သခွားသီးအကြောင်းသိကောင်းစရာ၊နှင့် လည်းကောင်း၏အသုံးဝင်ပုံများ ။
★★★★★★★★★★★★★★★★
နူးညံ့ကြွပ်ဆတ်ပြီးအရည်ရွှမ်းသောသခွားသီး
တွင် ရေဓာတ် ၉၈ ရာခိုင်နှုန်း ပါဝင်သည်။ ဗီတာမင်စီ၊ ကယ်ရိုတင်း ကစီ၊
ထုံးဓာတ်၊ မီးစုန်းဓာတ်များ ပါဝင် ကြသည်။ အလှပြင်ရာဝယ် သခွားသီးဖြင့်
အရေပြားကို
ပွတ်ပေးပါက အရေပြား သန့်စင် နူးညံ့စေသည်။ အပေါ်ယံအရေပြားတွန့်ကြောင်းကိုတင်း၍ပြောင်ချောစေသည်။
သခွားသီးကို စားသုံးပါက သခွားသီးရှိ နူးညံ့သောအမျှင်များက ဝမ်းထဲရှိ အူလမ်းကြောင်းကို ပုပ်သိုးဒြပ် ပစ္စည်းများ စွန့်ထုတ်မှုကို လျင်မြန်စေသည်။ သွေးထဲက ကိုလက်စထရောကို ကျဆင်းစေသည်။
ဆေးပညာ ရှုထောင့်က သခွားညွန့်နှင့် သခွားရွက်များက သွေးကြောများကို ကျယ်အောင် ချဲ့စေသည်။
နှလုံးခုန်နှုန်းကို လျော့ကျစေသည်။ အပူကျဆင်းပြီး ဝမ်းကို ပျော့စေသည်။ ကိုယ်ခန္ဓာ ဖောရောင်ခြင်းဖြစ်ပါက သခွားသီးအခွံကို ပြုတ်သောက်လျှင် ပျောက်ကင်း စေသည်။ သခွားရွက်ကို အခြောက်လှန်းပြီး
အမှုန့်ထောင်း၍ ရေနွေးဖြင့် သောက်ပါက ဝမ်းလျှော ဝမ်းပျက် ပျောက်ကင်း နိုင်စွမ်းသည်။ အသားဝါရောဂါ ဖြစ်ပါက ကျိုချက် သောက်နိုင်သည်။
မြန်မာဟင်းလျာ ထမင်းဝိုင်းတွင် ငံပြာရည်ချက်၊ ငါးပိရည်ကျိုဖြင့် တို့စားပါက ထမင်းမြိန် စေသည်။ သို့သော် ကျန်းမာရေးရှုထောင့်မှ ကြည့်ပါက သခွားသီးသည် ရေခဲချောင်းနှင့် တွဲဖက်၍ မစားသင့်ကြောင်းနှင့်
စားမိပါက ရင်ကျပ် ရောဂါ ဖြစ်စေနိုင်ကြောင်း သိရသည်။ ထို့ပြင် လေနာရောဂါ ရှိသူများလည်း သခွားသီးစားသုံးမှုကို ရှောင်ကြဉ် သင့်ကြောင်း သိရသည်။ ။
ပူပူအိုက်အိုက်နွေရာသီမှာ သခွားသီးက အကောင်းဆုံး အအေးဓာတ် အစားအစာ လို့ဆိုပါတယ်။ ဗီတာမင်ဓာတ် အမျိုးမျိုး ကြွယ်ဝပြီး ခန္ဓာကိုယ် အတွင်းနဲ့ ပြင်ပအတွက် များစွာ ကောင်းကျိုးပေးတဲ့ အသီး ဖြစ်ပါတယ်။
သခွားသီးသည်-
- ရေငတ်ပြေခြင်း၊
- ကင်ဆာရောဂါအား တိုက်ဖျက်ပေးခြင်း၊
- သွေးပေါင်ချိန် ပုံမှန်ဖြစ်ရန် ထိန်းထားပေးနိုင်ခြင်း၊
- သွားဖုံးနှင့်သွားများအား သန်မာ၊ ကျန်းမာစေခြင်း၊
- အစာကြေစေခြင်း၊
- ဂေါက်နှင့် အကြောကိုက်ဝေဒနာများအား သက်သာစေခြင်း၊
- အသည်းကျန်းမာရေး ကောင်းစေခြင်း၊
- ဆီးချို နှင့် ကျောက်ကပ်မှ ကျောက်များအား ကြေစေခြင်း၊
- ခေါင်းကိုက်သက်သာစေခြင်း၊
- အရည်အပြားနှင့် အလှအပ ဆိုင်ရာများအတွက် ကောင်းကျိုးဖြစ် ထွန်း စေခြင်း၊
-ကိုယ်အလေးချိန်ကျစေခြင်း၊
အစရှိတဲ့ အကျိုးကျေးဇူးများအား ဖြစ်ထွန်းစေပါတယ်။ ဒါ့အပြင်
သခွားသီးသည်-
၁။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန်ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင်သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။
၂။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီးနေပါသလား။ ဒါဆိုရင်တော့ သခွားသီးစိတ်လေးတွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ်ပေးခြင်းကြောင့် ဖြစ်ပါသည်။
၃။တံခါးပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွားပါလိမ့်မယ်။
၎။ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင်နည်းလမ်းကို ရှာဖွေနေပါသလား။ သခွားသီးနဲ့ ပွတ်သပ်ပေးလိုက်ပါ။ သန့်ရှင်းတောက်ပြောင်စေနိုင်ပါသည်။
၅။ဖောင်တိန်သုံးပြီး အမှားရေးခြစ်မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ရပါတယ်။
ref:G.K/google.
မျိုးထက်စံ
(FocusYouth E-magazine)
★★★★★★★★★★★★★★★★
နူးညံ့ကြွပ်ဆတ်ပြီးအရည်ရွှမ်
ပွတ်ပေးပါက အရေပြား သန့်စင် နူးညံ့စေသည်။ အပေါ်ယံအရေပြားတွန့်ကြောင်းက
သခွားသီးကို စားသုံးပါက သခွားသီးရှိ နူးညံ့သောအမျှင်များက ဝမ်းထဲရှိ အူလမ်းကြောင်းကို ပုပ်သိုးဒြပ် ပစ္စည်းများ စွန့်ထုတ်မှုကို လျင်မြန်စေသည်။ သွေးထဲက ကိုလက်စထရောကို ကျဆင်းစေသည်။
ဆေးပညာ ရှုထောင့်က သခွားညွန့်နှင့် သခွားရွက်များက သွေးကြောများကို ကျယ်အောင် ချဲ့စေသည်။
နှလုံးခုန်နှုန်းကို လျော့ကျစေသည်။ အပူကျဆင်းပြီး ဝမ်းကို ပျော့စေသည်။ ကိုယ်ခန္ဓာ ဖောရောင်ခြင်းဖြစ်ပါက သခွားသီးအခွံကို ပြုတ်သောက်လျှင် ပျောက်ကင်း စေသည်။ သခွားရွက်ကို အခြောက်လှန်းပြီး
အမှုန့်ထောင်း၍ ရေနွေးဖြင့် သောက်ပါက ဝမ်းလျှော ဝမ်းပျက် ပျောက်ကင်း နိုင်စွမ်းသည်။ အသားဝါရောဂါ ဖြစ်ပါက ကျိုချက် သောက်နိုင်သည်။
မြန်မာဟင်းလျာ ထမင်းဝိုင်းတွင် ငံပြာရည်ချက်၊ ငါးပိရည်ကျိုဖြင့် တို့စားပါက ထမင်းမြိန် စေသည်။ သို့သော် ကျန်းမာရေးရှုထောင့်မှ ကြည့်ပါက သခွားသီးသည် ရေခဲချောင်းနှင့် တွဲဖက်၍ မစားသင့်ကြောင်းနှင့်
စားမိပါက ရင်ကျပ် ရောဂါ ဖြစ်စေနိုင်ကြောင်း သိရသည်။ ထို့ပြင် လေနာရောဂါ ရှိသူများလည်း သခွားသီးစားသုံးမှုကို ရှောင်ကြဉ် သင့်ကြောင်း သိရသည်။ ။
ပူပူအိုက်အိုက်နွေရာသီမှာ သခွားသီးက အကောင်းဆုံး အအေးဓာတ် အစားအစာ လို့ဆိုပါတယ်။ ဗီတာမင်ဓာတ် အမျိုးမျိုး ကြွယ်ဝပြီး ခန္ဓာကိုယ် အတွင်းနဲ့ ပြင်ပအတွက် များစွာ ကောင်းကျိုးပေးတဲ့ အသီး ဖြစ်ပါတယ်။
သခွားသီးသည်-
- ရေငတ်ပြေခြင်း၊
- ကင်ဆာရောဂါအား တိုက်ဖျက်ပေးခြင်း၊
- သွေးပေါင်ချိန် ပုံမှန်ဖြစ်ရန် ထိန်းထားပေးနိုင်ခြင်း၊
- သွားဖုံးနှင့်သွားများအား သန်မာ၊ ကျန်းမာစေခြင်း၊
- အစာကြေစေခြင်း၊
- ဂေါက်နှင့် အကြောကိုက်ဝေဒနာများအား သက်သာစေခြင်း၊
- အသည်းကျန်းမာရေး ကောင်းစေခြင်း၊
- ဆီးချို နှင့် ကျောက်ကပ်မှ ကျောက်များအား ကြေစေခြင်း၊
- ခေါင်းကိုက်သက်သာစေခြင်း၊
- အရည်အပြားနှင့် အလှအပ ဆိုင်ရာများအတွက် ကောင်းကျိုးဖြစ် ထွန်း စေခြင်း၊
-ကိုယ်အလေးချိန်ကျစေခြင်း၊
အစရှိတဲ့ အကျိုးကျေးဇူးများအား ဖြစ်ထွန်းစေပါတယ်။ ဒါ့အပြင်
သခွားသီးသည်-
၁။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန်ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင်သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။
၂။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီးနေပါသလား။ ဒါဆိုရင်တော့ သခွားသီးစိတ်လေးတွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ်ပေးခြင်းကြောင့် ဖြစ်ပါသည်။
၃။တံခါးပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွားပါလိမ့်မယ်။
၎။ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင်နည်းလမ်းကို ရှာဖွေနေပါသလား။ သခွားသီးနဲ့ ပွတ်သပ်ပေးလိုက်ပါ။ သန့်ရှင်းတောက်ပြောင်စေနိုင
၅။ဖောင်တိန်သုံးပြီး အမှားရေးခြစ်မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ရပါတယ်။
ref:G.K/google.
မျိုးထက်စံ
(FocusYouth E-magazine)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။