သင့်ကား ဒက်ရှ်ဘုတ်အံထဲမှာ Bob Marley အယ်ဘမ်တွေရှိပြီး၊ ကားမောင်းပြီး အိမ်ပြန်လမ်းမှာ ရက်ဂေး နားထောင်ချင်စိတ်တွေ ဖြစ်လာရင်တော့၊ ပြန်စဉ်းစားဖို့ လိုနေပါပြီ။ ဂျာမေကန်အဆိုတော် Bob Marley ၊ Britney Spears ၊ AC/DC နဲ့ DJ Calvin Harris တို့ ဟာ ကားမောင်းနေရင်း နားထောင်ဖို့ အန္တရာယ်အရှိဆုံး အဆိုရှင်စာရင်းမှာ ပါဝင်နေတယ်လို့ သုတေသနအသစ် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
လေ့လာမှုမှာပါဝင်ခဲ့တဲ့၊ ဒရိုင်ဘာဆယ်ယောက်မှာ တစ်ယောက်ဟာ ဒီ အဆိုတော်တွေရဲ့သီချင်းတွေကို နားထောင်နေတုန်းမှာ ကားတိုက်မှု၊ ဒါမှမဟုတ် ပွတ်ကာသီကာလေး တိုက်မလိုဖြစ်မှုတွေ ကြုံတွေ့ ခဲ့ရဖူး တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီသီချင်းတွေဟာ ကားကို ပိုမြန်မြန်မောင်းမိစေမှုနဲ့ ယာဉ်စည်းကမ်းချိုးဖောက်မှု တွေနဲ့ ဆက်စပ်မှုရှိနေကြောင်း တွေ့ ရှိခဲ့ပါတယ်။ အာမခံ ကုမ္ပဏီ More Than ရဲ့ တာဝန်ပေးမှုနဲ့ စိတ်ပညာဆရာဝန် Dr Simon Moore ဟာ အသက် ၁၇ နှစ်ကနေ အသက် ၂၅ နှစ်အကြား ယာဉ်မောင်းတွေကို လေ့လာမှုပြုခဲ့ပါတယ်။
စမ်းသပ်မှုမှာ သီချင်းအမျိုးမျိုးကို ဖွင့်စေပြီး အစမ်းယာဉ်မောင်းစက်နဲ့  မောင်းနှင်စမ်းသပ်ခဲ့ရာမှာ တစ်မိနစ်ကို စည်းချက် ၁၃၀ bpm ထက်ကျော်တဲ့ သီချင်းတွေဟာ ကားကို ပိုမြန်မြန်မောင်းမိစေပြီး ယာဉ်စည်းကမ်း ချိုးဖောက်မှုတွေကို ပိုဖြစ်စေတာကို တွေ့ ရှိခဲ့ရပါတယ်။ ဒီသီချင်းတွေဟာ လူတစ်ယောက်ရဲ့ တစ်ခဏအတွင်းတုံ့ ပြန်မှုအချိန်နဲ့  ဆုံးဖြတ်ချက်ချနိုင်စွမ်းရည်တွေကို အဟန့် အတားဖြစ်စေတယ်လို့ ဆိုပါတယ်။အလားတူ အလွန်နှေးလွန်းတဲ့ သီချင်းတွေဟာ ကားမောင်းစွမ်းရည်ကို ကျဆင်းစေပြီး လျှပ်တပြက်တုံ့ ပြန်ရမယ့် အချိန်ကို လျှော့တွက်မှုတွေဖြစ်စေနိုင်ကြောင်းတွေ့ ရှိခဲ့ရပါတယ်။
မော်တော်ယာဉ်မောင်းတွေကို မေးမြန်းခဲ့မှုအရ သီချင်းနားထောင်နေရင်း ကားမောင်းတာကို အာရုံပျက် သွားမှုကြောင့် ယာဉ်တိုက်မှုဖြစ်ခဲ့ရသူ သုံးပုံတစ်ပုံက ရော့ခ်ဂီတကို နားထောင်နေစဉ်ဖြစ်ခဲ့တယ်လို့  ဆိုပြီး ၃၃ ရာခိုင်နှုန်းကတော့ ပေါ့ပ်သီချင်းတွေ နားထောင်နေစဉ် ဖြစ်ခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ ၁၉ ရာခိုင်နှုန်းကတော့ အကသီချင်းတွေ နားထောင်နေစဉ်လို့ ဆိုပါတယ်။
ယာဉ်မောင်းတွေက သူတို့ နားထောင်ခဲ့တဲ့ သီချင်းတွေကိုပါ စာရင်းပေးခဲ့ရာမှာ AC/DC ရဲ့ Back in Black ၊ Linkin Park ရဲ့ Numb ၊ Britney Spears ရဲ့ Toxic ၊ Calvin Harris ရဲ့ We Found Love နဲ့ Bob Marley ရဲ့ This is Love တို့ ပါဝင်နေပါတယ်။ Dr Moore ရဲ့တွေ့ ရှိချက်အရ heavy metal၊ hard rock၊ garage နဲ့ hip hop ဂီတပရိတ်သတ်တွေဟာ ပုံမှန်အားဖြင့် ပိုမြန်မြန်မောင်းလေ့ရှိပြီး Reggae ပရိတ်သတ်တွေကတော့ ကား တိုက်မလို ကပ်သီလေးဖြစ်မှုတွေ ဖြစ်လေ့ပိုရှိတယ်လို့ ဆိုပါတယ်။
Ref: Dailymail
Trend Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။