ဟိုးရှေးရှေးတုန်းက ကျီးတစ်ကောင်က အရှေ့အရပ်ကိုပျံသန်းဖို့ထွက်ခွာ လာခဲ့ပါတယ် ။ လမ်းမှာ သူဟာ ခိုတစ်ကောင်နဲ့တွေ့မိပြီး သစ်ပင်ကြီးတစ်ပင်ပေါ်မှာ အတူနားခိုခဲ့ကြတယ် ။ အရမ်းကို ပင်ပန်းနွမ်းနယ်နေတဲ့ကျီးကိုမြင်တဲ့အခါ ခိုက
“ ခင်ဗျားကို ကြည့်ရတာ အဝေးကြီးကလာတဲ့ပုံပေါ်တယ် အခု ဘယ်ကိုများသွားမလို့ပါလဲ ” လို့မေးလိုက်တယ် ။
ကျီးက “ ကျွန်တော်နေတဲ့အရပ်မှာရှိတဲ့ လူတွေက ကျွန်တော့်အသံကို နားဝင်မချိုဘူးလို့ပြောကြတယ် ဒါကြောင့်တခြားအရပ်ကို ပြောင်းရွေ့ဖို့ ပျံသန်းလာခဲ့ခြင်းဖြစ်ပါတယ် ” လို့ဖြေလိုက်ပါတယ် ။ အဲဒီအခါ ခိုက “ အကယ်၍များ ခင်ဗျားရဲ့အသံကို ခင်ဗျားမပြောင်းလဲနိုင်ခဲ့ဘူးဆိုရင်ခင်ဗျားဘ ယ်ကိုရောက်ရောက်ဘယ်ဒေသကိုပဲသွား သွား အဲဒီနေရာကလူတွေက ခင်ဗျားကို ကြိုဆိုကြမှာမဟုတ်ပါဘူး ဒီလိုပျံသန်းနေခြင်းအားဖြင့် ခင်ဗျားရဲ့အားအင်တွေကုန်ခမ်းယုံ သာဖြစ်ပါလိမ့်မယ် ” လို့ပြောလိုက်ပါတယ် ။
...
------------------------------ ------------------------
ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးကမှားနေတာလား ကိုယ်တစ်ယောက်တည်းကမှားနေတာလား တခါတခါပြန်တွေးကြဖို့ကောင်းပါတယ် ။ အကယ်၍ သင့်ပတ်ဝန်းကျင်ကို သင်မပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် တစ်ခုတည်းသော နည်းလမ်းက သင့်ကိုယ်သင်ပြောင်းလဲပစ်လိုက်ဖို့ပါပဲ ။
သက်တန့်ချို
Change yourself အား ဆီလျော်သလို ဘာသာပြန်သည် ။
“ ခင်ဗျားကို ကြည့်ရတာ အဝေးကြီးကလာတဲ့ပုံပေါ်တယ် အခု ဘယ်ကိုများသွားမလို့ပါလဲ ” လို့မေးလိုက်တယ် ။
ကျီးက “ ကျွန်တော်နေတဲ့အရပ်မှာရှိတဲ့ လူတွေက ကျွန်တော့်အသံကို နားဝင်မချိုဘူးလို့ပြောကြတယ် ဒါကြောင့်တခြားအရပ်ကို ပြောင်းရွေ့ဖို့ ပျံသန်းလာခဲ့ခြင်းဖြစ်ပါတယ် ” လို့ဖြေလိုက်ပါတယ် ။ အဲဒီအခါ ခိုက “ အကယ်၍များ ခင်ဗျားရဲ့အသံကို ခင်ဗျားမပြောင်းလဲနိုင်ခဲ့ဘူးဆိ
...
------------------------------
ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးကမှာ
သက်တန့်ချို
Change yourself အား ဆီလျော်သလို ဘာသာပြန်သည် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။