Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 26, 2015

လေတစ်လုံး မိုးတစ်လုံး - မာဂျေ


ရွေးကောက်ပွဲ အပြီးမှာ တပည့် မောင်ကြွက်နီရဲ့ လေသံတွေ တစ်နေ့တစ်ခြား မာလာပါတယ်။ အဲဒီအပြင် အလုံးကြီးတွေလည်း အရမ်းပြောလာတယ်။ အရင်က အလွန်ကြောက်တတ်တဲ့ မောင်ကြွက်နီဟာ နတ်ရေကန်ထဲ ဆင်းလိုက်သလိုပဲ ဒီနေ့မှာ ဘယ်သူ့မှ မကြောက်တော့ပါဘူး။ ဒါဟာ ဒီမိုကရေစီလို့ပဲ ပြောရမလားတော့မသိ၊ မောင်ကြွက်နီကို အရင်လိုတောင် တပည့်ကြီးတွေ ဘာတွေ မခေါ်ရဲအောင် ဖြစ်နေတယ်။ တစ်ချိန်က ကျွန်တော့် အသက်အရွယ်နဲ့ အင်တာနက် သုံးတတ်စရာ မလိုပါဘူး ပြောခဲ့ပေမဲ့ အခုတော့ ဖေ့စ်ဘွတ်ပေါ်မှာ နေ့တိုင်း မကြောက်တရား ပို့စ်တွေ တင်နေတယ်။
တိုင်းပြည်တိုးတက်ဖို့ အစီအမံတွေ တင်နေတယ်။ ခရီးသွားလာရေး အဆင်ပြေချောမွေ့ဖို နေ့စဉ် သုံးသပ်နေတယ်။ မာဂျေသာ အနိုင်ရ ပါတီခေါင်းဆောင်ဆိုရင် ကိုကြွက်နီကို ပို့ဆောင်ရေး ၀န်ကြီး ခန့်ဦးမှာ၊ ဒါဆိုရင်တော့ သူမသေခင် ရန်ကုန်မှာ မိုးပျံရထားဖြစ်ဖြစ် မြေအောက်ရထားဖြစ်ဖြစ် စီးရမှာ အသေအချာပဲ။

မောင်ကြွက်နီတို့က မာနိုင်မှာပေါ့။ သူ့သူငယ်ချင်းတွေ အများကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားတာကိုး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ ကဗျာဆရာ ဆယ့်တစ်ယောက် ပါတယ်ဆိုတော့ ၂၀၁၆ လွှတ်တော်သစ်ကို ကဗျာရွတ်ပွဲနဲ့ စလိုက်ရင် ကမ္ဘာကျော်သွားမှာ အမှန်ပဲ။ ကြွက်နီက အကြံထပ်ပေးသေးတယ်။ ပါဖောမင့်တို့ အင်စတောလေးရှင်းတို့နဲ့ပါ လွှတ်တော် ဖွင့်ပွဲလုပ်ရင် ပိုပြီး နာမည်ကြီးဦးမှာဆိုပဲ။ ဒီကြားထဲကို ကြွက်နီက (အရင်လို ဟေ့ကောင် ကြွက်နီလို့တောင် မခေါ်ရဲဘူးဗျာ၊ လေသံတွေ မာလာလို့) သူ ပုသိမ်ပြန်ဖို့ ကားလက်မှတ် ၀ယ်နေတုန်း သူအလုပ်လုပ်တဲ့ အားကစားဂျာနယ်က မသွားဖို့ လိုက်ပြီးတားတာကို ဒီအချိုးနဲ့ကတော့ အာဏာလွှဲပြောင်းရေး အဆင်ပြေမယ် မထင်ဘူးဆိုပဲ။ သေချာတွေးကြည့်ရင် သူ့အလုပ် မပြီးသေးလို့ ရုံးက မသွားနဲ့ဆိုတာနဲ့ နိုင်ငံတော် အာဏာလွှဲပြောင်းတာ ဘာဆိုင်လို့လဲဗျာ။ ဒါပေမဲ့ အရင်က သမ္မတကလည်း ဧရာဝတီတိုင်းသားဆိုတော့ ကိုကြွက်နီ စကားအရဆိုရင် မှတ်ပုံတင် ၁၄ မျဉ်းစောင်းဆိုပြီး ကြွားဦးမှာ အသေအချာပဲ။ ခေတ်ကိုက ကိုကြွက်နီတို့ခေတ် ဖြစ်နေတာကိုး။ အခုဆိုရင် ကိုကြွက်နီ ကြောက်တဲ့သူ လောကမှာ မရှိတော့ဘူး။ ရဲရဲတောက် ကြွက်နီဖြစ်နေပြီ။ ဒီလိုတောင်ပြိုကမ်းပြို အနိုင်ရမှန်းသိရင် အမတ် ၀င်အရွေးခံပါတယ်လို့ တိုးတိုးတိတ်တိတ် လာပြောသေးတယ်။

ဒီကြားထဲ ပုဂံမှာ မာဂျေက ရိုးရာလက်ဝှေ့ပွဲ လုပ်မယ်ဆိုတော့ သူက လိုက်ဦးမတဲ့။ အရင်က ဘယ်မှ ခေါ်လို့မရတဲ့ ကိုကြွက်နီ တစ်ယောက် ဒီမိုကရေစီတန်ခိုးနဲ့ ခရီးတွေ ဘာတွေ ထွက်တတ်နေပြီ။ ဒါပေသိ ပုဂံရောက်ရင် မီးပုံပျံစီးရမှ လိုက်မှာနော်ဆိုလို့ လှမ်းစုံစမ်းတော့ တစ်ခါစီးရင် ဒေါ်လာ ၃၆၀တဲ့။ မြန်မာငွေနဲ့ဆိုရင် လေးသိန်းပေါ့ဗျာ။ ဒါနဲ့ပဲ ရဲရဲတောက် ကိုကြွက်နီကို ၀မ်းနည်းစွာနဲ့ ပုဂံမခေါ်ပဲ ထားခဲ့လိုက်ရတယ်။ သူ့ခေါ်မယ့်အစား မော်ဒယ်လေးယောက်ပဲ ခေါ်သွားတော့မှာပေါ့ဗျာ။ ဒါပေသိ သူ့ကို ရုံးကိုဖိတ်ပြီး ကိုကြွက်နီကိုသာ သမ္မတခန့်မယ်ဆိုရင် မြန်မာနိုင်ငံကြီး တိုးတက်ဖို့ ဘယ်လို အစီအမံတွေများလုပ်ပြီး တိုင်းပြည်ကို အုပ်ချုပ်မှာလည်းဆိုတာ သမ္မတ မဖြစ်နိုင်မှန်း သိပေမဲ့ အင်တာဗျူး လုပ်လိုက်မိသေးတယ်။

ကိုကြွက်နီက အပါးဗျ။ ခင်ဗျားက ထင်ရာတွေ လျှောက်ရေး ၊ ပုသိမ်က ညီမတွေကဖတ်ပြီး အစ်ကို နင်ဘာတွေ လျှောက်လျှောက် ပြောနေတာလဲနဲ့ အဆူခံရ။ တော်ပြီ ခင်ဗျားနဲ့ ဘာမှအင်တာမဗျူးဘူး။ မန္တလေး FMမှာ တစ်ပတ်ပြောရင် နှစ်သောင်းရတယ်။ ခင်ဗျားဆီက ဘာမှလည်းရတာ မဟုတ်ဘူးဆိုပြီး အလကား သူများအဆူခံရအောင် သမ္မတ ဖြစ်ခဲ့ရင်ဘာတွေ လာပြောမနေနဲ့ဆိုပြီး ဘုတောနေလို့ ကဲ ကိုကြွက်နီရယ် သမ္မတ အနေနဲ့ မေးတာမဟုတ်ဘဲ နိုင်ငံသား တစ်ယောက် အနေနဲ့ ဘာဖြစ်စေချင်သလဲ ပြောပြပါဆိုတော့မှ သူ့ရင်ထဲက အငုံ့စိတ်က ကြွလာတယ်။ ရုံးသွားရုံးပြန်ကို မြေအောက်ရထားဖြစ်ဖြစ်၊ မိုးပျံရထားဖြစ်ဖြစ် စီးချင်တယ်။ ဘတ်စ်ကားကိုတော့ စပယ်ယာတွေ ကြည့်မရလို့ အခုလည်း မစီးဘူး။ နောင်လည်းမစီးဘူး။ မတန်တဆတွေတောင်းလို့ တက္ကစီလည်း မစီးဘူး။ ဒါကြောင့် နေတာတောင် မြို့ပတ်ရထား ဘူတာ နားမှာနေတာ။ ရထားကိုလည်း လက်မှတ်စစ်တွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် မမြင်ချင်ဘူး။ သူများနိုင်ငံကလို ကတ်ထိုးထည့်ပြီး ရထားပေါ်တက်တာမျိုး။ ဆင်းတော့လည်း ကတ်ထိုးထည့်ပြီး အပြင်ထွက်တာမျိုး လိုချင်တယ်တဲ့။ ဒါပဲလား မောင်ကြွက်နီရယ် မင်းတစ်ယောက်ထဲအတွက် ပြောမနေနဲ့လေ။ ကျန်တဲ့ ၅၁သန်းသော ပြည်သူတွေအတွက်လည်း ပြောဦးမှာပေါ့ ဆိုပေမဲ့ သူ့ပါးစပ်က ဟမလာတော့ဘူး။

အခုမှလည်း သူများတွေ ပြောသလို ဘာရေးရမှန်းမသိ ကိန်းဆိုက်နေပြီ။ ပြီးခဲ့တဲ့ အပတ်က အခုလာမယ့် လွှတ်တော်အမတ်တွေထဲမှာ လူတန်းစားအစုံ ရောက်နေပြီဆိုတာ ရေးလိုက်တာကို အနိုင်ရပါတီတွေက စိတ်ဆိုးကြပါသတဲ့။ အခု အမတ်မင်းတွေထဲမှာ ကျောင်းဆရာ၊ စစ်ဗိုလ်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကုန်သည်၊ ကျူရှင်ဆရာ၊ စာရေးဆရာ၊ တက္ကစီကားဆရာ၊ အဆိုတော်၊ ကဗျာဆရာ၊ အယ်ဒီတာ၊ ပြည်သူ့စစ်ခေါင်းဆောင်၊ အစိုးရ ၀န်ထမ်းဟောင်းတွေ ပါနေလေတော့ဆိုပြီး ရေးတာကို ဘာများ စိတ်ဆိုးစရာရှိလည်း စဉ်းစားလို့ကို မရပါဘူး။ Satire ဆိုတဲ့ သရော်စာ သဘောလေးတော့ နားလည်ဖို့ လိုတယ်ခင်ဗျာ။ တစ်ခါက လေဆိပ်က အိမ်သာမှာ ရေမလာပါဘူး။ တစ်ယောက်က ရွဲ့ပြီး စာရေးသွားတယ်။ ရေလာရင် ရေလာမယ်။ ရေမလာရင် ရေမလာဘူးတဲ့။ မာဂျေက ရေလာရင် ရေလာမယ် ခေါင်းစဉ်နဲ့ သရော်စာတစ်ပုဒ် ရေးလိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ ပိုက်ဆံပေးရင် ရေလာမယ်၊ ပိုက်ဆံမပေးရင် ရေပိုက်ပျက်လည်း မပြင်ဘူး။ သုံးစရာရေ မလာဘူးပေါ့ဗျာ။ ဒါပေမဲ့ အဲဒီမြို့က လူတွေက အစည်းအဝေးလုပ်ပြီး သူတို့မြို့ရဲ့ လှပတဲ့နေရာတွေကို မရေးပဲ ပျက်နေတဲ့ အိမ်သာကိုမှ ရေးပါတယ်ဆိုပြီး တရားစွဲဖို့ နို့တစ်စာပို့တာလည်း ခံရဖူးပါတယ်ခင်ဗျ။ ဒီတော့ မင်းပြောင်းမင်းလွဲမှာ အရင်က လေတစ်လုံး မိုးတစ်လုံးနဲ့ အစိုးရကို တစ်ယောက်ချင်း နာမည်တပ်ပြီး တစ်တစ်ခွခွ ရေးတဲ့သူတွေကိုလည်း အခုစောင့်ကြည့်ရပါဦးမယ်။ သူတို့ရော နောက်လာမယ့် အစိုးရ မှားတာရှိရင် ထောက်ပြရဲမှာလား၊ ရေးရဲမှာလားဆိုတာကို။ တစ်ချို့ကတော့ နောက်အစိုးရ မဖွဲ့ရသေးဘူး။ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားနဲ့ စာတွေ သင်နေကြပါတယ်ခင်ဗျ။ မာဂျေတို့က အဲလိုအကြံ မပေးတတ်လေတော့ ဘယ်အစိုးရ တက်တက် မတော်တာမတည့်တာတွေ တွေ့ရင် ရေးနေဦးမှာပါပဲ ခင်ဗျ။ အဲဒီအတွက် ဆဲမယ်ဆိုရင်လည်း ဆဲကြပါခင်ဗျ။ သရော်စာရေးသူဆိုတာ အဆဲခံရတာရယ် တရားစွဲခံရတာရယ်ကို မကြောက်လို့ ရေးနေသူတွေ ဖြစ်ပါတယ်။ ဒါပေသိ သူများတွေလိုတော့ မာဂျေတို့က လေတစ်လုံး မိုးတစ်လုံး မပြောတတ်ပါဘူး ခင်ဗျ။

မာဂျေ

Search Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။