ဆယ်ကျော်သက်တို့ အတွက် အကျင့်ကောင်း(၇)ရပ်
The 7 Habits Of Highly Effective Teens [Sean Covey]
... (၁) တာဝန်ယူစိတ် [Be Proactive]
ပြဿနာတစ်ခုခု ရှိလာရင် "ငါဘာမှားနေလဲ" ဆိုတာက အစ စဉ်းစားပါမယ်။
ပြီးမှ ကျန်တာတွေကို ဖြန့် တွေးတယ်။ "ကိုယ့်ကိုယ်ကိုတော့လွတ်စေ၊ သူများ ကိုတော့တရားခံ " ဒါမျိုးမလုပ်ဘူး။
ကိုယ့်ကိုယ်ကို တာဝန်ယူတဲ့ စိတ်ပါ။
(၂) ပစ်ကွင်းကိုချိန်ပစ် (Begin with the End in Mind)
ငါဘာဖြစ်ချင်လဲ၊ ငါ့ရည်မှန်းချက် ဘာလဲဆိုတာကို ပထမဆုံး ပိုင်းဖြတ်တယ်။
"မစ်ရှင်" [Mission] စိတ်ဓာတ် ဖြစ်ပါတယ်။
(၃) အရေးကြီးတာ အရင်လုပ် [Put First Thing First]
ကြုံသလို ကျပန်းမလုပ်ဘူး။ အစီအစဉ်ရှိရှိနဲ့ တဆင့်ပြီးတဆင့် ဆောင်ရွက် တတ်တယ်။
(၄) သူမနာ၊ ကိုယ်မနာ ဆက်ဆံရေး [Think Win-Win]
ကိုယ်နိုင်စေ၊ သူရှုံးစေ သဘောမထားပါ။
နှစ်ဦးနှစ်ဘက် အကျိုးရှိစေမယ့် "ကြားအဖြေ" ကို နှလုံးသွင်းပါတယ်။
(၅) နားလည်မှုရှိ [Seek First to Understand,Then to be understood]
ပထမဆုံးသူများကို နားလည်အောင် ကြိုးစားတယ်။
ကိုယ့်ကိုလည်း သူများက နားလည်အောင် တံခါးဖွင့်ထားတယ်။
(၆) လက်တွဲကြိုးပမ်း [Synergize]
ငါတကော မလုပ်ဘူး။ အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဖို့  အားထုတ်တယ်။
(၇) ကိုယ့်ကိုယ်ကိုပြန် ,သ, [Sharpen the Saw]
စိတ်တံခါးကို ပိတ်မထားဘူး။ အတွေးသစ်၊ အမြင်သစ်တွေ အတွက် အမြဲတံခါး ဖွင့်ထားတယ်။
ကိုယ့်အသိ၊ ကိုယ့်အကျင့်ကို အမြဲချွန်မြ နေစေဖို့ မပြတ် "သ"နေ ပါ။
ဒီအကျင့်တွေ သူငယ်ချင်းမှာရှိနေပြီဆိုရင် ဘ၀တိုက်ပွဲမှာ အောင်ပွဲ အလီလီရမှာ သေချာသလောက်ဖြစ်ပါပြီ။
......................လူငယ်ဆို တာအနာဂတ်ရဲ့ ခေါင်းဆောင်ပါ................ ...
စိတ်ကူးပျော်ရာမှ မျှဝေပါသည်။

......................လူငယ်ဆို
စိတ်ကူးပျော်ရာမှ မျှဝေပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။