Thet Ko Oo
ဒီလို ငါ့သား
ကလေး။ ။ ဖေဖေ၊ ကျွန်တော့်ကို ဘယ်လိုမွေးလာတာလဲဟင်။
...
ဖခင်။ ။ အေး၊ ငါ့သား။ မင်းတစ်နေ့နေ့မှာ ဒီလိုမေးမှာပဲလို့ ငါတွက်ထားတာကွ။ ဒီလိုကွာ။
မင်းအမေနဲ့ဖေဖေ Chat room မှာ Chatting လုပ်ရင်း သိခဲ့ကြတယ်။ နောက် Gtalk နဲ့  Facebook တွေကနေ
E-mail တွေ အပြန်အလှန် ပို့ကြတယ်။ ဒီလိုနဲ့ နောက်ဆုံး မင်းအမေက ဖေဖေ့ကို
Download လုပ်နိုင်တယ်လို့ ခွင့်ပြုတယ်။ သူကလည်း ဖေဖေ့ကို Upload ပြန်လုပ်တယ်။
ဖေဖေတို့ နှစ်ယောက်စလုံး Firewall ချမထားမိဘူး။ ပြီးတော့ Delete Button ကိုလည်း မနှိပ်မိဘူး။
နောက် ကိုးလကြာတော့ မင်းကို ရလာတာပေါ့။ အဲဒီအချိန်က Virus အကိုက်မခံလိုက် ရတာလည်း ပါတာပေါ့။
Connection ကလည်း လုံးဝ မှန်နေခဲ့တာ။ မင်းကံကောင်းတယ် ငါ့သား။
..............................
အညီအမျှ
မ၀င်း။ ။ နင်တို့ လင်မယား ကွာမယ်၊ ကင်းမယ် ပြောပြီး ခုထိ မြဲနေတုန်းပါလားဟဲ့
မနွယ်။ ။ ဟုတ်တယ်၊ ပစ္စည်းတွေက ခွဲလို့ ညီမျှပေမယ့် ကလေးက (၃) ယောက်ဆိုတော့ အညီအမျှ ခွဲလို့ မရသေးဘူး
၊ ဒီတော့ နောက်ကလေး တစ်ယောက် ရအောင် စောင့်နေတာ၊ ကလေး(၄)ယောက် ပြည့်ရင်တော့ တို့လင်မယား ကွာနိုင်ပါပြီဟဲ့
..............................
~ကမ္ဘာကြီး လုံးတဲ့အကြောင်းကို ဘယ်လိုကြောင့် ပြောနိုင်သလဲ....သက်သေသုံးခုပြပ
~~မမကလည်း ပြောပါတယ်။
~~ဖေဖေကလည်းပြောပါတယ်...
~~ဆရာလည်း ဟိုနေ့က ပြောပါတယ် ခင်ဗျာ...။
ကောင်းလိုက်တဲ့သက်သေနော်... :P :P
..............................
~ ဆရာက ရှုခင်းပုံ တစ်ခုဆွဲ ၇န် ပြောတော့ ကျောင်းသားအားလုံး က တက်နိုင်သလောက်ဆီ ဆွဲကြပေမယ့်
တစ်ယောက်သော ကျောင်းသူကတော့ အညိုရောင်တွေချည်း ခြစ်ပြီး ဆွဲပြပါတယ်။
~ဆရာက မေးတော့
~မင်းက ဘာလို့ အညိုရောင်တွေချည်း ခြစ်ထားတာတုန်း...?
~မခြစ်ထားပါဘူးဆရာ ဒါကနွားတစ်ကောင်မြက်စားနေတဲ့ ပုံပါ..
~ဘယ်မှာလဲ နွား.?
~ရေသောက်ဖို့ ထွက်သွားပါတယ်ဆရာ..။
~မြက်ကရော...?
~နွားစားလို့ ကုန်သွားပါဘီဆရာ ၊ အဲ့ဒါကြောင့်မြေကြီးတွေ ချည်းကျန်တော့တာပါ ဆရာ။
..............................
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။