Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, July 21, 2017

ခံတွင်းနံ့ နံခြင်း ( Bad breath ) ၊

ခံတွင်းနံ့ နံခြင်း ( Bad breath ) ၊
တနည်းအားဖြင့် အာပုပ်စော်နံခြင်း ( halitosis )
ဟာ စိတ်ညစ်စရာကောင်းပြီး ၊
ကိုယ့်ကိုကိုယ် ယုံကြည်မှု လျော့နည်းစေပါတယ် ။

အများအားဖြင့်
အနံ့ ပြင်းတဲ့ အစားအစား စားလို့ ၊ ဆေးလိပ်သောက်လို့ ၊
သွားဖုန်းရောဂါရှိလို့ ၊ အာခြောက်လို့ ၊ ကိုယ်တွင်းရောဂါရှိလို့ ၊
နှာပုပ်နာရှိလို့
စသဖြင့် နောက်ခံ အကြောင်းများ ရှိတတ်ပါတယ် ။

တကယ့် ပင်ရင်းခံအကြောင်းကတော့ လျှာနောက်ဖက်မှာ ၊
သွားခြေတွေကြားမှာ ဘက်တီးရီးယားပိုးတွေ စုပုံပွားများနေလို့ ဖြစ်ပါတယ် ။

အများအားဖြင့် ပုံမှန်သွားတိုက်ခြင်း ၊
သွားကြားကို သွားပွတ်ကြိုးနှင့် သန့်ရှင်းခြင်း ၊
လျှာခြစ်ခြင်း တို့ဖြင့် အနံ့ပျောက်အောင် လုပ်နိုင်ပါတယ် ။

ပုံမှန်သန့်ရှင်းရေးလုပ်လို့မှ မပျောက်ပဲ ၊
အာပုပ်နံ့က ဒုက္ခပေးနေသူတွေအတွက်ကတော့
အထူး ဂရုစိုက်မှုတွေ လိုအပ်မှာ ဖြစ်ပါတယ် ။

အိမ်တွင်းဖြစ် ဆေးဝါးနဲ့ ခံတွင်းအနံ့ ဆိုးနေတာကို ပျောက်စေဖို့
လုပ်ဆောင်နိုင်တဲ့ နည်းများကို တင်ပြပါမယ် ။

.

၁။ စမုန်နက် ( Fennel )
.
စမုန်နက်မှာ ဘက်တီးရီးယားတို့ကို နှိမ်နင်းနိုင်တဲ့ အစွမ်းသတ္တိရှိလို့
ခံတွင်းသန့်ရှင်းရေးအတွက် အလွန်ကောင်းပါတယ် ။

~ စားပွဲတင် တဇွန်းစာ စမုန်နက်ကို ဖြေးဖြေး ၀ါးပေးခြင်းဖြင့် ခံတွင်းနံ့
ကောင်းစေပါတယ် ။ သွားရည် ပိုထွက်စေပါတယ် ။

~ စမုန်နက် စားပွဲတင် ၂ဇွန်းကို ရေနွေးပူပူ တခွက်မှာ ၁၀မိနစ်ခန့်
စိမ်ထားပြီး ရေနွေးကြမ်း ( fennel tea ) ပြုလုပ်နိုင်ပါတယ် ။
တနေ့ ၂ ခွက်လောက် သောက်ရင် ခံတွင်းနံ့ ကောင်းစေပါတယ် ။

.

သစ်ကြံပိုးခေါက် ( Cinnamon )
.
သစ်ကြံပိုးခေါက်မှာ စင်နာမစ် အောဒီဟိုက် ( cinnamic aldehyde )
ပါဝင်ပါတယ် ။ ၎င်းက ဘက်တီးရီးယားများကို လျော့ပါးစေနိုင်ပါတယ် ။

~ သစ်ကြံပိုးမှုန့် လက်ဘက်ရည် ၁ဇွန်းစာကို ရေတခွက်နှင့် ကျိုပါ ။
~ ကရဝေးရွက် အနည်းငယ် ၊ ဖာလာစေ့ အနည်းငယ် ထည့်ပါ ။
~ အအေးခံ ပြီး ပလုပ်ကျင်း ပါ ။
ခံတွင်းနံ့ ကောင်းလာပါမယ် ။

.

လေးညှင်းပွင့် ( Cloves )
.
လေးညှင်းပွင်းမှာလည်း ဘက်တီးရီးယားတိုကို နှိမ်နင်းနိုင်သည့် သတ္တိ
ရှိပါတယ် ။

~ အလွယ်ဆုံးနည်းကတော့ လေးညှင်းပွင့် အနည်းငယ်ကို ၀ါးတာပဲ
ဖြစ်ပါတယ် ။ ကြာကြာ သေသေချာချာ ၀ါးပါက ခံတွင်းနံ့ ကောင်းသွားမှာ
ဖြစ်ပါတယ် ။

~ ရေတခွက်ကို ကျို ၊ လက်ဘက်ရည်ဇွန်း ၁ဇွန်းစာ လေးညှင်းပွင့် မှုန့် ထည့် ၊
၁၀ မိနစ်ထား ။ clove tea ရရော ။
တနေ့ ၂ကြိမ်
သောက်ရင်သောက် ၊
ပလုပ်ကျင်းချင်ကျင်း ၊
ခံတွင်းနံ့ ကောင်း စေမှာ ဖြစ်ပါတယ် ။

.

တရုတ်နံနံ ( Parsley )
.

တရုတ်နံနံမှာ စိမ်းရောင်ချယ် ( chlorophyll ) ပါပါတယ် ။
၎င်းက ခံတွင်း အနံ့ဆိုးကို ပျောက်စေပါတယ် ။

~ တရုတ်နံနံ တခက်လောက်ကို ၀ါးခြင်းဖြင့် လည်း ရပါတယ် ။
ဒါမှမဟုတ် ရှာလကာရည်မှာ နှစ်ပြီးမှ ၀ါးရင်လည်း ရပါတယ် ။

~ နောက်တနည်းက တရုတ်နံနံကို အရည်ဖျော်စက်နဲ့ ဖျော်ပြီး ၊
ခံတွင်းနံ့ ထွက်တိုင်း နည်းနည်းချင်း စုပ်သောက်နိုင်ပါတယ် ။

.

သံပရိုရည် ( Lemon Juice )
.

သံပရိုရည်က အက်ဆစ်ဓါတ်က ဘက်တီးရီးယားများ ပွားများခြင်းကို
တားမြစ်ပေးပါတယ် ။
သံပုရိုရည် စားပွဲတင် ၁ဇွန်းစာကို ရေ ၁ခွက်မှာ ထည့်မွှေပြီး ပလုပ်ကျင်း
ပေးရပါမယ် ။ ဆားနည်းနည်း ထည့်နိုင်ပါတယ် ။
ဒီနည်းက ခံတွင်းနံတာ ပျောက်စေသလို ၊ အာခြောက်တာလည်း သက်သာ
စေပါတယ် ။

.

ပန်းသီးရှာလကာရည် ( Apple Cider Vinegar )
.
ပန်းသီးရှာလကာရည်က pH ကို ချိန်ပေးတဲ့အတွက် ခံတွင်းနံ့ ဆိုးတာ
သက်သာစေပါတယ် ။

~ အစာမစားမီ ပန်းသီးရှာလကာရည် စားပွဲတင် ၁ဇွန်းကို ရေတခွက်မှာ
မွှေပြီး သောက်ရပါမယ် ။ ရှာလကာရည်က အစာလည်းကျေပြီး
ခံတွင်းနံ့လည်း ပျောက်စေပါတယ် ။

~ နောက်တနည်းက မသောက်ပဲ ပလုပ်ကျင်းလည်း ရပါတယ် ။

.

မုန့်ဖုတ်ဆော်ဒါ ( Baking Soda )
.
ဘိုင်ကာဗွန်နိတ် ဆော်ဒါက pH ကို ထိန်းညှိပေးသလို ၊ ဘက်တီးရီးယား
ကိုလည်း နှိမ်းနင်းပါတယ် ။

~ လက်ဘက်ရည်ဇွန်း ၁ဇွန်းစာ ဆော်ဒါကို ရေနွေးနွေး တခွက်ထဲ မွှေပြီး
ပလုပ်ကျင်းနိုင်ပါတယ် ။ တနေ့ ၁ကြိမ် ဆို ရပါပြီ ။

~ ဆော်ဒါမှုန့် နဲ့ သွားတိုက်ရင်လည်း ရပါတယ် ။
ဘက်တီးရီးယားများ လျှာပေါ်များ စုပုံလာခြင်းကို တားပေးပါတယ် ။
.

မူရင်းက ၁၀ မျိုး ဖော်ပြထားပေမယ့် ၊ ကျနော်တို့ အတွက် အလွယ်ရနိုင်တာက
ဒီ ၇ မျိုး မို့ ၊ ဒီ ၇မျိုးကိုပဲ ဖော်ပြအပ်ပါတယ် ။

.

ကျန်းမာ ချမ်းသာကြပါစေ
Dr. Myint Thein
21/7/2016

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။