မန္တလေးသတင်းအကုန်သိရန် added 3 new photos.
ရမ်ဘိုဇာတ်ကားထဲက တပ်ရင်းမှူးကို စွဲချက်တင်သင့်ကြောင်း တရားရုံး ဆုံးဖြတ်
မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးတရားစွဲဆိုမှု ခံနေရတဲ့ မြန်မာနိုင်ငံဆိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ ဗဟိုကော်မတီဝင် ဦးမင်းဌေးကို စွဲချက်တင်သင့်ကြောင်း မိုးမောက်မြို့နယ် တရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
၆ လ ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဦးမင်းဌေးကို ၂၁ ကြိမ်မြောက်အဖြစ် ဒီကနေ့မှာ ရုံးထုတ်ပြီး စွဲချက် တင်သင့်ကြောင်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မိုးမောက်မြို့နယ်ထဲ ခရီးသွားနေတုန်း
ဖမ်းဆီးခံခဲ့ရကာ တပ်မတော်က တရားလိုပြုပြီးပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ဦးမင်းဌေး ခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ကျောင်းသားတပ်မတော်
မြောက်ပိုင်းရဲ့ ဌာနချုပ်ဟာ ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးမှာ
တည်ရှိတာလည်းဖြစ်ပါတယ်။
ဦးမင်းဌေးဟာ ရမ်ဘိုရုပ်ရှင် ဇာတ်ကားမှာ မြန်မာ့တပ်မတော်ရဲ့ တပ်ရင်းမှူးအဖြစ်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ရမ်ဘိုဇာတ်ကားထဲက သူ့ရဲ့ သရုပ်ဆောင်ချက်တွေမှာတပ်ရင်းမှုးဟာလိင်တူဆက်ဆံသူ
ပြည်သူတွေကိုသတ်ပြီး လူ့အခွင့်ရေးချိုးဖောက်မှုတွေ ပြုခဲ့တယ်ဆိုပြီး
တပ်မတော်ကို အသရေဖျက်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
17.7.2017
BBC
via-Ya Min Tun

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။