နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ added 3 new photos.
သနားစရာအဖြစ်အပျက်လေးတစ်ခုပါ
♥♥♥♥♥♥♥♥♥♥♥
ဒီကောင်လေးက ပါကစ်တန်နိုင်ငံက ဆင်းရဲသားလေးတစ်ယောက်ပါ..... စမူဆာ ကို ကော်မရှင်စားပုံစံမျိုးနဲ့ ရပ်ကွက်ထဲလှည့်လည်ရောင်းပြီး ဝမ်းစာ ရှာဖွေစားသောက်ရတဲ့ ဘဝလေးပါ........
တစ်ရက်ထုံစံအတိုင်း ဆိုင်ရှင်မှ စမူဆာကိုလိုအပ်သလောက်ယူပြီး ကားမှတ်တိုင် ဘူတာ.... အစရှိတဲ့လူစီကားရာနေရာတွေမှာ ရောင်းဖို့သွားနေစဉ် ကားအသစ်တစ်စီးက စည်းကမ်းမဲ့စွာ အရှိန်ပြင်းပြင်းမောင်းလာနေရင်း ကောင်လေးကို ကပ်ပြီးတိုက်မိသွားသည်....
ကောင်လေးခေါင်းပေါ်ရွက်ထားတဲ့ ခုမှဆိုင်ကယူလာတဲ့....
စမူဆာ ဗန်းကြီးက လွင့်စင်သွားပြီး စမူဆာများလည်း ပျက်စီးကုန်လေသည်.....
ဒါပေမယ့်လည်း ကားအသစ်ပေါ်က လူက ကောင်လေးကိုလှည့်မကြည့်ပဲ ထွက်ပြေးမောင်းထွက်သွားလိုက်သည်.....
ကောင်လေးက လမ်းဘေးမှာထိုင်ကာ ကားကိုတလှည့် လမ်းမပေါ်မှာပြန့်ကျဲနေတဲ့စမူဆာတွေကို တလှည့်ကြည့်ရင် မျက်ရည်စက်များ စီးကျလာသည်....
ဘေးနားက လူတွေက ကောင်လေးကို ဖြေသိပ်စကား
များပြောပေးကြပါတယ်.....
ဒါပေမယ့် ကောင်လေးက ငိုသံလေးနဲ့....
ခုပျက်စီးသွားတဲ့ စမူဆာ ရဲ့လျော်ကြေးကို ကျွန်တော် တစ်ပတ်လုံးစမူဆာရောင်းပြီး ပေးရင်တောင် မကျေနိုင်ဘူးဗျာ-....
ဒီတော့ ကျွန်တော် ဝမ်းစာအတွက်ရှာရမှာလား လျော်ကြေးအတွက်ရှာရမှာလားး
ချမ်းသာတဲ့သူတွေကို ကျွန်တော်ပြောချင်ပါတယ်
ခင်ဗျားတို့ကိုဘုရားပေးထားတဲ့စည်းစိမ်တွေကို စည်းကမ်းရှိရှိအသုံးချနိုင်ကြပါစေဗျားး......
ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာလည်းး ချမ်းသာတဲ့သူတွေရဲ့ မဆငိမချင် လုပ်ရပ် အပြောအဆို တွေမကြာခဏလိုလို ကြားရပါတယ်....ခင်ဗျားတို့မစဉ်းစားမဆင်ချင် ပြောဆိုလိုက်တဲ့ လုပ်ရပ်အပြုအမူတွေက ခင်ဗျားတို့အတွက်ပေါ့ပေါ့တန်တန် ဖြစ်နေပေမယ့်.....
တဖက်ခံရသူ လက်အောက်ငယ်သား သူဆင်းရဲသားများရဲ့ ဘဝကိုထိပါးစေတယ်ဆိုတာ သူ့တို့နေရာဝင်ပြီး စဉ်းစားပေးသင့်ပါတယ်.......
ဒါကြောင့် အချို့မိတ်ဆွေများ ငါ့မှာ ပါဝါရှိတယ် ပညာရှိတယ် ငွေရှိတယ်ဆိုပြီး မေါက်မာစွာ တစ်ဖက်သားထိပါးစေတဲ့ အပြုမူ အသုံးအနှုန်းများ မပြုလုပ် မပြောဆိုကြပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်.....
ခင်မင်လေးစားလျှက်ပါ.....
Credit မူရင်း
Credit Original Uploader
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။