27 December 2012 |By Venus News Journal
Halo တေးသွားနဲ့ ဆယ်ကျော် သက်တွေ ဘဝင်ခိုက်ခဲ့သူ ဂီတ ငွေကြယ်ပွင့်မလေး ဘီယွန့်စ်နဲ့ ဂျေဇက်တို့ မောင်နှံဟာ ဟောလိဝုဒ်နဲ့ စံပြ အိမ်ထောင်ရေးကို ထူထောင်ထားနိုင်ကြသူ စူပါမောင်နှံတွေဖြစ်ပြီး ၂၀၁၁ ဝင်ငွေ အကောင်းဆုံးတေးသံရှင် ၁၀ ဦး စာရင်းမှာလည်း နှစ်ဦးစလုံး ထိပ်ပိုင်းက ပါဝင်သူတွေပဲဖြစ်ပါတယ်။
သမီးဦးလေး အိုင်ဗီဘလူးနဲ့ အတူ ချမ်းမြေ့တဲ့ မိသားစုဘဝတည်ဆောက်ထားနိုင်ကြသလို၊ ပရဟိတလုပ်ငန်း တွေမှာ တက်တက်ြွကြွက ပါဝင်လှူဒါန်းတတ် သူတွေဖြစ်တာကြောင့် လည်း မီဒီယာထက်မှာ သတင်းမွှေးပျံ့နေရ ခြင်းပဲဖြစ်ပါတယ်။
ဒါရိုက်တာ လိုင်းကိုပါ ခြေလှမ်းကျဲက သူပေါ့ပ်စတားမလေး ဘီယွန့်စ်နဲ့ ကမ္ဘာကျော် Pepsiကုမ္ပဏီတို့က ဒေါ်လာ သန်း ၅၀ တန် စာချုပ် တစ်ရပ်ချုပ်ဆိုခဲ့တဲ့ သတင်းဟာလည်း ပက်ပစီပရိသတ်တွေအတွက် စိတ်ဝင်စားစရာဖြစ်သလို ၂၀၁၃ ကစပြီး ပက်ပစီ သံဘူးတွေပေါ်မှာ အလန်းဇယားဘီယွန့်စ်ရဲ့ ပုံရိပ် ကို ခံစားသောက်သုံးခွင့် ရတော့မယ်ဆိုတာကလည်း Pepsi ရဲ့ဈေးကွက် ချဲ့ထွင်မှုခြေလှမ်းသစ် တစ်ရပ်ပါပဲ။ ပက်ပစီနဲ့အတူ လန်းဦးမယ့် ဘီယွန့်စ် လို့ပဲ ဆိုရဦးမှာပဲပေါ့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။