Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 30, 2017

''ကို ကို့ သမီးကိုပြောဦး ရှစ်တန်းပဲရှိသေးတယ် ရည်းစားစာအပေးခံနေရပြီ''

''ကို ကို့ သမီးကိုပြောဦး
ရှစ်တန်းပဲရှိသေးတယ်
ရည်းစားစာအပေးခံနေရပြီ''

''ဟ အဲ့ဒါ ကလေးက ဘာမှားလို့ လဲ''

''ဘာမှားရမှာလဲ ဒီအရွယ်လေးနဲ့ 
ပဲများတာကိုး ပေးမှာပေါ့''

''ဟ သူလှချင်တာ အပြစ်လားဟ''

''ကိုမပြောရင် မေပြောလိုက်မယ်
ကို ကစကားပိုပေါက်လို့ '

''နေနေ ငါ ပဲပြောလိုက်မယ်''

******************

'သမီး''

''ရှင် ဖေဖေ''

''ကျောင်းမှာအဆင်ပြေလား''

''ပြေတယ်ဖေဖေ''

''သမီးကိုမေမေဘာပြောသေးလဲ''

''ဒီအရွယ်လေးနဲ့ ပဲသိပ်များနဲ့ တဲ့
သူတို့ တုန်းက ဒီအရွယ်ကလေးလိုနေတာတဲ့''

''သမီး ကလေးဟုတ်လားမဟုတ်လား
သမီးအသိဆုံးပဲ
ဖေဖေတို့ မျက်လုံးထဲမှာတော့
သမီးကကလေးပဲ...
ဒါပေမယ့် သမီးက ၁၃နှစ်သမီးဖြစ်နေ ပြီ... သမီးအပျိုဖော်ဝင်နေပြီ''

''ဟာ ဖေဖေကလည်း
သမီးက ကလေးပဲရှိသေးတာ''

ကျနော်ရယ်မိတယ်
ကလေးတွေကလည်း
အဖေအမေကို ဒီလိုဂျင်းထည့်တတ်သား...

''သမီး လှချင်တာကို ဖေဖေသဘောကျတယ်...
လှတယ်ဆိုတာလည်း အားသာချက် တစ်ခုပဲ
လှတဲ့မိန်းကလေးက
အလှတရားနဲ့ ဆိုင်တဲ့ကဏ္ဍမှာ
ယုံကြည်ချက်ရှိတယ်
သမီးလှချင်တာကို ဖေဖေသဘောကျ တယ်... တစ်ခုပဲ...
ဘာကြောင့်လှသင့်တယ်ဆိုတာကို
သမီးသဘောပေါက်ရမယ်...''

''ရှင်''

''လှချင်တယ်ဆိုတာ မိမိကိုယ်မိမိ တင့်တယ်အောင်ပြင်ဆင်ခြင်းပဲသမီး
သမီးက ခြံလေးကိုလှအောင်ပြင်တယ်ဆိုပါဆို့  သမီးခြံလေးကို
လူတိုင်းကငေးမယ် သဘောကျမယ် ဆို သမီးမပျော်ဘူးလား''

''ပျော်မှာပေါ့ ဖေဖေ''

''အဲ့ဒိခြံလှလှလေးထဲကို တွေ့ သမျှ လူအဝင်ခံမလား'

''အဝင်မခံဘူးဖေဖေ''

''ဘာလုပ်သင့်လဲ''

''ခြံစည်းရိုးကာရမယ် ''

''ဒီသဘောပဲ
သမီး ခြံလေးကို လှအောင်ပြင်သလို သမီးကိုယ်သမီး
လှအောင်ပြင်ပါ...
ခြံလှလှလေးကိုငေးသလို
သမီးကိုငေးတဲ့အခါ ကျေနပ်ပါ
ဂုဏ်ယူပါ...
တွေ့ သမျှလူတော့ သမီးနားကိုမကပ် စေနဲ့ သမီး...
အိနြေ္ဒကို ခြံစည်းရိုးလိုကာထားပါ
ဖေဖေပြောတာ သဘောပေါက်ရဲ့လား''

''ဟုတ်ကဲ့ပါဖေဖေ''

''သမီးစာပေးခံရတယ်ဆို''

''ဟုတ်တယ်''

''ဘယ်လိုခံစားရလဲ''

''ရှက်လည်းရှက်တယ်
ကြောက်လည်းကြောက်တယ်''

''မယုံကြည်မှုဟာ
ရှက်ခြင်းကိုဖြစ်စေတယ်သမီး
သမီးကိုယ်သမီးယုံကြည်မှုမရှိ
လို့ သမီးရှက်နေတာ...
သမီးစာပေးခံရတာကို
သမီးက ဘာမှားလို့ ရှက်နေတာလဲ''
သမီးယူခဲ့လား''

''မယူခဲ့ဘူးဖေဖေ ထွက်ပြေးလာတာ''

''သတ္တိဟာ ကာယခွန်အားမှာမတည် ဘူးသမီး ယုံကြည်ချက်မှာတည်တယ်
သမီးမမှားဘူးဆိုရင် ရင်ဆိုင်ရဲရမယ်
ထွက်ပြေးလာစရာမလိုဘူး
အဲ့ဒါက ပါးရိုက်ဖို့ ဆဲဆိုဖို့ ပြော
တာမဟုတ်ဘူး...
အိနြေ္ဒရရငြင်းရဲဖို့ ပဲ
မအော်ဘူး မငေါက်ဘူး..
sorryပါလောက်ကို ခပ်တည်တည် ပြောပြီး ထွက်လာခဲ့သမီး...
ကိုယ်ထိလက်ရောက်ဖြစ်ရင်တော့
ဖေဖေတို့ ပါရှင်းပေးမယ်... ''

''ရှင်ကလည်း ဒီစကားတွေပြော
ဖို့ ကလေးက ငယ်မနေဘူးလား''

''အေး မိန်းမရေ ... ငါရှစ်တန်းတုန်းက တော့ ရှစ်တန်းကျောင်းသူတွေကို ကလေးလို့ မမြင်ခဲ့တာတော့ အမှန်ပဲ''

သမီးက ဒီစကားကြားတော့ရယ်တယ်
သမီးစိတ်ကို ကျနော်မြင်နေရပါတယ်
ဆေးပညာအရလည်း ဟော်မုန်းတွေ ပြောင်းလာရင် စိတ်ကစားတတ်လာ တာ ကျနော်သိနေုပြီးသားပဲ
ဒါဟာ အပြစ်မဟုတ်ဘူး
ဒါဟာ သဘာဝ...
သမီးအပေါ်ကို ကျနော်နားလည်နိုင် အောင်ကြိုးစားရမယ်...

''သမီး သမီး အိုးပုတ်ဂျိုးရုပ် ကစားချင် သေးလား... ''

''ဟင့်အင်းဖေဖေ ပျင်းစရာကြီးကို''

''သမီးငယ်ငယ်တုန်းကတော့ တော်တော်ဆော့ပါတယ်
ဖေဖေဖွက်ထားလို့ တောင် သမီးငိုသေးတယ်...
မှတ်မိလား''

'မှတ်မိတာပေါ့ ဖေဖေကလည်း
သမီးတောင်ငိုသေးတဲ့ဟာကို''

''အေး သမီး အဲ့ဒါဖေဖေ ရည်ရွယ်ချက်ရှိရှိဖွက်ခဲ့တာ...'
အဲ့ဒိတုန်းကတော့ အိုးပုတ်တွေကသာ
ပျော်စရာလို့ သမီးကထင်ခဲ့တယ်
သမီးကကလေးပဲရှိသေးတာကိုး
ဥာဏ်ရည်နိမ့်သေးတာကိုး
ဖေဖေတို့ အတွက် အဓိပ္ပယ်မရှိတဲ့
အိုးပုတ်လေးက သမီးအတွက် အဓိပ္ပယ်ရှိခဲ့ဖူးတယ်...
ဒီအရွယ်မှာ ဆော့ဆိုရင် သမီးဆော့မှာမဟုတ်တော့ဘူး...
အဲ့ဒိအရွယ်တုန်းကတော့
ဖွက်ခဲ့တဲ့ဖေဖေ့ကိုသမီးစိတ်တိုခဲ့တယ်လေ...'

''ဖေဖေက ဘာပြောချင်တာလဲ''

''လာမယ်လေ...
အခုသမီး ဒီအရွယ် အပျိုဖော်ဝင်စ အရွယ်... သမီးရင်ခုန်တတ်လာမယ်
ကောင်လေးတွေချောရင် သဘောကျ တတ်လာမယ်...
သမီးအသက်အရွယ်မှာတော့
အဲ့ဒါဟာ သိပ်ပျော်စရာပဲ....
ဖေဖေတို့ ကတားရင် သမီးအိုးပုတ်လေးကို ဖွက်ခဲ့သလို
သမီးဖေဖေ့ကိုစိတ်တိုမယ်

သမီး ငယ်ငယ်က သမီးဆော့ခဲ့တဲ့
အိုးပုတ်ဂျိုးရုပ်က သမီးကို ဒုက္ခမပေး
ဘူး... အဓိပ္ပာယ်မရှိမှန်းသိရက်နဲ့ 
သမီးပျော်ပါစေဆိုပြီး...
ဖေဖေတို့ ခွင့်ပြု ခဲ့တယ်...

အခုဒီအရွယ်မှာ သမီးရဲ့
အိုးပုတ်ဂျိုးရုပ်လေးကို ဖွက်ရလိမ့်ဦးမယ်
ဒီအရွယ်မှာ ဆော့ချငိမယ့် အိုးပုတ်ဂျိုးရုပ်က
အန္တရာယ်ရှိတယ်''

''ရှင်''

''ဖေဖေမကြိုက်တဲ့ ခေါက်ရိုးကျိုး
စကားလုံးတွေရှိတယ်
ကလေးလိုပဲနေ
ရည်းစားမထားနဲ့ 
စိတ်မကစားနဲ့ စတဲ့စကားတွေပေါ့

ခေတ်အဆက်ဆက်ပြောခဲ့
ခေတ်အဆက်ဆက်ဖီဆန်ခဲ့...

ဖေဖေကတော့ ဖောက်ထွက်မယ်
သမီးကို ရည်းစားမထားနဲ့ လို့ 
မပြောဘူး
ဒီအရွယ်မှာ ရည်းစားထားရင်
မှားတယ်လို့ ပြောမယ်
သမီးကိုအမိနိ့ မပေးဘူး
ပညာပဲပေးမယ်...
သမီးကို ဖေဖေယုံကြည်နေသ၍
အမိန့် မပေးဘူး
အကြံပဲပေးမယ်...

သမီးသိမှာပါ
ဖေဖေက သမီးစာကြည့်လို့ 
အမိန့် မပေးခဲ့ဘူး
သမီးကိုစာကြည့်သင့်ကြောင်းပ
ပြောခဲ့တာ...
သမီးနားလည်ရဲ့လား''

''ဟုတ်ကဲ့ဖေဖေ''

''သမီးက ဖေဖေတို့ အတွက် ကလေးပါ
ဒါပေမယ့် လူ့ ပါတ်ဝန်းကျင်မှာ
သမီးကကလေးမဟုတ်တော့ဘူး
ဒီတော့ ယုံကြည်ရဲရင့်ပါ
အိနြေ္ဒရပါ... သမီးအပျိုဖြစ်နေပြီ...''

''ဟာ ဖေဖေကလည်း''

''အေ့လေ ကိုကလည်းသမီးလေးကို''

''ငါတို့ အတွက် ကလေးလေးပါပဲ
ဒါပေမယ့် သမီးက ငါ့တို့ အတွက်ချည်း
ဖြစ်လာတာမဟုတ်ဘူး
သူ့ အတွက်သူဖြစ်လာတာ...
ဒါငါ့တို့ အတွက် အသက်သိစရာမလိုတဲ့
ကလေး
လူ့ အဖွဲ့ အစည်းအတွက် ၁၃ နှစ်အရွယ်
အပျိုပေါက်မလေး...''

*************************
ဒီစကားတွေဟာ တစ်ထိုင်တည်း
ပြောဖို့ တော့ အဆင်မပြေလောက်ဘူး
ဒါပေမယ့်... ဖခင်တစ်ယောက်အဖြစ် သမီးအပေါ်မှာ ပွင့်လင်းရဲရင့်သင့် တယ်... သဘာဝဟာအပြစ်မဟုတ်
ဘူး ဒါကိုလည်း နားလည်ပေးရမယ်
အဲ့ဒိသဘာဝဟာ မထိန်းကြောင်းနိုင် ရင် အဲ့ဒိသဘာဝလေဒဏ်ကို မခံနိုင်
ရင် လှေကလေးမှောက်သွားလိမ့်
မယ်... လေကိုမတိုက်နဲ့ တားမရလို့ 
လှေကိုပဲ မမှောက်အောင်ထိန်းရ
မယ်..

''သမီးလေးရေ... လူဆိုတာ
လောကဓံလှိုင်းချက်တွေအပေါ်က
လှေကလေးပါ လူးမယ်လွန့် မယ်
လှေလေးမမှောက်ဖို့ 
မိမိမှာသာတာဝန်ရှိတယ်...'

Credit.....#Error

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။