#သိတ်ကြွားမနေနဲ့
#တနင်္လာနေ့
အလုပ်ထဲမှာ သူငယ်ချင်းနှစ်ယောက် စကားပြောနေကြတယ်။
ပီတာ . . . “ဟေ့ ဂျွန်၊ ငါ ညနေပိုင်းသင်တန်းတက်နေတာ ၆ လ ရှိသွားပြီ။ မနက်ဖြန်မှာ စာမေးပွဲရှိတယ်ကွ”
ဂျွန် . . . . “ဟာ ကောင်းတာပေါ့ကွာ”
ပီတာ . . . “ဒါနဲ့ တောမတ်စ်အယ်ဒီဆင်ဆိုတာ ဘယ်သူလဲ သိလား”
ဂျွန် . . . . “မသိပါဘူး”
ပီတာ . . . “လျှပ်စစ်မီးလုံး တီထွင်တာ သူပေါ့ကွ။ မင်း ငါတက်နေတဲ့ သင်တန်းကို တက်ရင် ဒါကို သိမှာပါ”
#အင်္ဂါနေ့
အလုပ်ထဲမှာ သူငယ်ချင်းနှစ်ယောက် စကားပြောဖြစ်ကြတယ်။
ပီတာ . . . “ဂျွန်၊ ဂန္ဒီဆိုတာ ဘယ်သူလဲ သိလား”
ဂျွန် . . . . “မသိပါဘူး”
ပီတာ . . . “အိန္ဒိယနိုင်ငံက ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီးကွ။ မင်း ငါတက်နေတဲ့ သင်တန်းကို တက်ရင် ဒါကို သိမှာပါ”
#ဗုဒ္ဓဟူးနေ့

ပီတာ . . . “ဂျွန်၊ ဂျေကေရိုးလင်းဆိုတာ ဘယ်သူလဲ သိလား”
ဂျွန် . . . . “မသိပါဘူး”
ပီတာ . . . “ဟယ်ရီပေါတားဝတ္တုတွေရေးတဲ့ နာမည်ကြီးစာရေးဆရာမပေါ့။ မင်း ငါတက်နေတဲ့ သင်တန်းကို တက်ရင် ဒါကို သိမှာပါ”
ဂျွန် . . . . “ဒါနဲ့ မင်း ကယ်ဗင်ဂျွန်နီကို သိလား”
ပီတာ . . . “မသိပါဘူး”
ဂျွန် . . . . “မင်းသင်တန်းတက်နေချိန်မှာ မင်းရည်းစားနဲ့ တွဲနေတဲ့ ကောင်ပေါ့ကွ။ မင်း သင်တန်း မတက်တော့ရင် ကောင်းမယ်”
သင် သိတယ်၊ တတ်တယ်ဆိုပြီး သိတ်ကြွားမနေပါနဲ့။ သင် မသိတာတွေ အများကြီး ရှိနေတယ်ဆိုတာ သတိရပါ။
ဗန်းမော်သိန်းဖေ
၂၈-၀၇-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။