Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 28, 2012

ဗိုလ်ချုပ်အောင်ဆန်း နှင့် ဘာသာ သာသနာ

 
Tun Wai
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည် လွတ်လပ်ရေးအတွက် မနေမနား ကြိုးပမ်း ဆောင် ရွက်ရင်း အခွင့်သင့်သည့်အခါ ဘာသာအကျိုး၊ သာသနာတော်အကျိုးတို့ ကိုလည်း ဆောင်ရွက်ခဲ့ပေသည်။ ဗိုလ်ချုပ်ဆောင်ရွက်သော ဘာသာ သာသနာ အကျိုးတို့ ကား သိသူ နည်းပါးသောကြောင့် ထိုကိစ္စများ မဆောင်ရွက်ခဲ့ဟုပင် ထင်မှတ်ဖွယ်ရာ ရှိ သည်။သို့ သော် ဗိုလ်ချုပ်ကား ဆောင်ရွက်ခဲ့ပါ၏။ဗိုလ်ချုပ်ဆောင်ရွက်ခဲ့သော ဘာသာသာသနာအကျိုးတို့ ကို အောက်ပါအတိုင်းတင်ပြအပ်ပါသည်။ ၁၉၄၆-ခုနှစ်၊ ဇွန်လ ၄-ရက်နေ့ နံနက် ၉-နာရီ အချိန်ကဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်မြို့ ၊ ၊ရွှေဂုံတိုင်လမ်း၊ ဘုရားကြီး ကျောင်းတိုက်၌ မြန်မာပြည်လုံးဆိုင်ရာ ဆရာတော်ကြီးများ၏ ဂိုဏ်းပေါင်းစုံ နှစ်ပတ်လည် သာသနာ့ အစည်းအဝေး ကြီးသို့ တက်ရောက်သည်။ထို အစည်းအဝေး၌ နိုင်ငံတော် ဩဝါဒါ စရိယ ဆရာတော်ကြီးများကို အောက်ပါအတိုင်း လျှောက်ထားခဲ့ပါသည်။ “ဆရာတော်ကြီးများအား တပည့်တော် ဘာမှ ထူးထူးထွေထွေ လျှောက်ထားစရာ မရှိပါဘုရား။
သက်တော်ဝါတော် ကြီးရင့်တော်မူသော ဆရာတော်ကြီးများကို လာရောက် ဖူးမြော် ကန်တော့ခြင်း သက်သက်သာ ဖြစ်ကြောင်းပါဘုရား။ ဆရာတော်ကြီးများမှာ သာသနာ့ တာဝန်များဖြင့် အရင်းခံ စေတနာ
ရှေ့ ထားပြီး ရိုးရိုးအေးအေး နေတော်မူကြောင်းကို တပည့်တော် ယုံကြည်တယ် ဘုရား။ဒါကြောင့် ယခု တပည့်တော် လျှောက်ထား လိုတာက နိုင်ငံရေး သမားများဟာ အလွန် ပရိ ယာယ်များပါတယ် ဘုရားဟု အစချီကာ ဗိုလ်ချုပ်က ကောင်းသော ပရိယာယ်နှင့် ပတ်သက်၍ မြတ်စွာ ဘုရားရှင်၏ ညီတော်မင်း နန် ချွတ်ခန်းနှင့် ဇနပဒကလျာဏီ မင်းသမီးကိုပုံနှိုင်းကာ လျှောက်တင်ခဲ့ပါသည်။”

ထို့ နောက် ဗိုလ်ချုပ်အောင်ဆန်းက-
“တပည့်တော်သည် မြန်မာပြည်ကြီးရဲ့ လွတ်လပ်ရေးအတွက် ဆရာတော်ကြီးများကို ဘာမျှ ဒုက္ခ မပေးဘဲ မိမိကိုယ်ကို မိ မိ အားကိုးပြီး မြန်မာ လူထုနဲ့ တွဲ၍ အပြစ်လွတ်ကင်း သန့် ရှင်းစင်ကြယ်စွာ ပြုလုပ်ဆောင်ရွက် သွားမည့် ဒကာတစ်ယောက် ဖြစ် ကြောင်းကို မှတ်ယူတော်မူပါဘုရား။” ဟု နောက်ဆုံး လျှောက်ထားသည်။ပေါင်းတည် ဘုရားကြီး ဆရာတော်၊ညောင်တုန်းဆရာ တော်၊မန္တလေးညောင်ရမ်းဆရာတော်နှင့် ပခုက္ကူဆရာတော်ကြီးများက ဆုပေးးကြပါသည်။ထို့ နောက်သာဓုသုံးကြိမ် ခေါ်ကြပါသည်။ ၂၃-၂-၄၇ခု၊တနင်္ဂနွေနေ့ ၁-နာရီအချိန်က ဖြစ်ပါသည်။ရန်ကုန်မြို့ တော် ခန်းမကြီး၌ မြန်မာနိုင်ငံတော် ပထမပြန် စာမေးပွဲ အောင်သည့် ရဟန်း သံဃာတော်များအား ဗုဒ္ဓဘာသာ နာယက ဆရာတော်ကြီးများက ကြီးမှူးလျက် မြန်မာနိုင်ငံတော် ပါဠိဘာ သာ၊ပညာရေး အဖွဲ့ က ဆုနှင်းသဘင် အခမ်းအနားကျင်းပသည်။ထိုအခမ်းအနားသို့ ရဟန်းတော် သံဃာတော်များ အပြင် မြန်မာ ပြည် အစိုးရအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ ကြွရောက်ကြပါသည်။
အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း လျှောက်ထားခဲ့ပါသည်။ “ဗုဒ္ဓဘာသာထဲမှာ လူတစ်ပိုင်း ဘုန်းကြီး တစ်ပိုင်း ဖြစ်နေတာတွေကို တပည့်တော်တို့ မကြိုက် မနှစ်သက်ပါဘူး ဘုရား။ တပည့်တော်လည်း ဘုန်းကြီးလုပ်ဖို့ နှစ်ခါတောင် ကြံစည်ပါသေးတယ်။မအောင်မြင်ခဲ့ပါဘူး။မအောင်မြင်တာလဲ ခပ်ကောင်း ကောင်းပါပဲ ဘုရား။မြန်မာနိုင်ငံ မလွတ်လပ်သေးသမျှ ကျွန်နိုင်ငံဘဝနဲ့ ရှိနေတဲ့ အချိန်မှာ ဗုဒ္ဓဘာသာ သာသနာတော်ကြီးဟာ ကျွန်သာသနာဖြစ်ပြီး မကြီးပွားနိုင်ပါဘူးဘုရား။”
“ခေတ်ပြောင်းတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လျှောက်ထားချင်တာက ဗုဒ္ဓဘာသာဝင် အပေါင်းအားလုံး ပိုမို နားလည် အောင် ပါဠိဘာသာနဲ့ သာ ထုတ်ဝေထားတဲ့ အဖိုးတန် စာအုပ်ကျမ်းဂန်များကို မြန်မာဘာသာနှင့်ပြန်ဆို ရေးသားထားရင် ဘုရား တရားတော် အကြောင်းကို ရှင်းလင်း နားလည်ပါလိမ့်မယ်။ဥပမာ-ဩကာသဆိုတဲ့ အဓိပ္ပါယ်ကို တချို့ လုံးလုံး မသိကြဘူး။မြတ်စွာ ဘုရားရဲ့ ကျင့်ထုံးကျင့်နည်း တရားတော်များကိုလဲ ခေတ်ပြောင်းချိန်မှာ ပြင်ဆင်ချက်သဘောနဲ့ ပြင်ဆင်ပြီး မြန်မာဘာသာနှင့် ပြန်ဆိုလျှင် ပိုမို ကောင်းမွန်ပါလိမ့်မယ်လို့ ထင်ပါတယ် ဘုရား။” “နောက်ဆုံး လျှောက်ထားချင်တာက မြန်မာပြည် အရပ်ရပ်သို့ သွားရောက်ပြီး သာသနာပြုကိစ္စများကို ဆောင်ရွက်စေလို ပါတယ် ဘုရား။ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေများကိုလည်း ကမ္ဘာကသိအောင် ဘာသာပြန်ပြီး ဖြန့် ဖြူးနိုင်ရင် တစ်ကမ္ဘာလုံးဟာ ဗုဒ္ဓ ဘာသာဝင်များ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တဲ့အတိုင်း ဘုန်းတော်ကြီးများ အနေနဲ့ ဘာသာခြားစာများကို လေ့လာပြီး ဘာသာ ပြန်ဆို နိုင်ပါက အလွန်ကောင်းပါတယ်ဘုရား။”
၁၉၄၆-ခုနှစ်၊ဇန်နဝါရီလ ၂၀-ရက်နေ့ က ဖြစ်ပါသည်။(ဖဆပလ)အဖွဲ့ ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး၌ ဗိုလ်ချုပ် အောင်ဆန်းက မိန့် ခွန်း ပြောကြားခဲ့ပါသည်။ဗိုလ်ချုပ်က သံဃာတော် အရှင်သူမြတ်များနှင့် ပတ်သက်၍ အောက်ပါအတိုင်း လျှောက်ထားခဲ့ပါသည်။ “အရှင်သူမြတ်များဘုရား၊အရှင်ဘုရားတို့ သည် အလွန်ထူးကဲသော ဗုဒ္ဓဘာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူ ကြပါသည်။အရှင်ဘုရားတို့ က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ကမ္ဘာလောကကြီးကို သာသနာ ရောင် အလင်းပေးတော်မူကြပါ။သို့ မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီအရင်းအစ်ကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ် ဆည်းကပ်ပါသည်။တစ်ကမ္ဘာလုံး ကိုးကွယ်ဆည်းကပ်သည်ကိုလည်း မြင်ချင်ပါသည်။တပည့်တော်တို့ နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးမှာပင် မေတ္တာတရား သမ စိတ္တသဘောထားတို့ ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့ မှာ ရှိပါသည်။ဤစွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါ လျှင် မနုဿလူတစ်မျိုးလုံး အစဉ်အဆက်နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော် ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဘက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။တပည့်တော်တို့ နိုင်ငံနှင့်လူမျိုးအ တွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။အရှင်ဘုရားတို့ နိုင်ငံ အရပ်ရပ်သို့ ကြွရောက် တော်မူပြီးလျှင် မေတ္တာတရား၊ညီညွတ်ရေးတရားများကို ဟောတော်မူကြပါ။မြင့်မြတ်သော လွတ်လပ်ရေးတရားကိုလည်း ဟော တော်မူကြပါ။မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု။လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ကြောက်ရွံ့ စိုးရိမ် ပူပန်ခြင်းမှ ကင်းလွတ်မင လူအလူန ဘဝမှ လွတ်မြောက်မှု စသည်တို့ ဖြစ် ပါသည်” နောင်အခါ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ရေးသားပြုစုကြသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဘာသာအကျိုး၊ သာသနာတော်အကျိုး တို့ ကိုလည်း ဆောင်ရွက်ခဲ့သည်ကို သူ့ အတ္ထုပ္ပတ္တိ၌ ထည့်သွင်း ဖော်ပြ သင့်ပေသည်။

ကိုထွန်းဝေ စုဆောင်းဖော်ပြပါတယ်။
http://tunwai-states.blogspot.jp/2012/12/blog-post_2710.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။