Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 30, 2017

အာဏာ ကောက်သိမ်းလိုက်ရ ဆိုသူတွေ .... အဲ့ လို ခံခဲ့ ရရင်....အဲ့ ပါးစောက်ပတ် တွေ.... ဘာပြောကြမည်နည်း...

အာဏာ ကောက်သိမ်းလိုက်ရ ဆိုသူတွေ ....

အဲ့ လို ခံခဲ့ ရရင်....အဲ့ ပါးစောက်ပတ် တွေ....

ဘာပြောကြမည်နည်း...

သိချင်လှ၏...။
---------------------

ဆရာ စံဇာဏီဘို (ဗေဒင်ဆရာ) ရေးသည်
=========================

ယနေ့ထက်တိုင် စာဥဟူသော အသံကို ကြားလိုက်သည်နှင့်
ခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားမျှင်များ တဆတ်ဆတ် လှုပ်ခါ၍ နာကျင်လာ၏။

အာရုံကြောများ ခန္ဓာကိုယ်အနှံ့ ဖြစ်တည်နေသော
ရိုးတွင်းချဉ်ဆီတို့မှ ဆတ်ကနဲ ပူကနဲ ဖြစ်သွား၏ အရိုးနှင့်
ကြွက်သားများကြား တည်ရှိနေသည့် ဒဏ်ရာဗလဗွနှင့် ပုံစံပျက်ယွင်းနေသော အရွတ်တို့မှ အနာဝေဒနာဟောင်းများ ပြန်လည်နိုးထလာသည်။

ကျီးပေါင်းတက်နေသော အရိုးပက်ကြားအက်များ ကြားတွင်
စိမ့်ဝင်စွဲမှတ်ထားသည့် ၁၉၉၀စက်တင်ဘာ ၂၅ ရက် ရက်စက်ကြမ်းကြုတ်လှသော ထိုကာလအကျဉ်းဦးစီး ညွှန်ချုပ်ကြီး ဦးဇော်မင်း၊

ဒုချုပ်ဦးအုန်းဟန်၊ ညွှန်မှူးဗိုလ်မှူးကြီး ခင်မောင်လတ်၊
ထောင်ပိုင်ကြီး ဦးအုန်းဖေ၊ ထောင်ပိုင်ဦး ဘိုကြည်၊
ထောင်ပိုင်လေး ဦးပြုံးချို၊ မိန်းဂျေးထောင်မှူးကြီး ဦးလှမြင့်၊
ထောင်ဆရာဝန် ဦးစိုးကြည်၊ လက်ပါးစေဝါဒ အကြပ်တပ်သားများရဲ့
မောက်မာခက်ထန်လှသည့် မျက်နှာများကို မြင်ယောင်လာသည်။

မသေရုံတမယ် ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသား
ဗိုလ်မှူးသူရ၊ ဦးငွေလှိုင် (ငြိမ်း)၊ လေထီး ဦးအောင်နိုင်၊
အငြိမ်းစားဗိုလ်မှူး ဘသော် (စာရေးဆရာ မောင်သော်က)၊
ရှေ့နေကြီး ဦးကိုယု၊ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူ (ဘကြီးမိုး)၊
ရှေ့နေဂျိုးဖြူဦးသိန်းဟန်၊ ဘိုးတော် ခင်ဝင်း စသည့် လူကြီးများနှင့်

လူငယ်နိုင်ငံရေး အကျဉ်းသားများ ဖြစ်သော ၈၈
ကျောင်းသား ခေါင်းဆောင် မင်းဇေယျာ၊ သုံးရောင်ခြယ် ဝင်းသိန်း၊
ကျောင်းသားခေါင်းဆောင်ညိုထွန်း၊

လူ့ဘောင်သစ်မှယဉ်ထွေး၊ အောင်ဇေယျ၊ မိုးဟိန်း၊
စက်မှု့ကျောင်းသားဇော်မျိုးအောင် (ချီးပေ) စသည့်
အကျဉ်းခံ ရဲဘော်ရဲဘက်များနှင့် အထူးတလည် ရက်ရက်စက်စက်
နှိပ်စက်ခံရသော ဒေါက်တာ တင်မျိုးဝင်း တို့ကိုလဲ အထူး သတိရမိတယ်။

တဖောင်းဖောင်း တဒုန်းဒုန်း တအုံးအုံး တဖုံးဖုံး နှိပ်စက်ကလူ
ပြုခံနေရသော နိုင်ငံရေးအကျဉ်းသားတို့၏ ရဲမာန်သတ္တိ၊
ရိုင်းစိုင်း ယုတ်မာ ရက်စက် ပက်စက်၊ လူစိတ်ကင်းမဲ့၊
စာနာစိတ်နတ္ထိ၊ ဂရုဏာစိတ်ပျောက်၊ အုပ်စုဖွဲ့ လက်နက်ကိုင်ကာ
စော်ကား မော်ကားလုပ်သော ဝန်ထမ်းဝါဒါများအား ရင်မှ
တနင့်နင့် နာကြည်းမုန်းတီးမိ၏။

ဖိနပ်သံခွာများနဲ့ နင်း၍တဖုံ၊ ကန်ကာတစ်လှည့်၊
ခြေလက် ညို့သကြီးတလျောက် မာကျောလှသည့် နံပါတ်တုတ်များ
Gunpipe ဟုခေါ်သော ရာဘာတုတ်များနှင့် တဖြောင်းဖြောင်းရိုက်၊
ဝမ်းလျားထိုးကာ လက်နှစ်ဖက်ဆန့်တန်းထားသော လက်တို့အား
သံခွာဖြင့် ကြိတ်နင်းခြေခြင်း၊ ဦးခေါင်းကို အဝတ်စွပ်၍ ညို့သကြီးအားး
ဖြောင်းကနဲ မြည်အောင် အားကုန်အောက်မှ ဖြတ်ရိုက်ကာ
ခွေးသေကောင်ပုပ် ဠင်းတများဆွဲသလို တဖြုန်းဖြုန်းရိုက်၊

ကိုယ့်ပုဆိုးနဲ့ ကိုယ့်ခေါင်းအုပ်၍ လည်တွင်ပတ်၊
လက်ပြန်ပုဆိုးပတ်၍ ဘေးမှရိုက်၊ နောက်မှဆောင့်ကန်ကာ
မှောက်လျက်လဲကာမှ တက်နင်း၊ ရိုက်သူကရိုက်၊ အပေါ်မှခွစီးကာ
ဘယ်ညာပြန် ထိုးသူကထိုး၊ ဖိသူကဖိ၊

ရေကန်အုတ်ခုံမှာ တန်းစီပြီး ပတ္တလားတီးသလို
သံစဉ်ညှိကာ တဖုန်းဖုန်း တအုန်းအုန်း တဖျောင်းဖျောင်းနဲ့
ဂီတသံပုံဖော်ပြီးရိုက်၊ ထောင်လုံးကျွတ်၊ ဝါဒါအကုန်မက
သင်တန်းသားများကိုပါ ခေါ်ယူကာ လက်တွေ့ရိုက်နည်းကို
သင်တန်းပေးခဲ့တယ်။

အော်သံ တချက်မပါ၊ ညည်းသံတချက်မှ မထွက်ပဲ
သွားဖုံးများကြားမှ သွေးယိုစီးကျအောင် အံကြိတ်ကာ
အရိုက်နှက်ခံရသူများ၊ မေ့မျောသွားသူများကို အသေကောင်ပမာ
ပစ်ပုံထားတာဟာ နာဇီအကျဉ်းစခန်းမှ လူသေကောင်တွေလို
အပုံလိုက်အထပ်လိုက် ပစ်ထားခဲ့တာ နာကျင်လွန်း၍
ထွက်ကျလာသောဆီး၊ သွေး၊ ချွေး၊ ဝမ်းများနှင့် ဝမ်းဗိုက်၊
ရင်ဘတ်တို့မှ ထုရိုက်၍ ထွက်ကျလာသော
သွေးစွန်းသော အံဖတ်၊ တံတွေးများဟာ
အကျဉ်းသားဝတ်စုံပေါ်မှာ အကွက်လိုက်
အထင်းလိုက် စွန်းပေကုန်၏။

အကျဉ်းသားတို့ရဲ့ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်သူများ
ဘောင်ကျော်လွန် ဖိနှိပ်ချုပ်ချယ်ခြင်းအပေါ် ဆန္ဒပြသူများအား
ညှိနှိုင်းမယောင် အချိုသပ်ပြီး တစ်ဖန် ခေါ်ယူ
ရိုက်နှက်ခြင်းများသည်ကား လူတို့တွင် မရှိအပ်သော
ကောက်ကျစ်စဉ်းလဲမှု့များ၊

"ဒီမိုကရေစီဆိုတာ ဒါပဲ" ဟုဆိုကာ
ဘောင်းဘီဂွကြားမှ ငယ်ပါကပ်ပယ်အိတ်ကို ဆုပ်ကာ၊
ကိုင်ကာ၊ ပင့်ကာ၊ မကာ လှုပ်ခါပြ၍ အသက်အရွယ်နှင့်
ရာထူးဂုဏ်ရှိန်ကိုပင် အားမနာ ယုတ်ညံ့ ရိုင်းစိုင်းသော
အကျဉ်းဦးစီးမှ ဒုချုပ် ဦးအုန်းဟန်သည်
ခါးတွင် ခြောက်လုံးပြူးသေနတ်ဒင်ကို ကိုင်ကာ
ဒါပဲရမယ်ဟု ပြောကာ ဟန်ရေးပြတတ်သော လူရမ်းကား၊

ဘိုင်စကုပ်မင်းသားဝင်းဦး၊ ရန်အောင်တို့ ထက်ပင် အချိုးကျ
သားနားအောင် အင်္ကင်္ျီလက်လက်၊ စတိုင်ဘောင်းဘီ၊
ရှူးဖိနပ်ပြောင်ပြောင် ဝတ်ဆင်ပြီး ရုပ်ရည်ပြေပြစ်သလောက်
စိတ်ဓာတ် ယုတ်ညံ့ အောက်တန်းကျသော ထောင်ဆရာဝန်
ဒေါက်တာ ဦးစိုးကြည်ဟာ အရိုက်ခံရသူ အကျဉ်းသားများအား
နားကြပ်ထောက်ကာ " အိုကေ မသေနိုင်သေးဘူး
ထပ်ရိုက်လို့ ရတယ် Carry on " ထိုင်ခုံပေါ် အကျအန
ထိုင်ကာနာကျင်မေ့မျောသူတို့အား အရသာခံ ကြည့်နေပုံမှာ
အာဏာရှင် ဆက်ဒမ်ဟူစိန် ကာ့ဒ်လူမျိုးတွေကို သတ်သောဗွီဒီယို
မှတ်တမ်းကို Marlboro စီးကရက်ခဲ၍ ကြည့်နေပုံနဲ့ တစ်ထေရာတည်း
တူလွန်းတဲ့ ဆရာဝန်တစ်ယောက် *

ထောင်တွင်း အကျဉ်းသားတို့ရဲ့ တောင်းဆိုသံ ညီညာသော
ကြွေးကြော်သံတို့ကို ထောင်အပြင်မှ မကြားရအောင်
ထောင်တွင်း ဖိနှိပ်ညှဉ်းပမ်းခြင်းများကို မသိရလေအောင်ထောင်
နံရံဂါတ်ကြီးပေါ်မှ လော်စပီကာ (အသံချဲ့စက်)ဖြင့် ဟင်္သာတထွန်းရင်ရဲ့
"နေညိုချိန်တိမ်တောက်တဲ့အခါ ရွာလမ်းနံဘေး" အစချီသော" စာဥ "
သီချင်းအား အသံကုန် ထပ်ကာ ထပ်ကာ ဖွင့်လေ၏ ။

ထိုစာသားများ အတိုင်း ငါ အရောက်ပြန်ခဲ့မှာ ဆိုပြီး
စိမ်ပြေနပြေ ရိုက်နှက်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားတွေလဲ
စာဥသီချင်းနဲ့အတူ သွေးအန်သူ၊ မေ့မျောသွားသူများဟာ
ငရဲခန်းသဖွယ် အတိပြီးခဲ့တယ်။

တရားဥပဒေဘောင် အထက်မှ နားကြပ်ကိုင်၊ ဝါရင်းတုတ်ကိုင်
၊ သေနတ်ခါးကြားထိုး၍ လုပ်ပိုင်ခွင့် ကျော်ကျူးသော ဝန်ထမ်းများ
ပေါ်ထွန်းစေသော ခေတ်ဆိုး စနစ်ဆိုးများ မည်သည့် နိုင်ငံတွင်မှ
မရှိစေလိုတော့ပါ။

ခပ်ရိုင်းရိုင်း ပြောသော နေ့စဉ်သုံး စကားတို့ အနက် မြှောက်ပေးလျှင်
ဂွေးတက်အောင် ကတတ်သော ဝန်ထမ်းဆိုး ဝန်ထမ်းယုတ်မျိုး
"တို့နိုင်ငံတွင်မရှိသင့်" ဟူသော......
ဆရာစံဇာဏီဘို (ဗေဒင်ဆရာ ကိုယ်တွေ့မှတ်တမ်း) အား ....
ဂုဏ်ပြုမျှဝေလိုက်ရပါသည်။

Credit

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။