❖သားသမီးဆယ်ယောက်
ခြေကန်ကျောက်၍
ဝမ်းမြောက်ဝမ်းသာ
မွေးခဲ့၏။
❖သားသမီးဆယ်ယောက်
လူလားမြောက်ဖို့
ဒေါက်ထောက်ထမ်းပိုး
ကျွေးခဲ့၏။
❖သားသမီးဆယ်ယောက်
လူမွေးပေါက်ဖို့
စောင့်ရှောက်ထိန်းသိမ်း
ပေးခဲ့၏။
❖သားသမီးဆယ်ယောက်အတောင်ပေါက်လည်း
တစ်ယောက်မိဘ မပူရအောင်
သူကကျွေးနိုး ငါကျွေးနိုးနှင့်
ဆိုရိုးစကား မှတ်ယူကြားမိ
သားသမီးဆယ်ဦး ရှိခဲ့ဖူးလည်း
တစ်ဦးမိဘ ကျွေးနိုင်ကြခဲ့
မိဘတစ်ဦး ဂုဏ်ကျေးဇူးကြောင့်
ဆယ်ဦးသမီးသား အိမ်ဦးထား၍
လျားလျားမကျွေးနိုင်သတဲ့။
❖မိဘမေတ္တာ စမ်းပမာသို့
မိဘစေတနာ ပန်းပမာသို့
ကျွေးကာမွေးကာ ပြုစုပါက
ချမ်းသာသုခ ကုသိုလ်ရ၍
ဘဝလည်ဖြောင့် တရားစောင့်လိမ့်။
မောင်ကြင်နွယ်
(မေတ္တာစမ်းရေ မဂ္ဂဇင်း-အတွဲ(၁)- အမှတ်(၂)- ၂၀၀၃ ခုနှစ်၊ ဧပြီလ)
ခြေကန်ကျောက်၍
ဝမ်းမြောက်ဝမ်းသာ
မွေးခဲ့၏။
❖သားသမီးဆယ်ယောက်
လူလားမြောက်ဖို့
ဒေါက်ထောက်ထမ်းပိုး
ကျွေးခဲ့၏။
❖သားသမီးဆယ်ယောက်
လူမွေးပေါက်ဖို့
စောင့်ရှောက်ထိန်းသိမ်း
ပေးခဲ့၏။
❖သားသမီးဆယ်ယောက်အတောင်ပေါက်လည်
တစ်ယောက်မိဘ မပူရအောင်
သူကကျွေးနိုး ငါကျွေးနိုးနှင့်
ဆိုရိုးစကား မှတ်ယူကြားမိ
သားသမီးဆယ်ဦး ရှိခဲ့ဖူးလည်း
တစ်ဦးမိဘ ကျွေးနိုင်ကြခဲ့
မိဘတစ်ဦး ဂုဏ်ကျေးဇူးကြောင့်
ဆယ်ဦးသမီးသား အိမ်ဦးထား၍
လျားလျားမကျွေးနိုင်သတဲ့။
❖မိဘမေတ္တာ စမ်းပမာသို့
မိဘစေတနာ ပန်းပမာသို့
ကျွေးကာမွေးကာ ပြုစုပါက
ချမ်းသာသုခ ကုသိုလ်ရ၍
ဘဝလည်ဖြောင့် တရားစောင့်လိမ့်။
မောင်ကြင်နွယ်
(မေတ္တာစမ်းရေ မဂ္ဂဇင်း-အတွဲ(၁)- အမှတ်(၂)- ၂၀၀၃ ခုနှစ်၊ ဧပြီလ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။