ကိုယ်နဲ့ဆက်နွယ်သမျှ လူတွေကို မျှဝေပါ
တစ်ခါတုန်းက ယောင်္ကျားဖြစ်သူဟာ သူ့အမျိုးသမီးဖြစ်သူက ရေချိုးခန်းတံခါးဖွင့်သံကြားလို့ သူ့အလှည့်ရောက်ပြီဆိုပြီး ရေချိုးခန်းထဲ ၀င်သွားခဲ့တယ် ။ အမျိုးသမီးဖြစ်သူက ခန္ဓာကိုယ်မှာ တာဝါလေးပတ်ရင်း လှေကားကနေတဆင့်အိမ်အောက်ထပ်ကို ဆင်းလာတယ် ။ အဲဒီအချိန်မှာပဲ တံခါးဝကနေ လူခေါ်ခေါင်းလောင်းသံမြည်လာတယ် ။ ဒါနဲ့ အမျိုးသမီးဟာ အိမ်ရှေ့တံခါးဆီထွက်လာခဲ့တယ် ။
... တံခါးကို ဖွင့်လိုက်တဲ့အခါ အိမ်နီးနားချင်းဖြစ်သူ Jame ဂျိမ်း ဖြစ်နေတာတွေ့ရတယ် ။ ဂျိမ်းက အမျိုးသမီးရဲ့ တာဝါ ပတ်ထားတဲ့ ခန္ဓာကိုယ်ကိုကြည့်ရင်းပြောလိုက် တယ် ။ “ အဲဒီတာဝါကို အခု ခဏ ချွတ်ချလိုက်ရင် မင်းကို ငါ ဒေါ်လာ ၈၀၀ ပေးမယ် ” အမျိုးသမီးက စဉ်းစားတယ် ။ အင်းသူ့ယောင်္ကျားလည်းရေချိုးခန်း ထဲမှာ အခုလည်း အိမ်ရှေ့မှာ ဘယ်သူမှမရှိဘူး ။ ဒေါ်လာ ၈၀၀ မနည်းဘူးဆိုပြီး တာဝါကို ချွတ်ချလိုက်တယ် ။ အိမ်နီးနားချင်းဖြစ်သူ ဂျိမ်းက ဒေါ်လာ ၈၀၀ ပေးပြီး လှည့်ထွက်သွားတယ်။
အမျိုးသမီးဖြစ်သူ အိမ်ထဲ ပြန်ဝင်လာတဲ့အခါမှာတော့ သူ့ယောင်္ကျားဖြစ်သူကမေးတယ် ။
“ ဘယ်သူလဲဟေ့ ”
“ ဘေးအိမ်က ဂျိမ်းပါ ”
“ အော် ဂျိမ်းလား အင်းအင်း သူ ဒီနေ့ငါချေးထားတဲ့ ဒေါ်လာ ၈၀၀ ပြန်ဆပ်မယ်လို့ပြောတယ် အဲဒါလာပေးတာထင်တယ် ”
------------------------------ ----
ဒီပုံပြင်လေးရဲ့ အနှစ်သာရကတော့ “ ကိုယ်သိထားတဲ့ information သတင်းအချက်အလက်တွေကို ကိုယ်နဲ့ဆက်နွယ်သမျှ လူတွေကို မျှဝေပါ အဲဒီလိုမှမဟုတ်ရင် ပုံပြင်ထဲက အမျိုးသားဘ၀ရောက်သွားပြီး သင်တို့ အမျိုးသမီးရဲ့ တာဝါ အချွတ်ခံရလိမ့်မယ် ” တဲ့ ။
သတင်းအချက်အလက်တွေကို ကိုယ်က သူတပါးကို မပြောပဲ ထိမ်ချန်ထားတဲ့အခါ နစ်နာစရာတွေဖြစ်လာတတ်တယ် ။ တကယ်ဆို အမျိုးသားဟာ ဂျိမ်းပြောလိုက်ကတည်းက သူ့အမျိုးသမီးကို ပြန်ပြောလိုက်ရင် အမျိုးသမီးရဲ့တာဝါလည်းကျွတ်စရာမ ရှိပါဘူး ။
အခုတော့ ကိုယ်ချေးထားတဲ့ ဒေါ်လာ ၈၀၀ပဲ ကိုယ်ပြန်ရတယ် ကြားထဲကနေ တာဝါလည်း ချွတ်ပြခဲ့ရသေးတယ် ။
သက်တန့်ချို
Time Management ထဲက ပုံပြင်လေးတစ်ပုဒ်ကို ပုံဖော်ပြန်ရေးသည် ။
တစ်ခါတုန်းက ယောင်္ကျားဖြစ်သူဟာ သူ့အမျိုးသမီးဖြစ်သူက ရေချိုးခန်းတံခါးဖွင့်သံကြားလု့
... တံခါးကို ဖွင့်လိုက်တဲ့အခါ အိမ်နီးနားချင်းဖြစ်သူ Jame ဂျိမ်း ဖြစ်နေတာတွေ့ရတယ် ။ ဂျိမ်းက အမျိုးသမီးရဲ့ တာဝါ ပတ်ထားတဲ့ ခန္ဓာကိုယ်ကိုကြည့်ရင်းပြောလိုက်
အမျိုးသမီးဖြစ်သူ အိမ်ထဲ ပြန်ဝင်လာတဲ့အခါမှာတော့ သူ့ယောင်္ကျားဖြစ်သူကမေးတယ် ။
“ ဘယ်သူလဲဟေ့ ”
“ ဘေးအိမ်က ဂျိမ်းပါ ”
“ အော် ဂျိမ်းလား အင်းအင်း သူ ဒီနေ့ငါချေးထားတဲ့ ဒေါ်လာ ၈၀၀ ပြန်ဆပ်မယ်လို့ပြောတယ် အဲဒါလာပေးတာထင်တယ် ”
------------------------------
ဒီပုံပြင်လေးရဲ့ အနှစ်သာရကတော့ “ ကိုယ်သိထားတဲ့ information သတင်းအချက်အလက်တွေကို ကိုယ်နဲ့ဆက်နွယ်သမျှ လူတွေကို မျှဝေပါ အဲဒီလိုမှမဟုတ်ရင် ပုံပြင်ထဲက အမျိုးသားဘ၀ရောက်သွားပြီး သင်တို့ အမျိုးသမီးရဲ့ တာဝါ အချွတ်ခံရလိမ့်မယ် ” တဲ့ ။
သတင်းအချက်အလက်တွေကို ကိုယ်က သူတပါးကို မပြောပဲ ထိမ်ချန်ထားတဲ့အခါ နစ်နာစရာတွေဖြစ်လာတတ်တယ် ။ တကယ်ဆို အမျိုးသားဟာ ဂျိမ်းပြောလိုက်ကတည်းက သူ့အမျိုးသမီးကို ပြန်ပြောလိုက်ရင် အမျိုးသမီးရဲ့တာဝါလည်းကျွတ်စရာမ
အခုတော့ ကိုယ်ချေးထားတဲ့ ဒေါ်လာ ၈၀၀ပဲ ကိုယ်ပြန်ရတယ် ကြားထဲကနေ တာဝါလည်း ချွတ်ပြခဲ့ရသေးတယ် ။
သက်တန့်ချို
Time Management ထဲက ပုံပြင်လေးတစ်ပုဒ်ကို ပုံဖော်ပြန်ရေးသည် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။