ယနေ့ မြန်မာနိုင်ငံတော်အစိုးရဟာ နိုင်ငံရေးလမ်းစဉ်ကို အများပြည်သူတို့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပိ
ု့ အရှိန်အဟုန်ပြင်းစွာ ချီတက်လျက်ရှိပါတယ်။ အစိုးရသစ်တာဝန်ယူပြီးချိန်ကစလို့ ယနေ့အထိ နှစ်နှစ်နီးပါးပြည့်တော့မယ့်ကာလမှာ အများအမြင် အံ့သားသင့်ဖွယ် ပြောင်းလဲမှုတွေကိုလည်း ယူဆောင်လာခဲ့သည်ကို တွေ့ရမှာဖြစ်ပါ
...တယ်။ အောင်မြင်မှုတွေ ရှိသလို အမှားအယွင်းအချို့ နဲ့ အခက်အခဲအချို့ကိုလည်း ရင်ဆိုင်ဖြေရှင်းရတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ဖိအားအချို့ သဝေထိုးနေတဲ့ အချို့သော နိုင်ငံရေးသမားအမည်ခံ သွေးခွဲသူ ဆူပူအောင်လှုံ့ဆော်နေသူအချို့ရဲ့ မသာမာမှုတွေကိုလည်း ရင်ဆိုင်နေရတာ လက်ရှိအစိုးရသစ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနီးပါးနဲ့ ငြိမ်းချမ်းနေသလောက် မြောက်ပိုင်းဖျားမှ ပြည်ပသြဇာခံအဖွဲ့ခေါင်းဆောင် အချို့ကြောင့် ပြည်တွင်းစစ်လည်း မပြီးဆုံးနိုင်သေးပဲ ပြည်တွင်း ပြည်ပ ဖိအားတွေနဲ့ရင်ဆိုင်နေရဆဲလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်အရေး၊ လက်ပံ့တောင်းတောင်အရေး၊ အလုပ်သမားအရေး၊ အလုပ်အကိုင် အခွင့်အရေး၊ စတဲ့ ကိစ္စကြီးငယ်မှန်သမျှကိုလည်း အမှားအယွင်းမခံ နောက်ကြောင်းပြန်လည်မှုမရှိအောင် သေသေချာချာ ကိုင်တွယ်နေရတာကိုလည်း အများပြည်သူ သိရှိနားလည်မည်လို့လဲ ယူဆမိပါတယ်။
ဆိုတော့ကာ ယနေ့ မြန်မာ့နိုင်ငံရေး ဘယ်လိုဆက်သွားမလဲ နောက်ကျန်တဲ့ ၃ နှစ်အတွင်းမှာ ဘာတွေ ဘယ်လိုဆက်လက် ပြောင်းလဲမလည်း အကောင်းဖက်ကို ဦးတည်အောင် ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေကရော ဘယ်လို ပူးပေါင်းမလည်း၊ တပ်မတော်ကကော တိုင်းပြည်အတွက် ဘယ်လို အရေးကြီးတဲ့ကဏ္ဍတွေကနေ ရပ်တည်နေမလဲဆိုတာဟာ အများပြည်သူစိတ်ဝင်စားဖွယ်တွေ အနေနဲ့ ဆက်လက်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ကျွန်တော့်အယူအဆကတော့ နိုင်ငံတကာဖိအားတွေနဲ့ကော ပြင်းတွင်းဖိအားတွေ ဆူပူမှုမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရတာတွေ လက်နက်ကိုင်တွေရဲ့ ရန်တွေနဲ့ အပစ်မဲ့စစ်ဘေးရှောင်ပြည်သူတွေ အမိန့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရင်း အမှည့်ချွေချွေခံနေရတဲ့ တပ်မတော်သား အသက်တွေ ဆက်လက်ပြီး ဆုံးရှုံးမှုမရှိအောင် အစိုးရနဲ့ပြည်သူ အချိန်တစ်ခုကို ယူဆောင်ပြီး ယုံကြည်မှုတွေတည်ဆောက်ကာ အမှန်တကယ် ငြိမ်းချမ်းစွာ အကျိုးတရား အကြောင်းတရား ရှိရှိဖြင့် အနာဂတ်ကိုဆက်လက်ချီတက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒါကြောင့် ဝေဟင်ချစ်သူ စာဖတ်ပရိတ်သတ်များကို မညွှန်းစာဖူး ကျွန်တော် ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားကို ကြည့်သင့်ကြည့်ထိုက်လို့ ညွှန်းဆိုပါဦးမယ်။ ရုပ်ရှင်နာမည်က Lincoln ပါ။ အမေရိကန် ပြည်တွင်းစစ်ကာလမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့တဲ့ ပြည်ထောင်စု မပြိုကွဲအောင် ထိန်းသိမ်းသူ ကျွန်စနစ်ကို အပြီးအပိုင်ဖျက်သိမ်းခဲ့သူအဖြစ် ယနေ့ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတွင်ကျန်ရစ်ခဲ့တဲ့ Abraham Lincoln တစ်ဆယ့်ခြောက်ယောက်မြောက် အမေရိကန်သမ္မတအကြောင်းပဲ ဖြစ်ပါတယ်။ ယနေ့ မြန်မာအစိုးရင်ဆိုင်ရတဲ့ ဒီမိုကရေစီရေး အခက်အခဲတွေကို အဆိုပါရုပ်ရှင်လေးကြည့်ပြီး ပြည်သူတွေ နားလည်လိမ့်မယ်လို့ မျှော်လင့်ရင်း ဒီ ရုပ်ရှင်ကားလေးကို download လုပ်နိုင်မယ့် လင့်လေးကိုလည်း share ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ နာမည်ကျော် စတီဗင် စပီးဘတ်ပဲဖြစ်ပြီး ယခုလကမှ ထွက်ရှိတဲ့ ကားကောင်းလေးပါ။ ဒီမိုကရေစီရေး ထက်သန်သူတွေ ပြည်တွင်းငြိမ်းချမ်းရေး လိုလားသူတွေ တပ်မတော်သားတွေ နိုင်ငံရေးသမားတွေ အားလုံး ကြည့်ရှုသင့်ပါတယ်။
Download Link
http://netload.in/dateiPG7liIqPFV/LnclnScr.mkv.htm Trailer
http://www.youtube.com/watch?feature=player_embedded&v=VWpMt2-Z-fc ဝေဟင်ချစ်သူ
www.facebook.com/theuseofforce
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။