Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 26, 2015

ကလေးများအား အခြေခံအသက်ကယ်နည်း ( Paediatric Basic Life Support )

ကလေးများအား အခြေခံအသက်ကယ်နည်း ( Paediatric Basic Life Support )
*****************************************
မြန်မာနိုင်ငံမှာအရေးပေါ်အသက်ကယ်ခြင်းနှင့် ပက်သက်၍ ဥပဒေများပေါ်ထွန်းလာသည်နှင့် အညီ မိမိတို့ မိသားစု သို့ မဟုတ် ပတ်ဝန်းကျင်များဖြစ်သည့် ကျောင်းများ ၊ ဈေးများ၊ ကုန်တိုက်များ ၊ အားကစားကွင်းများ ၊ လမ်းဘေးများစသည်တို့ တွင် ကလေးငယ်များ၏ အသက်ကို အချိန်မှီ ကယ်နိုင်ရန်အလို့ ငှာ အခြေခံကျန်းမာရေးသင်တန်းတက်ရောက်နေသူများနှင့် မိဘပြည်သူများအတွက် ဤ စာကိုရေးသားလိုက်ရပါသည်။

ကျွန်မသည် အရေးပေါ်သူနာပြုစုမှု နှင့်စပ်လျဉ်း၍ သင်တန်းများစွာကို တက်ရောက်ခဲ့ရာမှ လွယ်ကူပြီး ထိရောက်မည့် ကလေးများအား အခြေခံအသက်ကယ်နည်း Basic Life Support ကို အမေရိကန် နှလုံးဖောင်ဒေးရှင်း၏၂၀၁၀ စည်းမျဉ်းအတိုင်း စုပေါင်းရေးသားခဲ့ပါသည်။
အသည်းအသန် သို့ မဟုတ် နှလုံးရပ်နေသောကလေးငယ်တွေကို အခြေခံပြုစုကုသရာမှာ DRSABCD နဲ့ ချဉ်းကပ်ရပါတယ်။
• D- Danger
ပထမဦးစွာ ကလေးအားမချဉ်ကပ်မှီမှာ Sign of Danger လို့ ခေါ်တဲ့ ကိုယ့်ကိုယ် ကျရောက်နိုင်တဲ့ အန္တရာယ်ရှိမရှိကြည့်ရပါမယ်။ ကိုယ်က ဒုတိယ သားကောင်( second victim ) ဖြစ်သွားနိုင်ပါတယ်။ ကလေးကိုလည်း အန္တရာယ်ရှိတဲ့ နေရာက အမြန်ဆုံးဖယ်ရှားရပါမယ်။ မာတဲ့ ကြမ်းခင်းလိုမျိုးမှာ ပက်လက်အနေထားနဲ့ ချလိုက်ပါ။
• R- Response
ကလေးရဲ့ တုန့် ပြန်မှု့ ရှိမရှိ လှုပ်နှိုးကြည့်ပါ။ သတိရှိမရှိ စမ်းသပ်ခြင်းဖြစ်ပါတယ်။ Are you alright ? မြန်မာတွေကတော့ ... “ဟေ့...ကလေး၊ နိုးလား ၊ မျက်လုံးဖွင့်ကြည့်ပါအုံး ’’ ဒီလိုပြောလို့ ရတယ်။
နောက်ပြီးတော့ နာအောင်လုပ်ပြီးနှိုးတာ။ ညင်ညင်သာသာလုပ်ဖို့ တော့လိုပါတယ်။ ကလေးရဲ့ ရင်ညွန့် ရိုးပေါ်တို့ ၊ နဖူးတို့ မှာလုပ်လို့ ရတယ်။ သို့ သော် လည်ပင်းရိုးကျိုးနိုင်တယ်လို့ ယူဆရင် ကလေးလည်ပင်းကိုငြိမ်အောင်ထားဖို့ လိုပါတယ်။ နာလာရင် ၁နှစ်အောက်ကလေးတွေက စကားမပြောနိုင်တော့အော်ငိုသံထွက်ချင်ထွက်မယ်။ ၁နှစ်အထက်ကလေးတွေက တော့ မျက်လုံးလေးဖွင့်ချင်ဖွင့်လာမယ်ပေါ့။ တုန့် ပြန်မှု့ မရှိပဲ ကလေးငြိမ်သက်နေပါက .....
• S- Shout for help ( Call for help )
နီးစပ်ရာအကူအညီတောင်းပါ။ ဆေးဝါးအကူအညီရန်ဖုန်းဆက်ပါ။ နိုင်ငံခြားမှာ ၉၁၁ လို့ ခေါ်ရင် ရပါတယ်။ မြန်မာပြည်မှာတော့ လူမှု့ ရေးအသင်းအဖွဲ့ လူနာတင်ယာဉ်ကား တစ်မျိုးမျိုးကို ဖုန်းနံပါတ်သိအောင်လုပ်ထားပါ။ ( မြန်မာနိုင်ငံတွင်တော့ EMS ဟုခေါ်သော အရေးပေါ်ဆေးပညာကယ်ဆယ်ရေးအဖွဲ့ ကိုအစပျိုးနေပါပြီ )
• Airway
အသက်ရှုလမ်းကြောင့်ဖွင့်ပေးရမှာပါ။ မေးစေ့ကို လက်မနှင့် လက်ညိုးကိုအသုံးပြုပြီး ညင်သာစွာမပြီး ကျန်လက်တစ်ဖက်က နဖူးစပ်ကနေ ဖြည်းတွန်းလိုက်ပါ ။ ဒါကို Head Tilt- Chin Lift manoeuvre လို့ ခေါ်ပါတယ်။ တစ်ချို့ ကလည်း “ ခေါင်းထောင် - မေးမ ’’ လို့  လွယ်ကူအောင်ခေါ်တယ်။
ဒုတိယနည်းကတော့ မေးရိုးထောင့်တစ်ဖက်တစ်ချက်စီကို လက်နှစ်ဖက်နဲ့ အပေါ်ကိုအသာ ပင့်တင်လိုက်တာပါ။ ဒီနည်းကို Jaw Thrust manoeuvre လို့ ခေါ်ပြီး ဒဏ်ရာပြင်းထန်မှု့ ပေါ်မူတည်ပြီး သုံးတယ်။( ဥပမာ- အမြင့်ပေါ်က ပြုတ်ကျတာ၊ ကားတို့  ဆိုင်ကယ်တို့ နဲ့ အရှိန်ပြင်းပြင်းတိုက်မိတာ မျိုးတွေမှာ သုံးရတယ်။ ဘာကြောင့်လဲဆိုတော့ လည်ပင်းရိုးကို ကာကွယ်ချင်လို့ ပဲ။ ဒီလိုပျင်းထန်တဲ့ ဒဏ်ရာမျိုးတွေမှာ လည်ပင်းရိုးကျိုးနေတယ် / နိုင်တယ်လို့ ယူဆပြီး သုံးပါတယ်။ တကယ်ကျိုးနေတာ ၊ အက်နေတာကို ကိုယ်က မမြင်ရ ၊ မသိရတော့ လူနာကို ကူညီချင်ပေမယ့်လည်း ကိုင်တွယ်တာ မတော်ရင် ကိုယ့်ကြောင့် လူနာ တစ်သက်လုံးအိပ်ယာထဲ ရောက်သွားနိုင်တယ်။ အခန်းမသင့်ရင်အသက်ဆုံးရှုံးနိုင်ပါတယ်။ )
တစ်ခုတော့ရှိတယ်.... ဘယ်နည်းပဲသုံးသုံး ကလေးငယ်တွေကို အင်အားသုံးပြီး ကိုယ့်ရဲ့ လက်နဲ့ သူတို့ ရဲ့ မေးရိုးအောက်ဖက်တွေကို မဖိမိစေဖို့ လိုပါတယ်။ ဘာလို့ လဲဆိုတော့ သူတို့ ရဲ့ ကြွက်သားလေးတွေက အရမ်းနုနယ်လွန်းလို့ ပါပဲ။ ကြွက်သားတွေနာကျင်လာရင် ကလေးတွေက အသက်ကိုမရှုပဲအောင့်ထားတတ်ပါတယ်။ ဦးခေါင်းထောင် ( Head Tilt ) လုပ်တဲ့အခါမှာလည်း အလွန်အမင်း မလုပ်ရပါဘူး။
အသက်ရှုလမ်းကြောင်းဖွင့်ရတဲ့ အကြောင်းရင်းကတော့ သတိလစ် မေ့မျောသွားရင် လည်ပင်းကြွက်သားတွေလျော့လာပြီး မေးရိုးက အောက်ကိုပိကျလာတဲ့အခါ အသက်ရှုလမ်းကြောင်းကိုပိတ်နိုင်တယ်။ အဓိက ကတော့ ခံတွင်းထဲမှာအကြီးဆုံးအင်္ဂါဖြစ်တဲ့ လျှာကအာဂေါင်မှာ လာပိတ်နိုင်သလို ချွဲသလိပ်တွေ ၊ သွေးတွေ၊ ပြင်ပ ပစ္စည်းတစ်ခုခု ( Foreign Body ) ပိတ်ဆို့ နိုင်တဲ့အတွက် ဖြစ်ပါတယ်။ ၎င်းတို့ကို စစ်ဆေးပြီးတွေ့ရှိပါက လက်ဖြင့်နှိုက်ထုတ်ဖယ်ရှားပေးပါ။ ပြီးလျှင် အသက်ရှုလမ်းကြောင်းဖွင့်လျှက်အနေအထားဖြင့် 'B'ကိုဆက်ပါ။
• B- Breathing
အသက်ရှုမရှုစစ်ဆေးဖို့ ရာ 3L ဆိုသည့် Look , Listen , Feel ကိုသုံးရမည်။
Listen- ကိုယ့်ရဲ့ နားက ကလေးရဲ့ နှာဝ မှာကပ်ပြီး အသက်ရှုသံကို နားထောင် ရင်း နဲ့ 
Look -ကလေးရင်ဘတ်အပေါ်မြင့်တက်လာ/ မလာ ( Chest raise ) ကို ကြည့်တယ်။
Feel- တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ ပါးကို ကလေးနှာဝကနေ အသက်ရှုသွင်းရှုထုတ်တဲ့အခါ လေတိုးလာတာကို ခံစားတာဖြစ်ပါတယ်။
( မှတ်ချက်။ ။ DRSAB ကို ဆန်းစစ်ရာမှာ လျင်မြန်စွာ စစ်ဆေးဖို့ လိုပါမယ်။ ကလေးအတွက် မိနစ်တိုင်းဟာ အသက်ရှင်ဖို့ အခွင့်အလမ်းပေါ်မူတည်လို့ ဖြစ်ပါတယ်။ )
အသက်ရှုမရှုစစ်ဆေးပြီးလို့ ကလေးအသက်မရှုဘူးလို့ သံသယရှိတာပြီဆိုရင် Mouth to mouth Resuscitation ( Rescue breath ) ကိုစလုပ်ရပါမယ်။ နည်းလမ်းကတော့ ၁နှစ်အောက်ကလေးတွေဆိုရင် နှာခေါင်းနဲ့ ပါးစပ်ကို မိမိပါးစပ်နဲ့ ငုံပြီးလေကို ၂ ကြိမ်မှုတ်သွင်းပါ။ ၁နှစ်အထက်ကလေးအရွယ်တွေမှာ နှာခေါင်းကိုညှစ်ထားပြီး ပါးစပ်ကိုပဲငုံပြီးလေမှုတ်သွင်းပါ။ ထိုသို့ မှုတ်သွင်းနေစဉ်မှာ မျက်လုံးထောင့်မှ ကလေးရင်ဘတ်ဖေါင်းကြွမှု ရှိမရှိ ကြည့်ရပါမယ်။ ဒီလို ၂ကြိမ်လေမှုတ်သွင်းလို့ မှ ကလေးက အသက်မရှုလာဘူး ။ Signs of life မရှိဘူးဆိုရင်တော့ နောက်တစ်ဆင့်က .....
• C- Circulation
ကလေးရဲ့ သွေးလည့်ပတ်မှု့ ရှိမရှိ သွေးခုန်နှုန်းကိုစမ်းပါ။ ( သာမန်အရပ်သူ အရပ်သားများအဖို့ စမ်းသပ်စရာမလိုပါ) ကလေးတွေမှာလူကြီးတွေလို လည်ပင်းမှ သွေးလွှတ်ကြော( Carotid Artery ) ကိုစမ်းသလိုစမ်းလို့ မရပါဘူး။ ကလေးတွေက ဂုတ်တိုပါတယ်။ စမ်းရလည်းခက်ပါတယ်။ ဒါကြောင့် လက်ဖျံကသွေးလွှတ်ကြော (Brachial Artery ) နဲ့ ပေါင်တွင်း ( Groin )ကသွေးလွှတ်ကြော (Femoral Artery ) တွေမှာ သွေးခုန်နှုန်းများကို စမ်းသပ်နိုင်ပါတယ်။ စမ်းသပ်ချိန် ၁၀ စက္ကန့် ထက်မပိုရပါဘူး။ စမ်းလို့ မမိဘူး / နှလုံးခုန်နှုန်းနှေးနေတယ်/ မသေချာဘူးဆိုတာနဲ့  Start CPR- Cardiopulmonary Resuscitation ) နည်းလမ်းတွေကတော့...
ကလေးငယ်ရင်
( ၁ ) လက်ညိုးနဲ့ လက်ခလယ်နှစ်ချောင်းကို အသုံးပြုပြီး ကလေးရဲ့ ရင်ညွန့် ရိုး ၂ပုံ ၁ပုံ (အောက်ဘက် ၁ပုံ) ကိုတည့်မတ်စွာအောက်စိုက်ပြီး ဖိနှိပ်ရပါမယ်။
( ၂ ) နောက်တစ်နည်းကတော့ လက်မကို ကလေးရဲ့ ရင်အုံတစ်ဖက်တစ်ချက်စီပေါ်တင်ထားရင် ကျန်လက်လေးချောင်းကို ကျောဘက်ကိုလျှို သွင်း လိုက်ပါ။ လက်မကဖိနှိပ်နေစဉ် ၎င်းလက်လေးချောင်းကို ငြိမ်အောင်ထားရပါမယ်။ လိုက်ညှစ်စရာမလိုပါဘူး။
ကလေးနည်းနည်းကြီးရင်
( ၁ ) လက်ဖနှောင့် တစ်ဖက်တည်းနဲ့ ရင်ညွန့် ရိုးရဲ့ ၂ပုံ ၁ပုံ ( အောက်ဘက်၁ပုံ ) အပေါ်တည့်တည့် ထောင့်မတ်အနေအထားနဲ့ ဖြောင့်တန်းစွာထားလျှက်ဖိနှိပ်ရပါမယ်။ တံတောင်ဆစ်တွေမကွေးရပါဘူး။
( ၂ ) နောက်တစ်နည်းက ခန္ဓာကိုယ်ကြီးထွားပြီး ၀မယ်၊ လူကြီးအရွယ်နီးပါးဖြစ်မယ်ဆိုရင်တော့ လက်ဖ၀ါးနှစ်ဖက်ကိုအပေါ်ကယှက်ပြီး လက်ဖနှောင့်ကိုသုံးကာ အထက်ပါနည်းအတိုင်းဖိနှိပ်ရပါမယ်။
ကူညီမည့်သူရောက်လာလျှင် တစ်ယောက်က လေမှုတ်သွင်း ၊ တစ်ယောက်က ရင်ခေါင်းကို ဖိနှိပ်လို့ ရပါတယ်။
• ဘယ်နှစ်ကြိမ်လဲ အကြိမ်ရေကတော့ အချိုးအားဖြင့် ၁၅:၂ ဖြစ်ပါတယ်။ ၁၅ ကြိမ်နှိပ် ပြီးရင် ၂ကြိမ်က လေမှုတ်သွင်းပါ။ ၁မိနစ်အတွင်း အနည်းဆုံး အကြိမ် ၁၀၀( 100 beats /min )
• မွေးကင်းစကလေး (Neonatal ) မှာဆိုရင် ၃:၁ / လူကြီးများအတွက် ၃၀:၂ ဖြစ်ပါတယ်။
• ( Lay rescuers ) ကျန်းမာရေးဝန်ထမ်းမဟုတ်သူ /မကျွမ်းကျင်သူများက ရုတ်တရက်အခြေအနေမှာ စိုးရိမ်ကြောက်ရွံ့ တတ်ပါတယ်။ ထို့ ကြောင့် မိမိတစ်ယောက်တည်းဖြစ်ပါက ၃၀:၂ အတိုင်းလုပ်လို့ ရပါတယ်။
• ဘယ်လောက်ဖိနှိပ်ရမလဲ ကလေးရဲ့ ရင်ခေါင်းပတ်လည် ( အရှေ့ နောက် ) Anterio Posterior Diameter ရဲ့ ၃ပုံ ၁ပုံလောက်ကိုဖိနှိပ်ပါ။
• ဖိနှိပ်တဲ့အခါ စည်းချက်ညီညီ မှန်မှန်နှိပ်ပေးရမယ်။
• ၁ကြိမ်ဖိနှိပ်ပြီးတိုင်း ရင်ခေါင်းကိုလုံလောက်စွာပြန်ကြွပေးရမည်။
• ဘယ်လောက်ကြာအောင်နှိပ်ရမလဲ ဖိနှိပ်နေစဉ်အတွင်း ကလေးနိုးလာတဲ့လက္ခဏာ မပြရင် မရပ်ပါနဲ့ ။ ဆက်တိုက်လုပ်ပါ။ ၂မိနစ် သို့ မဟုတ် ၅ cycle ပြည့်လျှင် ABC ပြန်ကြည့်ပါ။ ဆက်လုပ်ရမယ်ဆိုရင် လူလဲပြီး ဆက်လုပ်ပါ။
D- Defibrillation
နိုင်ငံခြားမှာတော့ AED- Automated External Defibrillator လို့ ခေါ်တဲ့ အလိုအလျောက် နှလုံးနှိုးစက်ရောက်လာပြီး Shock ရိုက်ဖို့ အစဉ်သင့်ဖြစ်ရင် ဖိနှိပ်ခြင်းကို ရပ်လို့ ရပါတယ်။ ဒါတောင် စက်က ထပ်မံဖိနှိပ်ခိုင်းရင် ဆက်လုပ်ရပါမယ်။
လူနာတင်ကားလာလျှင် ဆေးရုံသို့ပို့ပါ။• ကလေးနဲ့ လူကြီးအသက်ကယ်နည်း BLS မှာ ချဉ်းကပ်ပုံက လူကြီးမှာ C.A.B နဲ့ လုပ်သော်လည်း ကလေးများမှာတော့ ABC အတိုင်းသွားပါတယ်။ ဘာလို့ လဲဆိုတော့ ကလေးတွေမှာ အောက်ဆီဂျင်ကို ပိုပြီးလိုအပ်ပါတယ်။

အသက်ကယ်နည်းအနှစ်ချုပ်
*******************************
၁။ Danger - အန္တရာယ်ကိုကြည့်ပါ။
၂။ Response- တုန့် ပြန်မှု့ ကိုစမ်းသပ်ပါ။
၃။ Airway- အသက်ရှုလမ်းကြောင်းပွင့်မပွင့် ဆန်းစစ်ပါ။
၎။ Breathing- အသက်ရှု/ မရှုကို Look, Listen , Feel ဖြင့်စမ်းသပ်ပါ။
၅။ Circulation- သွေးလည်ပတ်မှု့ ကို စမ်းသပ်ပါ။ ၁၀ စက္ကန့် ထက်မပိုပါနဲ့ ။
၆။ CPR လုပ်ရာတွင် Hard – (၁နှစ်အောက်ကလေးများတွင် ရင်ခေါင်းရဲ့ ၁လက်မခွဲ / ၂စင်တီမီတာ)
( အရွယ်ထွားသောကလေးများတွင် ၂လက်မ သို့ မဟုတ် ၅ စင်တီမီတာ )
Fast - ၁မိနစ်အတွင် အကြိမ်၁၀၀ ဖိနှိပ်ရန် ( 100 beats/ min )
၇။ နှလုံးခုန်ခြင်းသို့ မဟုတ် နိုးလာသည့်လက္ခဏာ မရှိလျှင် မရပ်တန့် ရ
၈။ ၁ကြိမ်ဖိနှိပ်ပြီးတိုင်း ရင်ခေါင်းကိုလုံလောက်စွာပြန်ကြွပေးရမည်။
သိကျွမ်းနားလည်သော ဆရာကြီး၊ ဆရာမကြီးများ လိုအပ်ပါက ဖြည့်စွက်ပေးပါရန်မေတ္တာရပ်ခံပါသည်ရှင့်။
( မိမိအားသင်ကြားပေးခဲ့သော သူနာပြုဒီပလိုမာဘ၀မှသည် ယနေ့ တိုင်အောင် ကျေးဇူးရှိသော ဆရာ ၊ ဆရာမများ၊ ဆီးဂိမ်းမှစ ၍ စာတွေ့ လက်တွေ့ BLS ကိုသင်ကြားပေးခဲ့သော အရေးပေါ်ကုသဆရာဝန်ကြီးများ၊ မန္တလေးဆေးရုံကြီးမှ နှလုံးအထူးကုဆရာဝန်ကြီးများ၊ Australian Volunteers International မှ WHO coordinator Sayar Nigel Klein , Prof Dr Simon Young , Dr Stephen.Priestley , Dr Chris Sanderson, Adam Skinner တို့ အား ဤစာဖြင့် ဂါရ၀ပြုရေးသားရင်း တစ်ထောင့်တစ်နေရာမှ အနာဂါတ်၏ ရင်သွေးငယ်တို့ ၏ အသက်ကိုကယ်နိုင်မည်ဟု ယူဆလျှက်.....
မေတ္တာဖြင့်
Thida Khin
3:36pm/ 8.2.2015

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။