငံရဲ့အနာဂါတ်အတွက် မျိုးဆက်တစ်ဆက်တော့စတေး ရမှာပဲ ။ ဒါပေမယ့်
သမီးလေးကို ရှင်းပြလို့ သူဘယ်နားလည်ပါ့မလဲ ။ ကလေးပီပီ သူများကလေးတွေ မိစုံ
ဖစုံနဲ့ သွားကြ လာကြတာမြင်ရင် သူအားကျတယ် ။ မွေးလာကတည်းက ကိုယ့်အဖေကို “
ဖေဖေ ” လို့အခုထိခေါ်ခွင့် မရရှာတဲ့ သနားစရာကျွန်မ သမီးကလေး ။
ဒီလိုအဖြစ်တွေနဲ့ကြုံရမယ်ဆိုတာကြိုသိခဲ့မယ်ဆိုရင်
၁၉၈၅ မှာဆယ်တန်းအောင်ခဲ့တဲ့ ကျွန်မရန်ကုန်တက္က သိုလ်ကိုမတက်ပဲ
ကိုယ့်မြို့မှာအိုးမကွာ အိမ်မကွာ မူလတန်းပြဆရာမပဲလုပ်ခဲ့မိမှာပါ
။ ကျွန်မတို့အောင်တဲ့နှစ်က များဆို အလုပ်တွေပေါလိုက်တာမှ
လျှောက်လွှာတင်သူတိုင်း အလုပ်ရတဲ့ မူလတန်းပြဆရာမအလုပ် အဝေးဆုံး သွားရလှ
စက်ဘီးနဲ့ နာရီဝက်လောက်ပဲနင်းရတဲ့ ဒေးဒနောရွာလောက် ၊ တော်ခရမ်းလေးရွာတို့
ကျွန်းချောင်းရွာ တို့လောက်မှာကို ရတယ်။ ကံကောင်းရင်
ကွမ်းခြံကုန်းမြို့ပေါ်ကမူလတ န်းကျောင်းတွေမှာတောင်ရနိုင်သေးတာ။ ပြီးတော့ မြို့နယ်တရားရုံးမှာလည်း ရှေ့ဖတ်စာရေးတစ်နေရာအတွက် လူလိုနေတယ်တဲ့ ။ ကုန်သွယ်ရေးရုံးနဲ့ မြို့နယ်သမ၀ါယမအသင်းတွေမှာလ ည်း အောက်တန်းစာရေးနေရာတွေခေါ်မယ်တဲ့ ။ အမျိုးတွေကလည်းအကြံ ပေးကြတာပေါ့လေ အလုပ်တစ်ဖက်နဲ့စာပေးစာယူလေး တက်ပြီးဘွဲ့ယူလည်းရတာပဲပေါ့ ဒါပေမယ့်ကျွန်မအဖေရဲ့ ဆုံးဖြတ်ချက်ကတော့ အမျိုးတွေနဲ့ဆန်ကျင်စွာပါပဲ ။ တက္ကသိုလ်ဆက်တက်ရမယ်တဲ့ ။ ပထမတော့ကျွန်မလည်း အဖေ့ကို စောဒက တက်မိပါသေးတယ် အမှတ်မှမကောင်းပဲ အဖေရယ် အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တစ်ခုခု တက်ဖို့အမှတ်မမှီမယ့် အတူတူတော့စာပေးစာယူပဲတက်ပါေ တာ့မယ် ။ အိမ်မှာလည်း သိပ်အဆင်ပြေ တာမဟုတ်တော့ သမီးအလုပ်လုပ်ပါ့မယ်လို့ ။
“မရဘူး သမီးကျောင်းဆက်တက်ရမယ်” တဲ့ ။ ကျွန်မအဖေရဲ့မိဘမေတ္တာတွေထုံ မွှမ်းနေတဲ့ တစ်ချက်လွှတ် အမိန့်ပါပဲ “ဆယ်တန်းအောင်လက်မှတ်နဲ့ သမီးအလုပ်လုပ်တော့ရော လစာကဘယ်လောက်ရမှာမို့လို့လည်း
အဖေတို့ ဒိထက်ပို မဆင်းရဲတော့ပါဘူးသမီးရယ် ကျောင်းဆက်တက်ပါ ။ နင့်အမေရော အဖေရော တက္ကသိုလ် ဆိုတာ မရောက်ဖူးခဲ့ပါဘူး အဖေတို့ခြေမချခဲ့ရတဲ့တက္ကသို လ်မြေကို ငါ့သမီးကိုပို့မယ် စိတ်ဖြောင့်ဖြောင့်တက်ပါ သမီးရယ် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေ ၀င်ခွင့်မရပေမယ့် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်ရောက်လည်း စာကျိုး စားရင် တက္ကသိုလ်မှာဆရာမပြန်လုပ်နို င်တာပဲ ငါ့သမီးကြိုးစားပေါ့ အလုပ်ကတစ်သက်လုံးလုပ်ရမှာ ကျောင်းနေ ရမယ့်အရွယ်မှာကျောင်းပဲတက်ပါအဖေထားနိုင်ပါတယ် ” ကျွန်မအဖေ့အစီအမံကိုမငြင်းေ တာ့ပါဘူး ။ နှစ်ခါပြော စရာမလိုပဲခေါင်းငြိမ့်ရလောက်အောင်ခိုင်မာတဲ့ကျွန်မရဲ့ေ နာက်ထပ်အကြောင်းတစ်ခုကတော့ကျွန်မရဲ့ငယ်ကျွမ်း ဆွေကလည်း ကျောင်းဆက်တက်မယ်ဆိုတဲ့ သတင်းကြောင့်ပါပဲ ။
ကျွန်မတို့မြို့မှာတော့ ကျော်စွာတို့မိသားစုက သူဌေးစာရင်းဝင်တွေပေါ့ တစ်ဦးတည်းသောသားလည်းဖြစ် တာမို့ ဆယ်တန်းအောင်ရင်ကျောင်းဆက်တ က်မှာ ဆိုတာစာမေးပွဲမဖြေခင်ကတည်းက ကြွေးကျော်ထားတာ လေ ။ အဲ့ဒါနဲ့ပဲ ကျွန်မတို့နှစ်ယောက် မြကျွန်းညိုညိုတက္ကသိုလ်နယ်ေ မြကိုခြေချခွင့်ရခဲ့ပါတယ်
။ အဲ့ဒီတုန်းက ရန်ကုန်မှာပထမနှစ် ဒုတိယနှစ်တွေက မိန်းထဲမှာမတက်ရဘူး RC -
1,RC – 2,RC- 3 လို့ခေါ်တဲ့ဗိုလ်တထောင်၊ လှိုင် ၊ ကြည့်မြင်တိုင်
ဆိုတဲ့နယ်မြေတွေမှာတက်ရတာ ။ တတိယနှစ်ရောက်မှ မိန်းလို့ခေါ်တဲ့
ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံ တက္ကသိုလ်( ပင်မ )ကိုတက်ရတယ် ။
ပထမနှစ်နဲ့ဒုတိယနှစ်ကာလတွေအ ထိကတော့
ကျွန်မတို့နှစ်ယောက်သား ဘ၀ဟာ သာသာယာယာပါပဲ ။ တိုင်းပြည်ကလည်း
မလှုပ်သေးပါဘူး ။ ကျောင်းတက်ရ သူငယ်ချင်းတွေနဲ့လည် ရ
၊ကျော်စွာနဲ့လည်းနေ့တိုင်းေ တွ့ရပျော်စရာကောင်းလေစွ ။ ၁၉၈၈ ပညာသင်နှစ်မှာတော့ ကျွန်မတို့တတိယနှစ် သမားတွေ မိန်းထဲသွားတက်ရပါတော့တယ် ။
ကျွန်မတို့နှစ်ဦးရဲ့ဘ၀တစ်ဆ စ်ချိုး ပြီးတော့ ကျွန်မတို့မြန်မာပြည်ကြီးရဲ့ ကံကြမ္မာတစ်ဆစ်ချိုးလို့ပြောလို့ရတဲ့ ၈ လေးလုံးအရေးတော်ပုံကြီးဖြစ် တော့ ကျော်စွာနဲ့ ကျွန်မတို့ တတိယနှစ်ရဲ့ပထမနှစ်ဝက်စာမေးပွဲဖြေခါနီး အချိန် မှတ်မှတ်ရရ မတ်လဆန်း စာမေးပွဲဖြေပြီးတာနဲ့ ဧပြီတစ်လလုံးကျောင်းပိတ်တော့ မှာ။
ဒါပေမယ့်ကျောင်းတွေရက် အကန့်အသတ်မရှိပိတ်လိုက်တဲ့ အတွက်အဆောင်တွေမှာလည်း
နေလို့မရတော့ဘူး ။ နယ်ကျောင်းသားတွေ အားလုံး အထုတ်ပိုက်ပြီး
ကိုယ့်မြို့ကိုယ်ပြန်ကြရတော့ တယ်။ ကျွန်မကိုအိမ်ကစိတ်ပူလို့လိုက်ခေါ်သလို ကျော်စွာ့ ကိုလည်း သူ့ အဖေကိုယ်တိုင်လာခေါ်သွားခဲ့တ ယ် ။
ဒါပေမယ့်ကျော်စွာတစ်ယောက် ရန်ကုန်ကိုမကြာခဏသွားနေလေရဲ့ သူပြောတာတော့
ဒီမိုကရေစီ ရအောင် တောင်းကြမှာတဲ့ ။ သူ့ကို ပြန်မေးရတယ်
ဒီမိုကရေစီဆိုတာဘာလဲလို့ ။ ကျွန်မက အခုမှကြားဖူးတာလေ ။ မသိ တာလည်း
ခတ်ကောင်းကောင်းပါပဲ ကျွန်မကကြောက်တတ်တယ် ။ ၈ လေးလုံးအရေးအခင်းကြီးမှာ
ဆန္ဒပြပွဲ တွေ လိုက်ဖို့ဝေးလို့ ချီတက်ဆန္ဒပြကြတဲ့အသံတွေကြား ရင်ကိုကြက်သီးမွှေးညှင်းထရလောက်အောင် ကြောက် တတ်တဲ့ ကျွန်မ နဲ့ ဆန့်ကျင်စွာကျွန်မချစ်သူ ကိုကျော်စွာကတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ ဝင်တစ်ဦး
တဲ့လေ ။ သူလုပ်နေတဲ့အလုပ်တွေ ကျွန်မ မသိသလို သူကလည်းပြောမပြပါဘူး ။
ကျွန်မသိထားတာကတော့ ရန်ကုန်ကို သူ ခဏ ခဏ သွားတယ်ဆိုတာပါပဲ ။
တစ်ရက်တော့ကျော်စွာ့ အိမ်ကကျွန်မကို ခဏတွေ့ချင်တယ်ဆိုတာနဲ့ ကျော်စွာ့မိဘတွေရှေ့ကျွန်မေ ရာက်
သွားခဲ့ရတယ် ။ ကျော်စွာ့ ကိုအိမ်ထောင်ချပေးတော့မယ် သမီးနဲ့ကျော်စွာ
ချစ်နေကြတယ်ဆိုတာဟုတ်လား သမီးသဘောကရော ဘယ်လိုလဲတဲ့ ။ ကျွန်မလည်း
မငြင်းသာတော့တာနဲ့ ကျောင်းပြီးမှ သမီးတို့လက်ထပ်မှာပါ ဆိုတော့ ကျောင်းတွေက
ဘယ်တော့မှ ပြန်ဖွင့်မယ်မှန်းမသိလို့ဒီ ၀ါကျွတ်ရင် မင်္ဂလာဆောင်ပေးမယ် သမီးအိမ်ကို လည်းပြောပြပါလူကြီးစုံရာနဲ့ လာတောင်းပါ့မယ်နေ့ကောင်းရက် သာရွေးပြီးအမြန်ဆုံးမင်္ဂလာဆောင်ပေးပါရစေ တဲ့ အိမ်မှာကျော်စွာ ရှိမနေတဲ့အချိန် ကျွန်မကိုအဲ့လိုခေါ်ပြောတော့ ကျွန်မမှာအံ့သြ ၀မ်းသာဘာပြောရမှန်းကိုမသိခဲ့ ။ သူ နဲ့ တွေ့လို့ပြောပြတော့မှ သူနိုင်ငံရေးလုပ်နေတာ ခြေငြိမ်သွားအောင် အိမ်ထောင်ချပေးဖို့စီစဉ်တာတဲ့လေ ။
ဘယ်လောက်များချစ်ဖို့ ကောင်းလိုက်တဲ့ ကျွန်မချစ်သူလဲရှင် “ မောင် က အသက်နဲ့မြန်မြန် အတူနေရမှာမို့ ခေါင်းငြှိမ့်လိုက်တာနော် မဟုတ်ရင် မောင့် အလုပ်တွေ အနှောက်အယှက်ဖြစ်မယ့်ကိစ္စ ဘာမှမစဉ်းစားဘူး” တဲ့ လေ ။ အဲ့ဒီလိုနဲ့ပဲ သင်္ချာတတိယနှစ်ကျောင်းသား မောင်ကျော်စွာနဲ့ ဥပဒေတတိယနှစ်ကျောင်းသူကျွန် မ မသက် သက်ဆွေတို့ ပညာတစ်ပိုင်းတစ်စနဲ့အိမ်ထော င်ကျခဲ့ကြပါတယ်
။ ကျောင်းတွေပြန်ဖွင့်တော့ သမီး ကိုယ် ၀န်၂လ လောက်ဖြစ်နေပြီမို့ ကျွန်မ
ကျောင်းဆက်မတက်ဖြစ်ခဲ့သလို မောင်လည်းမတက်ဖြစ်တော့ဘူး ။ ကိုယ့်မြို့ မှာပဲ
နှစ်ယောက်သား မောင့်မိဘတွေရဲ့စီးပွားရေြး ဖစ်တဲ့ဈေးထဲကကုန်မာဆိုင်မှာ ၀ိုင်းကူရင်း ဈေးသည်ဘ၀ခံယူ လိုက် ကြတော့တယ် ။ ဒါပေမယ့် တခါတလေရန်ကုန်က မောင့်သူငယ်ချင်းတွေလာတဲ့အခါ
ဒေးဒရဲတို့ဖျာပုံတို့ လိုမြို့တွေဆီ မောင် လိုက်သွားတတ်တယ် ။ မောင် တို့
ဘာသွားလုပ်ကြတာလဲဟင် လို့မေးတိုင်း မသိချင်ပါနဲ့ သက်ရယ် သိရင်
သက်အတွက်အန္တရာယ်များလို့ပါ ဆိုတဲ့အတွက် ရိပ်မိပေမယ့် ကျွန်မ မမေးတော့ပါဘူး ။
မထင်ခဲ့ပါဘူးကွယ် ဒီမိုကရေစီအရေးလှုပ်ရှားသူကို ခြေထိပ်လက်ထိပ်တွေခတ်ဖမ်းခေါ်သွားပြီး သူနေတဲ့ အိမ်ကို သူပုန်စခန်းဝင်စီးသလိုကြမ်း တမ်းစွာလှန်လှောရှာဖွေကြတဲ့ ထောက်လှမ်းရေးတွေဟာ ကိုယ့်နိုင်ငံသား မြန်မာလူမျိုးတွေရောဟုတ်ပါရဲ့လား လို့တအံ့တသြကြည့်ယူရတဲ့အထိပါပဲ ။ ဘုရားခန်းအထိ ဖိနပ်မချွတ်ပဲတက် ရဲတဲ့ ရိုင်းစိုင်းမှုတွေကို ကျွန်မဘယ်လိုမှသည်းမခံနိုင် တော့တဲ့အထိပါပဲ
။ ကျော်စွာတို့ အဖွဲ့ရဲ့အင်မတန်ပိရိသေ သပ်မှုကြောင့်
သူတို့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှရှာမတွေ့တဲ့အခါ
အိမ်ရဲ့ဧည့်ခန်းမှာရှေးပဝေသ ဏီထဲက ချိတ်ထားတဲ့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံနဲ့  ကျွန်မတို့အိပ်ခန်းထဲက ဒေါ် အောင်ဆန်းစုကြည်ရဲ့ဓါတ်ပုံကို ဖြုတ်ခိုင်းပါတော့တယ် ။ ကျွန်မရဲ့မခံချင်စိတ်ဟာအကြောက်တရားကို မောင်း ထုတ်လိုက်တော့တယ် “ ဒီဓါတ်ပုံတွေ ချိတ်တာဘာပြစ်မှုမြောက်နေလို့လဲ ဘယ်ဥပဒေနဲ့တားထားလဲ ပြောပါ ဥပဒေနဲ့မညီတဲ့ အလုပ်မျိုး ကျွန်မတို့အိမ်မှာဘာမှမလုပ် ဘူး ” ။
ဗိုက်ဖုံးအင်္ကျီတကားကားနဲ ဥပဒေစကားပြောလာတဲ့ကျွန်မကို အဖွဲ့ခေါင်းဆောင်လို့ထင်ရသူ တစ်ယောက်က “ ညီမက ကျော်စွာ့ဇနီးလား ဥပဒေတော့မရှိပါဘူး ဒါပေမယ့် လက်ရှိအခြေအနေမှာဒီပုံတွေလူ မြင်ကွင်းမှာ ချိတ် ထားတာမကောင်းဘူး မင်းတို့အတွက်ပြောတာပါ အကိုတို့က တာဝန်အရပြောရတာပါ ”
“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဓါတ်ပုံထဲကပုဂ္ဂိုလ်တွေကသူပုန်တွေမှမဟုတ်ပဲ တိုင်းပြည်ရဲ့ကျေးဇူးရှင်တွေလေ ပြီးတော့ဒါကျွန်မအိမ် ကျွန်မပိုင်တဲ့ပရ၀ုဏ်မှာကျွ န်မချိတ်တာ သူတို့ပုံတွေချိတ်လို့ဖမ်းမ ယ်ဆို ကျွန်မလိုက်မယ် ”
ပုခုံးပေါ်မှာ ရွှေရောင်အပွင့်တွေ ဆင်မြန်းထားပေမယ့်အရောင်မထွ က်တဲ့ ခပ်မွဲမွဲမျက်နှာနဲ့ ယူနီဖောင်းဝတ်တစ် ယောက်က ကျွန်မကို မိုက်ကြည့်ကြည့်နေလေရဲ့ကျွန်မလည်း
သူ့ကို သူ့လိုပဲ ပြန်ကြည့်လိုက်တယ် ။ ဘာ ကြောက်စရာလိုလဲ
မတရားသူတွေအုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ မတရားကျင့်ခံနေရတာက ကျွန်မတို့လေ ။
ကျွန်မကို ဘာမှပြန်မပြောတော့ပဲ သူတို့စိတ်ကြိုက် မွှေနှောက်ပြီးတဲ့နောက်မှာ ပြန်သွားကြပါတော့တယ် ။ လပေါင်းများစွာ မောင့် သတင်းကိုမကြားခဲ့ရဘူး ။ ဘယ်ကိုခေါ်သွားလို့ မောင် ဘာဖြစ်နေလဲ ကျွန်မသိပ်သိချင် လို့ စုံစမ်းပေမယ့် ဘယ်လိုမှ မသိခဲ့ရဘူး ။ တစ်ရက်တော့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ သတင်း
ထဲမှာ မောင်တို့ သူငယ်ချင်းတွေရဲ့ပုံတွေ ပါလာပါတော့တယ် ။ ဗကပ
ယူဂျီတွေတဲ့လေ ။ လုပ်ကြံသတင်းနဲ့ လူထုကိုလှည့်စား တဲ့
သတင်းစာမရှင်းလင်းပွဲမှန်း တစ်မြို့လုံးသိတာပေါ့ ။ ကျွန်မ တို့အိမ်မှာ
ဗှိုလ်ချုပ်ပုံနဲ့ အမေစုပုံပဲ သူတို့တွေ့ သွားတာလေ အဲဒါကို ကျော်စွာက
ဗကပယူဂျီလုပ်နေတာပါဆိုတော့ ပေ ဖြစ်နေတဲ့ဘ၀မို့ ထုချင်သလိုသာထု ကြပါတော့
သူတို့တောင်ထုရဲသေးရင် ကျွန်မတို့လည်းခံရဲပါတယ် ၀ဋ် ဆိုတာ ယုံသူကိုဖြစ်စေ
မယုံသူကိုဖြစ်စေ အချိန်ကျလာရင် အကျိုးပေးပါလိမ့်မယ် အလှည့်ကျရင်တော့
မနွဲ့စတမ်းပေါ့ ။
ကြုံလာသမျှလောကဒါဏ်ကို ကျွန်မ ကတင်းခံနိုင်ပါတယ် ။ မခံနိုင်တာက ကျွန်မယောက္ခမ ကျော်စွာ့အမေ ။ ကျော်စွာ့ ကိုဖမ်းသွားကတည်းက သားစိတ်နဲ့ တရှောင်ရှောင်ဖြစ်နေတဲ့သူ့ကို
ကျွန်မ မကြည့်ရက်လို့ ဗိုက်ကြီးတ ပြဲပြဲနဲ့ မောင့် သတင်းကိုစုံစမ်းရတယ် ။
အင်းစိန်ထောင်ထဲမှာပဲ တိုက်ပိတ်ထားသလိုလို ။ ရေကြည်အိုင်မှာပဲ စစ်
နေသလိုလို ၊ မန္တလေးအိုးဘိုထောင်ကိုပဲပြောင်းလိုက်သလိုလို။ဘယ်ကမှသတင်းအစအနမရတဲ့နောက်မှာတော့
နဂိုကအခံရှိတဲ့ နှလုံးရောဂါဖိစီးပြီး အိပ်ယာထဲလဲသွားတဲ့ သူ့အမေဟာ
သားစိတ်နဲ့ သားကိုမျှော်ရင်းလောကကြီး ထဲက အပြီးထွက်သွားရတဲ့ အထိပါပဲ ။
သူသိပ်ချစ်တဲ့ သူ့အမေသတင်းကိုပြောပြချင်တာ တောင် သူကဘယ်ဆီ ရောက်နေမှန်း ကျွန်မ မသိ ။ သူ့မှာသူနဲ့သိပ်တူတဲ့ သမီးလေးလောကထဲ ရောက်လာပြီဆိုတာတောင် သူမသိ ။
ကျွန်မယောက်ျား ဘယ်ရောက်နေတယ်ဆိုတာ ကျွန်မသိသိခြင်းတွေ့ချင်ဇော နဲ့ တောင်ကြီးသွားတဲ့ကားပေါ် တက်လိုက်လာခဲ့ပေမယ့် ငါ တစ်ယောက်ထဲဆိုတဲ့စိတ်နဲ့တစ် လမ်းလုံးစိုးရိမ်စိတ်ကြီး ဖိစီးလို့ပေါ့ ။ တောင်ကြီးမြို့ ဆိုတာ ကျွန်မ တစ်ခါမှမရောက်ဖူးတဲ့မြို့လေ
။ မောင်နဲ့ ခဏလေးတွေ့ရတဲ့ထောင်ဝင်စာ အချိန်မှာကျွန်မ မျက် ရည်က
လွဲလို့ဘာဆိုဘာမှ ကျွန်မ မပြောနိုင်ခဲ့ဘူး ။ ၂ နှစ်အတွင်းအရွယ်နဲ့မလိုက်
အိုစာသွားတဲ့ မောင့် မျက်နှာ ကိုပဲ ကျွန်မ အငမ်းမရကြည့်နေမိတာလေ ။ သမီးလေး
လို့သူ သိသွားလို့ပျော်သွားတဲ့ သူ့မျက်လုံးတွေကို သနား တာနဲ့ပဲ
သူ့အမေသတင်းကို ကျွန်မ ထိန်ချန်ထားခဲ့တယ် ။ အပြင်က သောကတွေ
မသိချင်ပါနဲ့မောင်ရယ် ။ အဖေလည်း နေကောင်းတယ် အမေလည်းနေကောင်းတယ် သက်တို့
ဆိုင်လည်းရောင်းကောင်းတယ်မောင်ရဲ့။ မောင်ဘာမှမပူနဲ့မောင်နေကောင်းအောင်သာနေ
။ ဟုတ်ပြီလား ။ ကျွန်မအတွက် မောင် ရှိမှဖြစ်မှာမို့ အသက် ဆက်ရှင်ပေးပါ။
အသက်နဲ့ခန္ဒာမြဲလျှက် သက် တို့သားအမိဆီမောင်ပြန်ခဲ့ပါ လို့ မှာတော့ မောင်ခေါင်းညိမ့်တယ် မောင့်မှာလည်း မျက်ရည်တွေနဲ့ ။
မပြောရက်ဘူး ပြောမထွက်ဘူးမောင် ။ တကယ့်အဖြစ်မှန်က မောင့်အမေဆုံးသွားပြီ ။ မောင့်အဖေက ကိုယ် တစ်ခြမ်းလေဖြန်းထားလို့ လမ်းကောင်း ကောင်းမလျှောက်နိုင်တော့ဘူး ။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တွေကို စစ်အာဏာရှင်တွေက ကျူပင်ခုတ် ကျူငုတ်မကျန်အောင်စနစ်တကျနှိပ်ကွပ်နေချိန်မှာ
ကိုကျော်စွာ့မိန်းမ ကိုယ်တိုင် ထိုင်ရောင်းနေတဲ့ ဆိုင်မှာကြိတ်ကြိတ်တိုး
ဝယ်ယူအားပေး ရဲလောက်အောင် ကျွန်မတို့ မြို့သားတွေ သတ္တိမကောင်းပါဘူးမောင်ရယ်
။ ဆိုင်ရှေ့ကဖြတ်လျှောက်သွားလို့ လှမ်းနှုတ်မဆက်ရဲတဲ့သူတွေအထဲမှာ ကိုယ့် ဆွေမျိုးတွေ သိပ်ခင်တဲ့သူငယ်ချင်းတွေပါတ ယ်ဆိုရင် မောင်ယုံပါ့မလား ။ တကယ်ပြောတာမောင်ရဲ့စစ်ထောက် လှမ်းရေးတွေရဲ့မျက်ခြေမပြတ် ကြည့်နေတဲ့ မြင်ကွင်းတွေအောက် ဘယ်သူမှ ရောက်မလာရဲတော့ဘူးလေ ။
အဲဒီတော့ ဈေးရောင်းမကောင်းဘူးပေါ့ကွ ယ် ။ မောင့်အမေ စပြီးမမာကတည်းက နာရေးကိစ္စပြီးသည်အထိ စရိတ်၊အဖေ့ဆေးဘိုး၊ကျွန်မ မီးဖွားစရိတ်၊နေ့စဉ်အိမ်စရိ တ် အဲ့ဒါတွေအားလုံးကို သုံးနှစ်အတွင်းစာရင်ချုပ်လိုက်
တော့ ကျွန်မတို့ရဲ့၃ ခန်းတွဲ ဈေးဆိုင်ကြီးက ၁ ခန်းပဲကျန်တော့တယ် မောင် ။
အဲ့ဒီကျန်တဲ့ ဆယ်ပေပတ်လည် ဆိုင်လေးနဲ့ သက်တို့ ထမင်းစားနေကြတယ် ဆိုတာ
မောင့်ကိုပြောမပြခဲ့ဘူး ။ စိတ်ပူခြင်းတွေနဲ့ မောင် သောက ဖြစ်ကျန်ခဲ့မှာ သက်
မလိုလားဘူးမောင် ။ မောင့်မိန်းမသတ္တိကောင်းပါတယ် မောင်ရဲ့မပူပါနဲ့ ။ ကျွန်မယောက်ျား ထောင်ထဲရောက်နေတာ ကိုယ်ကျင့်တရားဖောက်ပြားလို့ 
မဟုတ်ဘူး ။ အမှန်တရားကို နားခါးသူတွေ လက်ထဲ အာဏာရောက်နေလို့ ဖြစ်ရတာ
တနေ့အမှန်တရား ကအနိုင်ရမှာ မလွဲဧကန်ပဲ ။ အဲဒီနေ့ ကျွန်မတို့မိသားစု ပျော်
ရွှင်စွာပြန်ဆုံကြရမယ့် နေ့ ။ အဲဒီနေ့ကို သက် လက်ချိုးစောင့်နေပါ့မယ်
မောင်ရယ်…။
ဒီနေ့ဝါဆိုလပြည့်နေ့ ။ ကျော်စွာတို့မိသားစုရဲ့နှစ် စဉ်လုပ်နေကျဝါဆိုသင်္ကန်းကပ်အ လှူ
။ အမေ ရှိစဉ် မောင် လည်းရှိချိန်တုန်းကများ ဒီအိမ်မှာအလှူဟေ့ဆိုရင်
တနယ်လုံးကအမျိုးတွေဆုံကြ စကားတွေပြောကြ ၀ိုင်းလုပ် ကြကိုင်ကြနဲ့
သူစိမ်းတွေတိုးမပေါက်တဲ့ ပွဲပေါ့ ။ အခုများတော့ ပင့်သံဃာ ငါးပါးနဲ့
အိမ်နီးနားချင်း တွေ ပဲ လာရဲ တဲ့ အလှူ ဆိုတော့ ဧည့်ခန်းတောင်လူမပြည့်
။ဈေးလည်းပိတ်ရက် အလှူကလည်း ၀ါဆိုသင်္ကန်း ကိုအဓိကထား လှူတာမို့ ကျွန်မ
ကျွမ်းကျင်တဲ့ အုန်းနို့ခေါက်ဆွဲပဲကိုယ်တိုင်ချက်လှူလိုက်တော့တယ် ။ မနေ့ကတည်းက အန်တီ လုံးနဲ့ နှစ်ယောက်သားချက်တော့လည်းကိုယ်
။ ဘုန်းကြီးကပ် လူတွေဧည့်ခံ ပြီးတော့ဆေးကျော သိမ်းဆည်းကြ တော့လည်း ကိုယ် ။
အလှူလည်းပြီးရော လူလည်း ဟိုက်သွားပါလေရော ။ သမီးနဲ့အတူ နှစ်ယောက်သားရေမိုး
ချိုးပြီး တရေးတမောအိပ်ဖို့ အိပ်ယာပေါ်ရောက်တော့ နေ့လည်၂
နာရီတောင်ထိုးနေပြီ ။ သမီးကိုလည်း သိပ်ရင်း ကိုယ်ပါ အိပ်ပျော်သွားတော့တယ် ။
မိုးသံလေသံတွေနဲ့အတူကျွန်မလ န့်နိုးတော့ အပြင်မှာမှောင်စပြုနေပြီ ညနေ ၅ နာရီဆိုပေမယ့် ညနေစောင်း တာနဲ့ မိုးမှောင်တာရောနေပြီထင်ပါရဲ့။ အေးလေ ဒီနှစ်ဝါထပ်လို့ ထင်ပါရဲ့မိုးဦးကောင်းလိုက် တာဆိုတာ
ရွာလိုက် တဲ့မိုး အခုလည်းကြည့်သဲကြီး မဲကြီး ။ ကျွန်မလည်း အိပ်ယာထဲမှာ
ဆက်ကွေးမနေတော့ပဲ အပြင်ထွက်လာ တော့ အန်တီလုံးတစ်ယောက်တည်း TV
ရှေ့မှာမော့လို့ ။
“ အန်တီလုံး သမီးရော ”
“ ရှိတယ်လေ အခုပဲ ငါထမင်းကျွေးပြီးတာ အပေါ်ထပ်သူ့အဖိုးဆီတက်သွားတာ ပဲ”
မိုးအေးတော့ ကျွန်မလည်း အနွေး ထည်ဝတ်ရင်းသမီးအတွက်ပါ ဆွယ်တာလေးယူလေးယူပြီးအပေါ်ထပ်တက် လာခဲ့တယ် ။ သမီးကိုမတွေ့ဘုရားစင်ရှေ့မှာတရားမှတ်နေတဲ့ အဖေတစ်ယောက်တည်းတွေ့တာနဲ့ အောက်ထပ် ပြန်ဆင်းပြီး အိမ်နောက်ဖက် မီးဖိုထဲဝင်ကြည့်တော့လည်းမရှိ ဟယ်…ဒီကလေးဘယ်ရောက်နေလဲ ။
“ လုံလုံး…သမီးကိုမတွေ့ဘူးနော်..ဘယ်သူခေါ်သွားလဲ ”
“ ဟဲ့…ရှိပါတယ်…ခုလေးတင်ဒီနား ရစ်သီရစ်သီလုပ်နေတာ ခေါင်းရင်းအိမ်များသွားဆော့ နေလား နေပါဦး ငါသွား ကြည့်လိုက်ပါ့မယ်”
အန်တီလုံး ထီးတစ်ချောင်းနဲ့ခေါင်းရင်း အိမ်ဘက်ထွက်သွားတုန်း ကျွန်မလည်း အိမ်သာထဲတွေ အိပ်ခန်းထဲတွေ နောက်ဖေးထင်းစင်ထဲအထိရှာတာနှံ့နေပြီမတွေ့
သမီးရေ မီးမီးရေ နဲ့ခေါ်ရင်းကျွန်မ မောလာပြီ ။ စိတ်တွေလည်း ပူလာပြီ ။
လုပ်ကြပါဦး ကျွန်မသမီးလေး ဘယ်ရောက်နေလဲ ။ ဘာကြောင့် ဒီလောက်တိတ်ဆိတ်နေတာလဲ
။ အပြင်မှာမိုးကလည်း သဲကြီး မဲကြီး ။ ချောင်ထဲများရေဆင်းဆော့သလား မဖြစ်နိုင် ဒီကလေး တစ်ယောက်ထဲ ချောင်းထဲသွားစရာအကြောင်းမရှိ ။ ရေတွင်းနားများသွားဆော့ရင်း …ပြုတ်ကျသလား ။ ဟင့်အင်း မကျနိုင်ဘူး ရေတွင်းဘောင်က လူကြီးတောင်ခါးလောက်ရှိတာ ဒီ ၃ နှစ်ကလေးလေး မတက်နိုင် ။
ကျွန်မ ရင်တွေပူစ ပြုလာပြီ ။ အိမ်ထဲဝင် အိမ်ပေါ်ထပ်ပြန်တက်လာတော့ အဖေက အိပ်ယာထဲလှဲနေတာနဲ့ ။ အဖေ အဖေ့မြေးတွေ့မိလားဆိုတော့ လာတယ်လေသမီးရဲ့ကျော်စွာ့အြေ ကာင်းတွေ လာမေးနေတာနဲ့ စိတ်ကျေ နပ်အောင် ငါ့မြေးလေးကိုဖေဖေကြီးကလည်း လွမ်းလို့ ပြန်လာတော့မှာလို့တောင်ပြော လိုက်သေးတယ်။ ကျွန်မ လိုက်ရှာနေတာတစ်အိမ်လုံးလည်း နှံ့နေပြီအဖေ အဖေ့မြေးကိုမတွေ့ဘူးဖြစ်နေလို့ ။ ကျွန်မ ပြောလည်းပြော လှေခါးကလည်းဆင်း အောက်ရောက်တော့ အန်တီလုံးလည်း အိမ်ထဲဝင်လာတယ် ။
“ မတွေ့ဘူး သက်သက်ရေ အနီးနားကအမျိုးတွေအိမ်လည်းမ လာဘူးတဲ့
ဘယ်မှတော့ အဝေးကြီးမသွားပါဘူး အခုတင်ရှိသေးတာ ပုန်းများနေလားရှာစမ်းဟယ်
နင် ဟိုနေ့က ၀ယ်လာတဲ့ မိုးကာအင်္ကျီအနီလေး ကောက်စွပ် လို့တောင်
ယူဆော့ပြီးနေရာတကျပြန်ထားနော် လို့ ငါပြောလိုက်သေးတယ် ညည်းသမီးက ဘာပြောတယ်ထင် လဲ မဆော့ပါဘူး လုံးလုံးရဲ့ဖေ့ဖေ့ကို သွားကြိုရင်းဝတ်ဖို့ပါတဲ့လေ မိုးတွေအရမ်းရွာရင် သူ့အဖေပြန်လာမှာဆိုပဲ ”
ကျွန်မ ရင်တွေတုန်သွားပါတော့တယ် အန်တီလုံးကိုဘာမှ ပြန်မပြောတော့ပဲ သူ့ ဆောင်းလက်စထီးကိုဆွဲလို့ ခြံအပြင်ကိုထွက်ခဲ့လိုက်တယ် ။ လမ်းထိပ်ကိုခပ်သွက်သွက်ဆက်ေ လျှာက်ရင် မိုးစက်တွေကြားထဲကနေအဝေး ကိုလှမ်းကြည့်လိုက်တော့ တွေ့ပါပြီလမ်းထိပ်ခရေပင်ကြီးနားဆီလောက်မှာ အနီစက်ကလေးတစ်စ ။ ဟုတ်ပါပြီ ကျွန်မ ထင်တဲ့အတိုင်းပါပဲ ။ ခရေပင်ကြီးဆီအပြေးတစ်ပိုင်း လျှောက်လိုက်တော့ အနီရောင်မိုးကာအင်္ကျီလေး ရယ် မိုးရေတွေစိုရွှဲလို့ ။ သမီးလေး လို့ခေါ်လိုက်တော့ကားဂိတ်ဘက် ဆီမျှော်နေတဲ့ မိုးကာအင်္ကျီအနီလေး ကျွန်မ ဘက်လှည့်လာတယ် ။ သမီးခေါင်းပေါ်ထီးမိုးပေးရင်း ဒူးမခိုင်တော့တဲ့ကျွန်မ မြေကြီးပေါ်ဒူးထောက်ကျရင်း သမီး မျက်နှာလေးကိုစေ့စေ့ကြည့်လိုက်တယ် ။ မျက်နှာပေါ်က မိုးစက်ကလေးတွေကို သုတ်ပေးရင်း
“ သမီးလေးရယ် မေမေ့ကို မပြောပဲဘာလို့တစ်ယောက်ထဲထွက်လာတာလဲ မိုးမိရင် ဖျားတတ်တယ်လေ ”
“မေမေ ကအိပ်ပျော်နေလို့ မီးမီးမပြောတာပါ မိုးတွေအရမ်းရွာတဲ့နေ့ရောက် ရင်
ဖေဖေပြန်လာမှာဆို အဲဒါကြောင့် ဖေဖေ့ ကိုလာစောင့်တာ မီးမီးဖေ့ဖေ့ကို
သိပ်တွေ့ချင်လို့ ပြီးတော့ မီးမီး လာမကြိုရင် ဖေဖေ ပြန်သွားမှာစိုးလို့ပါ”
“ သမီးလေးရယ် ” မိုးရေစိုနေတဲ့ မိုးကာအင်္ကျီအနီလေးနဲ့သမီး ကိုယ်လုံးလေးကို ကြုံးဖက်ရင်းမိုးရေထဲမှာ ကျွန်မ ငိုချလိုက်ပါတော့တယ် ။ ကယ်သူမဲ့နေတဲ့ ကျွန်မတို့ ရဲ့ဘ၀ကို သနားပါမိုးမင်းကြီးရယ် ။ သဲကြီး မဲကြီးရွာနေခြင်း တွေရပ်ပေးပါလား ။ မိုးတွေအရမ်းရွာတဲ့ နေ့တွေရောက်မှာ ကျွန်မကြောက်လိုက်တာ။ ။
ဂျေလှသင်
အိမ်အပြင်မှာတိုက်နေတဲ့ လေသံကိုနား ထောင်ရတာ မိုးရွာတော့မယ်ထင်ပါရဲ့ခြံထ
ရင်ခွင်ထဲမှာအိပ်နေတဲ့ သမီးလေးကိုစောင်လေး ပြင်ပတ်ပေးပြီးခပ်တင်းတင်းေ
“လာမှာပေါ့သမီးလေး ရဲ့”
“ ဘယ်တော့လဲ ဟင်”
မေးခွန်းတွေ ဆက်တိုက်လာတော့မှာ ကျွန်မသိနေတယ် ။ လက်ထဲကဆွဲခြင်းကို အန်တီလုံးလက်ထဲထည့်လိုက် ပြီး သမီးဘေးထိုင်ချလိုက်တယ် ။
“ အမေ့ သမီးလေးက ဖေဖေ့ကို အရမ်းလွမ်းနေပြီးလား ဖေဖေ ၀ယ်လာမယ့်မုန့်တွေကိုစားချင
“အမလေးတော် ပါးလေးကမွှေး လိုက်တာ ဒီပါးကွက် ကြီးက မွှေးလိုက်တာအေ” သမီးပါးနှစ်ဖက်ကို ဘယ်ပြန် ညာပြန်နမ်းရင်း သူ့အာရုံတွေကိုပြောင်း စေလိုက်တယ် ။ ဒါပေမယ့်ပြောင်းမသွားဘူး ။
“ မေမေ…. ဖေဖေ ပြန်လာမှာက ဘယ်တော့လဲ မီးမီး က ကျောင်းတက်ရတော့မှာလေ ဖေဖေရှိမှ ကျောင်းအပ် လို့ရမှာပေါ့ ” ဟယ်ဒီတခါမေးပုံက အဆန်းတော့် အရင်ဆို သူ့ဖအေ အကြောင်းသူမေး တိုင်း လာမှာပေါ့ သမီးရဲ့ လို့ကျွန်မဖြေလိုက်ရင်ပြီးသ
“ အော်…ဟုတ်သားပဲ အမေ့သမီးလေးက ကျောင်းတောင်တက်ရတော့မှာ မေမေ မေ့နေလိုက်တာ သမီးရယ် အန်တီလုံးရေ စောစောက ဆွဲခြင်းထဲမှာ မိုးကာအင်္ကျီလေးပါသွားတယ်ပေး
“ မေမေ့…အဲ့ဒါ ဘာအရောင်ခေါ်လဲ သမီးမှာရှိတဲ့ ဒေါက်ဖိနပ်လေး နဲ့အရောင်တူတူ ပဲနော်” ကဲ ဖအေကြီးရေ ရှင့်သမီး ရဲ့မှတ်ဥာဏ် ကောင်းချက်က ရှင့်အတိုင်းပါပဲလား ကြားစေချင်လိုက်တာ မောင်ရယ် ။
“ အနီရောင် လို့ခေါ်တယ် သမီးရဲ့”
“ ဖေဖေ က ဘယ်တော့ပြန်လာမှာလဲ မေမေ ” ဟယ်…ကျွန်မအတွေးကို သမီးများရိပ်မိသွားသလားမသိ ဒီမေး ခွန်းက ထပ်လာပြန်ပြီ ။
“ မိုးတွေ အများကြီးရွာတဲ့နေ့ရောက်ရင်
“ ဖေဖေ့ ကိုသွားကြိုတဲ့နေ့ ကျရင်ဒီ အနီရောင်မိုးကာအင်္ကျီလေးဝတ်သ
ကျွန်မ မျက်ရည်မကျမိအောင် အလွယ်ခေါင်းငြိမ့်ပြလိုက်ပြ
ပြီးတော့ သူယုံကြည်ရာ၊ကျွန်မလည်းယြုံ
ဒီလိုအဖြစ်တွေနဲ့ကြုံရမယ်ဆိ
“မရဘူး သမီးကျောင်းဆက်တက်ရမယ်” တဲ့ ။ ကျွန်မအဖေရဲ့မိဘမေတ္တာတွေထုံ
အဖေတို့ ဒိထက်ပို မဆင်းရဲတော့ပါဘူးသမီးရယ် ကျောင်းဆက်တက်ပါ ။ နင့်အမေရော အဖေရော တက္ကသိုလ် ဆိုတာ မရောက်ဖူးခဲ့ပါဘူး အဖေတို့ခြေမချခဲ့ရတဲ့တက္ကသို
ကျွန်မတို့မြို့မှာတော့ ကျော်စွာတို့မိသားစုက သူဌေးစာရင်းဝင်တွေပေါ့ တစ်ဦးတည်းသောသားလည်းဖြစ် တာမို့ ဆယ်တန်းအောင်ရင်ကျောင်းဆက်တ
ကျွန်မတို့နှစ်ဦးရဲ့ဘ၀တစ်ဆ
ဒါပေမယ့်ကျော်စွာတစ်ယောက် ရန်ကုန်ကိုမကြာခဏသွားနေလေရဲ
တစ်ရက်တော့ကျော်စွာ့ အိမ်ကကျွန်မကို ခဏတွေ့ချင်တယ်ဆိုတာနဲ့ ကျော်စွာ့မိဘတွေရှေ့ကျွန်မေ
ဘယ်လောက်များချစ်ဖို့ ကောင်းလိုက်တဲ့ ကျွန်မချစ်သူလဲရှင် “ မောင် က အသက်နဲ့မြန်မြန် အတူနေရမှာမို့ ခေါင်းငြှိမ့်လိုက်တာနော် မဟုတ်ရင် မောင့် အလုပ်တွေ အနှောက်အယှက်ဖြစ်မယ့်ကိစ္စ ဘာမှမစဉ်းစားဘူး” တဲ့ လေ ။ အဲ့ဒီလိုနဲ့ပဲ သင်္ချာတတိယနှစ်ကျောင်းသား မောင်ကျော်စွာနဲ့ ဥပဒေတတိယနှစ်ကျောင်းသူကျွန်
မထင်ခဲ့ပါဘူးကွယ် ဒီမိုကရေစီအရေးလှုပ်ရှားသူက
ဗိုက်ဖုံးအင်္ကျီတကားကားနဲ ဥပဒေစကားပြောလာတဲ့ကျွန်မကို
“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဓါတ်ပုံထဲကပ
ပုခုံးပေါ်မှာ ရွှေရောင်အပွင့်တွေ ဆင်မြန်းထားပေမယ့်အရောင်မထွ
ကျွန်မကို ဘာမှပြန်မပြောတော့ပဲ သူတို့စိတ်ကြိုက် မွှေနှောက်ပြီးတဲ့နောက်မှာ ပြန်သွားကြပါတော့တယ် ။ လပေါင်းများစွာ မောင့် သတင်းကိုမကြားခဲ့ရဘူး ။ ဘယ်ကိုခေါ်သွားလို့ မောင် ဘာဖြစ်နေလဲ ကျွန်မသိပ်သိချင် လို့ စုံစမ်းပေမယ့် ဘယ်လိုမှ မသိခဲ့ရဘူး ။ တစ်ရက်တော့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့
ကြုံလာသမျှလောကဒါဏ်ကို ကျွန်မ ကတင်းခံနိုင်ပါတယ် ။ မခံနိုင်တာက ကျွန်မယောက္ခမ ကျော်စွာ့အမေ ။ ကျော်စွာ့ ကိုဖမ်းသွားကတည်းက သားစိတ်နဲ့ တရှောင်ရှောင်ဖြစ်နေတဲ့သူ့က
ကျွန်မယောက်ျား ဘယ်ရောက်နေတယ်ဆိုတာ ကျွန်မသိသိခြင်းတွေ့ချင်ဇော
မပြောရက်ဘူး ပြောမထွက်ဘူးမောင် ။ တကယ့်အဖြစ်မှန်က မောင့်အမေဆုံးသွားပြီ ။ မောင့်အဖေက ကိုယ် တစ်ခြမ်းလေဖြန်းထားလို့ လမ်းကောင်း ကောင်းမလျှောက်နိုင်တော့ဘူး
အဲဒီတော့ ဈေးရောင်းမကောင်းဘူးပေါ့ကွ
ဒီနေ့ဝါဆိုလပြည့်နေ့ ။ ကျော်စွာတို့မိသားစုရဲ့နှစ်
မိုးသံလေသံတွေနဲ့အတူကျွန်မလ
“ အန်တီလုံး သမီးရော ”
“ ရှိတယ်လေ အခုပဲ ငါထမင်းကျွေးပြီးတာ အပေါ်ထပ်သူ့အဖိုးဆီတက်သွားတာ
မိုးအေးတော့ ကျွန်မလည်း အနွေး ထည်ဝတ်ရင်းသမီးအတွက်ပါ ဆွယ်တာလေးယူလေးယူပြီးအပေါ်ထပ
“ လုံလုံး…သမီးကိုမတွေ့ဘူးနော
“ ဟဲ့…ရှိပါတယ်…ခုလေးတင်ဒီနား
အန်တီလုံး ထီးတစ်ချောင်းနဲ့ခေါင်းရင်း
ကျွန်မ ရင်တွေပူစ ပြုလာပြီ ။ အိမ်ထဲဝင် အိမ်ပေါ်ထပ်ပြန်တက်လာတော့ အဖေက အိပ်ယာထဲလှဲနေတာနဲ့ ။ အဖေ အဖေ့မြေးတွေ့မိလားဆိုတော့ လာတယ်လေသမီးရဲ့ကျော်စွာ့အြေ
“ မတွေ့ဘူး သက်သက်ရေ အနီးနားကအမျိုးတွေအိမ်လည်းမ
ကျွန်မ ရင်တွေတုန်သွားပါတော့တယ် အန်တီလုံးကိုဘာမှ ပြန်မပြောတော့ပဲ သူ့ ဆောင်းလက်စထီးကိုဆွဲလို့ ခြံအပြင်ကိုထွက်ခဲ့လိုက်တယ်
“ သမီးလေးရယ် မေမေ့ကို မပြောပဲဘာလို့တစ်ယောက်ထဲထွက
“မေမေ ကအိပ်ပျော်နေလို့ မီးမီးမပြောတာပါ မိုးတွေအရမ်းရွာတဲ့နေ့ရောက်
“ သမီးလေးရယ် ” မိုးရေစိုနေတဲ့ မိုးကာအင်္ကျီအနီလေးနဲ့သမီး ကိုယ်လုံးလေးကို ကြုံးဖက်ရင်းမိုးရေထဲမှာ ကျွန်မ ငိုချလိုက်ပါတော့တယ် ။ ကယ်သူမဲ့နေတဲ့ ကျွန်မတို့ ရဲ့ဘ၀ကို သနားပါမိုးမင်းကြီးရယ် ။ သဲကြီး မဲကြီးရွာနေခြင်း တွေရပ်ပေးပါလား ။ မိုးတွေအရမ်းရွာတဲ့ နေ့တွေရောက်မှာ ကျွန်မကြောက်လိုက်တာ။ ။
ဂျေလှသင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။