၂၀၁၂ ခုနှစ်ဟာ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ Paramount Pictures နဲ့ Universal Pictures တို့ရဲ့ ရာပြည့်နှစ် ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် ဂျိမ်းစဘွန်း ဇာတ်ကားရဲ့ ရွှေရတုလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အော်စကာဆုပေးပွဲ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ၂၀၁၂ ခုနှစ်အတွင်း ရုံတင်ခဲ့သမျှ ဇာတ်ကားတွေကို စုစည်းဖော်ပြလိုက်ရပါတယ်။
ဇန်နဝါရီလ
၂၀၁၂ ခုနှစ်ရဲ့ အဖွင့်အဖြစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ Paramount Pictures ကနေ The Devil Inside ဆိုတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၃ ရက်နေ့မှာ Universal Pictures က Contraband ဇာတ်ကားကို ရုံတင်ခဲ့ပြီး Warner Brothers က Joyful Noise ကို ရုံတင်ခဲ့ပါတယ်။ Walt Disney ကလည်း သူရဲ့ ကမ္ဘာကျော် Beauty and the Beast ကို 3D အနေနဲ့ ပြန်လည် ရုံတင်ခဲ့ပါတယ်။ အခြား ဇာတ်ကားတွေကတော့ Coriolanus ၊ The Divide ၊ Haywire ၊ Red Tails ၊ Carol Channing: Larger Than Life ၊ Underworld 4: Awakening ၊ One for the Money ၊ The Grey ၊ Man On A Ledge နဲ့ ဂျပန်ကာတွန်း ဇာတ်လမ်းတွဲကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ Fullmetal Alchemist: The Sacred Star of Milos တို့ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ
ဖေဖော်ဝါရီလမှာ Star Wars ရဲ့ Episode I: The Phantom Menace ကို 3D အနေနဲ့ ပြန်လည်ပြသခဲ့ပါတယ်။ အခြားဇာတ်ကားတွေကတော့ The Innkeepers ၊ Chronicle ၊ Big Miracle ၊ ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ရဲ့ The Woman In Black ၊ The Vow ၊ Safe House ၊ In Darkness ၊ Journey 2: The Mysterious Island ၊ On The Ice ၊ Thin Ice ၊ Bull Head ၊ Ghost Rider 2: Spirit of Vengeance ၊ This Means Wars ၊ Disney ရဲ့ ကာတွန်းရုပ်ရှင် The Secret World of Arrietty ၊ Undefeated ၊ Act of Valor ၊ Gone ၊ Good Deeds နဲ့ Wanderlust ဇာတ်ကားတွေ ဖြစ်ပါတယ်။
မတ်လ
မတ်လမှာတော့ Footnote ဇာတ်ကားဟာ လောလောဆယ် ၂၀၁၂ အတွက် နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်တွေထဲမှာ အော်စကာဆုရဖို့ ရေပန်းစားနေပါတယ်။ နာမည်ကျော် The Hunger Games ဇာတ်ကားကိုလည်း ဒီလထဲမှာ ရုံတင်ခဲ့ပြီး ၃ ကားတွဲအနေနဲ့ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ အင်ဒိုနီးရှားစကားပြော The Raid: Redemption ဇာတ်ကားလည်း ရုံတင်ခဲ့ပြီး ၂၀၁၄ မှာ ဟောလိဝုဒ်ကနေ ပြန်လည်ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ရလောက်အောင် အောင်မြင်ခဲ့ပါတယ်။ နာမည်ကျော် Wrath of the Titans ဇာတ်ကားကိုလည်း ပြန်လည်ဖန်တီးပြီး 3D အနေနဲ့ ရုံတင်ခဲ့ပါတယ်။ Snow White ဇာတ်အိမ်ကို အခြေတည်ထားတဲ့ ဇာတ်လမ်း ၂ ခုအနက် ဂျူလီယာရောဘတ် ပါဝင်သရုပ်ဆောင်ထားတဲ့ Mirror, Mirror ဇာတ်ကား ရုံတင်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ အခြား ဇာတ်ကားတွေကတော့ Project X ၊ Being Flynn ၊ Dr. Seusss’ The Lorax ၊ Tim & Eric’s Billion Dollar Movie ၊ Friends With Kids ၊ John Carter ၊ Salmon Fishing In The Yemen ၊ Silent House ၊ အယ်ဒီမာဖီရဲ့ A Thousand Words ၊ Will Ferrell ရဲ့ စပိန်စကားပြော House of My Father ၊ Jeff Who Lives At The House ၊ 21 Jump Street ၊ Seeking Justice ၊ Musical Chairs ၊ October Baby ၊ Goon ၊ Intruders ၊ I Kissed A Vampire ၊ Bully နဲ့ ဟယ်လီဘယ်ရီရဲ့ DVD ကို ရုံပြန်တင်တဲ့ Dark Tide ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။
ဧပြီလ
ဧပြီလကိုတော့ ၁၉၉၇ ခုနှစ်က အော်စကာဆုရ ရုပ်ရှင် Titanic ရဲ့ 3D ဇာတ်ကားနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ American Pie ရုပ်ရှင်တွေရဲ့ ၈ ကားမြောက်ဖြစ်တဲ့ American Reunion ကို ရုံတင်နိုင်ခဲ့ပြီး ၁၃ နှစ်ကြာ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့ပါတယ်။ မီရှဲယိုး ပါဝင်သရုပ်ဆောင်ထားတဲ့ The Lady ဇာတ်ကားကိုလည်း ဒီလထဲမှာပဲ ရုံတင်ခဲ့ပါတယ်။ အခြားဇာတ်ကားတွေကတော့ We Have a Pope ၊ Damsels In Distress ၊ The Hunter ၊ Blue Like Jazz ၊ ၂၀၀၅ ခုနှစ်က ဇာတ်ကား Woman Thou Art Loosed ရဲ့ ဒုတိယဇာတ်ကား On The 7th Day ၊ Lock Out ၊ Bad Ass ၊ The Cabin In The Woods ၊ Detention ၊ Three Stooges ၊ Monsieur Lazhar ၊ Bob Marley အကြောင်း ရိုက်ကူးထားတဲ့ Marley ၊ To The Artic ၊ Darling Companion ၊ The Lucky One ၊ Think Like A Man ၊ Disney က ရိုက်ကူးထားတဲ့ Chimpanzee ၊ Five Year Engagement ၊ The Raven ၊ ၂၀၁၂ ခုနှစ်အတွက် အညံ့ဆုံးဇာတ်ကား စာရင်းဝင် Sound of My Voice ၊ Safe ၊ Bernie နဲ့ The Pirates!: Band of Misfits ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။
မေ
မေလကိုတော့ နာမည်ကျော် Marvel ဇာတ်ကောင်တွေ ပါဝင်တဲ့ The Avengers ဇာတ်ကားနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ The Avengers ဟာ အသံပိုင်းနဲ့ ရုပ်ထွက်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်အပိုင်းမှာ ဆုရရှိဖို့ ရေပန်းစားနေပါတယ်။ ဂျွန်နီဒပ်ရဲ့ သွေးစုပ်ဖုတ်ကောင်ဟာသကား Dark Shadows လည်း ပြသခဲ့သလို နာမည်ကျော် ဂိမ်းကို ဇာတ်ကားအဖြစ် ပြန်လည်ဆန်းသစ် ရိုက်ကူးထားတဲ့ Battleship ဇာတ်ကားလည်း ရုံတင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကနေ စတင်ရုံတင်ခဲ့တဲ့ Men In Black ဇာတ်ကားရဲ့ တတိယမြောက် ဇာတ်လမ်းကိုလည်း ၂၅ ရက်နေ့မှာ ရုံတင်ခဲ့ပါတယ်။ Die Hard မင်းသားကြီး ဘရုစ်ဝီလီစ်၊ ဘီလ်မာရေးနဲ့ အက်ဒဝပ် နော်တန်တို့ ပါဝင်ထားတဲ့ Moonrise Kingdom ဇာတ်ကားဟာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနဲ့ အကောင်းဆုံး ရိုက်ကူးမှုဆုအတွက် ပရိသတ်ရဲ့  စိတ်ဝင်စားမှု ရရှိထားပါတယ်။ တခြား ဇာတ်ကားတွေကတော့ The Best Exotic Marigold Hotel ၊ The Dictator ၊ ကင်မရွန် ဒိုင်းယာ့ဇ်ရဲ့ What To Expect When You’re Expecting ၊ Hysteria ၊ Virginia နဲ့ Chernobyl Diaries ဇာတ်ကားတွေ ဖြစ်ပါတယ်။
ဇွန်
ဇွန်လမှာတော့ ချာလဇ်သီရွန်နဲ့ Twilight မင်းသမီး ခရစ်စတင်း စတီးဝပ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒုတိယမြောက် Snow White ဇာတ်လမ်း Snow White and The Huntsman ဇာတ်ကား စတင်ရုံတင်ခဲ့ပါတယ်။ ဒီကားဟာ အကောင်းဆုံး မိတ်ကပ် အပြင်အဆင်ဆု ရဖို့ အစပိုင်းမှာ ရေပန်းစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရေပန်းစားမှု လျော့ကျသွားခဲ့ပါတယ်။ Dream Works ရဲ့ နာမည်ကျော် Madagascar 3: Europe’s Most Wanted လည်း ရုံတင်ခဲ့ပြီး ဇာတ်ဝင်သီချင်း Love Always Comes as a Surprise ဟာ အော်စကာဆုအတွက် ရေပန်းစားနေပါတယ်။ ဒီဇာတ်ကားနဲ့အပြိုင် Disney ရဲ့ Brave ဇာတ်ကားဟာလည်း Learn Me Right သီချင်းနဲ့ အော်စကာဆုကို ချိန်ရွယ်နေသလို အကောင်းဆုံး ကာတွန်းရုပ်ရှင်ဆုကို မျှော်မှန်းထားပါတယ်။ တခြားဇာတ်ကားတွေကတော့ Piranha 3DD ၊ Alien ဇာတ်လမ်းရဲ့ အဆက်လို့ ပြောလို့ရတဲ့ Prometheus ၊ Lola Versus ၊ Dark Horse ၊ Twilight မင်းသား ရောဘတ်ပတ်တင်ဆန်နဲ့ မင်းသမီးကြီး ယူမာသာမန်တို့ရဲ့ Bel Ami ၊ တွမ်ခရုစ်နဲ့ ကက်သရင်း ဇီတာဂျုံးရဲ့ Rock of Ages ၊ ဆယ်ကျော်သက်ဘဝထဲက ဖခင်ဖြစ်နေတဲ့ မိဘတစ်ယောက်ရဲ့အကြောင်း ဟာသဇာတ်လမ်း That’s My Boy ၊ အမေရိကန်သမ္မတကြီးကို သွေးစုပ်ဖုတ်ကောင် နှိမ်နင်းရေးသမားအဖြစ် အသက်သွင်းလိုက်တဲ့ Abraham Lincoln: Vampire Hunter (ဒါရိုက်တာ စတီဗင် စပီးဘာ့ဂ်ရဲ့ Lincoln မဟုတ်ပါ) ၊ ကီရာ နိုက်တလေရဲ့ Seeking A Friend for the End of the World ၊ To Rome With Love ၊ Magic Mike ၊ People Like Us ၊ American Pie ဇာတ်ကားမှ နာမည်ကျော် မင်းသားကြီး ယူဂျင်း လဲဗိုင်းရဲ့ Madea’s Witness Protection နဲ့ Ted ဇာတ်ကားတွေ ဖြစ်ပါတယ်။
Hollinaz

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။