Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 29, 2012

‘ကျန်းမာတော်မူပါစ' - ဂျူး


Health Magazine (ကျန်းမာရေးမဂ္ဂဇင်း)
ဒီဇင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ

အခုတလော ကျွန်မ နံနက်တိုင်းလိုလို လမ်းလျှောက်ရင်း သွားနေကျ ဈေးလေးတစ်ခုမှာ ဆည်မြောင်း ၀န်း နှင့်ကပ်လျက် ရပ်ကွက်ဈေးငယ်လေးဖြစ်သည်။ ကျွန်မတို့အနီးက အေ၀မ်းဈေးသည် အိမ်ရှေ့ တံခါးအ ထွက်မှ ဈေးတန်းအစအရောက်ထိ ခြေလှမ်းတစ်ထောင်သာ လှမ်းရ၏၊ အသွားအပြန်ဆိုတော့ ခြေလှမ်း နှစ် ထောင် ပေါ့။ နည်းသေးသည်။ ဆည်မြောင်းဝန်းနားက ဈေးကတော့ ဈေးအစရောက်သည်အထိဆိုလျှင် ခြေ လှမ်း ၂၇၀၀ လှမ်းရသည်။ အသွားအပြန်ဆိုလျှင် ၅၄၀၀ ပေါ့။ ဒါက သိပ်မဆိုးလှဘူးဟု ထင်သည်။ စွယ်တော် ဘုရားဝန်းအပြင်ဘက်ကနေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရှစ်မိုင်မီးပွိုင့်ဘေးကနေ ပြည်လမ်းသို့ ပြန်လာလျှင် အိမ်အရောက် ခြေလှမ်း ၆၅၀၀ ဖြစ်သည်။ ထိုလမ်းကိုတော့ လမ်းလျှောက်တစ်လှည့် ပျက်တစ်လှည့်၊ မိုးတွင်း တွေမှာဆို ချော်လဲမှာစိုးသဖြင့် မသွားဖြစ်တော့ပေ။ အခုအခါ အလေ့အကျင့် ပျက်နေပြီ။ ထို့ကြောင့် ဆည် မြောင်းဈေး သွားလျှင် ခြေလှမ်း ၅၀၀၀ ကျော် ရသဖြင့် ထိုဈေးသို့သွားဖြစ်တာများပါသည်။
မကြာသေးမီက ထိုရပ်ကွက်ဈေး၊ ၀င်ပေါက်လေးနှင့် မျက်နှာချင်းဆိုင်မှာ ဆေးခန်းလေးတစ်ခု သေသေ သပ်သပ် တည်ဆောက်လိုက်သည်။ ဆည်မြောင်းဦးစီးဌာနသည် မူလငှားထားသည့် ဆေးခန်းနေရာကို ပြန်ယူ ပြီး အစအဆုံး ပြန်ပြင်လိုက်တာဖြစ်သည်။ မူလဆေးခန်းတုန်းကတော့ ဆေးခန်းလည်းဖြစ်၊ ကပ်လျက်မှာ ကုန်စုံ ဆိုင်၊ မုန့်ဆိုင်လေးလည်း ဖွင့်သည်ဟု မှတ်မိသည်။ လက်ဖက်ရည်ဆိုင်လေးလည်း ရှိသည်ထင်ပါရဲ့။အခု အခါ အရာရာသည် ပြောင်းလဲသွားပြီ။ ဆေးခန်းသည် ဆည်မြောင်းဝန်ထမ်းများအတွက် အခမဲ့ကုသပေးသော ဆေး ခန်း ဖြစ်သွားသည်။ ခြံဝန်းလေးနှင့် အဆောက်အဦလေးကလည်း တစ်ထပ်တိုက်လေး။ ဆည်မြောင်း၏ အ ရောင် ရေညှိရောင်နုနု၊ ဒေါနပန်းရောင်။ တည်ဆောက်ထားပုံလေးက သေသပ်လှပသည်မို့ ကျွန်မ ဈေးသွား လျှင် ထိုဆေးခန်း နေရာလေးကို အမြဲပင်ကြည့်မိသည်။ ယခုတော့ ထိုနေရာလေးမှာ အခမဲ့ ဆေးခန်းဖြစ် နေ တော့ ပိုတောင်စိတ်ဝင်စားမိလေသည်။ဆည်မြောင်းရုံးသည် ကျွန်မ သိသလောက်တော့ နှစ်နေရာရှိသည်။ ရန်ကင်းမှာတစ်နေရာ၊ အခုနေရာ ရှစ်မိုင်ခွဲမှာ တစ်နေရာဖြစ်သည်။ ရန်ကင်းဆည်မြောင်းဝန်းမှာလည်း အခုလို ပင် ဆေးခန်းလေးရှိသည်ဟု ပြောသည်။ ဆရာဝန်သည် ရှစ်မိုင်ဆေးခန်းမှာ နှစ်ရက်၊ ရန်ကင်းဆေးခန်းမှာ နှစ်ရက် ထိုင်သည်ဟု သိရသည်။
ကျွန်မပြောချင်တာက ကိုယ့်ဝန်ထမ်းကို အခမဲ့ကုပေးသော ဆည်မြောင်းဆေးခန်းလေးကို မြင်ရသဖြင့် ကျွန်မ ကျေနပ်မိသည့်အကြောင်း ဖြစ်ပါသည်။ ၀န်ထမ်းဆိုတာက အနည်းနှင့်အများ ဆိုသလို လစာအကန့်အ သတ်တွေနှင့်မို့ လစာနှင့် လောက်ငအောင် သုံးစွဲရသည်က များမည်။ ဆေးခန်းတစ်ခါပြလျှင် ကုန်ကျမည့်စရိတ် က မနည်းလှပေ။ ဆရာဝန်စမ်းသပ်ခ၊ ဆေးဖိုး၊ အခြားသော ဓာတ်ခွဲခန်းနှင့် ဓာတ်မှန်စသည် စစ်ဆေးမှုတွေနှင့် ဆိုလျှင် တော်ရုံတန်ရုံ အောက် ခြေ၀န်ထမ်းမှာ လခကုန်သွားနိုင်သည်။ အခမဲ့ ဆေးခန်းဆိုတော့ ၀န်ထမ်းတွေ ကုသမှုခံယူဖို့ တော်တော် အဆင်ပြေသည်။ ၀န်ထမ်းကို အခမဲ့ ကုသပေးပြီး ၀န်ထမ်း၏ ဇနီး၊ ခင်ပွန်း၊ သားသမီး တို့ကို တစ်ဝက်ခကျခံရသည်ဟု ပြောသည်။ ဆည်မြောင်းဆေးခန်းလေးသည် အင်္ဂါနှင့် ကြာသပတေးနေ့တွေမှာ ဖွင့်တာမို့ ထိုနှစ်ရက်တွင် နံနက်တွေမှာ စည်ကားသည်ဟု ဆည်မြောင်း ၀န်ထမ်းအိမ်ရာမှာနေသော ကျွန်မ တို့ အဖွဲ့၏ စေတနာ့ဝန်ထမ်း တူမလေးက ပြောပါသည်။ သိပ်ကောင်းတာပဲ။ ၀န်ကြီးဌာနတိုင်းမှာ အဲဒီလို အခမဲ့ ဆေး ခန်းတွေရှိလား ကျွန်မတွေးမိသည်။ ကျွန်မက ၀န်ကြီးဌာနတွေ ၀န်ထမ်းတွေနှင့် အလှမ်းဝေးသဖြင့် ကိုယ့် အနီးအနား ကိုယ့်မျက်စိ ရှေ့မှာ ရှိနေသောအရာကိုပဲ မြင်မိတာဖြစ်မှာပါ။ ကျန်သည့် ၀န်ကြီးဌာနတွေလည်း အ ခုလိုပဲ ကိုယ့် ၀န်ကြီးဌာန၏၀န်ထမ်းတွေအတွက် အခမဲ့ ဆေးခန်း လုပ်ပေးမှာပါ။
မကြာခင်ကပဲ ကုန်းဇောင်းမှ ကျွန်မ ပြန်ခဲ့သည်။ ကုန်းဇောင်း အထက်တန်းကျောင်းက ဆရာကန် တော့ပွဲသို့ သွားခဲ့ခြင်းဖြစ်ပါသည်။ ကုန်းဇောင်းမှာ သည်တစ်ခေါက် အခမဲ့ ဇီဝိတဒါန ဆေးပေးခန်းနှစ်ခုကို တွေ့မြင်ခဲ့ရသည်။ တစ်ခုက မြစေတီဘုရားအထွက် သံကိုင်းလမ်းမှာ တွေ့ခဲ့ရသည့် စေတနာဆေးခန်း၊ နောက်တစ်ခုက မနီးမဝေးမှာရှိသည့် ရွှေပါရမီဆေးခန်း။ ရွှေပါရမီဆေးခန်း တိုက်အဆောက်အဦမှာ အပြီး သတ်နေပြီကို မြင်ရသည်။ ဆေးခန်းဖွင့်ပွဲ မကြာခင် ပြုလုပ်တော့မည်တဲ့။ စေတနာကတော့ အခုကိုပဲ ဆေး ကုသမှု စတင်နေပြီဖြစ်သည်။ နှစ်ခုလုံးမှာ သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ရပ်မိရပ်ဖများနှင့် စေတနာ့ ၀န်ထမ်းလူငယ်များက ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ မြ၀တီမြို့တွင် လည်း ဆရာတော် ရှင်ဆန္ဒာဓိက၏ ဦးဆောင်မှု ဖြင့် ရွှေပါရမီ အခမဲ့ဆေးကုခန်းကို ဖွင့်လှစ်ခဲ့ပြီး ပြီဟု သိရပါသည်။
ကုန်းဇောင်းမြို့လေးတွင် တိုက်နယ် ဆေးရုံရှိသည်။ ကျန်းမာရေးဆေးပေးခန်း ရှိသည်။ ပစ်္ဆိမပရဟိတ လူမှုကူညီအသင်းရှိသည်။ သို့သော် တကယ်တန်း အရေးပေါ်ဖြစ်လာလျှင် အနီးဆုံး ဖြစ်သည့် ပွင့်ဖြူဆေးရုံက ရှစ်မိုင်ဝေးသေးသည်။ လမ်းပမ်းဆက်သွယ်ရေး အရင်ကထက် ကောင်း မွန်လာပြီဖြစ်သော်လည်း လူနာတင်ဖို့ ယာဉ်က လိုသေးသည်။ ငွေကျပ်ငါးသောင်းမှ တစ်သိန်း ထိပေးပြီး ငှားရသော်လည်း ယာဉ်က ရှာဖွေဖို့ အခက် အခဲ ရှိသည်။ ဆိုင်ကယ်တွေတော့ များတာ ပေါ့။ ကားကတော့ အလိုရှိတိုင်း ငှားလို့မရနိုင်။ ထို့ကြောင့် လူနာ တင်ယာဉ် လိုအပ်နေသည်။ အောက်ဆီဂျင်ဘူးတွေတော့ အလှူဒါနကြောင့် ရှိနေပါပြီ။ သို့သော် လူနာတင် ယာဉ်အတွက် စုဆောင်းနေသော ရန်ပုံငွေက မပြည့်သေးဘူးတဲ့။ ညံကန်ကျောင်းတိုက်က ဆရာတော် ဦးတေဇ ဦးဆောင်သည့် ပစ်္ဆိမပရဟိတအဖွဲ့၏ အခက်အခဲကို ကြားသိရသည်။
မြန်မာနိုင်ငံမှာ လိုအပ်ချက်အရ (အစိုးရ မဟုတ်သည့်၊ နိုင်ငံခြား အန်ဂျီအိုအဖွဲ့အစည်းကြီး တွေလည်း မဟုတ်သည့်) ဒေသခံ အခမဲ့ ဆေးကု ခန်းလေးများ ဟိုနေရာ ဒီနေရာမှာ အသီးသီး ပေါ်ပေါက်လာခဲ့သည်မှာ လေးငါးဆယ်နှစ်ရှိပြီဟု သတိထားမိသည်။ မန္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးကျောင်းမှာ အခမဲ့ဆေးခန်း လေး ရှိသည်။ အမရပူရက ဆေးခန်းလေး ဖွင့်လှစ်သည့် နေ့မှာလည်း တိုက်တိုက်ဆိုင်ဆိုင်ကျွန်မက မန္တလေး ရောက်နေခိုက်နှင့် ကြုံကြိုက်သဖြင့် သွားရောက်အားပေးနိုင်ခဲ့ပါသည်။ ကန်တက်ကုန်း ဘုန်းတော်ကြီးကျောင်း သို့ သွားစဉ်ကလည်း ကျွန်မ ဇီဝိတ ကုသိုလ်ဖြစ်ဆေးခန်းလေး အကြောင်း သိခဲ့ရသည်။ ဇီးကုန်းမြို့နယ် အင်း လယ်ကြီးရွာရှိ အင်းလယ်ကြီး ဘုန်းကြီး ကျောင်းမှာ ဖွင့်လှစ်ထားသော မေတ္တာလွင်ပြင် ဆိုသည့် ဇီဝိတအခမဲ့ ဆေးကုခန်းလေးကိုလည်း ဟောပြောပွဲသွားရင်း ရောက်ဖြစ်ခဲ့သည်။
ဆေးခန်းတွေကိုရောက်တိုင်း ကျွန်မ ဆေးခန်းထဲသို့ ၀င်ကြည့်ဖြစ်တာ များသည်။ စာရေးဆရာအဖြစ် သွားတာဖြစ်ပေမယ့် ဆရာဝန်စိတ်က ဘယ်လိုပေါ်လာမှန်းမသိ။ စူးစမ်းကြည့်ချင်လာမိသည်။ တချို့ဆေးခန်း တွေမှာ ဆရာဝန်ကို တွေ့ရသည်။ အများအားဖြင့်တော့ ဆရာဝန်မတွေ့ရသေးဘဲ ဆေးခန်းအကူ ၀န်ထမ်း များ ကိုသာ တွေ့ရသည်။ ဆရာမလေးတွေ မတွေ့ရ။ သူနာပြုဆရာမလေးတွေက ပိုတောင် ရှားပါးနေလေသလား။ ဆေးခန်းအကူ ၀န်ထမ်း လေးများကို တစ်ခါ တစ်ခါ ကျွန်မ မေးမိသည်။ ဘယ်နှတန်းအောင်ပြီးပြီလဲ။ ဘွဲ့ရပြီး သားလား။ ဆေးပညာနှင့်ပတ်သက်သည့် အခြား သင်တန်း တွေဘာတွေ တက်ထားသလား။ ကျွန်မတို့ဆီမှာ ပုဂ္ဂလိကသူနာပြုအကူသင်တန်းတို့၊ ဆေးဝါး ကျွမ်းကျင်သင်တန်းတို့ တလောဆီက တော်တော် ခေတ်စား လိုက်သည်။ ရွာက ကလေးတွေဆိုတော့ ဘာသင်တန်းမှ တက်ခွင့်မရသူလေးတွေလည်း ပါမည်။ ကိုယ့်ဆေး ခန်းအတွက် ကိုယ့်ဆရာဝန်က သင်တန်းဖွင့်ပေး၊ သင်ပေးတာကိုပဲ လေ့လာ၊ မှတ်သားရသူတွေ ဖြစ်ဖို့များတာပေါ့။
အများအားဖြင့်တော့ ထိုးဆေးထက် သောက်ဆေး၊ စားဆေးတွေကို ပိုပြီးအသုံးများတာ တွေ့ရသည်။ ထိုးဆေး၊ စားဆေး ဘယ်ဆေးတွေ ရှိသလဲ။ ဘယ်နိုင်ငံကလာတဲ့ ဆေးကို အသုံးပြု နေသလဲ။ အများစုက တ ရုတ်နိုင်ငံဖြစ်ဆေးတွေပဲ ဖြစ်မလား တွေးမိသည်။ ကျွန်မတို့ငယ်ငယ် ဆရာဝန်ဘ၀တုန်းကတော့ ဘီပီအိုင် ဆေး က သိပ်အစွမ်းထက်ပြီး ယိုးဒယားဆေးက အလယ် အလတ်ဖြစ်ကာ တရုတ်ဆေးက ဈေးချိုသည်။ ပင်နယ်ဆ လင်နှင့် စထရက်ပ်တိုမိုင်ဆင် ထိုးဆေး များကို ဘီပီအိုင်ကိုမှ သုံးကြသည်။ ဂျင်တာမိုင်စင် ဆေးကိုတော့ တ ရုတ် ဆေးကို သုံးကြသည်။ ဆေးပြား၊ ဆေးလုံးတွေကို ဘယ်လို ထည့်ပေး သလဲ။ ဆေးတွေကို လက်ဖြင့် ဒီအ တိုင်း ကိုင် ပေးသလား။ လက်ဖြင့် မထိအောင်၊ စားပွဲ ကြမ်းခင်းနှင့်လည်း မထိအောင် ဘူးခွက်လေးထဲ ပလတ် စတစ်ချောင်းလေးနှင့် (သို့မဟုတ်) ဇွန်းငယ်လေးဖြင့် အသာဆွဲယူပြီး ပလတ်စတစ် အိတ်ထဲ ထည့်ပေးလား။ ကျွန်မတို့၏လက်တွေက သိပ်မသန့်တတ်ဘူးလေ။ ဖုံတွေ ပေချင်ပေနေ မည်။ ချေးအထပ်ထပ် ဖြစ်ချင်ဖြစ် နေ မည်။ ထိုလက်ဖျားတို့ဖြင့် ဆေးပြား၊ ဆေးလုံးကို ထိသည့်အခါ ရွံစရာဖြစ်ချင်ဖြစ်မည်။
ဆရာကိုတာကတော့ ခဏခဏ ပြောဖူးသည်။ I trust my hands တဲ့။ သူက လက်မဆေးရသေးဘဲ လက်ဖြင့် ကိုင်တွယ် စားသောက်တာကို မရွံရှာဘူးတဲ့။ သူ့လက်ကို သူ ယုံကြည်သည်ဟု ဟာသပြောလေ့ ရှိ သည်။ ကျွန်မကတော့ နေရာတကာမှာ လက်ကို ဆပ်ပြာ ဖြင့် ဆေးချင်သူမို့ ရောဂါပိုးနှင့် ပတ်သက်လျှင် နည်း နည်းပိုသည်ဟု သိသူတွေက စွပ်စွဲလေ့ရှိ သည်။ ကိုတာ့စကားနှင့် ပြောရလျှင် ကျွန်မသည် ကျွန်မလက်ကို မယုံ သူပေါ့။ ဖေဖေ့သမီးမို့လား မသိ ကျွန်မ သူများလက်ကို ပို၍ပင် မယုံပါ။ ဖေဖေက တစ်ယောက်နှင့် တစ် ယောက် လက်ဆွဲ နှုတ်ဆက်သည့်အလေ့ကို မနှစ်သက်ကြောင်း ကျွန်မကို ဖွင့်ပြောဖူးသည်။ ကိုယ့်လက်ကို သူများ လက်နှင့် ထိကိုင်ခံရမှာ မသဒီသည့်သဘော ပါသည်။ မရွံကြဘူးလား မသိဘူး။ သူများလက်က ဘာ တွေကိုင်ထားမှန်း ဘယ်သိနိုင်မလဲ။ အိမ်သာ က ထွက်လာပြီး လက်ဆေးမထားရင်လည်း မသိနိုင်ဘူးဟု အ တည်ပြောဖူး၏။
ကျွန်မကလည်း အဲဒီအတိုင်းပဲပေါ့။ အံမယ် ... လက်ကိုသာ ရေနှင့် ဆပ်ပြာနှင့် ဆေးပြီးမှ အစား အ သောက် စားချင်တာ ဖြစ်သော် လည်း တစ်ခါတစ်ခါ လမ်းဘေးမှာ အကြော် အလှော်လေးတွေကို ၀ယ်စား ဖြစ် တာ ပြန်စဉ်းစား မိတော့ ရယ်ချင်စရာ။ သူတို့ကြော်လှော်သူတွေ လက်ကို လက်အိတ်စွပ်တာ ဘယ်နှခါ တွေ့ဖူး လို့ လဲ။ အကြော်ကြော်ဖို့ မုန့်နှစ်ကိုများ လက်ဖြင့် ပယ်ပယ်နယ်နယ် အားရပါးရ နယ်နေလိုက်တာ။ မြင်ဖူးပါ လျက်နှင့် စားမိသွားသည့်အခါတွေ ရှိဖူးသည်။ ဆိုင်တွေမှာ အစားအသောက်စားလျှင် သူတို့ ချက်ပြုတ်ပြင်ဆင် တာ မြင်မှ မမြင်နိုင်ဘဲ။ ကိုတာပြောတာ အမှန်ပါပဲ။ ကျွန်မတို့ အခုလို ချေးများနေလို့ရော ဘာထူးမှာတုန်း။ သို့ သော် စိတ်ဆိုတာက အသိရခက်လေသည်။ ကျွန်မတို့က သန့်စင်သော သောက်ရေသုံးရေကို အလွယ်တကူ ရ နိုင်သည့်ဘ၀မှာ ကြီးပြင်းခဲ့သည့် ကံကောင်းသူ တွေမို့ကိုး။ တချို့ရွာတွေမှာ လက်ဆေးဖို့ နေနေသာသာ သောက် ရေတောင် တော်တော် ရှားပါးစွာ ခရီးဝေးသို့သွားခပ်မှ ရတာမျိုးတွေ ရှိသည်။ တချို့ရွာက မိုးရေ စု သော ကန်ကြီးများမှ ရေကို သောက်ကြသုံးကြရသည်။ တချို့ရွာတွေမှာ ရေသည် အနယ်များဖြင့် နောက်ကျိ လျက် ရှိသည်။ ရေကို အနယ်ထိုင်အောင် အချိန် ကြာကြာထားပြီး ထိုအပေါ်ရေကို သောက်ကြ၊ ချက်ပြုတ် ကြ ရသည်။ အော် ... တကယ်တော့ ကျွန်မတို့နိုင်ငံသည် စာရင်းဇယားအရလည်း (၇၀) ရာခိုင်နှုန်းသော ပြည်သူလူ ထုသည်သာ သောက် သုံးရေကို ရရှိသည်ဆိုတာကိုး။ ကျန်သည့် သုံးဆယ်ရာခိုင်နှုန်းမှာ သန့်စင်သည့် သောက် ရေ သုံးရေကိုမရ။ ရွာလယ်ကန်ကြီးမှာ ကံကောင်း ထောက်မစွာ မိုးအကုန် ဆောင်းအကူး နွေအစ ကျန်ရစ် သည့် မစို့မပို့ရေကို ကျွဲတွေ၊ နွားတွေ နှင့်အတူ လူတွေပါ ရောပြီး သုံးနေကြရသည့် ဘ၀တွေ။ နွေရာသီမှာ ထို ကန်တွေက ရေခန်း တတ်သေး၏။ အဲဒီလို ရွာကလူတွေကို လက်ကို ဆပ်ပြာဖြင့် ရေစင်စင်ဆေးပြီးမှ အစား အ စာတို့၊ ဆေးလုံး၊ ဆေးပြားတို့ကို ကိုင်ပါဟု သွားပြောမိ လျှင် ဟားတိုက်ရယ်ကြမည်လားမသိ။ သွေးဖိအားတိုင်းသည့် ကိရိယာနှင့် နားကျပ်ကို သုံးတတ်ပြီး သွေးဖိအားတိုင်းပေးနိုင် လျှင်ကိုပဲ သွေး တိုးရောဂါကို စောစောစီးစီး ခြေရာ ကောက်မိမှာမို့ အနိမ့်ဆုံးအဆင့် ဇီဝိတအခမဲ့ ဆေးခန်းလေးတွေကတောင် ရပ်ရွာက ပြည်သူ လူထုအတွက် အားကိုးစရာကောင်းလှသည်။ ငှက်ဖျားဆေးရှိသည်။ ၀မ်းလျှောဝမ်းပျက်၊ အ ဆုတ်အအေးမိရောဂါများအတွက် ဆေးဝါးတွေ ရှိသည်။ ကျွန်မတို့နိုင်ငံက ကလေးငယ်လေးတွေ အသေအ ပျောက် အများဆုံးရောဂါတွေက ၀မ်းလျှောဝမ်းပျက်နှင့် အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်သည့် အဆုတ် ရော ဂါအဖျားတွေဖြစ်တာကိုး။
ကျွန်မ စာပေဟောပြောပွဲသွားရင်း၊ သာမန်ခရီးတွေသွားရင်း ကြုံရလေ့ရှိသော ဇီဝိတ အခမဲ့ ဆေးကုခန်းတို့ကို ပြန်စဉ်းစားကြည့်တော့ မနည်းလှပါ။ ထိုဆေးခန်းလေးတွေကြောင့် ရွာသူရွာသားတွေ သာမန် အာဂန္တု အ ဖျား အနာနှင့် လေထိုးလေအောင့် သွေးတိုး ဆီးချိုလောက်တော့ မြို့သို့ တက်စရာမလိုတော့ပေ။ တကယ်တန်း ကြီး ကြီးမားမားဆိုလျှင်တော့ မြို့ဆေးခန်း ဆေးရုံသို့ သွားရမှာပဲ။ ထိုအခါ သွားရေးလာရေး က အရေးပါသော အ ခက်အခဲတစ်ခု ဖြစ်လာ ပြန်တာပေါ့။ မြန်မာနိုင်ငံသည် ပြည်မ ကွက်ကွက် လေးသာ လမ်းပန်းဆက်သွယ်ရေး ကောင်းသည် ဟု ဆိုရမည်။ ကျန်တိုင်းနှင့် ပြည်နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေးက တော်တော်ခက်ခဲ သည်။ ဒါတောင် ပြည်မဖြစ်ပါလျက်နှင့် တချို့နယ် တွေမှာ လမ်းပန်းဆက်သွယ်ရေး တော်တော် ခက်ခဲသည်။ ရွာတွေဆီ သွားရသည့် တချို့လမ်း တွေသည် တော်တော်ဆိုး၏။ ဖုံတထောင်းထောင်း သဲတွေပို့နေသည့် လမ်း သည် လမ်းဖြစ်ရုံ မည်ကာမတ္တာပါပဲ။ အခုအခါ အရင်ကလို လှည်းတွေနွား တွေဖြင့် သွားစရာမလိုတော့တာက ပေါ များ လာသည့် တရုတ်ဆိုင်ကယ်တွေကြောင့်ပါ။ ဆိုင်ကယ်တွေ ပေါလာတော့လည်း လမ်းဆိုး သည့် နေရာ မှာ ဆိုင်ကယ်စီးသူတွေအတွက် အန္တရယ်ဖြစ်လာသည်။ တိုက်မိ၊ ခိုက်မိတာမျိုး မှောက်တာမျိုး ခဏခဏ ကြား ရ တွေ့ရသည်။ အရင်ကလို ရွာတွေဆီ ရောက်အောင် ထွန်စက် ဖြင့် သွားရတာမျိုးတွေ၊ ထော်လာဂျီဖြင့် သွားရ တာမျိုးတွေတော့ ဒီနှစ်ပိုင်းတွေမှာ ကျွန်မ မကြုံရ တော့ပေ။
ဆေးခန်းလေးမှာ ဆေးဝါးနှင့် ကျွမ်းကျင်သူမပြည့်စုံလို့ အနီးဆုံးဆေးရုံသို့ လူနာကို ပို့ရတော့မည်ဆိုလျှင် လူနာ တင်ဖို့ ယာဉ် အဆင်သင့် ရှိဖို့လိုသည်။ ထိုယာဉ်အတွက် ဆီဖြည့်စရာ စက်သုံးဆီအဆင်သင့်ရှိဖို့ လိုသည်။ တ ချို့ရွာတွေက မြို့နှင့် ဆယ်မိုင် ဆယ့်ငါးမိုင် ဝေးသည်။ ဆေးရုံသို့ အချိန်မီမရောက်နိုင်သဖြင့် လမ်းမှာတင် အသက်ဆုံးရှုံးသွားသည့် လူနာတွေ အကြောင်း အခုချိန်ထိ မကြာခဏ ကြားနေရဆဲ ဖြစ်သည်။ “ကျွန်မအမေက ဟောဒီလမ်းမှာ၊ ဟောဒီနေရာ နားမှာပဲ အသက်ဆုံးသွားတာ။ ညီမလေးကို မွေးဖို့ရာ ဒီမှာမမွေးနိုင်လို့ ထားဝယ် ဆေးရုံကို အသွားပေါ့” မနှစ်က ကျွန်မကို ပြောပြခဲ့သည့် ဒေသခံတူမလေးတစ်ယောက်၏ စကားမှာ နာကျင်ဖွယ်ရာဖြစ်သည်။ မြန်မာနိုင်ငံသည် တောကြီး မျက်မည်းထဲမှာ ကျန်ရစ်နေသေးသည်ဟု ခံစားရသည့် အဖြစ်အပျက်တွေ၊ အချိန်ကာလတွေ တော်တော်များတာပဲ။ ဇီဝိတ ဒါန အခမဲ့ဆေးခန်းလေးတွေမှာ သားဖွား ဆရာမလေးတွေလည်း ရှိနေလျှင် ဘယ်လောက် ကောင်းမလဲ။ သားဖွားဆေးခန်းလေးတွေလည်း များစွာ လိုအပ်နေတာပဲ။ ကျွန်မ ခဏခဏ စဉ်းစားမိသည်။ “ယောက်ျားဖောင်စီး၊ မိန်းမမီးနေ” ဆို သည့် ဟိုးရှေးရှေးက စကားပုံ အခုထိ သက်ဝင်နေဆဲ၊ မှန်ကန်နေဆဲပါလား။ မိခင် သေဆုံးနှုန်း သည် ၂၀၁၀ မှာ ၂၀၀ ဟူ၏။ အဓိပ္ပာယ်က ၂၀၁၀ ခုနှစ်အတွင်း မီးဖွားသည့်မိခင် တစ်သိန်းမှာ မိခင် ၂၀၀ သေဆုံးရသည်။ တချို့ စာရင်း တွေ မှာ တော့ ၂၂၅ ယောက်နှုန်းဟု ဆိုပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့-ယူနီဆက်ဖ်၏ စာရင်းဇယားတွေမှာ မြန်မာနိုင်ငံသည် အောက်ဆုံးနားမှာ ရှိနေဆဲ။ ငါးနှစ်အောက် ကလေးများ အာဟာရချို့တဲ့မှု ၂၃ ရာခိုင်နှုန်း။ ငါးနှစ်အောက် က လေး သေဆုံးနှုန်း ၁၉၇၀ တုန်းက ၁၇၁ တဲ့။ ၁၉၉၀ မှာ တော့ ၁၁၂ တဲ့။ ၂၀၀၀ ခုနှစ်မှာတော့ ၈၇ တဲ့။ ၂၀၁၀ ခုနှစ်မှာတော့ ၆၆ တဲ့။
ကလေးမီးဖွားစဉ် ကျွမ်းကျင်သည့် လက်သည် သို့မဟုတ် သူနာပြု တစ်ဦးဦးဖြင့် မီးဖွားနိုင်သူ ကိုယ်ဝန် ဆောင် မိခင်က အခုအခါ ၇၇ .၅ ရာခိုင်နှုန်းတဲ့။ ကျန်သည့် ၂၂ယောက်၊ ၂၃ ယောက်က ကျွမ်းကျင်သည့် လက်သည် ပင် မရှိဘဲ အိမ်မှာ ဖြစ်သလိုမွေးဖွားရသည်ဟု အဓိပ္ပာယ်ဖော်ကြည့်မိသည်။ အေးလေ။ တလော ဆီက ကျွန်မ ကြားလိုက်ရသည့် သာကေတက သားအိမ်ကွဲသွားသည်ဆိုသော ကိုယ်ဝန်ဆောင် မိခင်၏အဖြစ်ကိုပဲ စဉ်းစားကြည့်မိသည်။ သာကေတဆိုတာ ရန်ကုန်မြို့ပဲ။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်ပဲ။ ပြည်သူ့ဆေးရုံကြီး တွေသာမက ပုဂ္ဂလိကဆေးခန်းတွေ များစွာရှိနေသည့် မြို့ကြီးပါ။ လမ်းပန်း ဆက်သွယ်ရေး ကလည်း နိုင်ငံမှာ တော့ အကောင်းဆုံးနေရာပေါ့။ ဒီကြားထဲက ဘာမှ မဝေးလှသည့် နေရာသို့ သွားဖို့ မဖြစ်နိုင်လို့ အိမ်မှာပင် မကျွမ်းကျင်သည့်လက်သည်ဖြင့် မွေးဖွားရအောင် သူ့ကို ဘယ်အချက် တွေက တားဆီး ပိတ်ပင် ထားလို့လဲ။ ငွေက အဓိကဖြစ်မလား။ မသိနားမလည်မှုက ဒုတိယ ဖြစ်မလား။ ဘယ်မိခင်လောင်းက ဒီလို ဖြစ်ချင် မှာ လဲ။ ကျွမ်းကျင်သည့် သူနာပြုတွေ ဆရာဝန် တွေ၏ လက်ထဲသို့သာ မိမိနှင့်မိမိကလေး အသက်ကို ထည့်ချင်မှာပေါ့။ သို့သော် ဘာဖြစ်လို့ အဲဒီအဖြစ်တွေ ရှိရသလဲ။ မိခင်တစ်ယောက် ကျွမ်းကျင်သည့် သူနာပြုနှင့် မွေးဖွားခွင့်ရဖို့ ဖြစ်နိုင်ချေက ဒီလောက်တောင် နည်းပါးနေသလား။ ၂၂ ရာခိုင်နှုန်းကို နည်းပါသည်ဟု စောဒက တက် လျှင်တောင် အဲဒီ ၂၂ ရာခိုင်နှုန်း ထဲမှာ ရန်ကုန်မြို့တော်က မိခင်လောင်းတစ် ယောက် ပါဝင်သွားခဲ့ရသည့် အဖြစ်သည် မယုံနိုင်စရာပါ။
ဆေးပညာဗဟုသုတကို ပြည်သူတွေ သိအောင် ဖြန့်ဝေဖို့ လိုအပ်တာလည်း အံ့သြစရာ မဟုတ်။ ဆေး ပညာကျွမ်းကျင်သူတွေဟု ယူဆရသည့် လူမျိုးတွေမှာတောင် နက်နဲသော အသိပညာ လိုအပ်နေတာ တွေ လည်း ကြားဖူး မြင်ဖူးသည်။ နေ့တိုင်းတွေ့ကြုံနေရသော ပြင်ပလူနာဆေးခန်းတို့တွင် ဆရာဝန်သည် လူနာကို ဆေးပတ်လည်အောင် အချိန်မှန်မှန် စားဖို့ သေသေချာချာ ဂရုစိုက်မမှာနိုင်သူတွေကို တွေ့ရ၊ ကြားရဖူးသည်။ ပဋိဇီဝဆေးတို့သည် တချို့က အချိန်ကြာကြာ အာနိသင်ရှိပြီး တချို့က အချိန်အနည်းငယ်သာ အာနိသင် ရှိ သည်။ ဆေးအမျိုးအစားကိုလိုက်ပြီး တစ်နေ့လျှင် လေးကြိမ်စားမှ အာနိသင်ကောင်းတာတွေ ရှိသည်။ သုံး ကြိမ် လောက်ဆိုလျှင် အဆင်ပြေတာ မျိုး ရှိသည်။ တချို့ကတော့ တစ်နေ့နှစ်ကြိမ်မျှနှင့် လုံလောက်သည့် ဆေး တွေရှိသည်။ ဒီလို ဆေးမျိုးဆိုလျှင် ဆယ့်နှစ်နာရီကြာ အာနိသင် ရှိနေသည်မို့ ဆယ့်နှစ်နာရီကြာလျှင် နောက် တစ်လုံးသောက်ရမည်။ ထိုကဲ့သို့ စနစ်တကျ ဆေးသောက်တတ်အောင် ဆေးကို သုံးရက် သို့မဟုတ် လေးရက် သို့မဟုတ် ငါးရက် သောက် ဖြစ်အောင် စနစ်တကျ လေ့ကျင့်ညွှန်ကြား သည့်ဆရာဝန်တွေ ရှိသလို လူနာ နား လည် ပြီးသားပုံစံဖြင့် ခပ်ပေါ့ပေါ့ ဆေးညွှန်လိုက်သည့် ဆရာဝန်တွေလည်း ရှိသည်။ ဆေးကို စားလိုက် မစား လိုက်၊ ဖြတ်ချင်သည့်အချိန် ဖြတ်ချလိုက် ထပ်ခါထပ်ခါ ဖြစ်လာခဲ့လျှင် ထိုဆေးကို ထိုခန္ဓာကိုယ်က မတိုးတော့ သည့်အတွက် ဆေးပြီးသွား သည်ဟုခေါ်သော အဖြစ်မျိုးဖြစ်တတ်သည်။ ဒါကြောင့်လည်း ဒုတိယ မျိုးဆက် ဆေး ( Second generation drug) ၊ တတိယမျိုးဆက်ဆေး(Third generation drug) ဟု တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ အသုံးပြုရတာပဲ မဟုတ်လား။
အဆိုးဆုံးကတော့ တီဘီဆေး ယဉ်ပါးသွားသည့်အဖြစ်မျိုးပေါ့။ မြန်မာနိုင်ငံမှာ Multidrug Resistant TB (MDR TB)ခေါ်သော ဆေးမျိုးစုံကို ယဉ်ပါးသွားပြီးသည့် ကူကယ်ရာမဲ့ တီဘီရောဂါတွေ ပြန့်ပွားနေတာလည်း ကျွန်မတို့ အားလုံး အသိပါပဲ။ ကျွန်မတို့မြန်မာနိုင်ငံကို လာလည်လိုသည့် နိုင်ငံခြားသားတွေသည် အကြိုအဖြစ် အင်တာနက်မှ သတင်းတွေ၊ စာတွေ ရှာဖတ်ကြည့်လျှင် သူတို့ကို အားပေးတိုက်တွန်း သည့်စာတွေထက် သတိ ထားဖို့စာတွေကိုသာ ပိုအတွေ့ရများလိမ့်မည်။
မြန်မာနိုင်ငံမှာရှိသည့် လူဦးရေ သန်း ငါးဆယ်ကျော်သည် မြွေ၊ ခွေးရူးနှင့် အခြား အဆိပ်ရှိ တိရစ္ဆာန် များ၏ အကိုက်ကို ခံရဖို့ ရာနှုန်းများသည်ဟု ရေးထားသည်ကို ကျွန်မ ဖတ်လိုက်ရဖူးသည်။ ပုပ္ပါးက မျောက်လေး တွေကိုလည်း နိုင်ငံခြားသားတွေ ကြောက်ကြသည်။ မျောက်က ကုတ်လျှင်၊ ကိုက်လျှင် မျောက်မှ တစ်ဆင့် ခွေး ရူးရောဂါ၊ အိပ်ခ်ျအိုင်ဗွီရောဂါ ကအစ ဘာရောဂါတွေ ရနိုင်မှာလဲဟု စိုးရိမ်ပူပန် ကြသူတွေ ရှိသည်။ မြန်မာနိုင်ငံမှာ ခွေးပေါင်း သန်းနှင့်ချီပြီး ရှိသည့်အနက် ခွေးရူးကာကွယ်ဆေး ထိုးထားသည့်ခွေးမှာ ၁ ရာခိုင်နှုန်းသာ ရှိသည် ဟုဆိုသည်။ ခွေးရူးဆေး ၀ယ်လို့ရလျှင်လည်း ထိုဆေးသည် မီးမမှန်သည့်တိုင်းပြည်မှာ အအေးခန်းထဲ သိမ်းဆည်းထားဖို့ အခွင့်မရှိတာမို့ အာနိသင်ရှိမှ ရှိပါဦးမလား။ မြွေဆိပ်ဖြေဆေး ကလည်း မလုံလောက်။
“သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ရစေ ရမည်” ဟူသည့် ကမ္ဘာ့ ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ WHO ၏ ဆောင်ပုဒ် သည် မြန်မာနိုင်ငံအတွက်တော့ နောက်ထပ် ဘယ်နှနှစ်လောက် စောင့်ရဦးမည်လဲမသိ။
ချိုပြုံး၏ သီချင်းတစ်ပုဒ်ထဲက “ကျန်းမာ တော်မူပါစ လေလှိုင်းကြားက ခွန်းဆက်ပါရဲ့ အဆွေ” ဟူသည့် အစပိုဒ်ကို ကြားတိုင်း ကျွန်မ ပြေးမြင်ယောင်မိသည့် မျက်နှာတွေ များစွာရှိ သည်။ အဲဒီမျက်နှာတွေထဲမှာ ကျွန်မ ကိုယ်တိုင် လည်း ပါဝင်လေသည်။
ဂျူး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။