ဒီနေ့ခေတ်
ကမ္ဘာကြီးကို သက်ကြီးကမ္ဘာ (Ageing World)လို့ တင်စား ခေါ်ဝေါ် လာကြပါတယ်။
ဥရောပမှာ လူဦးရေရဲ့ ၂၀ရာခိုင်နှုန်းဟာ
အသက်ကြီးသူတွေဖြစ်လာနေပြီး ၂၀၂၀ မှာဆိုရင် ၂၅ ရာခိုင်နှုန်း အထိ ရှိလာ လိမ့်မယ်လို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်း ထားပါတယ်။ အာရှနိုင်ငံတွေမှာ ဆိုရင်
သက်ကြီးရွယ်အို ဦးရေက ဥရောပ မှာထက် ပိုပြီးတောင် များနေပါတယ်။
အကြောင်းရင်းကတော့ ကလေး မွေးဖွားနှုန်း လျော့နည်းတာ၊
ပတ်ဝန်းကျင် သန့်ရှင်းလာတာ၊ အာဟာရရှိတဲ့ အစားအစာများ လာတာ၊ ဆေးပညာ တိုးတက် ခေတ်မီ
လာတာတွေကြောင့် ဖြစ်ပါတယ်။
သက်ကြီး
ရွယ်အိုတွေ များလာတာဟာ ကောင်းမွန်တဲ့ ရလဒ်ဆိုပေမယ့် ကျန်းကျန်း မာမာ ရှိနေဖို့လည်း
လိုအပ်နေပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေမှာ အဓိက လျော့နည်း တတ်တဲ့ အာဟာရဓာတ်တွေနဲ့
ပါဝင်တဲ့ အရင်းအမြစ်တွေကို အဓိက စားသုံးနိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။
၁။သွပ်ဓာတ်
သွပ်ဓာတ်
ပေါကြွယ်ဝတဲ့ အစားအစာတွေက အဆီနည်း အမဲသား၊ အသည်း၊ ဥအမျိုးမျိုး၊ ပင်လယ်စာ၊ ဝက်သား၊
အခွံမာသီး၊ အခွံချွတ် မထားတဲ့ ကောက်နှံ တစ်ခုလုံး၊ ဂျုံစေ့ အဆန်နဲ့ ပဲ စတာတွေ
ဖြစ်ပါတယ်။
၂။ကယ်လ်စီယမ်ဓာတ်
ကယ်လ်စီယမ်ဓာတ်
ပေါကြွယ်ဝတဲ့ အစားအသောက်တွေက နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ကယ်လ်စီယမ် ဖြည့်ထားတဲ့
ပဲနို့၊ အရိုးပါစားလို့ရတဲ့ ဆယ်လ်မွန်ငါး၊ ပဲ၊ ပန်းဂေါ်ဖီစိမ်း စတာတွေ
ဖြစ်ပါတယ်။
၃။မဂ္ဂနီဆီယမ်ဓာတ်
မဂ္ဂနီဆီယမ်ဓာတ်
ပေါကြွယ်ဝတဲ့ အစားအစာတွေက အခွံချွတ်မထားတဲ့ ကောက်နှံ တစ်ခုလုံး၊ ပင်လယ်စာ၊
ပဲပုပ်စေ့၊ အခွံမာသီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ပဲ၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ အသား၊
အစေ့အဆန်နဲ့ ဒိန်ချဉ် စတာတွေ ဖြစ်ပါတယ်။
၎။ဖောလိတ်ဓာတ်
ဖာလိတ်ဓာတ်ပေါကြွယ်ဝတဲ့
အစားအစာတွေက လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊
ထောပတ်သီး၊ အသည်း၊ ပဲနဲ့ အခွံမာသီး စတာတွေဖြစ်ပါတယ်။
၅။ဗီတာမင်ဘီစစ်နှင့်ဗီတာမင်ဒီ
ဗီတာမင်
ဘီစစ် ပေါကြွယ်ဝတဲ့ အစားအစာတွေက အသား၊ အသည်း၊ ဥအနှစ်၊ ပဲ၊ ကောက်နှံတစ်ခုလုံးနဲ့
လုပ်ထားတဲ့ ကွေကာ စတာတွေဖြစ်ပါတယ်။ ဗီတာမင်ဒီ ပေါကြွယ်ဝတဲ့ အစားအစာ တွေကတော့
ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး၊ ငါးကြေးဆီ၊ ဥအနှစ်၊ ထောပတ်၊ ဒိန်ခဲ စတာတွေပဲ
ဖြစ်ပါတယ်။
http://www.myawady.com.mm/health/preventing/item/2949-2012-12-27-11-17-13

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။