စိန့်တိုင်းသားတွေရဲ့ ဂူအောင်းအတွင်းအားတွေကို တကယ်ကြည့်ရဦးမှာလား ???
ဆီးရီးယား စစ်ပွဲရဲ့ နောက်ကွယ်မှာ
★ ★ ★ ★ ★ ★ ★ ★ ★ ★
ခရိုင်းမီးယားကို ရုရှားတပ်တွေ တိုက်တော့ အင်္ဂလန် နိုင်ငံရဲ့ အိမ်ရှေ.မင်းသား ချားစ် က "" ပူတင်ဟာ ဟစ်တလာလို လူစားပဲ "" လို့ ပြောလိုက်ပါတယ် ။
ပူတင်ကလည်း မခံပါဘူး တခွန်းထဲ ပြန်ပြောလိုက်ပါတယ် ။
""အင်္ဂလန်ဆိုတာ ကျွန်းသေးသေးလေးပါ"" တဲ့
ပူတင်ဆိုလိုတာက မင်းတို့ အင်္ဂလန်နိုင်ငံကို ၁လ အတွင်း ပျောက်သွားအောင် လုပ်ပလိုက်နိုင်တယ် လို့ ဆိုလိုတာပါ ။ ပူတင်ပြောခဲ့တဲ့ စကား မှန်လား မှားလားဆိုတာ ဆီးရီးယားမှာ ကျဲချတဲ့ ဗုန်းတွေ ၊ ရေတပ်က ပစ်လွတ်တဲ့ ပဲ့ထိန်းဒုံးတွေ နဲ့ ယူကရိန်းမှာ မလေးရှား လေယာဉ်ကို ပစ်ချခဲ့တဲ့ လေယာဉ်ပစ် ဒုံးတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ် ။
ဆီးရီးယားကို ရုရှားတွေ ဝင်လာတော့ အင်္ဂလန်ပါလီမာန်က အင်္ဂလိပ်စစ်သားတွေ ဆီးရီးယားမှာ တိုက်နေတာကို ကန့်ကွက်လိုက်ပါတယ် ။
အကြောင်းက ISIS ကို တိုက်ရင်းနဲ့ ရုရှားက ရန်စလာရင် တတိယ ကမ္ဘာစစ်ဖြစ်သွားနိုင်လို့ပါ ပဲ ။ အောင်မြင်စွာ ဆုတ်ခွါသည်ပေါ့လေ ။
တခုတခါ ပြန်ပြီး တိုက်ဖို့တော့ ပြောနေပြန်ပြီ ။
ဆီးရီးယားက ISIS နှိမ်နင်းတဲ့ စစ်ပွဲဟာ တကယ်တော့ လက်နှက် ကြေငြာတဲ့ ၊ လက်နှက် စမ်းသပ်တဲ့ စစ်ပွဲပါ ။
ရုရှားအတွက် အကျိုးအမြတ် မြောက်များစွာ ရမဲ့ ပွဲပါ ။ ရုရှားဟာ စစ်ရေးပြင်ဆင်မှု အံ့မခန်း ကြီးကျယ်ခန်းနားနေတာကို ကမ္ဘာကို တအံ့အသြ ဖြစ်သွားစေပါတယ် ။
အမေရိကန် နဲ့ အင်္ဂလန် တိုက်နေတာ ၂ နှစ်လောက်ကြာပေမဲ့ ဘာမှ ထိရောက်မှု မရှိတာကို ပူတင်က တပတ် အတွင်း လက်စွမ်းပြလိုက်ပါတယ် ။
ပူတင်ကို ဝေဖန်နေတဲ့ ပါးစပ်တွေတော့ အနည်းနဲ့ အများ ပိတ်ကုန်ပါတယ် ။
ဆီးရီးယား စစ်ပွဲပြီးရင် လက်နက် ၊ တိုက်လေယာဉ် အမှာစာတွေ ရှရှား အနေနဲ့ အမြောက်အများ လက်ခံ ရရှိနိုင်ပါတယ် ။
နောက်တခုက ခရိုင်းမီးယား အရေးကြောင့် စီးပွားရေး ပိတ်ဆို့ထားတဲ့ ဥရောပနဲ့ အမေရိက ကို ဂရုမစိုက်ဘူး ဆိုတာ ရုရှားက ပြလိုက်တဲ့ပွဲပါပဲ ။
ISIS ကို နှိမ်နင်းတယ် ဆိုတာထက်ပိုတဲ့ ရည်ရွယ်ချက်တွေ အမြောက်အများ နောက်ကွယ်မှာ ပါဝင်နေတာတော့ အသေအချာပါပဲ ။
ကမ္ဘာစစ်ရေးတွေမှာ လက်ရှောင်နေတတ်တဲ့ တရုပ်ကလည်း သူ့လူမျိုး တယောက် အသတ်ခံရတာ နဲ့ မာလီ ဟော်တယ် အကြမ်းဖက်မှုမှာ တရုပ်သုံးယောက် အသတ်ခံရတာကို အကြောင်းပြပြီး ၊ ဆီးရီးယား စစ်ထဲ ဝင်ပါလာပါပြီ ။ တကယ်တော့ တရုပ်အစိုးရကိုယ်တိုင်က သူ့လူမျိုးတွေကို ပုံစံအမျိုးမျိုးနဲ့ ထောင်ချ ကွပ်မျက်နေတဲ့ နိုင်ငံပါ ။
တရုပ်ရဲ့ စစ်ရေးစွမ်းအင်ကိုလည်း မြင်ရတော့မှာ ဖြစ်ပါတယ် ။
အနည်းဆုံးတော့ အင်အားကြီး နိုင်ငံတွေရဲ့ လက်နက် စမ်းသပ်တဲ့ပွဲ ၊ စစ်ရေးစွမ်းရည်ပြတဲ့ပွဲ ဆိုရင်တော့ မမှားပါဘူး ။
ကျွန်တော်တို့ နိုင်ငံမှာလည်း နောက် နှစ် အနည်းငယ်အတွင် ဒီလို လက်နှက် ပြပွဲ ၊ စမ်းသပ်ပွဲ ၊ စစ်ရေးစွမ်းရည်ပြပွဲ မျိုးကြီးတွေ ကြည့်ရနိုင်ပါတယ် ။
ကုသိုလ်ထူးတယ်လို့ပဲ မှတ်ယူရမှာပေါ့ ။
မြန်မာပြည်ကျမ်းမာပါစေ ။
ရဲသူရိန်မင်း
241115
ဆီးရီးယား စစ်ပွဲရဲ့ နောက်ကွယ်မှာ
★ ★ ★ ★ ★ ★ ★ ★ ★ ★
ခရိုင်းမီးယားကို ရုရှားတပ်တွေ တိုက်တော့ အင်္ဂလန် နိုင်ငံရဲ့ အိမ်ရှေ.မင်းသား ချားစ် က "" ပူတင်ဟာ ဟစ်တလာလို လူစားပဲ "" လို့ ပြောလိုက်ပါတယ် ။
ပူတင်ကလည်း မခံပါဘူး တခွန်းထဲ ပြန်ပြောလိုက်ပါတယ် ။
""အင်္ဂလန်ဆိုတာ ကျွန်းသေးသေးလေးပါ"" တဲ့
ပူတင်ဆိုလိုတာက မင်းတို့ အင်္ဂလန်နိုင်ငံကို ၁လ အတွင်း ပျောက်သွားအောင် လုပ်ပလိုက်နိုင်တယ် လို့ ဆိုလိုတာပါ ။ ပူတင်ပြောခဲ့တဲ့ စကား မှန်လား မှားလားဆိုတာ ဆီးရီးယားမှာ ကျဲချတဲ့ ဗုန်းတွေ ၊ ရေတပ်က ပစ်လွတ်တဲ့ ပဲ့ထိန်းဒုံးတွေ နဲ့ ယူကရိန်းမှာ မလေးရှား လေယာဉ်ကို ပစ်ချခဲ့တဲ့ လေယာဉ်ပစ် ဒုံးတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ် ။
ဆီးရီးယားကို ရုရှားတွေ ဝင်လာတော့ အင်္ဂလန်ပါလီမာန်က အင်္ဂလိပ်စစ်သားတွေ ဆီးရီးယားမှာ တိုက်နေတာကို ကန့်ကွက်လိုက်ပါတယ် ။
အကြောင်းက ISIS ကို တိုက်ရင်းနဲ့ ရုရှားက ရန်စလာရင် တတိယ ကမ္ဘာစစ်ဖြစ်သွားနိုင်လို့ပါ
တခုတခါ ပြန်ပြီး တိုက်ဖို့တော့ ပြောနေပြန်ပြီ ။
ဆီးရီးယားက ISIS နှိမ်နင်းတဲ့ စစ်ပွဲဟာ တကယ်တော့ လက်နှက် ကြေငြာတဲ့ ၊ လက်နှက် စမ်းသပ်တဲ့ စစ်ပွဲပါ ။
ရုရှားအတွက် အကျိုးအမြတ် မြောက်များစွာ ရမဲ့ ပွဲပါ ။ ရုရှားဟာ စစ်ရေးပြင်ဆင်မှု အံ့မခန်း ကြီးကျယ်ခန်းနားနေတာကို ကမ္ဘာကို တအံ့အသြ ဖြစ်သွားစေပါတယ် ။
အမေရိကန် နဲ့ အင်္ဂလန် တိုက်နေတာ ၂ နှစ်လောက်ကြာပေမဲ့ ဘာမှ ထိရောက်မှု မရှိတာကို ပူတင်က တပတ် အတွင်း လက်စွမ်းပြလိုက်ပါတယ် ။
ပူတင်ကို ဝေဖန်နေတဲ့ ပါးစပ်တွေတော့ အနည်းနဲ့ အများ ပိတ်ကုန်ပါတယ် ။
ဆီးရီးယား စစ်ပွဲပြီးရင် လက်နက် ၊ တိုက်လေယာဉ် အမှာစာတွေ ရှရှား အနေနဲ့ အမြောက်အများ လက်ခံ ရရှိနိုင်ပါတယ် ။
နောက်တခုက ခရိုင်းမီးယား အရေးကြောင့် စီးပွားရေး ပိတ်ဆို့ထားတဲ့ ဥရောပနဲ့ အမေရိက ကို ဂရုမစိုက်ဘူး ဆိုတာ ရုရှားက ပြလိုက်တဲ့ပွဲပါပဲ ။
ISIS ကို နှိမ်နင်းတယ် ဆိုတာထက်ပိုတဲ့ ရည်ရွယ်ချက်တွေ အမြောက်အများ နောက်ကွယ်မှာ ပါဝင်နေတာတော့ အသေအချာပါပဲ ။
ကမ္ဘာစစ်ရေးတွေမှာ လက်ရှောင်နေတတ်တဲ့ တရုပ်ကလည်း သူ့လူမျိုး တယောက် အသတ်ခံရတာ နဲ့ မာလီ ဟော်တယ် အကြမ်းဖက်မှုမှာ တရုပ်သုံးယောက် အသတ်ခံရတာကို အကြောင်းပြပြီး ၊ ဆီးရီးယား စစ်ထဲ ဝင်ပါလာပါပြီ ။ တကယ်တော့ တရုပ်အစိုးရကိုယ်တိုင်က သူ့လူမျိုးတွေကို ပုံစံအမျိုးမျိုးနဲ့ ထောင်ချ ကွပ်မျက်နေတဲ့ နိုင်ငံပါ ။
တရုပ်ရဲ့ စစ်ရေးစွမ်းအင်ကိုလည်း မြင်ရတော့မှာ ဖြစ်ပါတယ် ။
အနည်းဆုံးတော့ အင်အားကြီး နိုင်ငံတွေရဲ့ လက်နက် စမ်းသပ်တဲ့ပွဲ ၊ စစ်ရေးစွမ်းရည်ပြတဲ့ပွဲ ဆိုရင်တော့ မမှားပါဘူး ။
ကျွန်တော်တို့ နိုင်ငံမှာလည်း နောက် နှစ် အနည်းငယ်အတွင် ဒီလို လက်နှက် ပြပွဲ ၊ စမ်းသပ်ပွဲ ၊ စစ်ရေးစွမ်းရည်ပြပွဲ မျိုးကြီးတွေ ကြည့်ရနိုင်ပါတယ် ။
ကုသိုလ်ထူးတယ်လို့ပဲ မှတ်ယူရမှာပေါ့ ။
မြန်မာပြည်ကျမ်းမာပါစေ ။
ရဲသူရိန်မင်း
241115
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။