"အသွင်ပြောင်းတေမိ"
"သူငယ်ချင်း...မင်းတော်တော် ပြောင်းလဲသွားတယ်။ ဆယ်တန်းတုန်းကနဲ့ ဘယ်လိုမှ မတူတော့တာ။ မင်းကို ဒီလိုပုံစံဖြစ်လာမယ်လို့တော င် ငါမထင်ဘူး။ စကားတွေလည်း အရမ်းပြောတတ်လာတယ်။"
တစ်နေ့ ပန်းဆိုးတန်းတံတားအဆင်းမှာ ဆယ်တန်းတုန်းက သူငယ်ချင်းနဲ့ ပြန်တွေ့ဖြစ်တယ်။ ဆယ်တန်းတုန်းက ရိုးရိုးကုတ်ကုတ်၊ ထုံထုံအအ၊ စကားနည်းနည်း၊ လူတောမတိုးရဲသည့်တောသား၊ စာကြမ်ပိုး ကျွန်တော့်ပုံစံကို သူကောင်းကောင်းမှတ်မိပြီး နာမည်ပါ လှမ်းခေါ်ရင်း နှုတ်ဆက်လိုက်ခြင်းပါ။ ကျွန်တော့်ပုံစံ ပြောင်းသွားလိမ့်မယ်လို့ သူလုံးဝ မထင်ထားကြောင်းကိုပါ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။
မှတ်မိဆို ဆယ်တန်းတုန်းက ကျွန်တော်က ရှေ့ဆုံးခုံမှာထိုင်၊ အားရင် စာအုပ်နဲ့ မျက်နှာနဲ့မခွာ၊ နေ့ခင်း ထမင်းစားချိန်တောင် အပေါ့အလေး သွားရုံကလွဲပြီး၊ အတန်းပြင် ထွက်လေ့မရှိသူ။ ဆရာမ ပြောသမျှ လိုက်ရေးလိုက်မှတ်၊ စာပဲတကုတ်ကုတ်နဲ့ လုပ်နေတဲ့ ကျွန်တော်။ အဲဒီလို ခပ်ကြောင်ကြောင်ပုံစံနဲ့ ကျွန်တော်က အခုလို ပုံစံတွေ ပြောင်းသွားလိမ့်မယ်လို့ သူမထင်မိတာ အံ့သြစရာတော့ မဟုတ်။ ကျွန်တော် ကိုယ်တိုင်တောင် အခုလိုပုံစံတွေ ပြောင်းသွားလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို မထင်ထား။
ဆယ်တန်းအောင်တော့ ဘာလုပ်ရမှန်းမသိ။ ဗဟုသုတ ပိတ်မှာစိုးပြီး တောလည်းမပြန်ချင်။ မြို့ပေါ်မှာကလည်း နေချင်။ ဘာလုပ်ရမှန်း မသိတာနဲ့ နောက်ဆုံး Study Guide လုပ်ရင်း အိမ်တွေ စာလိုက်သင်ကာ၊ ဦးလေးဘုန်းကြီးကျောင်းမှာ ကျောင်းမြှောင်လုပ်နေတာ နှစ်တော်တော် ကြာတယ်။ ဘ၀မှာ ပထမဆုံးအလုပ်လဲဖြစ်တာမို့ ကိုယ်သိသလောက်လေး မျှဝေရင် တော်တော်လေး ကျေနပ်မိတယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ဆိုတော့ စိတ်ရောလူရော ပျော်ပါတယ်။ အတွေ့အကြုံလည်း တော်တော်လေး ရလိုက်တယ်။ အလုပ်ဆိုတာ လုပ်ကြည့်မှ သိတယ်ဆိုတာ အမှန်ပဲ။ လုပ်ကြည့်ရင်းမှ မထင်မှတ်ထားတဲ့ အတွေ့အကြုံတွေက ဆိုင်းမဆင့်၊ ဗုံမဆင့် ရောက်ရောက်လာတတ်စမြဲ။
"ဆရာ...အိမ်ကနာရီ နည်းနည်းများ စောနေလား မသိဘူး။ ဆရာ့နာရီ ဘယ်နှစ်နာရီ ရှိနေပြီလဲ ဆရာ...။"
ပညာသားပါပါနဲ့ မေးလိုက်တဲ့ မေးခွန်းက အ၀င်တံခါးဝမှာတင် အရှိန်ပြင်းပြင်းနဲ့ ဆောင့်ပြီးဝင်လာတယ်။ မိုးထဲရေထဲ ဘတ်စ်ကားသုံးတန်လောက်တိုးစီးပြီး
လာရတာမို့ အမောက ဘယ်နားဖြေရမှန်းမသိခင် မဟော်သဓာမေးခွန်းနဲ့
တည့်တည့်တိုးပါလေရော။ ကဲ...အဲဒီတော့ မတတ်နိုင်ဘူး။ ဘာကြောင့်
နောက်ကျတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့တယ်။ ကလေးတွေကတော့
သဘာဝအတိုင်း ဆရာနောက်ကျလေ ကောင်းလေပဲ။ မလာရင် သူတို့အတွက်
ပိုတောင်ကောင်းသေး။
ဆိုကရေးတီပြောသလိုပဲ ကျွန်တော်က အသက်ရှင်ဖို့ ထမင်းစားချင်သူလေ။ အဲဒီတော့ အချိန်သူခိုးလို့ ကင်ပွန်း အတပ်မခံနိုင်။ မရှိမဲ့ရှိမဲ့ သိက္ခာလည်း အပွန်းအပဲ့မခံနိုင်။ (၁၀)မိနစ်နောက်ကျ (၁၀)မိနစ်အစားထိုး။ (၁၅)မိနစ်နောက်ကျ (၁၅)မိနစ် အစားထိုးပြီး ပြန်သင်ပေးစမြဲ။ စာမေးပွဲဖြေတဲ့ရက်တွေ၊ စာတွေမပြီးတဲ့အချိန်တွေဆို အချိန်ပိုတွေသင်ပေး။ စာသင်ရက်တွေ တိုးသင်ရင်တော့ဖြင့် အသံတွေ ထူးထူးခြားခြား ထွက်မလာ။ ချီးကျူးဖို့ဝေလာဝေးလို့ အသိအမှတ်ပြုသံတောင် မကြားရ။ သူတို့ဘက်က နည်းနည်းလေးများ နာသွားပြီထင်ရင်ဖြင့် အသံတွေကို နည်းမျိုးစုံနဲ့ ကြားရပြီသာမှတ်။ အဲဒီတော့ ကျွန်တော်လည်း ကြာတော့ စာသင်ရင်း စာတတ်လာတယ်ပဲ ပြောရမယ်။
"ငါ နာရီဝက်လောက် ပိုသင်ပေးတာတောင် မင်းဒီအပိုဒ်လေးကို ကျက်လို့ မရနိုင်သေးဘူး။"
"ငါ နောက်ထပ် မိနစ် (၂၀) ပိုသင်လို့မှ မင်းမရရင်တော့ ငါပြန်ပြီ။"
"ငါ (၁၅)မိနစ် စောရောက်လာတာ မင်း စာကျက်မကျက် သိချင်လို့။"
ကြာတော့ ကျွန်တော်လည်း အဲလိုတွေ...အဲလိုတွေ...လုပ် တတ်လာတယ်ဗျ။
အသံကို ကျောင်းသားမိဘ မကြား ကြားအောင် တမင်မြှင့်ပြီး ပြောတတ်လာတယ်။
ကလေးကိုတော့ ဆူချင်လို့မဟုတ်။ အရာရာကို ငွေနဲ့သာ ယှဉ်ပြီးမြင်တဲ့
စီးပွားရေးသမား မိဘတွေကို အချဉ်ပေါက်တဲ့စိတ်က အဲလိုတွေ ကလိတတ်လာတာပဲ။
ဒါလည်း အတွေ့အကြုံက စကားပြောတယ်ပဲ ထင်ပါရဲ့။ စီးပွားရေးသမားတွေရဲ့
အဘိဓမ္မာအချို့ကိုလည်း အလွတ်မကျက်ဘဲ အခုထိ မှတ်မိနေသေးတယ်။ ဘာတဲ့...။
"ဘတ်စ်ကားခ မပေးရင် ဆရာဝန်လည်း ဘတ်စ်ကားပေါ် တက်ခွင့်မရှိဘူး။"
"ကျွန်တော်တို့က စီးပွားရေးလုပ်နေတာ။ အားနာတယ်ဆိုတာ မရှိဘူး။ ဆရာလည်း ဖြစ်ချင်တဲ့ ပုံစံကို အားမနာဘဲပြောပါ။ ကျွန်တော်တို့လည်း အားနာနေမှာ မဟုတ်ဘူး။"
အင်...ကောင်းရော...။ ကျွန်တော့်လို ဆယ်တန်းအောင်ခါစ ဆရာပေါက်စ မပြောနဲ့ ဆရာဝန်လို လူကိုတောင် ငွေနဲ့ပဲ တွဲမြင်တာ။ စီးပွားရေးလုပ်နေတာ အားမနာဘူးလို့ ပွင့်ပွင့်လင်းလင်း ရာဇသံပေးတဲ့ လူတွေနဲ့လဲ ကျွန်တော်ကြုံခဲ့ရတယ်။ ငွေကလည်း နေရာတော်တော်များများမှာ အနိုင်ရ လွှမ်းမိုးနေတော့ ကျွန်တော့်ဖြင့် ဘယ်လိုဘယ်ပုံ ပြန်ပြောရမှန်းတောင် မသိတော့။ ဘဲဥ အစရှာမရသလို စကားစရှာမတွေ့။ ဘာပဲဖြစ်ဖြစ် ဒါလည်း အတွေ့အကြုံပေါ့ဗျာ။
နောက်...ကျောင်းပြီးတော့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်ဝင်တယ်။ အဲဒီ အလုပ်မှာတော့ အပြော ချန်ပီယံဖြစ်ရုံတောင် မကဘဲ တိုက်ကွက်တွေပါ နည်းမျိုးစုံ ရှောင်တိမ်းရင် သင်ခန်းစာတွေ တစ်ပွေ့တစ်ပိုက်။ ခုတ်မယ်။ ထစ်မယ်။ ပါးပါးလီးမယ်။ တွန်းမယ်။ တိုက်မယ်။ အဆင်း ဘီးတပ်မယ်။ အတက် ချောဆီသုတ်မယ်။ အဲဒီအလုပ်မှာ နှစ်အနည်းငယ်ကြာတော့ ကျွန်တော့်မှာ တိုက်ကွက်စွမ်းရည်ရော၊ အပြောစွမ်းရည်ရော တော်တော်လေး သိသိသာသာ လက်ရည်တက်လာတယ်။ ဘယ်သူ့ မျက်ဝန်း ဘာအရောင်ဆိုရင် ဘာသဘောဆိုတာ ချက်ခနဲ အဓိပ္ပါယ်ကောက် တတ်လာတယ်။ ဘာသာစကား တော်တော်များများလည်း ဘယ်သင်တန်းမှ တက်စရာမလိုဘဲကို တတ်မြောက်လာတယ်။
မျက်ဝန်းအရောင်ဖတ်နည်းဘာသာစ ကား...။
မျက်နှာအမူအရာဖတ်နည်းဘာသာစကား...။
ကိုယ်အမူအယာဖတ်နည်းဘာသာစကား ...။
အထေ့အငေါ့ပြောနည်းဘာသာစကား. ..။
အို...စုံလို့ပါပဲဗျာ။ ဘာသာစကားတော်တော်များများ တတ်မြောက်လာသလို ကစားနည်း တော်တော်များများလည်း အကွက်ရွှေ့တတ်လာတယ်။ ကိုယ့်ထက်ရာထူးကြီးလို့ လေးစားရမယ်မှ မကြံသေးဘူး။ ဘီလူးခေါင်း ထုတ်ထုတ်ပြတတ်လို့ ဘွဲ့ဖြူလက်နက်လည်း ဆောင်ထားတတ်လာတယ်။ ရာထူးတူကလည်း အကွက်ရွှေ့နည်း သေသပ်ပိရိလွန်းလို့ တစ်ခါတစ်ခါတော့ ကျွန်တော်လည်း ခပ်မျော့မျော့ပဲ ကျန်တယ်။ ကိုယ့်လက်အောက်ငယ်သားကလည်း ကိုယ့်ထက်တောင် သက်လုံကောင်းနေသေးသဗျ။ လျှော့တွက်လို့ မရတဲ့ခေတ်မို့ ကျွန်တော့်မှာ ဘာပဲလုပ်လုပ် အမြဲပိုပိုပြီး တစ်ကွက်စာ ချန်တွက်တာ အကျင့်တောင် ဖြစ်လာတယ်။ မုန့်ဟင်းခါးစားရင်တောင် မုန့်ဖတ်အပိုတောင်း၊ ဟင်းရည်အပိုတောင်းတတ်လို့ ရည်းစားက ရှက်တယ်ဆိုပြီး တဗျစ်တောက်တောက်...။
"ငါ့ တပည့်ကြီးက သေသေသပ်သပ် လုပ်တတ်လို့။"
"ငါ့ တပည့်ကြီးမှ စိတ်ချရတာ။"
"ငါ့ တပည့်ကြီးလုပ်ရင် ခဏလေးပါကွာ။"
ကျွန်တော့်ထက် ရာထူးကြီးတဲ့ ဘိုးတော်၊ ဘွားတော်များရဲ့ အရူးဘုံမြှောက် ဆိုင်းသံကြားမှာ ကျွန်တော်လည်း ခုန်ပေါက်အောင် ကနေလိုက်တာ မောရမှန်းတောင်မသိလိုက်။ ပျော်လို့ရွှင်လို့။ ချွေးထွက်ရမှန်းတောင် မသိ။ ပင်ပန်းရမှန်းလည်း မတွက်။
ဟော...ရာထူးတိုးတို့၊ လစာတိုးတို့၊ အလုပ်ကျွမ်းကျင်မှု သင်တန်းတက်တို့ဆို ကျွန်တော်နဲ့ လားလားမျှမဆိုင်။ ဆိုင်ရာဆိုင်ရာတို့မှာ သူ့အုန်းပွဲနှင့်၊ သူ့ငှက်ပျောပွဲနှင့် အံကို ကိုက်လို့။ ကျွန်တော့်မှာ ကန်တော့ပွဲ အကျတောင် အနားမသီလိုက်ရဘူး။ ကျွန်တော်သိတဲ့ အချိန်ဆို သန့်ရှင်းရေးအလုပ်သမားတောင် အဲဒီသတင်းကို ရွာတစ်ပတ် ကြွေးကြော်ပြီးနေပြီ။
"သူငယ်ချင်း နေရာမှာဆို ငါတော့ သူငယ်ချင်းလောက် လုပ်နိုင်မှာ မဟုတ်ဘူး။"
"သူငယ်ချင်းက လူလွတ်ဆိုတော့ ငါ့ ညတာဝန်လေး ကူညီပါဦး။"
"သူငယ်ချင်းမို့ အကူအညီ တောင်းတာပါကွာ။"
ကျွန်တော်များ တစ်ခါတစ်ရံ ရုံးများနောက်ကျမိရင်တော့ သွားမကြည့်နဲ့။ သေချာတယ်။ နောက်ကျကြေး ပေးသွင်းတဲ့ စာရင်းမှာ ထိပ်ဆုံးက နေရာယူပြီးသား။ ကျွန်တော်လုပ်ပြီးသား အလုပ်ကို အုန်းဖြူ၊ နှမ်းဖြူးပြီး မျက်နှာဝင်ယူတတ်ကြတဲ့ မောင်မင်းကြီးသားတွေများ ပါရဂူဘွဲ့တောင် အခုတစ်ရာလောက် ပေးလိုက်ချင်တယ်။ တစ်ခါတစ်လေများ နားချင်လို့ ရာထူးတူကို တာဝန်လွှဲပြီး၊ ရှောင်တခင်ခွင့်လေးယူကာ နားမယ်စိတ်ကူးရင်း အကူအညီ တောင်းမယ်မကြံလိုက်ပေနဲ့။ သူတို့က ကျွန်တော့်ထက်တောင် တစ်ရက်ပိုယူချင်တဲ့ သဘောမှာ ရှိနေတယ်။
"တို့ အစ်ကိုကြီးက အရမ်းအားကိုးရတယ်။"
"တို့ အစ်ကိုကြီး မရှိလို့မဖြစ်ဘူး။"
"တို့ အစ်ကိုကြီးမှ တို့ကို နာလည်းပေးနိုင်တာ။"
ကျွန်တော့်ထက် ရာထူးငယ်တဲ့ ကလေးတွေမို့ ကိုယ့်ကို အားကိုးတာပဲလေ၊ သူတို့လေးတွေလည်း လူငယ်သဘာဝ သွားချင်လာချင်ရှာမှာပေါ့လို့
ကိုယ့်မှာဖြည့်တွေး တွေးရင်း မပြီးပြတ်တဲ့ အလုပ်တွေမှန်သမျှ ကျွန်တော့်ပဲ
အပြီးသတ်နေကြ။ ရုံးဆင်းချိန် ဖယ်ရီပေါ်မှာများ တွေ့လိုက်ရင်ဖြင့်
ကိုယ့်ထက်အသက်ကြီး၊ ရာထူးကြီးလို့ ထိုင်ခုံဖယ်ပေးဖို့နေသာသာ။
လက်ဆွဲအိတ်တောင် ကူသယ်ပေးဖော်မရဘူး။ မျက်နှာတွေက နာဂစ်ဝင်မွှေသွားသလား
ထင်ရတယ်။ သုန်လို့ မုန်လို့။ မတော်တဆ လမ်းမှာများတွေ့လိုက်ရင် ကျွန်တော်ကသာ
အရင်ရှောင်ပေတော့။ မရှောင်လို့ကတော့ ဆင်အနင်းခံရပြီသာမှတ်။ လမ်းဖယ်ပေးပြီး
နှုတ်ဆက်ဖို့တော့ ဝေးလို့။
နောက်...ကြာတော့ ကျွန်တော်လည်း ဘာသာစကားသင်တန်းတွေရဲ့ အလယ်မှာ သင်တန်းမှူးတစ်ယောက် ဖြစ်လာတာ ဆန်းတော့ မဆန်းဘူးလို့ ထင်ပါတယ်။ သံခိပ်တွေလည်း ဖတ်တတ်လာတယ်။ မုသားခက်ဆစ်တွေလည်း ဖွင့်တတ်လာတယ်။ ၀င်္က၀ုတ္တိအလင်္ကာတွေလည်း တကူးတက ဖန်းတီးယူစရာ မလိုအောင် ဖွဲ့တတ်လာတယ်။ နဂိုပြောင်နေတဲ့ နဖူးပေါ်မှာ ကျောက်ကျောရေပတ်နည်းကို ကျွမ်းကျင်စွာ အသုံးချတတ်လာတယ်။
"ဆရာ...ကျွန်တော်တို့ အားလုံးတိုင်ပင်ပြီး လုပ်ကြည့်လိုက်ပါ့မယ်။"
"ကျွန်တော်တစ်ယောက်တည်းလုပ် ရင် အချိန်ကြာမှာစိုးလို့ ပေါင်းလုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။"
"ကျွန်တော့်မှာ ဆရာ့လောက်တော့ အမြင်ဘယ်ရှိပါ့မလဲ ဆရာရယ်။"
မသိမသာ အကွက်ရွှေ့တာရော။ သိသိသာ အကွက်ရွှေ့တာရော။ နည်းဗျူဟာ တော်တော်စုံစုံကို ကျွန်တော်သုံးတတ်လာတယ်။ မဟာဗျူဟာတော်တော်များများရဲ့  အနေအထားလည်း တတ်မြောက်လာတယ်။
"အေးကွာ...ငါလည်း မေ့သွားတယ်။ မင်း အကူအညီ တောင်းထားတာကို။"
"ငါလည်း ကူညီချင်ပါတယ်။ မတတ်သာလွန်းလို့ပါကွာ။ တောင်မင်း မြောက်မင်း အချင်းချင်း မကယ်နိုင်သလို ဖြစ်နေလို့ပါကွာ။"
"မင်းနဲ့ ယှဉ်လိုက်ရင် ငါသိတာ ပါးပါးလေးပါ။"
သုံးပင်လိမ်ကြိုးကို ပြောင်ရောင်၊ တည့်တည့်ရော့ ကျွန်တော် ကျစ်တတ်လာတယ်။ ရာထူးတူတွေနဲ့ လက်ရည်တစ်ပြင်တည်း ဘောလီဘောကို ကျွန်တော် ကျွမ်းကျင်စွာ ပုတ်တတ်လာတယ်။ စစ်တုရင်ကို ယှဉ်ပြိုင်ထိုးသတ်ဖို့လည်း ကျွန်တော်ဝန်မလေးတော့ဘူး။ ၀ှက်ဖဲတွေကိုလည်း ကျွမ်းကျင်စွာ လှန်တတ်လာတယ်။
"ငါ့ ညီတွေ၊ ညီမတွေလောက်တော့ အစ်ကို ဘယ်လိုလုပ်ပြီး ခေတ်အမြင် ရှိနိုင်မလဲ။"
"လူငယ်တွေကို နေရာမပေးရင် လူကြီး ဘယ်ပီသမလဲ။"
"မင်းတို့တွေကို တတ်စေချင်လို့ပါကွ။"
အတွင်း (၃၇)မင်း၊ အပြင် (၃၇)မင်း တစ်မင်းမှ မကျန်အောင် ကန်တော့ပွဲပေးစရာ မလိုဘဲ ကျွန်တော် မြှောက်တတ်၊ ပင့်တတ်လာတယ်။ လိုအပ်ရင် ဘီလူးဆိုင်း တီးဖို့လည်း ကျွန်တော် လက်မရွံ့တော့ဘူး။ ဘီလူးဆိုင်မှ မဟုတ်ဘူး။ ဘယ်လိုတီလုံးပဲ ဖြစ်ဖြစ် အလိုက်သင့်ကာ အထေ့၊ အသော့၊ အချီ၊ အချ စည်းချက်ညီညီ ကျွန်တော် တီးတတ်လာတယ်။
"မင်း...အပြောင်းလဲကြီး ပြောင်းလဲသွားတယ်...သူငယ်ချ င်း။
ပြီးတော့ အရင်လို တောရုပ်လည်း မပေါက်တော့ဘူး။ အ တိ အ တ ပုံလည်း
မပေါက်တော့ဘူး။ လူလည် တစ်ယောက်ပုံ မဟုတ်ပေမယ့် လူပြိန်း တစ်ယောက်ပုံ
မဟုတ်တော့တာလည်း သေချာတယ်။ စိတ်မဆိုးဘူးဆိုရင် ငါ ပွင့်ပွင့်လင်းလင်း
ပြောမယ်ကွာ။"
"ပြောပါဟ...မောင်နိုင်ရ...မ င်းနဲ့ငါ
သူငယ်ချင်း အရင်းကြီးပါကွ...။ ငါက မင်းကို ဘာလို့ စိတ်ဆိုးရမှာလဲ။
မင်းဟာကလည်း ငါ့ကို ပြောလို့ဖြင့် ကုန်နေပြီ။ ဘာပြောချင်သေးတာလဲ...။"
သူငယ်ချင်း မောင်မောင်နိုင်ရဲ့ စကားလမ်းကြောင်း ဟန့်တားမှု မရှိအောင် ကျွန်တော် လမ်းကြောင်း ဖွင့်ပေးလိုက်တယ်။
"အေး...ငါပြောမယ်ကွာ...မင်း ကို
တိရိစ္ဆာန်တစ်ကောင်နဲ့ နှိုင်းရမှာ ငါအားနေလို့ဟ။ မင်း အပြောင်းလဲကြီး
ပြောင်းလဲသွားသလို၊ စကားတွေလည်း သိပ်တတ်လာတယ်။ အရင်က တေမိမင်းနဲ့
ညီအစ်ကိုလား ထင်ရအောင် ဆိတ်ဆိတ်နေတတ်တဲ့ကောင်က အခုတော့ ပြောင်းပြန်ကြီးကို
ဆန့်ကျင်လို့။ သာလိကာလား၊ ကြက်တူရွေးလား ထင်ရတယ်။"
"ဒါလေးပြောမှာများ မင်းကလည်း စကားချီနေလိုက်တာ။ ငါ့ဖြင့် ဘာများ ပြောမှာလဲမှတ်နေတာ...။"
မောင်မောင်နိုင့် စကားကို သဘောကျလွန်းလို့ ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်မောမိလိုက်တယ်။ ကျွန်တော်တို့ နှစ်ယောက် သောက်တဲ့ ပန်ဆိုးတန်းကုန်းတံတားအောက် က လက်ဖက်ရည်ဆိုင်လေးမှာ လက်ဖက်ရည်ဖိုးရှင်းပြီး လမ်းခွဲလိုက်ကြတယ်။
မောင်မောင်နိုင်ပြောတာ ဟုတ်တယ်။ ကျွန်တော် သိပ်ကို ပြောင်းလဲသွားတယ်။ ကျွန်တော် ကိုယ်တိုင်တောင် လိုက်မမီအောင်ပဲ ပြောင်းလဲသွားတယ်။ အရင် တေမိမင်းရဲ့ ညီအစ်ကိုလို နေခဲ့တဲ့ ကျွန်တော်ဟာ အခုတော့ သာလိကာလား၊ ကြက်တူရွေးလား ထင်ရလောက်အောင်ကို ပြောင်းလဲသွားတယ်။
ဟုတ်တယ်။ ကျွန်တော် ဒီလူတွေနဲ့ ဆက်ပြီး ပတ်သက်နေသမျှ၊ ကြုံနေသမျှတော့ ကျွန်တော့်ပုံစံဟာ ဒီလိုပဲ ဆက်ပြီး ရှိနေဦးမှာ သေချာတယ်။
သာလိကာ တစ်ကောင်လို ဖြစ်ဖြစ်...။
ဒါမှမဟုတ်...ကြက်တူရွေး တစ်ကောင်လို ဖြစ်ဖြစ်ပေါ့...။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၂၇.၁၁.၂၀၁၅
"သူငယ်ချင်း...မင်းတော်တော်
တစ်နေ့ ပန်းဆိုးတန်းတံတားအဆင်းမှာ ဆယ်တန်းတုန်းက သူငယ်ချင်းနဲ့ ပြန်တွေ့ဖြစ်တယ်။ ဆယ်တန်းတုန်းက ရိုးရိုးကုတ်ကုတ်၊ ထုံထုံအအ၊ စကားနည်းနည်း၊ လူတောမတိုးရဲသည့်တောသား၊ စာကြမ်ပိုး ကျွန်တော့်ပုံစံကို သူကောင်းကောင်းမှတ်မိပြီး နာမည်ပါ လှမ်းခေါ်ရင်း နှုတ်ဆက်လိုက်ခြင်းပါ။ ကျွန်တော့်ပုံစံ ပြောင်းသွားလိမ့်မယ်လို့ သူလုံးဝ မထင်ထားကြောင်းကိုပါ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။
မှတ်မိဆို ဆယ်တန်းတုန်းက ကျွန်တော်က ရှေ့ဆုံးခုံမှာထိုင်၊ အားရင် စာအုပ်နဲ့ မျက်နှာနဲ့မခွာ၊ နေ့ခင်း ထမင်းစားချိန်တောင် အပေါ့အလေး သွားရုံကလွဲပြီး၊ အတန်းပြင် ထွက်လေ့မရှိသူ။ ဆရာမ ပြောသမျှ လိုက်ရေးလိုက်မှတ်၊ စာပဲတကုတ်ကုတ်နဲ့ လုပ်နေတဲ့ ကျွန်တော်။ အဲဒီလို ခပ်ကြောင်ကြောင်ပုံစံနဲ့ ကျွန်တော်က အခုလို ပုံစံတွေ ပြောင်းသွားလိမ့်မယ်လို့ သူမထင်မိတာ အံ့သြစရာတော့ မဟုတ်။ ကျွန်တော် ကိုယ်တိုင်တောင် အခုလိုပုံစံတွေ ပြောင်းသွားလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို မထင်ထား။
ဆယ်တန်းအောင်တော့ ဘာလုပ်ရမှန်းမသိ။ ဗဟုသုတ ပိတ်မှာစိုးပြီး တောလည်းမပြန်ချင်။ မြို့ပေါ်မှာကလည်း နေချင်။ ဘာလုပ်ရမှန်း မသိတာနဲ့ နောက်ဆုံး Study Guide လုပ်ရင်း အိမ်တွေ စာလိုက်သင်ကာ၊ ဦးလေးဘုန်းကြီးကျောင်းမှာ ကျောင်းမြှောင်လုပ်နေတာ နှစ်တော်တော် ကြာတယ်။ ဘ၀မှာ ပထမဆုံးအလုပ်လဲဖြစ်တာမို့ ကိုယ်သိသလောက်လေး မျှဝေရင် တော်တော်လေး ကျေနပ်မိတယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ဆိုတော့ စိတ်ရောလူရော ပျော်ပါတယ်။ အတွေ့အကြုံလည်း တော်တော်လေး ရလိုက်တယ်။ အလုပ်ဆိုတာ လုပ်ကြည့်မှ သိတယ်ဆိုတာ အမှန်ပဲ။ လုပ်ကြည့်ရင်းမှ မထင်မှတ်ထားတဲ့ အတွေ့အကြုံတွေက ဆိုင်းမဆင့်၊ ဗုံမဆင့် ရောက်ရောက်လာတတ်စမြဲ။
"ဆရာ...အိမ်ကနာရီ နည်းနည်းများ စောနေလား မသိဘူး။ ဆရာ့နာရီ ဘယ်နှစ်နာရီ ရှိနေပြီလဲ ဆရာ...။"
ပညာသားပါပါနဲ့ မေးလိုက်တဲ့ မေးခွန်းက အ၀င်တံခါးဝမှာတင် အရှိန်ပြင်းပြင်းနဲ့ ဆောင့်ပြီးဝင်လာတယ်။ မိုးထဲရေထဲ ဘတ်စ်ကားသုံးတန်လောက်တိုးစီ
ဆိုကရေးတီပြောသလိုပဲ ကျွန်တော်က အသက်ရှင်ဖို့ ထမင်းစားချင်သူလေ။ အဲဒီတော့ အချိန်သူခိုးလို့ ကင်ပွန်း အတပ်မခံနိုင်။ မရှိမဲ့ရှိမဲ့ သိက္ခာလည်း အပွန်းအပဲ့မခံနိုင်။ (၁၀)မိနစ်နောက်ကျ (၁၀)မိနစ်အစားထိုး။ (၁၅)မိနစ်နောက်ကျ (၁၅)မိနစ် အစားထိုးပြီး ပြန်သင်ပေးစမြဲ။ စာမေးပွဲဖြေတဲ့ရက်တွေ၊ စာတွေမပြီးတဲ့အချိန်တွေဆို အချိန်ပိုတွေသင်ပေး။ စာသင်ရက်တွေ တိုးသင်ရင်တော့ဖြင့် အသံတွေ ထူးထူးခြားခြား ထွက်မလာ။ ချီးကျူးဖို့ဝေလာဝေးလို့ အသိအမှတ်ပြုသံတောင် မကြားရ။ သူတို့ဘက်က နည်းနည်းလေးများ နာသွားပြီထင်ရင်ဖြင့် အသံတွေကို နည်းမျိုးစုံနဲ့ ကြားရပြီသာမှတ်။ အဲဒီတော့ ကျွန်တော်လည်း ကြာတော့ စာသင်ရင်း စာတတ်လာတယ်ပဲ ပြောရမယ်။
"ငါ နာရီဝက်လောက် ပိုသင်ပေးတာတောင် မင်းဒီအပိုဒ်လေးကို ကျက်လို့ မရနိုင်သေးဘူး။"
"ငါ နောက်ထပ် မိနစ် (၂၀) ပိုသင်လို့မှ မင်းမရရင်တော့ ငါပြန်ပြီ။"
"ငါ (၁၅)မိနစ် စောရောက်လာတာ မင်း စာကျက်မကျက် သိချင်လို့။"
ကြာတော့ ကျွန်တော်လည်း အဲလိုတွေ...အဲလိုတွေ...လုပ်
"ဘတ်စ်ကားခ မပေးရင် ဆရာဝန်လည်း ဘတ်စ်ကားပေါ် တက်ခွင့်မရှိဘူး။"
"ကျွန်တော်တို့က စီးပွားရေးလုပ်နေတာ။ အားနာတယ်ဆိုတာ မရှိဘူး။ ဆရာလည်း ဖြစ်ချင်တဲ့ ပုံစံကို အားမနာဘဲပြောပါ။ ကျွန်တော်တို့လည်း အားနာနေမှာ မဟုတ်ဘူး။"
အင်...ကောင်းရော...။ ကျွန်တော့်လို ဆယ်တန်းအောင်ခါစ ဆရာပေါက်စ မပြောနဲ့ ဆရာဝန်လို လူကိုတောင် ငွေနဲ့ပဲ တွဲမြင်တာ။ စီးပွားရေးလုပ်နေတာ အားမနာဘူးလို့ ပွင့်ပွင့်လင်းလင်း ရာဇသံပေးတဲ့ လူတွေနဲ့လဲ ကျွန်တော်ကြုံခဲ့ရတယ်။ ငွေကလည်း နေရာတော်တော်များများမှာ အနိုင်ရ လွှမ်းမိုးနေတော့ ကျွန်တော့်ဖြင့် ဘယ်လိုဘယ်ပုံ ပြန်ပြောရမှန်းတောင် မသိတော့။ ဘဲဥ အစရှာမရသလို စကားစရှာမတွေ့။ ဘာပဲဖြစ်ဖြစ် ဒါလည်း အတွေ့အကြုံပေါ့ဗျာ။
နောက်...ကျောင်းပြီးတော့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်ဝင်တယ်။ အဲဒီ အလုပ်မှာတော့ အပြော ချန်ပီယံဖြစ်ရုံတောင် မကဘဲ တိုက်ကွက်တွေပါ နည်းမျိုးစုံ ရှောင်တိမ်းရင် သင်ခန်းစာတွေ တစ်ပွေ့တစ်ပိုက်။ ခုတ်မယ်။ ထစ်မယ်။ ပါးပါးလီးမယ်။ တွန်းမယ်။ တိုက်မယ်။ အဆင်း ဘီးတပ်မယ်။ အတက် ချောဆီသုတ်မယ်။ အဲဒီအလုပ်မှာ နှစ်အနည်းငယ်ကြာတော့ ကျွန်တော့်မှာ တိုက်ကွက်စွမ်းရည်ရော၊ အပြောစွမ်းရည်ရော တော်တော်လေး သိသိသာသာ လက်ရည်တက်လာတယ်။ ဘယ်သူ့ မျက်ဝန်း ဘာအရောင်ဆိုရင် ဘာသဘောဆိုတာ ချက်ခနဲ အဓိပ္ပါယ်ကောက် တတ်လာတယ်။ ဘာသာစကား တော်တော်များများလည်း ဘယ်သင်တန်းမှ တက်စရာမလိုဘဲကို တတ်မြောက်လာတယ်။
မျက်ဝန်းအရောင်ဖတ်နည်းဘာသာစ
မျက်နှာအမူအရာဖတ်နည်းဘာသာစက
ကိုယ်အမူအယာဖတ်နည်းဘာသာစကား
အထေ့အငေါ့ပြောနည်းဘာသာစကား.
အို...စုံလို့ပါပဲဗျာ။ ဘာသာစကားတော်တော်များများ တတ်မြောက်လာသလို ကစားနည်း တော်တော်များများလည်း အကွက်ရွှေ့တတ်လာတယ်။ ကိုယ့်ထက်ရာထူးကြီးလို့ လေးစားရမယ်မှ မကြံသေးဘူး။ ဘီလူးခေါင်း ထုတ်ထုတ်ပြတတ်လို့ ဘွဲ့ဖြူလက်နက်လည်း ဆောင်ထားတတ်လာတယ်။ ရာထူးတူကလည်း အကွက်ရွှေ့နည်း သေသပ်ပိရိလွန်းလို့ တစ်ခါတစ်ခါတော့ ကျွန်တော်လည်း ခပ်မျော့မျော့ပဲ ကျန်တယ်။ ကိုယ့်လက်အောက်ငယ်သားကလည်း ကိုယ့်ထက်တောင် သက်လုံကောင်းနေသေးသဗျ။ လျှော့တွက်လို့ မရတဲ့ခေတ်မို့ ကျွန်တော့်မှာ ဘာပဲလုပ်လုပ် အမြဲပိုပိုပြီး တစ်ကွက်စာ ချန်တွက်တာ အကျင့်တောင် ဖြစ်လာတယ်။ မုန့်ဟင်းခါးစားရင်တောင် မုန့်ဖတ်အပိုတောင်း၊ ဟင်းရည်အပိုတောင်းတတ်လို့ ရည်းစားက ရှက်တယ်ဆိုပြီး တဗျစ်တောက်တောက်...။
"ငါ့ တပည့်ကြီးက သေသေသပ်သပ် လုပ်တတ်လို့။"
"ငါ့ တပည့်ကြီးမှ စိတ်ချရတာ။"
"ငါ့ တပည့်ကြီးလုပ်ရင် ခဏလေးပါကွာ။"
ကျွန်တော့်ထက် ရာထူးကြီးတဲ့ ဘိုးတော်၊ ဘွားတော်များရဲ့ အရူးဘုံမြှောက် ဆိုင်းသံကြားမှာ ကျွန်တော်လည်း ခုန်ပေါက်အောင် ကနေလိုက်တာ မောရမှန်းတောင်မသိလိုက်။ ပျော်လို့ရွှင်လို့။ ချွေးထွက်ရမှန်းတောင် မသိ။ ပင်ပန်းရမှန်းလည်း မတွက်။
ဟော...ရာထူးတိုးတို့၊ လစာတိုးတို့၊ အလုပ်ကျွမ်းကျင်မှု သင်တန်းတက်တို့ဆို ကျွန်တော်နဲ့ လားလားမျှမဆိုင်။ ဆိုင်ရာဆိုင်ရာတို့မှာ သူ့အုန်းပွဲနှင့်၊ သူ့ငှက်ပျောပွဲနှင့် အံကို ကိုက်လို့။ ကျွန်တော့်မှာ ကန်တော့ပွဲ အကျတောင် အနားမသီလိုက်ရဘူး။ ကျွန်တော်သိတဲ့ အချိန်ဆို သန့်ရှင်းရေးအလုပ်သမားတောင်
"သူငယ်ချင်း နေရာမှာဆို ငါတော့ သူငယ်ချင်းလောက် လုပ်နိုင်မှာ မဟုတ်ဘူး။"
"သူငယ်ချင်းက လူလွတ်ဆိုတော့ ငါ့ ညတာဝန်လေး ကူညီပါဦး။"
"သူငယ်ချင်းမို့ အကူအညီ တောင်းတာပါကွာ။"
ကျွန်တော်များ တစ်ခါတစ်ရံ ရုံးများနောက်ကျမိရင်တော့ သွားမကြည့်နဲ့။ သေချာတယ်။ နောက်ကျကြေး ပေးသွင်းတဲ့ စာရင်းမှာ ထိပ်ဆုံးက နေရာယူပြီးသား။ ကျွန်တော်လုပ်ပြီးသား အလုပ်ကို အုန်းဖြူ၊ နှမ်းဖြူးပြီး မျက်နှာဝင်ယူတတ်ကြတဲ့ မောင်မင်းကြီးသားတွေများ ပါရဂူဘွဲ့တောင် အခုတစ်ရာလောက် ပေးလိုက်ချင်တယ်။ တစ်ခါတစ်လေများ နားချင်လို့ ရာထူးတူကို တာဝန်လွှဲပြီး၊ ရှောင်တခင်ခွင့်လေးယူကာ နားမယ်စိတ်ကူးရင်း အကူအညီ တောင်းမယ်မကြံလိုက်ပေနဲ့။ သူတို့က ကျွန်တော့်ထက်တောင် တစ်ရက်ပိုယူချင်တဲ့ သဘောမှာ ရှိနေတယ်။
"တို့ အစ်ကိုကြီးက အရမ်းအားကိုးရတယ်။"
"တို့ အစ်ကိုကြီး မရှိလို့မဖြစ်ဘူး။"
"တို့ အစ်ကိုကြီးမှ တို့ကို နာလည်းပေးနိုင်တာ။"
ကျွန်တော့်ထက် ရာထူးငယ်တဲ့ ကလေးတွေမို့ ကိုယ့်ကို အားကိုးတာပဲလေ၊ သူတို့လေးတွေလည်း လူငယ်သဘာဝ သွားချင်လာချင်ရှာမှာပေါ့လု
နောက်...ကြာတော့ ကျွန်တော်လည်း ဘာသာစကားသင်တန်းတွေရဲ့ အလယ်မှာ သင်တန်းမှူးတစ်ယောက် ဖြစ်လာတာ ဆန်းတော့ မဆန်းဘူးလို့ ထင်ပါတယ်။ သံခိပ်တွေလည်း ဖတ်တတ်လာတယ်။ မုသားခက်ဆစ်တွေလည်း ဖွင့်တတ်လာတယ်။ ၀င်္က၀ုတ္တိအလင်္ကာတွေလည်း တကူးတက ဖန်းတီးယူစရာ မလိုအောင် ဖွဲ့တတ်လာတယ်။ နဂိုပြောင်နေတဲ့ နဖူးပေါ်မှာ ကျောက်ကျောရေပတ်နည်းကို ကျွမ်းကျင်စွာ အသုံးချတတ်လာတယ်။
"ဆရာ...ကျွန်တော်တို့ အားလုံးတိုင်ပင်ပြီး လုပ်ကြည့်လိုက်ပါ့မယ်။"
"ကျွန်တော်တစ်ယောက်တည်းလုပ်
"ကျွန်တော့်မှာ ဆရာ့လောက်တော့ အမြင်ဘယ်ရှိပါ့မလဲ ဆရာရယ်။"
မသိမသာ အကွက်ရွှေ့တာရော။ သိသိသာ အကွက်ရွှေ့တာရော။ နည်းဗျူဟာ တော်တော်စုံစုံကို ကျွန်တော်သုံးတတ်လာတယ်။ မဟာဗျူဟာတော်တော်များများရဲ
"အေးကွာ...ငါလည်း မေ့သွားတယ်။ မင်း အကူအညီ တောင်းထားတာကို။"
"ငါလည်း ကူညီချင်ပါတယ်။ မတတ်သာလွန်းလို့ပါကွာ။ တောင်မင်း မြောက်မင်း အချင်းချင်း မကယ်နိုင်သလို ဖြစ်နေလို့ပါကွာ။"
"မင်းနဲ့ ယှဉ်လိုက်ရင် ငါသိတာ ပါးပါးလေးပါ။"
သုံးပင်လိမ်ကြိုးကို ပြောင်ရောင်၊ တည့်တည့်ရော့ ကျွန်တော် ကျစ်တတ်လာတယ်။ ရာထူးတူတွေနဲ့ လက်ရည်တစ်ပြင်တည်း ဘောလီဘောကို ကျွန်တော် ကျွမ်းကျင်စွာ ပုတ်တတ်လာတယ်။ စစ်တုရင်ကို ယှဉ်ပြိုင်ထိုးသတ်ဖို့လည်း ကျွန်တော်ဝန်မလေးတော့ဘူး။ ၀ှက်ဖဲတွေကိုလည်း ကျွမ်းကျင်စွာ လှန်တတ်လာတယ်။
"ငါ့ ညီတွေ၊ ညီမတွေလောက်တော့ အစ်ကို ဘယ်လိုလုပ်ပြီး ခေတ်အမြင် ရှိနိုင်မလဲ။"
"လူငယ်တွေကို နေရာမပေးရင် လူကြီး ဘယ်ပီသမလဲ။"
"မင်းတို့တွေကို တတ်စေချင်လို့ပါကွ။"
အတွင်း (၃၇)မင်း၊ အပြင် (၃၇)မင်း တစ်မင်းမှ မကျန်အောင် ကန်တော့ပွဲပေးစရာ မလိုဘဲ ကျွန်တော် မြှောက်တတ်၊ ပင့်တတ်လာတယ်။ လိုအပ်ရင် ဘီလူးဆိုင်း တီးဖို့လည်း ကျွန်တော် လက်မရွံ့တော့ဘူး။ ဘီလူးဆိုင်မှ မဟုတ်ဘူး။ ဘယ်လိုတီလုံးပဲ ဖြစ်ဖြစ် အလိုက်သင့်ကာ အထေ့၊ အသော့၊ အချီ၊ အချ စည်းချက်ညီညီ ကျွန်တော် တီးတတ်လာတယ်။
"မင်း...အပြောင်းလဲကြီး ပြောင်းလဲသွားတယ်...သူငယ်ချ
"ပြောပါဟ...မောင်နိုင်ရ...မ
သူငယ်ချင်း မောင်မောင်နိုင်ရဲ့ စကားလမ်းကြောင်း ဟန့်တားမှု မရှိအောင် ကျွန်တော် လမ်းကြောင်း ဖွင့်ပေးလိုက်တယ်။
"အေး...ငါပြောမယ်ကွာ...မင်း
"ဒါလေးပြောမှာများ မင်းကလည်း စကားချီနေလိုက်တာ။ ငါ့ဖြင့် ဘာများ ပြောမှာလဲမှတ်နေတာ...။"
မောင်မောင်နိုင့် စကားကို သဘောကျလွန်းလို့ ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်မောမိလိုက်တယ်။ ကျွန်တော်တို့ နှစ်ယောက် သောက်တဲ့ ပန်ဆိုးတန်းကုန်းတံတားအောက်
မောင်မောင်နိုင်ပြောတာ ဟုတ်တယ်။ ကျွန်တော် သိပ်ကို ပြောင်းလဲသွားတယ်။ ကျွန်တော် ကိုယ်တိုင်တောင် လိုက်မမီအောင်ပဲ ပြောင်းလဲသွားတယ်။ အရင် တေမိမင်းရဲ့ ညီအစ်ကိုလို နေခဲ့တဲ့ ကျွန်တော်ဟာ အခုတော့ သာလိကာလား၊ ကြက်တူရွေးလား ထင်ရလောက်အောင်ကို ပြောင်းလဲသွားတယ်။
ဟုတ်တယ်။ ကျွန်တော် ဒီလူတွေနဲ့ ဆက်ပြီး ပတ်သက်နေသမျှ၊ ကြုံနေသမျှတော့ ကျွန်တော့်ပုံစံဟာ ဒီလိုပဲ ဆက်ပြီး ရှိနေဦးမှာ သေချာတယ်။
သာလိကာ တစ်ကောင်လို ဖြစ်ဖြစ်...။
ဒါမှမဟုတ်...ကြက်တူရွေး တစ်ကောင်လို ဖြစ်ဖြစ်ပေါ့...။
လျှံဇွဲကို(စီးပွားရေးတက္ကသု
၂၇.၁၁.၂၀၁၅
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။