အကီ added 2 new photos.
ဂျပန်ထီ(宝くじ)
ဂျပန်ထီ ဘယ်လိုထိုးရမလဲလို့ မေးလာတဲ့လူတွေများလာလို့ ဒီစာလေး ရေးပေးလိုက်ပါတယ်။
ဂျပန်ထီဟာ ယေဘုယျအားဖြင့် အမျိုးအစား၎မျိုးရှိပါတယ်။ တစ်ခုချင်းစီ ရှင်းပြပေးသွားပါ့မယ်။
1). ジャンボ宝くじ
ဒီထီအမျိုးအစားကတော့ တစ်နှစ်မှာ ၅ကြိမ်သာဖွင့်ပါတယ်။အက္ခရာစဉ် နံပါတ်စဉ်အလိုက် ရိုက်နှိပ်ပြီး ရောင်းချပါတယ်။ မြန်မာနိုင်ငံကထီနဲ့ တူပါတယ်။
နွေရာသီမှာရောင်းတဲ့ထီ၊ နှစ်သစ်ကူးမှာရောင်းတဲ့ထီ စသည်ဖြင့် အချိန်သတ်မှတ်ပြီး တစ်နှစ်မှာ ၅ခါရောင်းချကြပါတယ်။ တစ်စောင်ကို ယန်း၃၀၀ပေးရပြီး ပထမဆုက ဂျပန်ယန်း ၄အိုခုရရှိမှာဖြစ်ပါတယ်။ အတွဲလိုက်ပေါက်လျှင်တော့ ၆အိုခု ရရှိမှာဖြစ်ပါတယ်။
(၁အိုခု = 100,000,000ယန်း)
၁).グリーンジャンボ (၂လပိုင်း)
၂).ドリームジャン (၅လပိုင်း)
၃).サマージャンボ (၇လပိုင်း)
၎).オータムジャンボ (၉လပိုင်း)
၅).年末ジャンボ (၁၁လပိုင်း)
2).通常宝くじ
ဒီထီက မြန်မာနိုင်ငံကထီလို ပုံမှန်ရောင်းချတဲ့ ထီအမျိုးအစားဖြစ်ပါတယ်။ အက္ခရာစဉ် နံပါတ်စဉ်အလိုက် ရိုက်နှိပ်ပြီး ရောင်းချပါတယ်။ တစ်စောင်ကို ယန်း၃၀၀ပေးရပြီး ပထမဆုက ဂျပန်ယန်း ၃အိုခုနဲ့သောင်း၃၀၀၀ ရရှိမှာဖြစ်ပါတယ်။
ဒီထီအမျိုးအစားကတော့ တနိုင်ငံလုံးမှာရောင်းတဲ့ထီနဲ့ ဒေသကိုလိုက်ပြီးရောင်းတဲ့ထီဆိုပြီး ၂မျိုး၂စားရှိပါတယ်။
3).数字選択式宝くじ
ဒီထီအမျိုးအစားကတော့ ကိုယ်ကြိုက်တဲ့ ဂဏန်းကို ရွေးချယ်ပြီး ထိုးရတဲ့ထီအမျိုးအစားဖြစ်ပါတယ်။ ဂျပန်မှာ မြန်မာတွေ အထိုးအများဆုံး ထီအမျိုးအစားလည်းဖြစ်ပါတယ်။
အမျိုးအစားက ၆မျိုးရှိပါတယ်။
၁).NUMBERS 3
ဂဏန်း၃လုံးကိုရွေးချယ်ပြီး ထိုးရပါတယ်။ မြန်မာနိုင်ငံက ယိုးဒယားချဲထီ ပုံစံလိုမျိုးပါပဲ။
တစ်ကွက်ကို ယန်း၂၀၀ပေးရပြီး တနင်္လာနေ့ကနေ၊ သောကြာနေ့ထိ နေ့တိုင်းဖွင့်ပေးပါတယ်။ ဆုကြေးငွေ ယန်း ၁၀သောင်း ဝန်းကျင် ရရှိမှာဖြစ်ပါတယ်။
ဂဏန်း၂လုံးကိုရွေးပြီး မြန်မာနိုင်ငံက ၂လုံးတိုက် ပုံစံမျိုးလည်း ထိုးလို့ရပါတယ်။
၂).NUMBERS 4
ဂဏန်း၎လုံးကိုရွေးချယ်ပြီး ထိုးရပါတယ်။ တစ်ကွက်ကို ယန်း၂၀၀ပေးရပြီး တနင်္လာနေ့ကနေ၊ သောကြာနေ့ထိ နေ့တိုင်းဖွင့်ပေးပါတယ်။ ဆုကြေးငွေ ယန်းသောင်း၁၀၀ဝန်းကျင်ရရှိမှာဖြစ်ပါတယ်။
၃).BINGO 5
သူကတော့ ဂဏန်း၅လုံးစီရှိတဲ့ ဇယား၈ခုထဲက ဂဏန်းတစ်လုံးစီ(စုစုပေါင်း၈လုံး)ကို ရွေးချယ်ပြီးထိုးရတဲ့ ထီအမျိုးအစားပါ။ တစ်ကွက်ကို ယန်း၂၀၀ပေးရပြီး ဗုဒ္ဓဟူးနေ့တစ်ရက်ပဲ ဖေါက်ပေးပါတယ်။ဆုကြေးငွေ ယန်းသောင်း၁၀၀၀ဝန်းကျင်ရရှိမှာဖြစ်ပါတယ်။
၎).LOTO 6
ဒီထီအမျိုးအစားကတော့ မြန်မာတွေအထိုးအများဆုံး ထီအမျိုးအစားလည်းဖြစ်ပါတယ်။
နံပါတ် ၁မှ၄၃ ထဲကနေ ကိုယ်ကြိုက်တဲ့ ဂဏန်း၆လုံးကို ရွေးချယ်ပြီးထိုးရပါတယ်။ တစ်ကွက်ကို ယန်း၂၀၀ပေးရပြီး တနင်္လာနေ့နဲ့ ကြာသပတေးနေ့တွေမှာ ဖွင့်ပေးပါတယ်။ ပေါက်တဲ့လူမရှိတဲ့အခါ နောက်တစ်ရက်ဖွင့်တဲ့အခါ ယခင်ဆုကြေးပါပေါင်းပေးတဲ့ ထီအမျိုးအစားလည်းဖြစ်ပါတယ်။ ပထမဆု ၂အိုခု ရရှိမှာဖြစ်ပြီး အများဆုံး ၆အိုခု ရရှိမှာ ဖြစ်ပါတယ်။ ဂဏန်းတူပေါက်တဲလူရှိလျှင်တော့ ဆုကြေးငွေ နည်းပါလိမ့်မယ်။
၅).LOTO7
နံပါတ် ၁မှ၃၇ ထဲကနေ ကိုယ်ကြိုက်တဲ့ ဂဏန်း၇လုံးကို ရွေးချယ်ပြီးထိုးရပါတယ်။ တစ်ကွက်ကို ယန်း၃၀၀ပေးရပြီး သောကြာနေ့မှာ ဖွင့်ပေးပါတယ်။ ပေါက်တဲ့လူမရှိတဲ့အခါ နောက်တစ်ပတ်ဖွင့်တဲ့အခါ ယခင်ဆုကြေးပါပေါင်းပေးတဲ့ ထီအမျိုးအစားလည်းဖြစ်ပါတယ်။ ပထမဆု ၄အိုခု ရရှိမှာဖြစ်ပြီး အများဆုံး ၁၀အိုခုထိရရှိနိုင်ပါတယ်။ ဂဏန်းတူပေါက်တဲလူရှိလျှင်တော့ ဆုကြေးငွေ နည်းပါတယ်။
၆).MINI LOTO
နံပါတ် ၁မှ၃၁ ထဲကနေ ကိုယ်ကြိုက်တဲ့ ဂဏန်း၅လုံးကို ရွေးချယ်ပြီးထိုးရပါတယ်။ တစ်ကွက်ကို ယန်၂၀၀ပေးရပြီး အင်ဂါနေ့မှာ ဖွင့်ပေးပါတယ်။ ပထမဆု ယန်းသောင်း ၄၀၀၀ရရှိမှာဖြစ်ပါတယ်။
4).スクラッチくじ
ဒီထီအမျိုးအစားကတော့ ခဲခြစ်ပြီး ပေါက်မပေါက် ကြည့်ရတဲ့ အမျိုးအစားဖြစ်ပါတယ်။ ခုထိုး ခုပေါက်မပေါက် သိရတဲ့အတွက် အရမ်းမြန်တဲ့ ထီအမျိုးအစားလည်းဖြစ်ပါတယ်။ တစ်ကွက်ကို ယန်၂၀၀ပေးရပြီး ဆုကြေးငွေက အမျိုးအစားကိုလိုက်ပြီး အများဆုံးယန်း သောင်းတစ်ထောင် အထိရရှိနိုင်ပါတယ်။
ဘောလုံးပွဲရလဒ်ကိုလောင်းတဲ့ ထီအမျိုးအစားတွေလိုမျိုး အခြားထီအမျိုးအစားတွေလည်း ရှိပါသေးတယ်။
ဒီထီအားလုံးကို "宝くじ"လို့ရေးထားတဲ့ ထီဆိုင်တွေမှာ ရွေးချယ်ထိုးယူလို့ရပါတယ်။ LOTO ဆိုရင်တော့ ကြိုက်တဲ့ ဂဏန်းကိုရေးပြီး ကောင်တာမှာ ပေးလိုက်ရုံပါပဲ။
ထီပေါက်စဉ်တွေကိုတော့ ဒီအောက်က link မှာ ဝင်ကြည့်လို့ ရပါတယ်။
https://www.mizuhobank.co.jp/takaraku…/suji/loto6/index.html
ဂျပန် TV မှာ ထီကြော်ငြာတဲ့ CM လေးတစ်ခုအမြဲ လွှင့်ပါတယ်။
အဲ့ဒါကတော့ "အိပ်မက်ဆိုတာ ငွေပေးဝယ်လို့ မရပါဘူး" တဲ့...
အိပ်မက်ကို ငွေနဲ့ဝယ်ကြည့်ချင်ရင်လည်း ဝယ်ကြည့်ကြပါ။
ဒါပေမယ့် "တန်ဆေးလွန်ဘေး" ဆိုတဲ့ မြန်မာစကားပုံ လေးလည်း ရှိပါတယ်။ ဘယ်အရာမဆို အလွန်အကျွံ မလုပ်တာကတော့ အကောင်းဆုံးပါပဲ။
အိပ်မက်လှလှ မက်နိုင်ကြပါစေ
အကီ ။ ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။