Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 31, 2012

နူးညံ့တဲ့ ဘေးထွက်ဆိုးကျိုးများ

 
Monday, December 31, 2012

လောကမှာကောင်းစေချင်လို့ လုပ်လိုက်ခါမှ ဆိုးကျိုးသက်ရောက်မှုတွေ အများကြီးရှိတယ်။ အရင်ခေတ်က ဆိုရှယ်လစ် လူတန်းစား ညီမျှရေး ဆိုပြီး လုပ်လိုက်တာ..ကောင်းတော့ကောင်းပါတယ်။ တန်းတူညီမျှရေး ၀ါဒကြီးဟာ ပစ္စည်းရှားပါးမှု..။ လိုချင်တာဝယ်ယူမရမူ၊ မလိုချင်တာ ဇွတ်ဝယ်ရမှုတွေနဲ့
ဘေးထွက်ဆိုးကျိုးဖြစ်စေခဲ့တယ်။
...
တစ်ခါ တရုတ်နိုင်ငံရဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း ပေါ်လစီ
အရ နှစ် ၃၀ လောက်အကြာ တရုတ်နိုင်ငံကြီးမှာ အမျိုးသမီး ရှားပါးမှု
ပြဿနာတွေ့ကြုံလာရပြီး.တရားမ၀င်ခိုးဝင်းမှုလူကုန်ကူးမှုဆိုတဲ့ ဘေးထွက်
ဆိုးကျိုးတွေ ဖြစ်စေခဲ့တယ်။ ယခုတစ်ခါ မြန်မာ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ နယ်စပ် အာဏာပိုင်တွေ အကျင့်ပျက် လဘ်စားမှုကြောင့် ရခိုင်မှာ ဘင်္ဂါလီ
ပြဿနာ အဓိကရုဏ်းတွေ ဖြစ်ကြရပြန်တယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ မဟားဒယား ခေါင်းပုံ ဖြတ်စေခိုင်မှု၊ လိင်မှုဆိုင်ရာ မတော်မတရား ပြုကျင့်မှုများကို ဘယ်နိုင်ငံ အစိုးရကမှ လက်မခံ ကြပါဘူး။ ဒါကို တချို့က အနောက်တိုင်း အခွေတွေကြည့်ပြီး အပေါ်ယံ အမြင်သဘောမျိုးနဲ့ ဟိုနိုင်ငံမှာဆို လွတ်လပ်ခွင့်က ဘယ်လို၊ ဒီနိုင်ငံမှာ က ဘယ်လိုဆိုပြီး အဟုတ်ကြီး ထင်နေကြတဲ့ လူတွေကလည်း ရှိသေး။ အမှန်တရားနဲ့ လွတ်လပ်ခွင့်ကို အချိန်ယူပြီး ကြည့်တတ်ကြဖို့ လိုအပ် ပါတယ်။

စည်းကမ်းတင်းကျပ်တဲ့ စင်္ကာပှုလို၊ သြစတေးလျလို၊ အမေရိကန်တို့လို
နိုင်ငံမျိုးမှာ ဆေးလိပ်သောက်ခွင့် မပြောနဲ့။ ဆေးလိပ် ရောင်းဝယ်ဖောက် ကားခွင့်၊ ကြော်ငြာခွင့်ကိုတောင် ဥပဒေတွေနဲ့ တားမြစ်ပိတ်ပင်လိုက်တော့ ၀ိသမလောဘသားတွေရဲ့ ပစ်မှတ်က ဆင်းရဲတဲ့ နိုင်ငံနဲ့ ဖွံ့ဖြိုးစ နိုင်ငံတွေကို ဦးတည်လာကြတယ်။ ဒါကလည်း ဆီလို ထွက်ပေါက် ရှာတတ်တဲ့။ အလိုရမ္မက်ကြီး သူတချို့ရဲ့ ဆေးလိပ် ပေါ်လစီ ဘေးထွက်ဆိုးကျိုး တစ်ခုပါပဲ။ ဒါဖြစ်သင့်ရဲ့လား။ အရမ်း ရက်စက်ရာရောက်ပါတယ်။ တကယ်တမ်း မကောင်းမှန်းသိသိကြီးနဲ့ ကိုယ့်နိုင်ငံမှာ လုပ်ခွင့် မရှိတော့ သူများနိုင်ငံမှာ လာလုပ်တယ် ဆိုတာ ဒါသက်သက်မဲ့ စော်ကားနည်း တစ်မျိုးပါပဲ…။ သူများနိုင်ငံ ဘာဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံ ဘာမှမဖြစ်ရင် ပြီးရော၊ ကိုယ်ချမ်း
သာရင် ပြီးရော ဆိုတဲ့။ အသွင် သဘောမျိုး သက်ရောက်နေတယ်။ အရမ်းကြောက်စရာ ကောင်းပါတယ်။ အရက်နဲ့ ဘီယာ တွေဟာလည်း အလားတူပါပဲ။ မကြာသေးဘူး။ တလောကမှ စင်္ကာပူက ဆေးလိပ်ကုမ္ပဏီ တစ်ခု ကိုယ့်နိုင်ငံမှာ လာရင်းနှီးမြုပ်နှံတယ်ဆိုလို့ ကျွန်တော် တော်တော်လေး ၀မ်းနည်းသွားတယ်။ သူတို့ နိုင်ငံမျာ အဲ့ဒါမျိုးသွားလုပ်ရင် သူတို့ ဘယ်လိုနေမလဲ၊ ဆွေ့ဆွေ့ခုန်နေမှာပေါ့ ဟုတ်ဖူးလား။

နောက်တစ်ခါ ကလေးအခွင့်အရေး..။ ကမ္ဘာမှာ အမျိုးသမီးနဲ့ ခလေး အခွင့်အရေး ဥပဒေတွေ ထုတ်ပြန်ကြော်ငြာပြဌာန်းခဲ့တာကြာပါပြီ။ ၅၄ နိုင်ငံ လက်မှတ်ထိုးခဲ့ပါတယ်။ လူဆိုတဲ့ သဘောက မကောင်းမှုကို ဒီမှာ မလုပ်ရရင်၊ ရတဲ့နေရာ သွားလုပ်မယ်ဆိုတဲ့ အတ္တမြုံစိတ်လေးတွေ ကိန်းဝပ် နေလေ့ရှိတယ်။ ရေအိတ်ကို ညှစ်လိုက်ရင် အပေါက်ကရေတွေ ပန်းထွက်လာသလိုမျိုး၊ ဘူးသီးပုံ ရော်ဘာ ဘူးဘောင်းကို တဖက်ကညှစ်လိုကရင် တစ်ဖက်မှာသွားဖေါင်းနေတာမျိုးလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်ခွင့်မရှိတော့တဲ့အတွက် ကလေးငယ်များနှင့် ပျော်ပါးဖို့ ခရီးသွားလာနေကြတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ အများကြီး ရှိပါတယ်။ ကမ္ဘာပေါ်မှာ ကလေး ပြည့်တန်ဆာ ဖြစ်နေရသူ သန်းနဲ့ချီပြီး ရှိပါတယ်။ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့နဲ့ တစ်ကမ္ဘာလုံးရှိ ကလေးများရဲ့ အခွင့်အရေးအတွက် ဖြေရှင်းပေးရမယ့် ပြဿနာတွေဟာ သေရေးရှင်ရေး တမျှ အရေးကြီး လာနေပါတယ်။ ဒါဟာလည်း ဘေးထွက်ဆိုးကျိုး
တစ်ခုပါလို့ မပြောလိုပေမယ့် ကိုယ်ချင်းစာတရား အတ္တစိတ်တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။

ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့) က ခန့်မှန်းရာမှာ တစ်ကမ္ဘာ
လုံးရှိ မိန်းကလေး ငယ် သန်းပေါင်း ၁၀၀ခန့်ဟာ ကလေးအလုပ်သမားများ
ဖြစ်ကြပြီး၊ တချို့ကတော့ အသက်ဘေး အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်များနဲ့
ခေါင်းပုံဖြတ်ခံရတဲ့ အခြေအနေမျိုးမျာ လုပ်ကိုင်နေရတယ်လို့ ဆိုတယ်။ အမှန်ဆို ကလေးသူငယ်(၁၂၆)သန်းလောက် အလုပ်ဆင်းနေရပြီး၊ နှစ်စဉ် ကလေး အလုပ် သမားအဖြစ် လူကုန်ကူးခြင်းခံနေရသူ၊ လုပ်အားခေါင်းပုံ
ဖြတ်ခြင်း ခံနေရသူ ကလေးပေါင်း (၁.၂ ) သန်းရှိနေပါတယ်။ လိင်ပိုင်း
ဆိုင်ရာ ခေါင်းပုံဖြတ်မူ အတွက် လူကုန်ကူးခြင်းဟာ အဖြစ်အများဆုံးဖြစ်ပြီး ကလေးစစ်သား အသုံးပြုခြင်းနဲ့ ခိုင်းစေမူဟာ ဒုတိယ နေရာမှာ လိုက်နေ
ပါတယ်။

နောက်ပြီး တစ်ခါ တစ်သျူးနဲ့ တစ်ခါသုံးဝါးတူ။ ကျန်းမာရေးအတွက် safely ဖြစ်အောင် လို့ဆိုပြီး တစ်ခါသုံးတွေ၊ တစ်သျူးတွေ ခေတ်စား လာလိုက်တာ ဘယ်လိုမှ တားဆီးမရနိုင်တော့တဲ့ အခြေအနေမျိုးကို
ရောက်ပြီး ခုဆိုရင် တောရွာ မှာလည်း တစ်ခါသုံးတူနဲ့တစ်သျူးနဲ့ ဖြစ်နေကြ
ပြီ။ဒါတွေဟာ ကောင်းလားဆိုတော့ ကောင်းမလိုလိုနဲ့ထင်ရပြီး နောက်ပိုင်းမှာထိခိုက်မူုများစွာနဲ့ ကြုံလာ နိုင်တဲ့ ခေတ်ရဲ့လှည့်စားမူတွေပဲ။ ဒီလိုတစ်ခါ
သုံးတူနဲ့ တစ်သျူးဆတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေက မပြောပလောက်
ဘူးလို့ ထင်ရပေမယ့် ရေရှည်မှာ ဂေဟစနစ် အတွက် အကြီးကျယ်ဆုံး ခြိမ်းခြောက်မှု တစ်ရပ်ပါပဲ။

ဒီနှစ်ခုနဲ့ အလားသဏ္ဍန်တူတဲ့ ပစ္စည်းတွေ အများကြီးရှိပါတယ်။ တခါသုံးတွေ
အများကြီး သုံးတဲ့ အခါဘာဖြစ်မလဲဆိုတော့ တစ်ခါသုံး ကမ္ဘာကြီးဖြစ်သွား
မှာပေါ့…နော့။ ဘယ်ဟာကမှ တစ်ခါပဲ သုံးရင် မကောင်းပါဘူး..။ လူကိုတောင် ရေလျှော်ပေးပြီး အကြိမ်ကြိမ် သုံးနေရတာပါ။ တခါသုံးတွေရဲ့ ဆိုးကြိုးက အမှိုက်တွေပေါမယ်၊ စွမ်းအင်နဲ့ ဇီဝ အရင်းအမြစ်တွေ သံယံဇာတတွေ ပြုန်းတီးလာမယ်။ တစ်ခါပဲသုံးရလောက်အောင် တို့တွေက သူဋ္ဌေးတွေမှ မဟုတ်ကြတာပဲ။

အဝေးကြီး မပြောပါနဲ့

စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေအထွက်တိုး ရောဂါကင်းစင်စေဖို့အတွက် ထုတ်လုပ် ထားတဲ့ ဓါတ်မြေသြဇာ။ ရည်ရွယ်ချက် အရမ်းကောင်းပါတယ်။ အထွက်နှုန်းလည်း မဟားဒယားကြီး ကို တိုးပြီး၊ ပက်ပက် စက်စက် ကြီးထွားရင့်သန် ပေါပေရဲ့။ ဒါပေမဲ့ ဆိုးတဲ့ အချက်က လူသားမျိုးနွယ် တစ်ခုလုံးပျောက်ပျက် သွားနိုင်လောက်တဲ့ ရက်စက်မူတွေအပြည့် ပါဝင်ပြီး၊ ဆိုးရွားမှုတွေ ရာနှုန်းပြည့် ပါဝင်နေတဲ့အချက်ပါပဲ။ ဒီလို ဘေးထွက် ဆိုးကျိုးမျိုးကိုတော့ ဘယ်လောက်ပဲ ကောင်း ကောင်းမျက်စိ မှိတ်ပြီး အောင့်ကာတော့ မနမ်းနိုင်ပါဘူး နော်။ မွေးလာတဲ့ ကလေးမှာ ကိုယ်လက် အင်္ဂါမပြည့်စုံတာ တွေ၊ လူစဉ်မမှီတာတွေ၊ ပုံပျက် ပန်းပျက်ကြီးတွေ မွေးလာတာတွေ၊ ဥာဏ်ရည် မပြည့်တာတွေ… ဓါတ်မြေသြဇာရဲ့ ဆိုးယုတ်ပုံတွေ ကတော့ ပြောမဆုံးအောင်ပါပဲ။ ဒါကြောင့်မို့ မကောင်းမှန်းသိရင် ရှောင်ကြပါစို့။

နောက်ပြီး ဆိုးဆေး..။

စားလို့ လှအောင် ရောင်းပန်းလှအောင်သုံးတဲ့ ဆိုးဆေး။ ကြည့်လို့တော့ အင်မတန် လှပါပေရဲ့။ စားမိရင် ဇီဝိန်ခြွေရုံ မက လူညွှန့်တုံးစေနိုင်တဲ့အထိ
ဘေးထွက်ဆိုးကျိုး ရှိတယ်လို့ အံ့သြနေမလား၊ ယုံမှ ယုံကြပါ့မလား။ ၀က်အူချောင်း၊ ဒန်ပေါက်၊ ၀က်သားတုတ်ထိုး၊ အသားတုကင်၊ ဇီးထုပ်၊ လက်ဖက်၊ သစ်သီးမျိုးစုံ၊ အချဉ်ပေါင်းမျိုးစုံနဲ့၊ ငရုပ်ချဉ်၊ ခရမ်းချဉ်သီးဆော့ တို့မှာ ဆိုးဆေးတွေ ပါဝင်ပါတယ်။ ဒါကိုလည်း ကောင်းမကောင်း ကိုယ့်ဘာကိုယ်ခွဲခြားပြီး၊ စားသင့်မစား သင့် ကိုယ့်ဘာကိုယ်ဆုံးဖြတ်
ပေါ့နော့်။ ဦးနှောက်ရှိတဲ့ လူသားတစ်ဦးဆိုရင်တော့ကိုယ်အသက် သေစေနိုင်
လောက်တဲ့ အတိုင်းတာမျိုးကို ဘယ်သူကမှ ဘယ်တော့ကမှ ဘယ်နည်းနဲ့မှ လက်သင့်ခံကြ မှာ မဟုတ်တော့ပါဘူး..။

နောက် ကြွပ်ကြွပ်အိတ်။ ဆယ်စုနှစ်ပေါင်းများစွာပေါ်ပြူလာ ဖြစ်ခဲ့ပြီး၊ မရှိမဖြစ် အသုံးဝင်တဲ့ ပစ္စည်းအဖြစ် ထင်မှတ် ထားခဲ့တဲ့အရာ။ လွယ်လွယ် ကူကူနဲ့ရနိုင်ပြီး၊ ပေါ့ပေါ့ပါးပါး သယ်သွားနိုင်ပြီး၊ လိုသလို အသုံးပြုနိုင်ပြီး၊ မလိုအပ်တော့ရင် စွန့်ပစ် လိုက်လို့ နှမြောစရာ မကောင်းတဲ့အရာ။ ဒီလောက် အဆင်ပြေပါတယ်ဆိုတဲ့ ဒီ ကြွပ်ကြွပ်အိတ်၊ ပလက်စတစ်လို အရာမျိုး
မှာတောင် လူသုံးအရမ်း များလာတော့ ကြောက်စရာကောင်းလောက်အောင်
ဘေးထွက်ဆိုးကျိုးက ရှိခဲ့ပါပြီ။ ထားပါ။

မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကဏ္ဍအတွက် တစ်ခေတ်ဆန်းလာတဲ့ ခေတ်ရဲ့ စားသုံးမူတစ်ခု။ ကြည့်လိုက်ရင်တော့ ဟုတ်သလိုလိုပဲ။ အဆင်ပြေမှုကတော့ အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကား ဆိုတာလိုပဲ။ ဟုတ်ပါပြီ ဒီလောက်ကောင်းတဲ့ မိုဘိုင်းဖုန်းမှာ ဘာဘေးထွက် ဆိုးကျိုးရှိလဲ ဆိုရင်တော့ မိုဘိုင်းဖုန်းက ထုတ်လွှတ်တဲ့ ဓါတ်ရောင်ခြည်ဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေသတဲ့။ ကလေး သူငယ်များဟာ ဓါတ်ရောင်ခြည်ကို ပိုမိုလက်ခံ စုပ်ယူနိုင်စွမ်းရှိလို့။ ကလေးနဲ့ လည်း ဝေးအောင်ထား၊ အိပ်ရင်လည်း လူနဲ့အတူ တွဲမအိပ်သင့်ပါဘူးတဲ့။ ခါးမှာ ချိတ်..ကျောက်ကပ်ထိ၊ ဗိုက်မှာချိတ် ကလီစာထိတတ်တယ်လို့ ကျန်းမာရေးသုတေ သီတွေ က လေ့လာစမ်းသပ်ချက်တွေနဲ့ အတည်ပြု ထုတ်ပြန်ခဲ့ကြတယ်။

Enviroment အကြောင်းကိုတော့ ဆရာ့ဆရာကြီးတွေ ပြောခဲ့ပြီးလို့ သိနေလောက်ပါပြီ။ ဆိုလိုချင်တာက ဘယ်အရာမှ အလွန်အကျွံ ဆိုရင် မကောင်းဘူးဆိုတာပါပဲ။ ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားတွေက သိပ်မှန်တာပဲ။ တန်ဆေးလွန်ဘေးတဲ့။ အင်မတန် တာသွားပြီး အရာရောက်ပါတယ်။ အသားငါးရှောင်ပြီး သက်သတ်လွတ်စားတယ်ဆိုလဲ ဓါတ်မြေသြဇာနဲ့ မလွတ်ကင်း ပြန်ဘူးနော်။ ဒါကြောင့်မို့ မကောင်းမှန်း
သိတာတွေကို သတိလေးထားပြီး ရှောင်ကြမယ်ဆိုရင်ဖြင့် -

Myit Makha Mediagroup

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။