shared by snowde on 25/07/17 - sunthit.com - Other
တ လောက … နိုင် ငံကျော် ဆေးရုံပိုင် ရှင် သူဋ္ဌေးကြီးတစ်ဦး … ဆုံးသွားတဲ့သတင်း ကြားရတယ်။သိပ်မကြာခင် ပဲ … နာမည်ကြီး အလှမယ်တစ်ဦး ငယ်ငယ် နဲ့ … ဆုံးသွားတဲ့ သတင်း ကြားရတယ်။
အခု … နိုင် ငံကျော် သမားတော်ကြီးတစ်ဦး ဆုံးသွားတဲ့သတင်း ကြားရတယ်။ ဒီနေ့ ဒီအချိန် … သူတို့ သေလိမ့်မယ်လို့  ဘယ်သူ ကြိုသိထားမှာလဲ။
ဒီနေ့ ဒီအချိန် … ငါ သေမယ် လို့ သာ လူတိုင်းကြိုသိကြရင် … ရှိသမျှ စည်းစိမ် အကုန်လှူပြီး … တရားအားထုတ်ကြ မှာပဲ။
ခုတော့ တော်တော်နဲ့ … မ သေနိုင် သေးပါဘူးလို့  ကိုယ့်ကိုယ်ကို … အပိုင် တွက်ကြရင်း တစ်ယောက်ပြီး တစ်ယောက် သေသွားကြတယ်။
ရှာသမျှ ပိုင် သမျှ စည်းစိမ် အကုန်ထားသွားကြရတယ်။ ကျနော်တို့ ဟာ … သူများသေတာသာ သိတယ်။ ကိုယ်သေမှာ ကို … မေ့နေကြပါတယ်။ ကြက်သည်မ ရဲ့ ကြက်ခြင်းထဲက ကြက်တွေလို စဉ်းတီတုံးလည်း မြင် သား … ဓားမ ကြီးလည်း မြင် နေသား … တစ်ကောင် ပြီး တစ်ကောင် … ဆွဲထုတ်ပြီး သတ်နေတာလည်း မြင် ရသား … မြင် ပေမယ့်လည်း … ကြက်ခြင်းထဲမှာ တစ်ကောင် နဲ့ တစ်ကောင် တွန်လိုက် ခွပ်လိုက် … မိတ်လိုက် လိုက်နဲ့ ပျော်လို့ ကောင်းနေတုန်းပဲ။
ငါ့အလှည့်လည်း မလွဲမ သွေ ရောက်လာဦးမယ်လို့  ကြောက် ရ ကောင်းမှန်း … မသိကြဘူး။
ငါ ဘယ်လောက် ချမ်းသာတယ် … ငါ့မှာ တိုက်တွေ ကားတွေ ဘယ်လို ပိုင် တယ် …. ငါ့ လုပ် ငန်းတွေ စည်းစိမ်ေ တွဟာ ဘယ်လောက်ထိ ကျယ်ပြန့် တယ် ….. ငါ့ဘဝမှာ ငွေရှိရင် ဘာမဆို ပြည့်စုံတယ် လို့ မာန တက်နေပြီဆိုရင် တစ်ခုပဲ သတိရလိုက်ပါ။
ငါ … သေရဦးမယ် လို့ ။ ငါ့ကို ဘယ်သူမှ မယှဉ်နိုင် ပါဘူး။ ငါ့လောက် ဘွဲ့တွေ ဒီဂရီတွေ ဘယ်သူမှ မရဘူး။့ ငါ့ဘဝမှာ ငါမသိတဲ့အရာ ဘာမှ မရှိဘူး လို့  ထင် ခဲ့ရင် ဒီမေးခွန်းလေး ငါးခုကို ဖြေကြည့်လိုက်ပါ။
• ဘယ်အရွယ်မှာ သေမှာလဲ
• ဘယ်ရောဂါနဲ့ သေမှာလဲ
• နေ့မှာ သေမှာလား … ညမှာ သေမှာလား
• ဘယ်သချိင်္ုင်းမှာ အမြှုပ်ခံရမှာလဲ
• ဘယ်ဘဝကို ရောက်မှာလဲ။
လောကီပညာ … တစ်ဖက်ကမ်းခပ် တတ်နေပါစေ ဒီမေးခွန်းတိုင်းမှာတော့ … “မသိပါ” ဆိုတဲ့ အ ဖြေသာ … ထွက်လာ လိမ့်မယ်။ ဘဝမှာ … သေရမှာက လွဲလို့  ဘာတစ်ခုမှ … သေချာတာ မရှိပါဘူး။
‘သေရဦးမယ်’လို့ … ကိုယ့်ကိုယ်ကို သတိပေးနေရင် … မာန်မာန တွေ လျော့ကာ … ကုသိုလ်ပြုဖြစ်နေမှာပါ မ သေ ကြ ဘူး … ဆိုရင် တော့ ပျော်ဖို့ ပါးဖို့ ဆိုတာ … အနှစ်သာရ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။
ခုတော့ … နတ်တွေ ဗြဟ္မာတွေတောင် မလွတ်တဲ့ … သေခြင်းတရားမှာ ဘယ်ဟာ … အနှစ်သာရလဲ စဉ်းစားသင့်လှ တယ်။
ငါသေရင် … အပါယ်မကျဘူးလို့  ဘာများအာမခံချက် ရှိထားပြီးပြီလဲ။ လူ့ ဘဝရဲ့ အနှစ်သာရဆိုတာ …
ကုသိုလ်တရားမှန်သမျှ … ပါရမီမြောက် ဖြည့်ကျင့်ဖို့ နဲ့ … သီလ သမာဓိ ပညာဆိုတဲ့ အကျင့်မြတ်ကို … ကျင့်သုံးပြီး အရိယာသစ္စာကို … သိမြင် ကာ ဘဝဒုက္ခတွေ … ဇာတ်သိမ်းနိုင် ဖို့ မှတစ်ပါး ဘာများ … အနှစ်သာရ ရှိဦးမှာလဲ။
Post ဦးအောင်
Credit Lwinoo Ko
Source : goo.gl/KLKPGf
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။