ခွေးအတစ်ကောင်ဟာ ခြင်္သေ့ဆီ ရောက်လာပြီးတော့ စိန်ခေါ်တယ်။
``ဟျောင့် ခြင်္သေ့ သတ္တိရှိရင် မင်းနဲ့ငါ အားပြိုင်ရအောင် ''
ခွေးအရဲ့ စိန်ခေါ်မှုကို ခြင်္သေ့က လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုလိုက်တယ်။
အဲဒီတော့ ခွေးအ က အခုလို ခြိမ်းခြောက်တယ်။
``မင်းဟာ သူရဲဘောကြောင်တဲ့အကောင် ငါ့ကို တုန်နေအောင် ကြောက်တဲ့အကောင် လို့ တစ်တောလုံး သိသွားအောင် လျှောက်ပြောပစ်မယ်''
တောဘုရင်ဖြစ်တဲ့ ခြင်္သေ့ဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ ပြန်ပြောလိုက်တယ်။
``ငါ့ကို ငကြောက်လို့ ပြောချင်ပြောကြပါစေ...
ခွေးအနဲ့တုဖက်လို့ ရန်ဖြစ်တဲ့အကောင်ဆိုပြီး အထင်သေးတာတော့ မခံနိုင်ဘူး'' တဲ့
မတန်သူတွေနဲ့ ရန်မဖြစ်စတမ်းနော.......။
(မောင်ကောင်းထိုက်)
Photo From google

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။