သားသမီးကို ဘွဲ့ရစေချင်တာ ဘာကြောင့်လဲ
သားသမီးကို မိဘတွေ ဘွဲ့ရစေချင်ကြတယ်။
ဒါပေမယ့် ဘာကြောင့်လဲလို့ မေးလိုက်ရင်
သေသေချာချာကြီး ဖြေနိုင်တဲ့သူက ခပ်ရှားရှား
ပါ။ အရင်ဆုံး ဒီဆောင်းပါးဟာ မိဘတွေကို
စော်ကားတဲ့ ဆောင်းပါး မဟုတ်ဘူးဆိုတာ
သိစေချင်ပါတယ်။ အတွေးတစ်ခု တွေးမိသွားဖို့
လှုံ့ဆော်တဲ့ ဆောင်းပါး တစ်ခုဖြစ်ပါတယ်။
ကျွန်တော်ဘွဲ့ရတစ်ယောက် မဟုတ်ပါဘူး။
အဝေးသင်တတ်ပြီး B.A သို့မဟုတ် B.Sc
လေး တစ်ခုလောက်ရဖို့အခွင့်အရေးရှိခဲ့ပါ
တယ်။ ဒါပေမယ့် ကျွန်တ်ာမတတ်ခဲ့ပါဘူး။
ကျွန်တော် အဲ့ဒီအချိန်က အဲ့ဒီဘွဲ့တွေအတွက်
အချိန်ကုန်မခံနိုင်ခဲ့ပါဘူး။ အချို့က ပြောကြတယ်
ဘွဲ့မရှိရင် ရာထူးတိုးတာတို့ ဘာတို့မှာ မကောင်း
ဘူးတဲ့။ မင်္ဂလာဆောင်ရင်လည်း အမြှီးတပ်
စရာမရှိဘူး မျက်နှာငယ်ရတယ်တဲ့။
အဲ့ဒီ အတွေး၂ခုလုံးကို ဆန့်ကျင်ပါတယ်။
ဘွဲ့မရှိရင် ရာထူးမတိုးဘူးလို့ပြောတာ 100%
အပြည့်မမှန်ပါဘူး။ ရာထူးတိုးဖို့က ကျွန်တော့်
ဘဝရည်မှန်းချက်မဟုတ်ပါဘူး။ ရည်မှန်းချက်
က ကိုယ်ပိုင်အလုပ် လုပ်နိုင်ဖို့ပါ။ ဘွဲ့မရှိပဲ
လုပ်ငန်းကျွမ်းကျင်လို့ရာထူးလည်း တိုးခဲ့
ဖူးပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလည်း လုပ်နိုင်
နေပါပြီ။
ဘွဲ့တစ်ခုအတွက် အကုန်ခံလိုက်ရတဲ့ အချိန်
တွေဟာ တန်ရဲ့လား ပြန်စဉ်းစားဖို့လိုပါတယ်။
တကယ့် Professional ဘဝမှာ အထောက်
အကူပြုနိုင်တဲ့ ဘွဲ့များကိုမဆိုလိုပါ။ မင်္ဂလာဆောင်
ရင် မျက်နှာငယ်ရတယ်တဲ့။ဘွဲ့မရှိ လို့ အထင်သေး
မယ်ဆိုတဲ့သူတွေကိုသင်တကယ် ဂရုစိုက်နေတာ
လား။ ဘွဲ့မရှိရင်အထင်သေးမယ်ဆိုတည်းက
အဲ့ဒီလူ ဘယ်လောက် အတွေးအမြင်ကျဉ်းနေလဲ
သင်သိနိုင်ပါတယ်။ ကိုယ်ဘွဲ့မရှိတော့ ကိုယ့်ချစ်သူ
က မကြိုက်ဘူးလား။ တကယ်ချစ်တဲ့သူက
အဲ့ဒီ ဘွဲ့အမြှီးကြောင့် ချစ်တာ မဟုတ်ပါဘူး။
ကျွန်တော် တစ်ယောက်တည်းရဲ့အမြင်အရ
ဘွဲ့ဆိုတာ လက်ထပ်ရင် တွက်သင့်တဲ့မရှိမဖြစ်
အခြေခံRequirement မဟုတ်ပါဘူး။ ဒါဆိုရင်
ဘွဲ့မယူဖို့ တွန်းအားပေးနေတာလား။ မဟုတ်ပါ
ဘူး။ ပြန်စဉ်းစားစေချင်တာပါ။ Realistic ဖြစ်
အောင် စဉ်းစားစေချင်တာပါ။
ဘွဲ့တစ်ခုယူချင်ရင် ပြန်စဉ်းစားရမယ့် အချက်
တွေရှိပါတယ်။
၁) အဲ့ဒီဘွဲ့ရရင် သင့်ဘဝမှာ တကယ်ပဲ တိုးတက်
သွားမှာလား
၂) ဘာလို့ အဲ့ဒီဘွဲ့ကို ယူချင်တာလဲ
၃) အဲ့ဒီဘွဲ့ရဖို့ ကြိုးစားနေရမယ့် အချိန်တွေဟာ
တန်ရဲ့လား။ အဲ့ဒီဘွဲ့ကြောင့် ပြန်ရမယ့် အကျိုး
ကျေးဇူးနဲ့ ယှဉ်ရင် တန်ရဲ့လား။
မေးခွန်း၁)ကို ဖြေတော့လည်း No, မေးခွန်း (၂)ကို
ဖြေတော့လည်း မသိဘူး။ မေးခွန်း(၃)ကလည်း No
ဆိုရင်တော့ သင်ဘာလုပ်သင့်လဲအဖြေထွက်နြေ ပီ
ပေါ့။ ဘဝအတွက် ဘာမှ အသုံးကျမှာ မဟုတ်တဲ့
အရာကြီးကို ရာထူးတိုးဖို့၊ အမြှီးတပ်ဖို့အတွက် ၄နှစ်
လောက် အချိန်ကုန်ခံမလို့လား။ အဲ့ဒီအစား တကယ်
လက်တွေ့ ဘဝမှာ အသုံးဝင်မယ့် အသက်မွေးဝမ်း
ကြောင်း ပညာရပ်တွေကို လုပ်ရင်းကိုင်ရင်း သင်ယူ
တာကမှ ပိုပြီး အကျိုးရှိပါအုံးမယ်။ တစ်နေ့ လုပ်ငန်း
ရှင်ဖြစ်တဲ့ အထိတောင် ကြိုးစားလို့ရပါတယ်။
ဘွဲ့မယူဖို့ပြောနေတာလားဆြို ပီး ဒီစာဖတ်ရင်း မကျေနပ်
သူတွေရှိရင်လည်း ရှိနေလောက်ပါတယ်။ မိမိယူမယ့်
ဘွဲ့က မိမိဘဝအတွက် တကယ်အထောက်အကူပြု
မယ်ဆိုရင်တော့ ကျွန်တော်အားပေးပါတယ်။ ရင်းရမယ့်
အချိန်နဲ့ ပြန်ရမယ့်အကျိုး တန်တဲ့ဘွဲ့မျိုးဆိုရင်တော့
ယူကြပါ။ ၄နှစ် ၅နှစ်ကို မြောင်းထဲ ပစ်ချလိုက်သလို
ပလုံကနဲ့ ဖြစ်သွားမယ်ဆိုရင်တော့..... ....
ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ကြပါလို့။ ကျွန်တော့်
စကားလည်း နားထောင်စရာမလိုပါဘူး။ ဘာလို့လည်း
ဆိုတော့ သင့်ဘဝတစ်ခုခုဖြစ်သွားရင် ကျွန်တော်လည်း
မကယ်နို်င်ဘူး။ သူများတွေလည်း မကယ်နိုင်ပါဘူး။
သင်သာသည်လျှင် သင့်ဘဝရဲ့ အရှင်သခင်ဖြစ်ပြီး
သာသာလျှင် သင့်ဘဝမှာ ဖြစ်ပျက်သမျှ အရာရာတိုင်း
အတွက် တာဝန်ရှိသူဖြစ်ပါတယ်။
#မိုးရှင်း (I.M.T)
သားသမီးကို မိဘတွေ ဘွဲ့ရစေချင်ကြတယ်။
ဒါပေမယ့် ဘာကြောင့်လဲလို့ မေးလိုက်ရင်
သေသေချာချာကြီး ဖြေနိုင်တဲ့သူက ခပ်ရှားရှား
ပါ။ အရင်ဆုံး ဒီဆောင်းပါးဟာ မိဘတွေကို
စော်ကားတဲ့ ဆောင်းပါး မဟုတ်ဘူးဆိုတာ
သိစေချင်ပါတယ်။ အတွေးတစ်ခု တွေးမိသွားဖို့
လှုံ့ဆော်တဲ့ ဆောင်းပါး တစ်ခုဖြစ်ပါတယ်။
ကျွန်တော်ဘွဲ့ရတစ်ယောက် မဟုတ်ပါဘူး။
အဝေးသင်တတ်ပြီး B.A သို့မဟုတ် B.Sc
လေး တစ်ခုလောက်ရဖို့အခွင့်အရေးရ
တယ်။ ဒါပေမယ့် ကျွန်တ်ာမတတ်ခဲ့ပါဘူး။
ကျွန်တော် အဲ့ဒီအချိန်က အဲ့ဒီဘွဲ့တွေအတွက်
အချိန်ကုန်မခံနိုင်ခဲ့ပါဘူ
ဘွဲ့မရှိရင် ရာထူးတိုးတာတို့ ဘာတို့မှာ မကောင်း
ဘူးတဲ့။ မင်္ဂလာဆောင်ရင်လည်း အမြှီးတပ်
စရာမရှိဘူး မျက်နှာငယ်ရတယ်တဲ့။
အဲ့ဒီ အတွေး၂ခုလုံးကို ဆန့်ကျင်ပါတယ်။
ဘွဲ့မရှိရင် ရာထူးမတိုးဘူးလို့ပြောတာ 100%
အပြည့်မမှန်ပါဘူး။ ရာထူးတိုးဖို့က ကျွန်တော့်
ဘဝရည်မှန်းချက်မဟုတ်ပါဘူး။ ရည်မှန်းချက်
က ကိုယ်ပိုင်အလုပ် လုပ်နိုင်ဖို့ပါ။ ဘွဲ့မရှိပဲ
လုပ်ငန်းကျွမ်းကျင်လို့ရာထူ
ဖူးပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလည်း လုပ်နိုင်
နေပါပြီ။
ဘွဲ့တစ်ခုအတွက် အကုန်ခံလိုက်ရတဲ့ အချိန်
တွေဟာ တန်ရဲ့လား ပြန်စဉ်းစားဖို့လိုပါတယ်။
တကယ့် Professional ဘဝမှာ အထောက်
အကူပြုနိုင်တဲ့ ဘွဲ့များကိုမဆိုလိုပါ။ မင်္ဂလာဆောင်
ရင် မျက်နှာငယ်ရတယ်တဲ့။ဘွဲ့မရှိ
မယ်ဆိုတဲ့သူတွေကိုသင်တကယ် ဂရုစိုက်နေတာ
လား။ ဘွဲ့မရှိရင်အထင်သေးမယ်ဆိုတည
အဲ့ဒီလူ ဘယ်လောက် အတွေးအမြင်ကျဉ်းနေလဲ
သင်သိနိုင်ပါတယ်။ ကိုယ်ဘွဲ့မရှိတော့ ကိုယ့်ချစ်သူ
က မကြိုက်ဘူးလား။ တကယ်ချစ်တဲ့သူက
အဲ့ဒီ ဘွဲ့အမြှီးကြောင့် ချစ်တာ မဟုတ်ပါဘူး။
ကျွန်တော် တစ်ယောက်တည်းရဲ့အမြင်အရ
ဘွဲ့ဆိုတာ လက်ထပ်ရင် တွက်သင့်တဲ့မရှိမဖြစ်
အခြေခံRequirement မဟုတ်ပါဘူး။ ဒါဆိုရင်
ဘွဲ့မယူဖို့ တွန်းအားပေးနေတာလား။ မဟုတ်ပါ
ဘူး။ ပြန်စဉ်းစားစေချင်တာပါ။ Realistic ဖြစ်
အောင် စဉ်းစားစေချင်တာပါ။
ဘွဲ့တစ်ခုယူချင်ရင် ပြန်စဉ်းစားရမယ့် အချက်
တွေရှိပါတယ်။
၁) အဲ့ဒီဘွဲ့ရရင် သင့်ဘဝမှာ တကယ်ပဲ တိုးတက်
သွားမှာလား
၂) ဘာလို့ အဲ့ဒီဘွဲ့ကို ယူချင်တာလဲ
၃) အဲ့ဒီဘွဲ့ရဖို့ ကြိုးစားနေရမယ့် အချိန်တွေဟာ
တန်ရဲ့လား။ အဲ့ဒီဘွဲ့ကြောင့် ပြန်ရမယ့် အကျိုး
ကျေးဇူးနဲ့ ယှဉ်ရင် တန်ရဲ့လား။
မေးခွန်း၁)ကို ဖြေတော့လည်း No, မေးခွန်း (၂)ကို
ဖြေတော့လည်း မသိဘူး။ မေးခွန်း(၃)ကလည်း No
ဆိုရင်တော့ သင်ဘာလုပ်သင့်လဲအဖြေထွက်နြေ
ပေါ့။ ဘဝအတွက် ဘာမှ အသုံးကျမှာ မဟုတ်တဲ့
အရာကြီးကို ရာထူးတိုးဖို့၊ အမြှီးတပ်ဖို့အတွက် ၄နှစ်
လောက် အချိန်ကုန်ခံမလို့လား။ အဲ့ဒီအစား တကယ်
လက်တွေ့ ဘဝမှာ အသုံးဝင်မယ့် အသက်မွေးဝမ်း
ကြောင်း ပညာရပ်တွေကို လုပ်ရင်းကိုင်ရင်း သင်ယူ
တာကမှ ပိုပြီး အကျိုးရှိပါအုံးမယ်။ တစ်နေ့ လုပ်ငန်း
ရှင်ဖြစ်တဲ့ အထိတောင် ကြိုးစားလို့ရပါတယ်။
ဘွဲ့မယူဖို့ပြောနေတာလားဆြို
သူတွေရှိရင်လည်း ရှိနေလောက်ပါတယ်။ မိမိယူမယ့်
ဘွဲ့က မိမိဘဝအတွက် တကယ်အထောက်အကူပြု
မယ်ဆိုရင်တော့ ကျွန်တော်အားပေးပါတယ်။ ရင်းရမယ့်
အချိန်နဲ့ ပြန်ရမယ့်အကျိုး တန်တဲ့ဘွဲ့မျိုးဆိုရင်တော့
ယူကြပါ။ ၄နှစ် ၅နှစ်ကို မြောင်းထဲ ပစ်ချလိုက်သလို
ပလုံကနဲ့ ဖြစ်သွားမယ်ဆိုရင်တော့.....
ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ကြပါလို့။ ကျွန်တော့်
စကားလည်း နားထောင်စရာမလိုပါဘူး။ ဘာလို့လည်း
ဆိုတော့ သင့်ဘဝတစ်ခုခုဖြစ်သွားရင် ကျွန်တော်လည်း
မကယ်နို်င်ဘူး။ သူများတွေလည်း မကယ်နိုင်ပါဘူး။
သင်သာသည်လျှင် သင့်ဘဝရဲ့ အရှင်သခင်ဖြစ်ပြီး
သာသာလျှင် သင့်ဘဝမှာ ဖြစ်ပျက်သမျှ အရာရာတိုင်း
အတွက် တာဝန်ရှိသူဖြစ်ပါတယ်။
#မိုးရှင်း (I.M.T)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။