Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 27, 2017

တေးသံရှင် ငဲငယ်လေးနှင့် တွေ့ဆုံခြင်း


ဂီတအကြောင်း သောင်းပြောင်းထွေလာ added 25 new photos.

တေးသံရှင် ငဲငယ်လေးနှင့် တွေ့ဆုံခြင်း
Iron Cross တီးဝိုင်းရဲ့ ပင်တိုင်ဂီတာတီးခတ်သူ ချစ်စမ်းမောင်ကို ဂီတကိုချစ်မြတ်နိုးသူတိုင်း သိရှိအားပေးကြမှာပါ။ လက်ရှိအချိန်မှာတော့ ဂီတာချစ်စမ်းမောင်ရဲ့ မျိုးဆက်သစ်တစ်ဦးဖြစ်တဲ့အပြင် Iron Cross တီးဝိုင်းရဲ့ လူငယ်မျိုးဆက်သစ် တစ်ဦးက ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဂီတာ ချစ်စမ်းမောင်ရဲ့ သမီးဖြစ်သူ ငဲငယ်လေးက အသက်သုံးနှစ်ခွဲအရွယ်က စတင်ပြီး သီချင်းဆိုဝါသနာပါခဲ့သူပါ။ ရော့ခ်ဂီတကို ခုံမင်နှစ်သက်သူ ငဲငယ်လေးက မေလအတွင်းမှာ အိပ်မက်နဲ့စိတ်ဓာတ်လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်တေးစီးရီးခွေကို စတင်ထွက်ရှိခဲ့ပါတယ်။ ဂီတာတီးခတ်ရာမှာလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်သလို ရော့ခ်သံစဉ်တေးသွားများနဲ့ တေးသီချင်းတွေကိုလည်း ပိုင်နိုင်ကျွမ်းကျင်စွာ သီဆိုတတ်သူတစ်ဦးအနေနဲ့ ပရိသတ်ရှေ့မှောက်ရောက်ရှိလာတဲ့ လူငယ်တေးသံရှင် ငဲငယ်လေးကို ဂီတနဲ့ပတ်သက်လို့ ရူးသွပ်ခုံမင်မှု၊ ကြိုးစားအားထုတ်မှုများနဲ့ ရှေ့ဆက်လုပ်ဆောင် သွားမယ့်အရာတွေနဲ့ ပတ်သက်လို့လည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

■ မေး - အသက်သုံးနှစ်ခွဲလောက်ကတည်းက သီချင်းတွေဆိုခဲ့တာလို့ သိရပါတယ်။ ငယ်စဉ်ကလေးဘ၀တည်းက ရှိနေခဲ့တဲ့ ဂီတနဲ့ပတ်သက်တဲ့ အိပ်မက်တွေ အကြောင်းကို အရင်ဆုံးပြောပြပေးပါဦး။
ဖြေ - ငယ်လေးက ငယ်ငယ်ကတည်းက ပါးပါးတို့ရှိုးရှိရင် တကောက်ကောက် လိုက်သွားတာပဲလေ။ မလိုက်ရရင်ကို မကျေနပ်ဘူးလေ။ သီချင်းဆိုရင်လည်း ရော့ခ်သီချင်းသံကြားမှ အိပ်ပျော်တာဆိုတော့လေ ငယ်ငယ်ကတည်းကကို သီချင်းတွေ၊ ဂီတသံစဉ်တွေနဲ့ ပျော်မွေ့ခဲ့တာလို့ ပြောလို့ရပါတယ်။
■ မေး - သီချင်းဆိုဝါသနာပါရင်းကနေပဲ ဖခင်ဖြစ်သူဆီက ဂီတာတီးခတ်မှုကို လေ့လာသင်ယူဖြစ်တဲ့ အကြောင်းကရော။
ဖြေ - ငယ်ငယ်ကတည်းက ဂီတာနဲ့က အထိအတွေ့ရှိတော့လေ ကော့ဒ်တွေဘာတွေ မတီးတတ်ခင်ကတည်းက ဂီတာစောင်းကြိုးတွေထိပြီး တီးနေတာမျိုးတွေ ရှိတယ်လေ။ ပါးပါးတီးတာကို အမြဲမြင်နေတာတွေလည်းရှိတော့ ဂီတာတီးတာကို အရင်သင်ယူဖြစ်ခဲ့တာ။ သီချင်းဆိုတာကတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ဘုရားကျောင်းမှာ သူများတွေသီချင်းဆိုဖို့ စင်ပေါ်တက်သွားရင် ငယ်လေးလည်း လိုက်တက်သွားတာပဲ။ ပြီးရင် သီချင်းမရရင်တောင် ပါးစပ်ကလိုက်လှုပ်နေတာပေါ့နော်။ ပြောရရင်တော့ ဂီတာတီးတာရော၊ သီချင်းဆိုတာရောက အရမ်းဝါသနာပါတဲ့ အရာတွေလို့ ပြောလို့ရပါတယ်။
■ မေး - ရောခ့်ဂီတကို စွဲစွဲလမ်းလမ်း ရူးသွပ်တယ်လို့ ပြောဖူးတယ်နော်။
ဖြေ - ငယ်လေးစိတ်ညစ်နေတဲ့ အချိန်ဆိုရင်လည်း ရော့ခ်သီချင်းနဲ့ပဲ ဖြေသိမ့်လိုက်တာပဲ။ ပျော်ရွှင်နေတဲ့ အချိန်ဆိုရင်လည်း ရော့ခ်သီချင်းတွေနဲ့ပဲ ပျော်လိုက်တာများတယ်။ ငယ်လေးရဲ့စိတ်ဖြေရာတစ်ခုက ရော့ခ်သီချင်းတွေလို့လည်း ပြောလို့ရတာပေါ့နော်။ သီချင်းအမျိုးအစားအားလုံးကို ကြိုက်ပေမယ့် ရော့ခ်သီချင်းတွေကိုတော့ ရူးသွပ်စွာစွဲလမ်းတယ်လို့ ပြောလို့ရပါတယ်။
■ မေး - ဆယ်ကျော်သက်အရွယ်ထိ ဖြတ်သန်းလာခဲ့တဲ့ တစ်လျှောက်လုံးမှာ ဂီတပတ်ဝန်းကျင်မှာ ကြီးပြင်းစေခဲ့တဲ့အတွက် ကိုယ့်ရဲ့ဝါသနာကို ဘယ်လိုအထောက်အပံ့တွေ ဖြစ်စေခဲ့သလဲ။
ဖြေ - ငယ်စဉ်ကလေးဘ၀ကနေ အခုချိန်ထိကို ဂီတပတ်ဝန်းကျင်မှာ ဖြတ်သန်းခွင့်ရခဲ့တဲ့ အခါကျတော့ အတွေ့အကြုံတွေ အများကြီး ရပါတယ်။ အထူးသဖြင့်တော့ စင်ကြောက်တဲ့စိတ်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း နည်းနည်းပိုရှိတယ်လို့ ထင်တယ်လေ။ အဲဒါ တစ်ခုကတော်တော်လေး အားသာပါတယ်။
■ မေး - ပထမဆုံး တစ်ကိုယ်တော်ခွေထုတ်မယ်လို့ စိတ်ကူးတဲ့အချိန်မှာ သီချင်းရွေးချယ်မှုကအစ ဘယ်လိုရွေးချယ်ဖြစ်ခဲ့လဲ။
ဖြေ - အခွေထုတ်ဖို့ကတော့ ငယ်လေး လူမှန်းသေချာသိတတ် ကတည်းကပေါ့။ ခြောက်နှစ်သမီးလောက် ကတည်းက အခွေထုတ်ချင်တဲ့ စိတ်ကူးရှိခဲ့တယ်။ ဒါပေမယ့် ဂီတကို သိပ်အာရုံမစိုက်ဖြစ်ဘူးပေါ့နော်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က စတင်ပြီး အခွေထုတ်ချင်တဲ့ စိတ်ကပြန်ဖြစ် လာတယ်။ ဒါကြောင့် အခုနှစ်ဇန်န၀ါရီလလောက်မှာ သေချာပြန်ပြီး ပြင်ဆင်ဖြစ်တယ်။ သီချင်းတွေကတော့ ငယ်ငယ်ကတည်းက လုပ်ခဲ့တာတွေလည်းရှိတယ်။ တေးရေးဆရာတွေဆီက သီချင်းတွေကို ငယ်လေးဆိုချင်တယ်ဆိုပြီး တောင်းတာမျိုးတွေလည်း ရှိတယ်။ ရလာတဲ့သီချင်းတွေကို ပါးပါးနဲ့နှစ်ယောက် ငါးကြိမ်ခြောက်ကြိမ်လောက် နားထောင်ပြီးတော့မှ ပြန်ဆိုကြည့်တယ်။ ပြီးမှ ရွေးဖြစ်ပါတယ်။
■ မေး - အိပ်မက်နဲ့ စိတ်ဓာတ်အခွေအတွက် ပြင်ဆင်ခဲ့ရတဲ့အချိန်မှာ အဓိကကြုံရတဲ့ စိန်ခေါ်မှုဆိုရင်ရော ဘာတွေဖြစ်မလဲ။
ဖြေ - အခက်အခဲကတော့ ရှိပါတယ်။ ငယ်လေး ဒီအခွေထွက်လာတော့ အားလုံးက အံ့အားသင့်ကြတယ်။ ဒီလောက်မြန်မြန်လုပ်နိုင်မယ်လို့ မထင်ကြဘူး။ ပါးပါးကလည်း ဒီနှစ်မှာ လုံးဝမအားဘူး။ အခွေအတွက် လိုအပ်တာအားလုံးကို တစ်ယောက်တည်း ပြင်ဆင်ရတယ်။ သီချင်းတွေရွေးရတယ်။ ဆင်ဆာတင်ဖို့တွေ၊ အခွေကာဗာအတွက် ပြင်ဆင်ရတာတွေ အားလုံးကို တစ်ယောက်တည်းလုပ်ရတဲ့ အခါကျတော့ တော်တော်လေး ခက်ခဲပါတယ်။ ငယ်လေးအတွက် သွားရလာရတာကအစ တစ်ယောက်တည်း ကြိုးစားပြီး လုပ်ခဲ့ရပါတယ်။ အခွေတစ်ခွေဖြစ်ဖို့ တော်တော်လေး ခက်ခဲမှန်းလည်း သိရတယ်။ အများကြီး ကြိုးစားပြီး လုပ်ခဲ့ရပါတယ်။
■ မေး - အိပ်မက်နဲ့စိတ်ဓာတ် အခွေထဲက အမှတ်တရ သီချင်းဆိုရင်ရော ဘယ်သီချင်းကို ရွေးချယ်ချင်လဲ။
ဖြေ - သီချင်းကတော့ အမှန်အတိုင်းပြောရရင် အားလုံးကိုကြိုက်တယ်။ အဲဒီထဲကမှ ပရိသတ်တွေဆီက ကြိုက်တယ်ဆိုပြီး ပြန်ကြားရတဲ့ သီချင်းလေးတွေဖြစ်တဲ့ ဆောရီးရယ်၊ စနေနဲ့တနင်္ဂနွေ၊ အလွမ်းမြို့သူ၊ ကျေနပ်ပါတယ်။ နှစ်ယောက်ကမ္ဘာဆိုတဲ့ သီချင်းလေးတွေကိုတော့ ပရိသတ်တွေက ကြိုက်တယ်လို့ ပြောကြပါတယ်။
■ မေး - မိခင်အတွက် ရည်ရွယ်တဲ့သီချင်းကို ထည့်ဖြစ်တဲ့ ရည်ရွယ်ချက်ကရော။
ဖြေ - အမေ့ကျေးဇူးဆိုတဲ့ သီချင်းလေးကတော့ ငယ်ငယ်ကတည်းက ရှိခဲ့တဲ့သီချင်းလေးပါ။ ငယ်ငယ်ကတည်းက ဒီသီချင်းလေးရခဲ့တဲ့အတွက် အရမ်းလည်းဝမ်းသာမိတယ်။ သီချင်းလေးက မိခင်တွေအတွက် ရည်ရွယ်ထားတဲ့ သီချင်းလေးလည်းဖြစ်တော့ အမှတ်တရလည်း ဖြစ်ပါတယ်။
■ မေး - အခွေထွက်လာတဲ့အခါ ဖေဖေ့ဆီက ဝေဖန်မှုနဲ့ Iron Cross အဖွဲ့သားတွေဆီက ဘယ်လိုမှတ်ချက်စကားတွေကြားရလဲ။
ဖြေ - ပါးပါးဆီကရော Iron Cross တီးဝိုင်းက ဦးလေးတွေဆီကပါ ကြားရတဲ့စကားက တစ်လေသံတည်းပဲ ပြန်ကြားခဲ့ရတယ်။ ကောင်းပါတယ်ပေါ့။ အားပေးတယ်။ ဆက်ကြိုးစားပါပေါ့။ နောက်ထွက်မယ့် အခွေကို အခုထက် ပိုပြီးကြိုးစားဖို့ပေါ့။ အဲဒီလိုတော့ ပြောပါတယ်။
■ မေး - ပရိသတ်တွေဆီက တုံ့ပြန်မှုတွေအပေါ်မှာရော ကျေနပ်လား။
ဖြေ - အခုချိန်ထိ ပြန်ကြားရတာတွေကတော့ ကျေနပ်ဖို့ကောင်းပါတယ်။ Facebook ကနေပြီးတော့ အခွေလေး ဓာတ်ပုံရိုက်ပြီး ပို့ပေးတာတို့၊ အရမ်းကောင်းတယ်ဆိုပြီး ချီးကျူးတာတို့ ရှိပါတယ်။ ငယ်လေး အရမ်းပျော်ပါတယ်။
■ မေး - Music Video ထွက်ဖို့ရော အစီအစဉ်ရှိလား။
ဖြေ - ရှိပါတယ်။ Music Video အမြန်ဆုံးထွက်ဖို့ အစီအစဉ် ရှိပါတယ်။ နောက်လထဲ ဒါမှမဟုတ် အခုလလယ်လောက်ကို စရိုက်ဖြစ်မှာပါ။ မိုးတွင်းလည်းဖြစ်နေတော့ ရိုက်ကူးရေး စီစဉ်ရတာ နည်းနည်းခက်တယ်လေ။ ဒါကြောင့်နည်းနည်း ကြာနေတာပါ။
■ မေး - သင်္ကြန်တုန်းက မန္တလေးမှာ Iron Cross တီးဝိုင်းနဲ့အတူ ဖျော်ဖြေခဲ့တာ တွေ့ရတယ်။ နောက်ပိုင်းရော Iron Cross ပွဲတွေမှာဆိုဖို့ အစီအစဉ်မျိုးရှိမလား။
ဖြေ - ရှိုးကတော့ ဆိုဖို့ခေါ်တဲ့သူရှိရင် ဆိုမှာပါ။ IC နဲ့ အမြဲတမ်း ဆိုဖို့ဆိုတာမျိုးတော့ မရှိသေးဘူး။ တစ်ခါတလေ အစီအစဉ်မရှိဘဲ တက်ဆိုရတာမျိုးလည်းရှိတော့ မပြောတတ်သေးဘူး။
■ မေး - ဂီတနဲ့ပတ်သက်လို့ ကိုယ်လုပ်သွားမယ့် လမ်းကြောင်းကို ဘယ်လိုသတ်မှတ်ထားလဲ။
ဖြေ - ငယ်လေးဂီတကို တကယ်ဝါသနာပါတယ်။ ငယ်ငယ်ကတည်းက ဖြတ်သန်းခဲ့တဲ့ နေ့စဉ်တိုင်းမှာ ဂီတနဲ့အတူ ဖြတ်သန်းလာခဲ့တာပေါ့နော်။ နောက်ပိုင်းကိုလည်း ဂီတအလုပ်တွေနဲ့ပဲ ဖြတ်သန်းချင်ပါတယ်။ သီချင်းတွေဆိုမယ်။ ဂီတာတီးမယ်။ အခုထက် ပိုပြီးတော့လည်း ကြိုးစားသွားမှာပါ။
■ မေး - ပရိသတ်ကို ပြောချင်တဲ့ စကားလက်ဆောင်လေးရှိရင် ပြောပေးပါဦး။
ဖြေ - ငယ်လေးဒီအခွေလေးကို စိတ်ရင်းနဲ့ စိတ်ကိုတကယ်နှစ်ပြီး ကြိုးစားထားတဲ့အခွေလေး ဖြစ်ပါတယ်။ ဒီအခွေလေးကို နားထောင်ပြီး အားပေးဝေဖန်ပေးကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နားမထောင်ရသေးတဲ့ ပရိသတ်တွေရှိရင်လည်း နားထောင်ပြီးတော့ ဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်။
Writer:
လင်းလင်းခိုင်
Copyright © 2015 Eleven Media Group Co., Ltd
ကျေနပ်ပါတယ် - ငဲငယ်လေး Lyrics Video
http://www.mediafire.com/…/Kyay+Nat+Par+Tal+Lyrics+Video.mov
ကျေနပ်ပါတယ် - ငဲငယ်လေး
http://www.mediafire.com/…/198a9jo7…/13+Kyay+Nat+Par+Tal.m4a
တို့နှစ်ယောက်ကမ္ဘာ - ငဲငယ်လေး ft. စောထက်နိုင်စိုး
http://www.mediafire.com/…/တို့နှစ်ယောက်ကမ္ဘာ+-+ငဲငယ်လေး+ft.…
အိပ်မက်နဲ့စိတ်ဓါတ် - ငဲငယ်လေး
http://www.mediafire.com/…/အိပ်မက်နဲ့စိတ်ဓါတ်+-+ငဲငယ်လေး.mp3
အမေ့ကျေးဇူး - ငဲငယ်လေး
http://www.mediafire.com/…/gg28k…/အမေ့ကျေးဇူး+-+ငဲငယ်လေး.m4a
အင်တာဗျူးက Eleven ကဖြစ်ပြီး သီချင်းလင့်ခ်တွေက ငဲငယ်လေးပေ့https://www.facebook.com/ngengallaymusic/ က ယူလာတာပါ။
Scanned by Loudspeaker

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။