Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 22, 2017

လူ့အသိုင်းအ၀ိုင်းကြား တရွေ့ရွေ့ ပျောက်ဆုံးလာနေသော လူသားဆန်မှု …!


“မလုပ်ပါနဲ့ရှင် … ကျွန်မကိုပဲ သတ်လိုက်ပါတော့…”
“သတ်စရာ မလိုဘူးလေ..အဘွားကို သနားလို့ ..နင်ခံ”
ဒီအသံတွေကတော့ နေအိမ်ထဲတွင် တစ်ဦးတည်းရှိနေသော အဘွားအိုထံမှ လက်ကောက်များကို လုယူရန်အတွက် အဘွားလည်ပင်းအား ဘောလ်ပင်ဖြင့် ထောက်၍ အနုကြမ်းစီး လုယက်သူဟုဆိုသူ အမျိုးသမီးအား ဖမ်းမိခဲ့သည်ကို ရိုက်ယူထားသော ဗီဒီယိုဖိုင်မှ အသံများပင်ဖြစ်သည်။
ယင်းဗီဒီယိုဖိုင်တွင် ပြစ်မှုကျူးလွန်သည်ဟုဆိုသော အမျိုးသမီးမှာ လူအများကြား ကြမ်းပြင်တွင် ကျုံ့ကျုံ့လေးထိုင်လျက်။ အင်္ကျီအဖြူရင်ဖုံးနှင့် လုံချည် (ယူနီဖောင်းကဲ့သို့) ၀တ်ဆင်ထားကာ အဆိုပါအမျိုးသမီး၏ အနောက်က ခုံပေါ်တွင်တော့ ရယ်မောနေသော အမျိုးသားတစ်ဦးနှင့် ဖုန်းကိုင်ထားသော အမျိုးသားတစ်ဦးမှာ ထိုင်လျက်အနေအထား။ အခြားသူများမှာလည်း အမျိုးသမီးအနီးတွင် မတ်တတ်ရပ်လျက်ဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုလျက်။ မြင်ရသော မြင်ကွင်းမှာ စိတ်မချမ်းမြေ့စရာ ကောင်းလွန်းလှသည်။

အခင်းဖြစ်ရာအိမ်၏ အရှေ့အပေါက်ဝတွင်လည်း လူအများမှာ ရုံးစုရုံးစုဖြင့် စည်ကားလို့နေကာ အနုကြမ်းစီးသည်ဟုဆိုသော အမျိုးသမီးအား ၀ိုင်း၍လာကြည့်နေကြသည်။ အမျိုးသမီးမှာလည်း သူမကိုဝိုင်းကြည့်နေသော လူအများကြား မျက်နှာမပေါ်စေရန် သူမဆံပင်များကို လက်ထိပ်ခတ်ခံထားရသော လက်နှစ်ဖက်ဖြင့် မျက်နှာအရှေ့သို့ ဆွဲဆွဲဖုံးနေသည်။
သူမဆံပင်များကို ဆွဲဖုံးနေသည်ကို မြင်သော ရပ်ကွက်သားများက ဆံပင်ကို သေချာစည်းပေးရန် ၀ိုင်းဝန်းအော်ဟစ်နေကြသလို ခုံပေါ်တွင် ထိုင်နေသော အမျိုးသားတစ်ဦးက သူ့ဘက်သို့ လှည့်ရန် စေခိုင်းသံကိုလည်း ကြားနေရသည်။ အဲ့ဒီနောက်မှာတော့ လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးမှာ လူအများခြေရင်းတွင် ၀ပ်၍ ကိုယ်ခန္ဓာအားလှည့်ကာ ထိုင်နေသူများဘက်ကို လှည့်ထိုင်လိုက်သည်။
“လုပ်ပါ ဆံပင်ကို သေချာစည်းပေးလိုက်ကြစမ်းပါ”
“ဟဲ့ဒီဘက်ကိုလှည့်၊ ခေါင်းကိုမော့ …”
“လုပ်စမ်း နင့်ရဲ့ဆံပင်ကို လုပ်စမ်း..သေချာလုပ်..သေချာလုပ်..”
“ဟဲ့ ဒီဘက်ကိုလှည့်…”
ဟုဆိုသောအသံများနှင့်အတူ ထိုင်နေသူ အမျိုးသားတစ်ဦးက တရားခံဟုဆိုသော အမျိုးသမီး၏မျက်နှာအား ဆံပင်များဖယ်ခိုင်းကာ ဖုန်းဖြင့်အနီးကပ် ရိုက်ပါတော့သည်။
တစ်ဆက်တည်းမှာပင်
နင့်နာမည်ပြော ..
နင့်အမေနာမည်ပြော ..
မှတ်ပုံတင်ပြော ..
ဘယ်မှာနေတာလဲ ..
နင် အခုနေနေတဲ့ လိပ်စာပြောဟုဆိုကာ မေးမြန်း နေသံများကိုလည်း ကြားနေရကာ
“အဲ့ဒီလက်ကောက် ၁၂ ကွင်းကိစ္စ …အဖော်ပါသလား မသိဘူး..”
“ခဏလေး … လက်ကောက်က တစ်ကွင်းလိုသေးတယ် ..အဲ့ဒီကောင်မဆီမှာ ရှာပေး …”
“ရှိတယ် ..ရှိတယ်..”
“ရှိရင်ပေး” “ခဏလေး သိမ်းထားတယ်။ အဲ့ဒါ သက်သေအဖြစ် ထည့်ပေးမယ်။ ဘောလ်ပင်သွားမကောက်နဲ့ …”
ဟုဆိုသော အသံများမှာလည်း အဆိုပါဗီဒီယိုဖိုင်အတွင်းတွင် ဆူညံစွာပါရှိလာခဲ့သည်။
အဲ့ဒီနောက်မှာတော့
“ခေါင်းမော့မယ် …ခေါင်းမော့မယ် …ဟဲ့မော့…”လို့ ဆိုသည့် အသံနှင့်အတူ တရားခံဟုဆိုသော အမျိုးသမီးအား အမျိုးသားတစ်ဦးမှ ဆံပင်များ ဖယ်ရှားရှင်းလင်းပေးလိုက်ကာ ဓာတ်ပုံများ ၀ိုင်းရိုက်ကြပါတော့သည်။
ဒီတစ်ခါမှာတော့ သူ့ကို ဓာတ်ပုံဝိုင်းရိုက်နေသူတွေအကြား ထိုင်ရင်း အဲ့ဒီအမျိုးသမီး အော်ငိုပါတော့သည်။
“မေမေရေကယ်ပါ … သမီးကိုကယ်ပါ …မေမေရေ ကယ်ပါ..မေမေရေကယ်ပါ.. မေမေကြီးရေ ကယ်ပါ…အီး …”
“အမလေး မေမေကယ်ပါတဲ့ အဲ့ဒီလို ကယ်ချင်ရင် အဲ့ဒီလို မလုပ်ရဘူးဟဲ့…။”
“သူ့ကို ပုံမှန်ရုပ်ထား … ငိုနေတဲ့ရုပ်က ပုံမှန်ရုပ် မဟုတ်ဘူး။ အဲ့ဒီကောင်မ …”
“ဒီမျက်မှန်က ဘယ်သူ့မျက်မှန်လဲ …အန်တီကြီး မျက်မှန်လား” “မဟုတ်ဘူး …ဒါက ဒီကောင်မ မျက်မှန် … အဲ့ဒီ ကောင်မမျက်မှန်”
“အဲ့ဒီကောင်မ လုပ်တာ .. သူ့မှာ ဇရှိလို့လုပ်တာ…”
“မလုပ်ရပါဘူး …ကျွန်မ မလုပ်ပါဘူး။ ဘုရားစူးမိုးကြိုးပစ် ..မြေမျိုရပါစေ့ ..ဒုက္ခရောက်လွန်းလို့လုပ်တာပါ။ မလုပ်ဖူးပါဘူး..”
“တော်ပြီ မကျိန်နဲ့တော့၊ ငါ တို့ပါ ပါနေမယ်…မိုးကြိုးပစ်ဆို ပစ်ချရင် ငါတို့ကဒုက္ခရောက်ဦးမယ်…”
“ဟားဟားဟား …စက်ကွင်း မလွတ်ဘူးဖြစ်မယ်”
ဆိုတဲ့အသံနဲ့ အဆုံးသတ်သွားတဲ့ နှစ်မိနစ်ကျော်သာကြာတဲ့ အဲ့ဒီဗီဒီယိုဖိုင်လေး အဆုံးမှာတော့ ကျွန်မရင်ထဲ မချိတင်ကဲ ခံစားမှုမျိုးစုံအပြင် စိတ်မကောင်းခြင်းကိုပါ တစ်ပြိုင်နက်ခံစားလိုက်ရပါတယ်။
ကျွန်မတို့နိုင်ငံမှာ လူသတ်မှု၊ လုယက်မှု၊ အနုကြမ်းစီးမှု အမျိုးစုံ ဖြစ်ပျက်နေတဲ့အချိန်မှာ တောင်ဥက္ကလာ၊ ဘရဏီ (၁)လမ်း အိမ်အမှတ် (၄၁-က)မှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီ အနုကြမ်းစီးမှုသတင်းကို ကြားလိုက်ရတာ ရုတ်တရက်မို့ တော်တော်လေး ထိတ်လန့်စရာ ကောင်းလွန်းပါတယ်။
နေအိမ်မှာ အဘွားကြီးတစ်ယောက်တည်း ရှိနေချိန်မှာ အဲ့ဒီအမျိုးသမီးက ကန်အတွင်း ဆေးဖြန်းမယ်ဆိုတဲ့ အသံပြုပြီး နေအိမ်တွင်း ၀င်ရောက်ခွင့်ရသည်နှင့် အဘွားကြီးအား အိမ်သာထဲကို ခေါ်သွားကာ လည်ပင်းကို ဘောလ်ပင်နဲ့ထောက်၍ လက်ကောက်တွေ လုခဲ့ကြောင်းနဲ့ အဘွားကြီးက ထအော်လိုက်လို့သာ တရားခံကိုမိသွားတယ်ဆိုတဲ့ သတင်းတွေ ကြားရချိန်မှာ အမလေး တရားခံကိုမိသွားတာ တော်သေးတယ်။ အတင့်ရဲလိုက်တဲ့ အမျိုးသမီး၊ ရိုင်းလိုက်တာ..ကြည့်ပါဦး..လူတွေများ လက်နက် မလိုတော့ဘူး..ဘောလ်ပင်နဲ့တောင် လုယက်လို့ရနေတဲ့ ခေတ်ပါလား ကြောက်စရာပဲ..လို့ ရေရွတ်မိခဲ့သမျှ …အဲ့ဒီ ဗီဒီယိုဖိုင် တက်လာချိန်မှာတော့ တော်တော်လေးကို စိတ်ပျက်သွားမိတာ အမှန်ပါပဲ။
ကျွန်မအမြင်မှာတော့ အဲ့ဒီအမျိုးသမီးဟာ တရားခံဖြစ်နေပါစေဦးတော့ သူမကို အပြစ်ပေးဖို့အတွက် ဥပဒေက ရှိပြီးသားပါ …ဒါပေမဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ လူတစ်ယောက်ကို အမဲဖျက်သလို ၀ိုင်းပြီး ဓာတ်ပုံရိုက်နေကြသူတွေ၊ လူ့အခွင့်အရေး ၀ိုင်းချိုးဖောက်သလို ဖြစ်နေတဲ့ အပြုအမူတွေ၊ တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံပြောဆိုနေပုံတွေ၊ ၀ိုင်းဝန်းလှောင် ပြောင်ရယ်မောပြောဆိုပြုမူနေ ကြသူတွေက ကံကံရဲ့အကျိုးကို ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာနိုင်ငံက နိုင်ငံသားတွေဆိုတာ အင်မတန်မှ အံ့အားသင့်စရာပါပဲ။
ဒီလိုပြောလို့ အပြစ်ရှိသူကို ဘာမှ မလုပ်ရတော့ဘူးလားဆိုတော့ …မဟုတ်ပါဘူး။ ကျူးလွန်မှုအတွက် ပြစ်ဒဏ်စီရင်ခံရမှာက ငြင်းပယ်လို့မရတဲ့ အမှန်တရားပါ။ ဒါပေမဲ့ သူမကိုမျက်နှာ အတင်းမော့ခိုင်းပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက် အရှက်ခွဲ၊ ပုံတင်ရလောက်အောင်တော့ မလိုအပ်ဘူးလို့ ထင်မိပါတယ်။ တရားခံလို့ ဆိုသူဟာ ဘယ်အတွက်ကြောင့် အခုလို လုပ်ရပ်မျိုးကို လုပ်တယ်ဆိုတာနဲ့ ဖြစ်စဉ်အသေးစိတ် မသိကြသေးခင်မှာ ၀ိုင်းပြီး ပြုမူခဲ့ကြပုံတွေဟာ တရားခံလို့ယူဆရတဲ့ အမျိုးသမီးထက် ပိုပြီးကြောက်စရာ ကောင်းနေတယ်လို့ အဲ့ဒီဗီဒီယိုဖိုင်ကြည့်သူအများစုက သုံးသပ်ထားကြသလို တရားခံလို့ ယူဆရသူကတော့ သူပြုခဲ့တာနဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်ကို သူခံရမှာက အသေအချာပါပဲ။
ဒါပေမဲ့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ “ကျွန်တော်သူခိုးပါ” ဆိုတဲ့ ဆိုင်းဘုတ် လည်ပင်းဆွဲပြီး ကိုယ်လုံးတီးနဲ့ ရပ်ကွက်ပတ်ခိုင်းတာကိုခံစားခဲ့ရတဲ့ လူငယ်တွေ ရှိနေတယ်။ လူတစ်ယောက် အပြစ်လုပ်တာတွေ့ရင် ကိုယ်တိုင်က ဘာအပြစ်မှ မကျူးလွန်ဖူးတဲ့ သူတော်စင်တွေအလား အားရပါးရ ၀ိုင်းပြီးလက်ညိုးထိုး ပြောဆိုကဲ့ရဲ့နေကြသူတွေ ရှိနေတယ်။ လူ့အခွင့်အရေးဆိုတာကို နားမလည်ကြတဲ့ တစ်ကိုယ်ကောင်းသမားတွေ ရှိနေတယ်။ တစ်ခုခုဆို အရှက်ခွဲဖို့သာ ချောင်းမြောင်းနေတဲ့ ကိုယ်ချင်းစာတရား ခေါင်းပါးသူတွေရှိနေတယ်။ ဘယ်လိုမှ ဖော်ထုတ်လို့မပေါ်တဲ့ လူသတ်မှုမျိုးစုံရှိနေတယ်။ ဖော်ထုတ်မရတဲ့ သူခိုးအကြီးစားတွေရဲ့ အမှုမျိုးစုံ ရှိနေတယ်။ တရားခံမမိတဲ့ ဓားပြမှုမျိုးစုံ ရှိနေတယ်။ ဒါတွေရဲ့ အဓိကတရားခံက ဘာ့ကြောင့်လို့ ထင်ပါသလဲ။ ကျွန်မကတော့ လူတွေမှာ လူလူချင်းအခြေခံ ထားရှိရမယ့် လူသားဆန်မှုတွေ၊ မေတ္တာတရားတွေ ခန်းခြောက်လာတာကြောင့်ပဲလို့ မြင်မိပါတယ်။
နော်ရာမောင်
Credit: Tomorrow News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။