"ရှုံးမှာကြောက်တဲ့စိတ်"
•••••••••••••••••••••••••• ••••••
ဖူးကျော်ဇင် (Future Wave) @ Courses.com.mm
ကျွန်တော် ကားစတင်မောင်းတတ်ကာစတုန်းက ညဖက် အေးအေးဆေးဆေး ကားထွက်မောင်း လေ့ကျင့်ဖို့ကို ရည်ရွယ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကားသော့ယူ၊ အိမ်အောက်ကိုဆင်း၊ ကားထဲဝင်ထိုင်ပြီး ကားသော့ကို ထိုးလိုက်တဲ့ခဏမှာပဲ ကျွန်တော့ရင်ထဲကို ဘယ်ကရောက်လာမှန်းမသိတဲ့ “ကြောက်စိတ်” တွေ ဝင်လာခဲ့ပါတယ်။ ဒီကြောက်စိတ်က ကားမောင်းဖို့ တစ်ဆင့်ပြီးတစ်ဆင့် လှုပ်ရှားနေတဲ့ ကျွန်တော့်ကို ရပ်တန့် ပစ်လိုက်ပါတယ်။ ဖြတ်ခနဲ ပေါ်လာတဲ့ ကြောက်စိတ် ရဲ့ အနောက်မှာ အကြောက်တရား ဦးစီးတဲ့ အတွေးအစဉ်အတန်းကြီး တွေးမိနေပြီး သော့ကို ဆွဲထုတ်လိုက်၊ ပြန်သွင်းလိုက်နဲ့ ကားထဲမှာ ၄၅ မိနစ်ကြာခဲ့ပါတယ်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ကို လုံးဝ ချပစ်လိုက်ပါတယ်။
အဲ့ဒါကတော့ သော့ဆွဲထုတ်ပြီး အိမ်ပေါ်ပြန်တက် အိပ်ဖို့ပဲ ဖြစ်ပါတော့တယ်။
ကိုယ့်အဖြစ်ကို ကိုယ်ပြန်တွေးမိပြီး ပြုံးမိပေမယ့် တကယ်တမ်း ကျွန်တော်တို့ လုပ်မယ်ရည်ရွယ်ပြီး မလုပ်ဖြစ်တော့တဲ့ အထဲမှာ အကြောက်တရား ကြောင့်လည်း ပါဝင်တယ်ဆိုတာ သိလိုက်ရပါတယ်။ တစ်ခုခုများ ဖြစ်မလား၊ ဒုက္ခများရောက်မလား၊ အဆင်ရောပြေပါ့မလားနဲ့ မသေချာ မရေရာတဲ့ အတွေး ဝေဝါးမှုတွေကနေ ကြောက်ရွံ့စိတ်တွေ ပေါ်လာတာပဲဖြစ်ပါတယ်။ ဒီကြောက်စိတ်တွေဟာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကို ရိုက်ချိုးပစ်တတ်ပါတယ်။ ပြီးတော့ ရင်ထဲကို သံသယတွေနဲ့ ပြည့်နှက်စေပါတယ်။ လူတွေအောင်မြင်ချင်ပါလျက်နဲ့  အောင်မြင်အောင် မလုပ်ဆောင်ကြတာ ကြောက်စိတ်ကြောင့်လည်း ပါပါတယ်။ မှားသွားမှာ ကြောက်နေတယ်၊ ဆုံးရှုံးသွားမှာကြောက်နေတယ် ဆိုရင်တော့ အောင်မြင်မှုနဲ့ ဝေးနေဦးမှာပါပဲ။
စာရေးဆရာ သန်းကြွယ်သူဌေးကြီးတစ်ဦးကေ တာ့
“ရှုံးမှာကြောက်နေသူဟာ အရှုံးသမားပဲ” လို့ မိန့်ဆိုခဲ့ ပါတယ်။
မြန်မာစကားပုံထဲမှာလည်း “ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ်” ဆိုတာလည်း ရှိပါတယ်။
ဒါကြောင့် ကျွန်တော်တို့တွေ အောင်အောင်မြင်မြင်နဲ့ လုပ်သင့်တာတွေ
လုပ်ဆောင်နိုင်ဖို့ဆိုရင် အကြောက်တရားတွေကို ဖယ်ရှားရပါလိမ့်မယ်။
ကြောက်စိတ်တွေအစား၊ ရဲရ င့်စိတ်တွေ၊ သတ္တိတွေ မွေးထားရပါလိမ့်မယ်။ သံသယ
အတွေးဆိုးတွေ ဖယ်ရှာပြီး ယုံကြည်မှုတိုးစေမယ့် အတွေးတွေ၊ စကားလုံးတွေနဲ့
ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ရဲရင့်စိတ်ကို မြှင့်တင်ရပါလိမ့်မယ်။
ကြောက်စိတ်ကို ပယ်ဖျောက်နိုင်မယ် နည်းကောင်းတစ်ခု ပေးခဲ့ချင်ပါတယ်။
အဲ့ဒီနည်းကောင်းလေးကတော့ “ ကြောက်တဲ့ အရာကို ကြောက်ပေမယ့်
ရင်ဆိုင်လိုက်ဖို့” ဖြစ်ပါတယ်။
Let’s Fly Together!
Phoo Kyaw Zin (Future Wave)
Author & Motivational Speaker
Founder of Future Wave Training
••••••••••••••••••••••••••
ဖူးကျော်ဇင် (Future Wave) @ Courses.com.mm
ကျွန်တော် ကားစတင်မောင်းတတ်ကာစတုန်းက ညဖက် အေးအေးဆေးဆေး ကားထွက်မောင်း လေ့ကျင့်ဖို့ကို ရည်ရွယ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကားသော့ယူ၊ အိမ်အောက်ကိုဆင်း၊ ကားထဲဝင်ထိုင်ပြီး ကားသော့ကို ထိုးလိုက်တဲ့ခဏမှာပဲ ကျွန်တော့ရင်ထဲကို ဘယ်ကရောက်လာမှန်းမသိတဲ့ “ကြောက်စိတ်” တွေ ဝင်လာခဲ့ပါတယ်။ ဒီကြောက်စိတ်က ကားမောင်းဖို့ တစ်ဆင့်ပြီးတစ်ဆင့် လှုပ်ရှားနေတဲ့ ကျွန်တော့်ကို ရပ်တန့် ပစ်လိုက်ပါတယ်။ ဖြတ်ခနဲ ပေါ်လာတဲ့ ကြောက်စိတ် ရဲ့ အနောက်မှာ အကြောက်တရား ဦးစီးတဲ့ အတွေးအစဉ်အတန်းကြီး တွေးမိနေပြီး သော့ကို ဆွဲထုတ်လိုက်၊ ပြန်သွင်းလိုက်နဲ့ ကားထဲမှာ ၄၅ မိနစ်ကြာခဲ့ပါတယ်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ကို လုံးဝ ချပစ်လိုက်ပါတယ်။
အဲ့ဒါကတော့ သော့ဆွဲထုတ်ပြီး အိမ်ပေါ်ပြန်တက် အိပ်ဖို့ပဲ ဖြစ်ပါတော့တယ်။
ကိုယ့်အဖြစ်ကို ကိုယ်ပြန်တွေးမိပြီး ပြုံးမိပေမယ့် တကယ်တမ်း ကျွန်တော်တို့ လုပ်မယ်ရည်ရွယ်ပြီး မလုပ်ဖြစ်တော့တဲ့ အထဲမှာ အကြောက်တရား ကြောင့်လည်း ပါဝင်တယ်ဆိုတာ သိလိုက်ရပါတယ်။ တစ်ခုခုများ ဖြစ်မလား၊ ဒုက္ခများရောက်မလား၊ အဆင်ရောပြေပါ့မလားနဲ့ မသေချာ မရေရာတဲ့ အတွေး ဝေဝါးမှုတွေကနေ ကြောက်ရွံ့စိတ်တွေ ပေါ်လာတာပဲဖြစ်ပါတယ်။ ဒီကြောက်စိတ်တွေဟာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကို ရိုက်ချိုးပစ်တတ်ပါတယ်။ ပြီးတော့ ရင်ထဲကို သံသယတွေနဲ့ ပြည့်နှက်စေပါတယ်။ လူတွေအောင်မြင်ချင်ပါလျက်နဲ
စာရေးဆရာ သန်းကြွယ်သူဌေးကြီးတစ်ဦးကေ
Let’s Fly Together!
Phoo Kyaw Zin (Future Wave)
Author & Motivational Speaker
Founder of Future Wave Training

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။