Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 29, 2012

ကျန်းမာပျော်ရွှင် အောင်မြင်မှု ရစေရန် လိုက်နာသင့်သော နည်းလမ်း ၁၃ သွယ်

ကျန်းမာပျော်ရွှင် အောင်မြင်မှု ရစေရန် လိုက်နာသင့်သော နည်းလမ်း ၁၃ သွယ်

၁။ ကိုယ်အလေးချိန်ကို ထိန်းပါ

အပြာရောင်တွေ ဝန်းရံပြီး နေထိုင်တာကြောင့် အစာစားချင်စိတ် နည်းစေပါတယ်။ လမ်းလျှောက်စက်ပေါ် ပြေးတာက ကိုယ်အလေးချိန် ပေါင်အနည်းငယ် လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် များနေရင် ဒီနည်းကို ပုံမှန် လိုက်နာပါ။
...
၂။ အစီအစဉ်တကျထားရှိပါ

သင့်အိမ်ဟာ အသုံးလိုတာတွေရော မလိုတာတွေပါ ပြည့်နှက် ရှုပ်ပွနေတဲ့ ဂိုဒေါင်တစ်ခုလို ဖြစ်နေပြီလား။ ဒါဆိုရင် သင့်စိတ် ကြည်လင်နိုင်ဖို့ မလွယ်ပါဘူး။ ဒီလိုမဖြစ်အောင် တစ်နေ့ချင်းစီမှာ နေရာ အနည်းငယ်ကစပြီး ရှင်းလင်းသွားပါ။ မီးဖိုချောင်ထဲက ဗီရိုကအစ၊ အခန်းထဲက အံဆွဲအဆုံး ရှင်းလင်းပေးလိုက်မယ်ဆိုရင် သင့်အိမ် သန့်ရှင်းသွားတာကြောင့် စိတ်ကြည်လင် လန်းဆန်း သွားပါလိမ့်မယ်။

၃။ ငွေအသုံးအစွဲ စိစစ်ပါ

အမြဲတမ်း ငွေရေးကြေးရေး အခက်အခဲရှိနေရင် ဒီနှစ်သစ်ကစပြီး ငွေကို စနစ်တကျ စီမံခန့်ခွဲကာ သုံးစွဲတော့မယ်လို့ ဆုံးဖြတ်ထားပါ။

၎။ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများအတွက် အချိန်ပေးပါ

ကျွန်မတို့တစ်တွေဟာ ကျွန်မတို့ ချစ်တဲ့သူတွေကို အချိန်ပေးတာ နည်းပါတယ်။ ဒါကြောင့် အချိန်ပေးပြီး အတူရှိ မနေနိုင်ရင်တောင် ဖုန်းပြော ပေးသင့်ပါတယ်။ တစ်ခါတစ်ရံ အားရက်မှာ ချိန်းပြီး ပျော်ပွဲစား ထွက်သင့်ပါတယ်။

၅။ ခန္ဓာကိုယ် သန်စွမ်းအောင် လေ့ကျင့်ပါ

ဒီနှစ်သစ် ဇန်နဝါရီလကစပြီး ဆင်ခြေတွေ မပေးပါနဲ့တော့။ လေ့ကျင့်ခန်းလုပ်ဖို့ ပုံမှန် အချိန်ဇယား ဆွဲထားလိုက်ပါ။ တစ်နေ့မှာ မိနစ် ၃၀ လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်ဖို့ လိုပါတယ်။

၆။ ဆေးလိပ်ငွေ့ ရှောင်ပါ

စီးကရက်က လူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတာ အားလုံး သိကြပါတယ်။ ဆေးလိပ်ကြောင့် နှလုံးရောဂါ၊ လေဖြတ်တာ၊ ကင်ဆာရောဂါ၊ သွေးတိုးတာနဲ့ တခြား ရောဂါကြီးငယ် မျိုးစုံကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအကျင့်ဆိုး ရှိနေရင် ဒီနှစ်သစ်ကစပြီး ဖြတ်ပစ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

၇။ နှင်းဆီပန်းရနံ့ မွှေးကြူပါ

စိတ်ဖိစီးမှု ကြုံလာတဲ့အခါမှာ စိတ်ကြည်နူးမှု ရရှိစေဖို့ နှင်းဆီပန်းရနံ့ကို မွှေးကြူသင့်ပါတယ်။ နေ့စဉ်နေ့တိုင်း အသေးအမွှား ဆိုပေမယ့် ချက်ချင်း ပျော်ရွှင်မှု ရရှိစေမယ့် အလွယ်နည်းတစ်ခုခု (ဥပမာ-သီချင်းနားထောင်တာ၊ အရသာရှိတဲ့ သစ်သီးတစ်လုံး စားတာ၊ အိမ်မွေး တိရစ္ဆာန်ကို ပွတ်သပ်တာ၊ ကလေးတွေကို ချော့မြှူတာ) တွေကို လုပ်ဆောင်လိုက်ပါ။

၈။ အရက်ကို လျှော့သောက်ပါ

အရက်သောက်တာက သင့်ကို အကောင်းထက် အဆိုးကို ပိုမိုဖြစ်စေတယ် ဆိုရင် အရက်ကို မသောက်ဘဲနေပါ။ ဒါမှမဟုတ် အသင့်အတင့်ပဲ ထိန်းချုပ် သောက်တတ်အောင် ကြိုးစားပါ။ အရက်ကြောင့် ဘယ်တော့မှ ပုံပျက် ပန်းပျက် မဖြစ်စေပါနဲ့။

၉။ အသစ်တစ်ခုခုကို လေ့လာပါ

သင့်ဘဝတက်လမ်းကို ပိုမို ကောင်းမွန်လာအောင် မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံပေါင်းသင်းပြီး အသစ်တစ်ခုခုကို လေ့လာကာ ဦးနှောက်ကို လေ့ကျင့်ပါ။ တစ်နေ့ထက် တစ်နေ့ ပိုမို ထူးချွန်ထက်မြက်လာအောင် ကြိုးစားနေထိုင်ပါ။

၁၀။ အခြားသူများကို ကူညီပါ

အခုဆိုရင် သဘာဝ ဘေးအန္တရာယ်နဲ့ မမျှော်လင့်တဲ့ အန္တရာယ်တွေကြောင့် ဒုက္ခရောက်နေကြသူတွေ အများကြီး ရှိနေပါတယ်။ သင်တတ်နိုင်သလောက် ငွေအား၊ လူအားနဲ့ ကူညီပေးပါ။ သင့်အတွက် ပိုလျှံနေတဲ့အရာ (ဥပမာ-ပန်းကန်ခွက်ယောက်၊ အဝတ်အစား၊ ခြင်ထောင်၊ စောင်) စတာတွေကို လိုအပ်နေသူအား လှူဒါန်းလိုက်ပါ။

၁၁။ အလုပ်သစ်တစ်ခုကို လုပ်ဆောင်ပါ

ဘဝတက်လမ်း အသစ်ကို ရှာဖွေနေသူဖြစ်ရင် ဒါမှမဟုတ် အလုပ်တစ်ခုခု ဆုံးရှုံးထားသူဖြစ်ရင် သင်လုပ်ချင်တဲ့ အလုပ်ကို လေ့လာပြီး အဲဒီရာထူး အတွက် အရည်အချင်း ပြည့်ဝအောင် ကြိုးစားအားထုတ်ပါ။

၁၂။ ကမ္ဘာကြီးအကြောင်း လေ့လာပါ

မီဒီယာ အမျိုးမျိုးကို အသုံးပြုပြီး ကမ္ဘာကြီးအကြောင်း၊ မြန်မာနိုင်ငံအကြောင်း လေ့လာနိုင်ပါတယ်။ အခုချိန်မှာ အပြောင်းအလဲ အမျိုးမျိုးကြား ဖြစ်ပေါ် လာတဲ့ အရေးကိစ္စ မျိုးစုံကိုသိအောင် သတင်း အချက်အလက်တွေကို လေ့လာသင့်ပါတယ်။

၁၃။ အတွင်းစိတ်ကို တည်ငြိမ်အောင် ကြိုးစားပါ

သင်ကြုံတွေ့နေရတဲ့ အပြောင်းအလဲ အမျိုးမျိုးကြောင့် စိတ်ဖိစီးမှု ဖြစ်တဲ့ အခါတိုင်း တရားထိုင်ပေးပါ။


ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Ref: Good Health

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။