Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 30, 2012

ကျနော်တို့ရပ်ကွက်ထဲက မစာဥ

 
ရပ်ကွက်ထဲမှာ မစာဥ ဆိုပြီးခေါ်တဲ့ အရူးမ တစ်ယောက်ရှိပါတယ်..။ငယ်ငယ်က ကျနော်တို့ ကျောင်းသွားရင် ကျောင်းနားမှာ အမြဲတွေ့ရပြီး ကျောင်းကိုလာတဲ့ သူမှန်သမျှကို ငေးမော ကြည့်ရှုနေတတ်ပါတယ်..။သူမနဲ့တွေ့ရင် ကျနော်တို့က အရူးမကြီး မစာဥ အရူးမကြီး မစာဥ ဆိုပြီး ...အော်ဟစ်စနောက်ပြီး ကျောင်းထဲ ၀င်ပြေးကြပါတယ်..။
အဲဒီအခါ သူမဟာ တဟီးဟီး နဲ့ ရယ်သလိုလို ငိုသလိုလို အော်ဟစ်ပြီး ကျန်ခဲ့ပါတယ်..။
ရပ်ကွက်တကာ လှည့်ပြီး ဗိုက်ဆာပြီဆိုရင် တွေ့ရာလူဆီကနေ စားစရာတွေ တောင်းစားတတ်ပါတယ်..။သူမရဲ့ ကောင်းတဲ့ အကျင့်တစ်ခုက ပိုင်ရှင်မသိပဲ မခိုးတတ်ခြင်းနဲ့ ရိုးသားတဲ့ စိတ်ထားလေး ရှိခြင်းပါပဲ..။ဘယ်သူကိုမှ အန္တရာယ်မပေးတတ်ပဲ တစ်ခါတလေ သီချင်းလေးတွေဆိုပြတတ်တော့ လူချစ် လူခင်ပေါများတဲ့ အရူးမ တစ်ယောက်ပါပဲ..။
အရူးမ မစာဥရဲ့ အကြောင်းကို အစကတော့ မသိခဲ့ပဲ စနောက်ပြောင်ပြခဲ့ဖူးကြပါတယ်..။ဒါပေမဲ့ သူမရဲ့ ကြေကွဲဖွယ်ရာ အတိတ်ဇာတ်ကြောင်းကို သိခဲ့ရတော့ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်..။
တကယ်တော့ မစာဥ ရဲ့ ဘ၀ဟာ ဟိုးယခင် မရူးခင်က သာယာတဲ့မိသားစုမှာ မိခင်ကောင်းတစ်ဦးဖြစ်ခဲ့ဖူးသူပါ..။ဒါ့အပြင်သူမဟာ မူလတန်းပြ ကျောင်းဆရာမ တစ်ဦးလည်းဖြစ်ခဲ့ပါတယ်..။အေးချမ်းတဲ့ သူမတို့ရဲ့ မိသားစုမှာ ချစ်ခင်ဖွယ် ခင်ပွန်းရယ်..၊ချစ်စရာ သားနှစ်ယောက်ရယ်ကို ပိုင်ဆိုင်ခဲ့သူတစ်ဦးပါတဲ့..။
ရက်စက်ရိုင်းစိုင်းတဲ့ ကံကြမ္မာဟာ သူမဘ၀ထဲကို အလုံးအရင်းနဲ့ဝင်ရောက်မွေနှောက်ခဲ့တာ နွေလယ်ည တစ်ညမှာပေါ့..။အဲဒီနေ့က သူမရဲ့ ခင်ပွန်းသည်နဲ့ ၇ နှစ်အရွယ်သားလေးက မြို့ကို တက်ပြီးခရီးလွန်နေခဲ့တယ်..။၃ နှစ်အရွယ် သားလေးနဲ့ သူမတို့ အိုက်စပ်တဲ့ နွေညမှာ အိပ်ပျော်ကာစ အချိန်မှာ.". မစာဥ မစာဥ " ဆိုပြီး အော်ခေါ်သံကြောင့် လန့် နိုးသွားခဲ့တယ်...။
သူမကို လာအော်ခေါ်တဲ့သူက တစ်ဖက်ရပ်ကွက်က သူမရဲ့ အစ်ကိုပါ..။
သူမရဲ့ အစ်ကိုက ၀မ်းနည်းကြေကွဲနေတဲ့ အသံနဲ့ စာဥ ငါတို့ အမေ ဆုံးရှာပြီဟ... ဆိုပြီးပြောလိုက်တော့ ၀မ်းနည်းစိတ်က ရင်ကို တက်ဆောင့်တယ်...။သူမတို့မိခင်ဟာ နာတာရှည်ရောဂါနဲ့ အိပ်ရာထဲ လဲနေတာကြာပါပြီ..။အခုလို အမေဆုံးပြီလို့ ရုတ်တရက်ကြားရတော့..မျက်ရည်တွေ အတောမသတ်ကျလာပါတယ်...။
သောကတွေပြည့်နေတဲ့ ရင်အစုံနဲ့ မိခင်ရှိရာ တစ်ဖက်ရပ်ကွက်ကို အပြေးလာခဲ့မိပါတော့တယ်..။
အမေ တစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်ကို မမီလိုက်ရတဲ့ ရင်ထဲက ခံစားချက်ဟာ နာကျင်စေပါတယ်...။အမှောင်ထဲမှာ..ပြေးသွားတဲ့ မစာဥ လမ်းမှာရှိတဲ့ ခလုတ်ကန်သင်းတွေလည်း ဂရုမပြုအားတော့ပါဘူး..။
အမေ့ အိမ်ရောက်သွားတော့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်လို့ အားပါးတရ ငိုကြွေးမိလို့ မဆုံးခင်မှာပဲ...။" မီး မီး မီး တစ်ဖက်ရပ်ကွက်မှာ မီးလောင်နေတယ် " ဆိုတဲ့ အော်ဟစ်သံတွေနဲ့ အတူ...
မီးကင်းသံချောင်းခေါက်သံတွေကြောင့် အပြင်ကို လှမ်းကြည့်လိုက်တော့... မီးလောင်နေတဲ့နေရာက သူမတို့အိမ်နားလောက်ကပါ...။
မစာဥ ခေါင်းနားပန်းတွေ ကြီးကူန်ပါတယ်...။အပြေးအလွှား အမေ့အိမ်ကို ပြေးထွက်လာခဲ့မိတာ တန်းပေါ်က ဖယောင်းတိုင်မီးကို မမှိတ်ခဲ့ရတာကို နောင်တကြီးစွာနဲ့ သတိရလိုက်ပါတယ်...။
အသက်မဲ့နေတဲ့ အမေကို အသာချလို့ သူမအမေအိမ်ပေါ်ကနေဆင်းပြေးပြီး ဒီဘက်ရပ်ကွက်ကို အမြန်ပြန်ပြေးလာရပါတယ်။မစာဥ ရဲ့ အာရုံထဲမှာ မြင်နေရတာက ခြင်ထောင်ထဲမှာ အိပ်ပျော်နေတဲ့ သူ့သားငယ်လေးကိုပါ...။ပါးစပ်ကနေ သားရေ သားရေ အမေလာပြီ ဆိုပြီး
အော်ဟစ်ပြေးလာခဲ့လိုက်တာ.. မီးလောင်တဲ့နေရာရောက်တော့ သူမတို့အိမ်ဟာ မီးဘီလူးရဲ့ အောက်မှာ အရှုံးပေးနေရပြီလေ..။ပတ်ဝန်းကျင်ရေနဲ့ တတ်နိုင်သလောက်ဝိုင်းငြိမ်းကြပေမဲ့ သက်ကယ်မိုးထရံကာ သူမအိမ်ဟာ အရှိန်ပြင်းစွာနဲ့ လောင်ကျွမ်းနေခဲ့ပြီလေ.။။
သူမမျက်စိထဲမှာ အထိအတွေ့မှာ မီးရဲ့ပူလောင်မှုဟာ ဘာမှမသိသလိုပဲ ရင်ထဲမှာ အဆပြင်းစွာ ပူလောင်နေခဲ့တယ်..။အိမ်ထဲမှာ အိပ်ပျော်နေတဲ့ သူမရဲက သားငယ်လေးအတွက် ပူပန်စိတ်နဲ့ မီးတောက်ထဲ ၀င်ပြေးဖို့ ကြိုးစားတယ်..။ဘေးက လူတွေက မရနိုင်တော့မှန်းသိလို့ သူမကို ၀ိုင်းပြီးဆွဲထားရပါတယ်..။
သား သားလေး ရေ သားလေး ဆိုပြီး နှုတ်ကလည်း အဆက်မပြတ်အော်ဟစ်ပြီး ရုန်းကန်နေခဲ့တယ်..။ကိုယ်မွေးထားတဲ့ ရင်မှ ဖြစ်တဲ့ သားတစ်ယောက်လုံး မီးထဲမှာ ရောက်ရှိနေတာကို ဘယ်မိခင်က ငြိမ်ပြီးကြည့်နေိုင်မှာတဲ့လဲ...။နောက်ဆုံး .....သား ..သားလေးရေ အမေ့ကို ခွင့်လွှတ်ပါကွယ်...။လို့ အော်ဟစ်ငိုကြွေးပြီး သတိလစ်သွားပါတော့တယ်..။
မစာဥ သတိပြန်ရလာချိန်မှာ ရက်စက်တဲ့ လောကဓံရဲ့ ရိုက်ချက်ကြောင့် ပုံမှန်စိတ်မရှိတော့ပါဘူး..။တစ်နေ့တည်းမှာ သူမ အချစ်ဆုံး မွေးမိခင်နဲ့ ရင်မှာဖြစ်တဲံ သားတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ ခံစားမှုဟာ မစာဥ ကို သာမာန်အသိစိတ်တွေ ဖျောက်ဖျက်ပစ်လိုက်ပါပြီ...။
ငိုလိုက်ရယ်လိုက်နဲ့ ပုံမှန်စိတ်ကင်းဝေးလို့ မစာဥ ဟာ...အရူးတစ်ယောက်လို ဖြစ်သွားခဲ့ရပါပြီ...။
ဒါကတော့ ရပ်ကွက်ထဲက အရူးမ မစာဥရဲ့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းလေးပါပဲ..။ကျနော်တို့ လူ့လောကမှာ လူတိုင်းလိုလိုဟာ တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ရူးသွပ်နေကြသူတွေပါပဲ...။
အဲဒီ အရူးတွေထဲကမှ မိခင်နဲ့ သားသမီးဇောကြောင့် ရူးခဲ့ရသူ မစာဥဟာ ကျန်တဲ့ ဥစ္စာရူး၊ တဏှာရူး၊မာနရူးတွေထက်စာ ရင် မြင့်မြတ်ပါသေးတယ်..။လို့ထင်ပါတယ်...။
ဒီဇာတ်လမ်းလေးကို ဖတ်ပြီး စာဖတ်သူရင်ထဲမှာ တစ်စုံတစ်ရာ ကျန်ခဲ့မယ်ဆိုရင် ကျေနပ်ပါတယ်...။လူတိုင်းမှာ မမေ့စရာ အတိတ်လေးတွေကိုယ်စီ ရှိကြပါတယ်...။မစာဥ လို ဆိုးရွားတဲ့ အတိတ်ကနေ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...
( စာကြွင်း..။ ။ မစာဥ ရဲ့ ကျန်ရှိသော ခင်ပွန်းနှင့် သူ၏သားတစ်ယောက်ကျန်ရှိသေးပါသော်လည်း မစာဥကို ကျွေးမွေးပြုစုခြင်း မရှိသည်ကို ရင်နာစွာတွေ့ရှိရပါသည်..။ပုဂ္ဂိုလ်ရေး အရ အမည်များ ပြောင်းလဲ ရေးသားထားပါသည်..။ )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။