တာဝေးပြေး ခရုလေးများ (သို့) SHELLS တေးဂီတအဖွဲ့
မန္တလေးက Shells တေးဂီတအဖွဲ့ဆိုတဲ့ နာမည်ကို မြန်မာပြည်မှာရှိတဲ့ ဂီတချစ်သူ
အများစုက သိကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်က Jမောင်မောင်ရဲ့ 
“အချစ်ရေ့" စီးရီးဟာ မြန်မာပြည်စီးရီးလောကမှာ မကြုံစဖူးအရောင်းရဆုံး စာရင်း
ဝင်သွားရာက Shells ကို လူသိများလာခဲ့ကြတာပါ။ အဲဒီအချိန်တုန်းကစပြီး
ဂီတချစ်သူတွေဟာ Shells ရဲ့ ကြိုးစားမှုနဲ့ အနုပညာဖန်တီးမှုတွေကို တစ်ခုပြီးတစ်ခု
ထိတွေ့ခံစားလာကြရပါတယ်။ ၁၉၈၃ နောက်ပိုင်းမှာ Shells အဖွဲ့ဟာ Stage Show
တော်တော်များများ ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေးစတဲ့မြို့ ကြီးတွေမှာ Shells ရဲ့ ဖျော်ဖြေမှုတွေကို ပရိသတ်အကြိုက်တွေ့ အားပေးလာခဲ့ကြပါတယ်။
Shells အဖွဲ့ ဟာယနေ့တိုင် မန္တလေးမှာ အထက်မြန်မာပြည်ရဲ့ ဂုဏ်ဆောင် တေးဂီတ
အဖွဲ့တစ်ခုအနေနဲ့ ဆက်လက်လှုပ်ရှား တီးခတ်နေတုန်းပါပဲ။ တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ ၁၉၈၃ နောက်ပိုင်းမှာ အောင်မြင်ကျော်ကြားလာပေမယ့် မန္တလေးမှာတော့ အဲဒီအရင်ကတည်းက လူငယ်တွေကြား အားပေးမှုကို ရခဲ့တာ ဖြစ်ပါတယ်။
Shells အဖွဲ့ကို ၁၉၇၃ ခုနှစ်လောက်က မန္တလေးမြို့ မှာရှိတဲ့ ဂီတပိုးထနေတဲ့ လူငယ်
တစ်စုက စတင်တည်ထောင်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလူငယ်တွေဟာ မန္တလေးမြို့ မှာ
ရှိတဲ့ “ယဉ်မွန်” ဆိုတဲ့ တေးဂီတအဖွဲ့ ဖျော်ဖြေပွဲတွေကိုကြည့်ရင်း ကိုယ်တိုင်တီးခတ်
ဖျော်ဖြေချင်တဲ့စိတ်တွေ ဖြစ်လာပြီး ဝါသနာတူလူငယ်တစ်စုကနေ Shells ဆိုတဲ့
တေးဂီတအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ တီးဝိုင်းရဲ့ နာမည်ကိုပေးဖို့ ဝိုင်းစဉ်းစားကြရာက အဲဒီအချိန်မှာ ရန်ကုန်က Play Boy တို့၊ တက္ကသိုလ်အေးမောင်တို့ရဲ့  ELF တို့
စတဲ့ဝိုင်းတွေလို ဘိုနာမည်လေး ပေးရရင် မကောင်းဘူးလားဆိုပြီး ယနေ့ Shells အဖွဲ့ကို ဆက်လက်ဦးဆောင်နေတဲ့ ကိုကျော်ဝင်း(ကိုရှဲလ်) ကပဲ Shells ဆိုတဲ့အမည်ကို
ပေးခဲ့ပါတယ်။
ပထမဆုံး Shells အဖွဲ့မှာ တီးခတ်ကြသူတွေကတော့ Guitar_ကိုခင်မောင်အေး၊
ကိုရစ်ချတ်။ Bass_ကိုဖိုးကိုနဲ့၊ Drums_ကိုကျော်ဝင်းတို့ဖြစ် ကြပါတယ်။ သူတို့ဟာ Guitar တီးတဲ့ ကိုရစ်ချတ်ရဲ့ အိမ်မှာစုဝေးပြီး သီချင်းတိုက်ကြ၊ ဆိုကြရင်း ကိုရစ်ချတ်၊
ကိုဖိုးကိုတို့ရဲ့ ဆရာဖြစ်သူ ဦးဝင်းမြင့် (ဝင်းမြင့်တွင်ခုံ)ရဲ့ အလှူမှာ မပြည့်မစုံပစ္စည်းလေး
တွေနဲ့ ပထမဆုံး Shells အဖွဲ့ရဲ့ ဂီတသံကို ပရိသတ်ကြားခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီခေတ်က တီးဝိုင်းခမယူပဲ အပျော်တမ်း တီးခတ်ခဲ့ကြတာဖြစ်ပါတယ်။ အသိမိတ်ဆွေတို့ရဲ့  မင်္ဂလာဆောင်၊ အလှူ၊ ကထိန်စတဲ့ ပွဲလေးတွေကို အပျော်တမ်းတီးရင်းနဲ့ Shells အဖွဲ့ဟာ ပရိသတ်နဲ့ ပိုမိုရင်းနှီးခဲ့ကြပါတယ်။
ဒီနောက်ပိုင်းမှာ အတီးသမားအချို့ စီးပွားရေးဘက်၊ ဝန်ထမ်းဘဝရောက်သွားကြတော့
ဝါသနာကြီးလှတဲ့ ကိုကျော်ဝင်းဟာ Shells အဖွဲ့ကို သူငယ်ချင်းများဖြစ်ကြတဲ့
Guitar_ကိုခင်မောင်အေး၊ Bass_ကိုစိန်သန်း၊ Drums_ကိုခင်မောင်ကြည်တို့နဲ့
အစားထိုး ဖွဲ့စည်းပြီး ဆက်လက်လှုပ်ရှားခဲ့ပါတယ်။ တီးဝိုင်းပစ္စည်းတွေကိုလည်း
သူ့ခေတ်အခါနဲ့ ခေတ်အမှီဆုံးဖြစ်အောင် ဝယ်ယူဖြည့်တင်းပြီး ကိုကျော်ဝင်းကိုယ်တိုင် Shells ရဲ့ မန်နေဂျာအဖြစ် ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၉ လောက်မှာ ကိုဂျယ်ရီနဲ့
ပတ်သက်ပြီး Jမောင်မောင် ဆိုတဲ့ အဆိုတော်တစ်ယောက် Shells အဖွဲ့ထဲ ကိုယ်တိုင်အဆိုသမားအဖြစ်နဲ့ ရောက်ရှိလာရာကစပြီး Shells အဖွဲ့ဟာ ကြိုးစားမှုအပြည့်နဲ့
ဂီတမှတ်တိုင်များကို တစ်ခုပြီးတစ်ခု စိုက်ထူလာကြပါတယ်။ J.မောင်မောင်ဟာ Shells အဖွဲ့ထဲ မရောက်ခင်ကတည်းက ကိုဂျယ်ရီတို့နဲ့ မန္တလေးမှာ စီးရီးတစ်ခု အသံသွင်းခဲ့ဖူးပါတယ်။ ဒါကြောင့် နောင်တစ်ချိန်မှာ ကိုကျော်ဝင်းက ငါတို့အဖွဲ့ စီးရီးလေးဘာလေး
သွင်းကြည့်ရင်ကောင်းမယ်၊ စီးရီးသွင်းဖို့ အချိန်တန်ပြီလို့ အကြံပြုလာတဲ့အခါ
အတွေ့အကြုံရှိပြီးသားဖြစ်တဲ့  J.မောင်မောင်ကို စီးရီးသွင်းဖို့ စီစဉ်ကြပါတယ်။
အဲဒီအချိန်က J.မောင်မောင်ဟာ “ဆို” ၊ “သိလား” စတဲ့ သီချင်းတွေနဲ့ နာမည်ရနေတဲ့
တေးရေးဆရာတစ်ယောက် ဖြစ်နေပါပြီ။ သီချင်းရေးကောင်းတဲ့ J.မောင်မောင်ဟာ
“အချစ်ရေ့" အပါအဝင် ကိုယ်ပိုင်သံစဉ်တေးစုကို Shells အဖွဲ့နဲ့အတူ မြန်မာပြည်
တေးဂီတလောကကို ကိုင်လှုပ်နိုင်ခဲ့သူပါ။
“အချစ်ရေ့” စီးရီးသွင်းဖို့ Guitar_ကိုဂျယ်ရီ၊ လင်းဘတ်၊ Keyboard_သော်ဇင်၊
Bass_စိန်သန်း၊ Drum_ခင်မောင်ကြည်တို့ ပါဝင်တဲ့ Shells အဖွဲ့ဟာ
Guitar တီးတဲ့ ကိုတီးတောက် (ကိုလှထွန်း) ရဲ့ ခြံမှာ အချိန်ယူသီချင်းတိုက်ကြပြီး
“အချစ်ရေ့" ကို ကြိုးစားပမ်းစား ဖန်တီးခဲ့ကြသူတွေပါ။ ထုတ်လုပ်မှုအပိုင်းမှာလည်း
အခက်အခဲအမျိုးမျိုးကြားကပဲ စံပယ်ဦး ဦးသန်းလွင်နဲ့တွေ့ပြီး ဦးသန်းလွင်
မန္တလေးရောက်ခိုက် မင်္ဂလာဆောင်ပွဲတစ်ခုမှာ J.မောင်မောင်ရဲ့ ဆိုဟန်ကို
လေ့လာပြီးမှ စီးရီးကို ထုတ်လုပ်ပေးဖို့ လက်ခံခဲ့တယ်လို့သိရပါတယ်။
------------------(ဆက်ရန်) -------------------------
အလင်္ကာဂီတဂျာနယ်
အတွဲ(၂)၊ အမှတ် (၇)
ဇန်နဝါရီ၊ ၁၉၉၇
ဂျေမောင်မောင် - အချစ်ရေ့ 
https://my.pcloud.com/ publink/ show?code=kZWirVZUBM4cSfaB7 Qj3ymEOsDitkv3II6y#folder= 36244617
mp3 Credit : http:// phyuniwarpyar.blogspot.com/
# Ka Lee
# Ko Naing
ရော့ခ်နှင့်ပတ်ဝန်းကျင် fb group မှ...
မန္တလေးက Shells တေးဂီတအဖွဲ့ဆိုတဲ့ နာမည်ကို မြန်မာပြည်မှာရှိတဲ့ ဂီတချစ်သူ
အများစုက သိကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်က Jမောင်မောင်ရဲ့ 
“အချစ်ရေ့" စီးရီးဟာ မြန်မာပြည်စီးရီးလောကမှာ မကြုံစဖူးအရောင်းရဆုံး စာရင်း
ဝင်သွားရာက Shells ကို လူသိများလာခဲ့ကြတာပါ။ အဲဒီအချိန်တုန်းကစပြီး
ဂီတချစ်သူတွေဟာ Shells ရဲ့ ကြိုးစားမှုနဲ့ အနုပညာဖန်တီးမှုတွေကို တစ်ခုပြီးတစ်ခု
ထိတွေ့ခံစားလာကြရပါတယ်။ ၁၉၈၃ နောက်ပိုင်းမှာ Shells အဖွဲ့ဟာ Stage Show
တော်တော်များများ ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေးစတဲ့မြို့ ကြီးတွေမှာ Shells ရဲ့ ဖျော်ဖြေမှုတွေကို ပရိသတ်အကြိုက်တွေ့ အားပေးလာခဲ့ကြပါတယ်။
Shells အဖွဲ့ ဟာယနေ့တိုင် မန္တလေးမှာ အထက်မြန်မာပြည်ရဲ့ ဂုဏ်ဆောင် တေးဂီတ
အဖွဲ့တစ်ခုအနေနဲ့ ဆက်လက်လှုပ်ရှား တီးခတ်နေတုန်းပါပဲ။ တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ ၁၉၈၃ နောက်ပိုင်းမှာ အောင်မြင်ကျော်ကြားလာပေမယ့်
Shells အဖွဲ့ကို ၁၉၇၃ ခုနှစ်လောက်က မန္တလေးမြို့ မှာရှိတဲ့ ဂီတပိုးထနေတဲ့ လူငယ်
တစ်စုက စတင်တည်ထောင်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလူငယ်တွေဟာ မန္တလေးမြို့ မှာ
ရှိတဲ့ “ယဉ်မွန်” ဆိုတဲ့ တေးဂီတအဖွဲ့ ဖျော်ဖြေပွဲတွေကိုကြည့်ရင်း
ဖျော်ဖြေချင်တဲ့စိတ်တွေ ဖြစ်လာပြီး ဝါသနာတူလူငယ်တစ်စုကနေ Shells ဆိုတဲ့
တေးဂီတအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ တီးဝိုင်းရဲ့ နာမည်ကိုပေးဖို့ ဝိုင်းစဉ်းစားကြရာက အဲဒီအချိန်မှာ ရန်ကုန်က Play Boy တို့၊ တက္ကသိုလ်အေးမောင်တို့ရဲ့  ELF တို့
စတဲ့ဝိုင်းတွေလို ဘိုနာမည်လေး ပေးရရင် မကောင်းဘူးလားဆိုပြီး ယနေ့ Shells အဖွဲ့ကို ဆက်လက်ဦးဆောင်နေတဲ့ ကိုကျော်ဝင်း(ကိုရှဲလ်) ကပဲ Shells ဆိုတဲ့အမည်ကို
ပေးခဲ့ပါတယ်။
ပထမဆုံး Shells အဖွဲ့မှာ တီးခတ်ကြသူတွေကတော့ Guitar_ကိုခင်မောင်အေး၊
ကိုရစ်ချတ်။ Bass_ကိုဖိုးကိုနဲ့၊ Drums_ကိုကျော်ဝင်းတို့ဖြစ်
ကိုဖိုးကိုတို့ရဲ့ ဆရာဖြစ်သူ ဦးဝင်းမြင့် (ဝင်းမြင့်တွင်ခုံ)ရဲ့ အလှူမှာ မပြည့်မစုံပစ္စည်းလေး
တွေနဲ့ ပထမဆုံး Shells အဖွဲ့ရဲ့ ဂီတသံကို ပရိသတ်ကြားခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီခေတ်က တီးဝိုင်းခမယူပဲ အပျော်တမ်း တီးခတ်ခဲ့ကြတာဖြစ်ပါတယ်။ အသိမိတ်ဆွေတို့ရဲ့  မင်္ဂလာဆောင်၊ အလှူ၊ ကထိန်စတဲ့ ပွဲလေးတွေကို အပျော်တမ်းတီးရင်းနဲ့ Shells အဖွဲ့ဟာ ပရိသတ်နဲ့ ပိုမိုရင်းနှီးခဲ့ကြပါတယ်။
ဒီနောက်ပိုင်းမှာ အတီးသမားအချို့ စီးပွားရေးဘက်၊ ဝန်ထမ်းဘဝရောက်သွားကြတော့
ဝါသနာကြီးလှတဲ့ ကိုကျော်ဝင်းဟာ Shells အဖွဲ့ကို သူငယ်ချင်းများဖြစ်ကြတဲ့
Guitar_ကိုခင်မောင်အေး၊ Bass_ကိုစိန်သန်း၊ Drums_ကိုခင်မောင်ကြည်တို့န
အစားထိုး ဖွဲ့စည်းပြီး ဆက်လက်လှုပ်ရှားခဲ့ပါတယ်။ တီးဝိုင်းပစ္စည်းတွေကိုလည်း
သူ့ခေတ်အခါနဲ့ ခေတ်အမှီဆုံးဖြစ်အောင် ဝယ်ယူဖြည့်တင်းပြီး ကိုကျော်ဝင်းကိုယ်တိုင် Shells ရဲ့ မန်နေဂျာအဖြစ် ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၉ လောက်မှာ ကိုဂျယ်ရီနဲ့
ပတ်သက်ပြီး Jမောင်မောင် ဆိုတဲ့ အဆိုတော်တစ်ယောက် Shells အဖွဲ့ထဲ ကိုယ်တိုင်အဆိုသမားအဖြစ်နဲ့
ဂီတမှတ်တိုင်များကို တစ်ခုပြီးတစ်ခု စိုက်ထူလာကြပါတယ်။ J.မောင်မောင်ဟာ Shells အဖွဲ့ထဲ မရောက်ခင်ကတည်းက ကိုဂျယ်ရီတို့နဲ့ မန္တလေးမှာ စီးရီးတစ်ခု အသံသွင်းခဲ့ဖူးပါတယ်။ ဒါကြောင့် နောင်တစ်ချိန်မှာ ကိုကျော်ဝင်းက ငါတို့အဖွဲ့ စီးရီးလေးဘာလေး
သွင်းကြည့်ရင်ကောင်းမယ်၊ စီးရီးသွင်းဖို့ အချိန်တန်ပြီလို့ အကြံပြုလာတဲ့အခါ
အတွေ့အကြုံရှိပြီးသားဖြစ်တဲ
အဲဒီအချိန်က J.မောင်မောင်ဟာ “ဆို” ၊ “သိလား” စတဲ့ သီချင်းတွေနဲ့ နာမည်ရနေတဲ့
တေးရေးဆရာတစ်ယောက် ဖြစ်နေပါပြီ။ သီချင်းရေးကောင်းတဲ့ J.မောင်မောင်ဟာ
“အချစ်ရေ့" အပါအဝင် ကိုယ်ပိုင်သံစဉ်တေးစုကို Shells အဖွဲ့နဲ့အတူ မြန်မာပြည်
တေးဂီတလောကကို ကိုင်လှုပ်နိုင်ခဲ့သူပါ။
“အချစ်ရေ့” စီးရီးသွင်းဖို့ Guitar_ကိုဂျယ်ရီ၊ လင်းဘတ်၊ Keyboard_သော်ဇင်၊
Bass_စိန်သန်း၊ Drum_ခင်မောင်ကြည်တို့ ပါဝင်တဲ့ Shells အဖွဲ့ဟာ
Guitar တီးတဲ့ ကိုတီးတောက် (ကိုလှထွန်း) ရဲ့ ခြံမှာ အချိန်ယူသီချင်းတိုက်ကြပြီး
“အချစ်ရေ့" ကို ကြိုးစားပမ်းစား ဖန်တီးခဲ့ကြသူတွေပါ။ ထုတ်လုပ်မှုအပိုင်းမှာလည်း
အခက်အခဲအမျိုးမျိုးကြားကပဲ စံပယ်ဦး ဦးသန်းလွင်နဲ့တွေ့ပြီး ဦးသန်းလွင်
မန္တလေးရောက်ခိုက် မင်္ဂလာဆောင်ပွဲတစ်ခုမှာ J.မောင်မောင်ရဲ့ ဆိုဟန်ကို
လေ့လာပြီးမှ စီးရီးကို ထုတ်လုပ်ပေးဖို့ လက်ခံခဲ့တယ်လို့သိရပါတယ်။
------------------(ဆက်ရန်)
အလင်္ကာဂီတဂျာနယ်
အတွဲ(၂)၊ အမှတ် (၇)
ဇန်နဝါရီ၊ ၁၉၉၇
ဂျေမောင်မောင် - အချစ်ရေ့ 
https://my.pcloud.com/
mp3 Credit : http://
# Ka Lee
# Ko Naing
ရော့ခ်နှင့်ပတ်ဝန်းကျင် fb group မှ...

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။